မြောက်ကိုရီးယားနိုင်ငံကစမ်းသပ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအနက် တစ်စင်းက ကုန်တွင်းပိုင်းမှာ ပျက်ကျ

 1491

ဂျန်ဇက် (NP News) - ဇူလို်င ၁

မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင်လ ၁`ရက်နေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ခဲ့ရာ ဒုတိယတစ်စင်း ပျက်ကျခဲ့ပြီး ပေါက်ကွဲပျက်စီးသွားခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေရဲ့အပျက်အစီးအပိုင်းအစတွေဟာ ကုန်တွင်းပိုင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။အဆိုပါဒုံးကျည်ဟာ ကုန်တွင်းပိုင်းကို ကျရောက်ပျက်စီးတဲ့အတွက် မြောက်ကိုရီးယားပိုင်နက်အတွင်း အပျက်အစီးထိခိုက်မှု ဘယ်လောက်ရှိနေတယ်ဆိုတဲ့အချက်ကို လက်ရှိအချိန်မှာအတိအကျ ပြောလို့မရနိုင်သေးကြောင်း တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ လီဆန် ဂျွန်ကပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားနိုင်ငံဟာ အကွာအဝေး ၆၀၀ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်မယ့် ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး အဲဒီ ဒုံးကျည်နှစ်စင်းအနက် တစ်စင်းက အကွာအဝေး ၁၂၀ ကီလိုမီတာကို ပျံသန်းပြီးချိန်မှာ ပျက်စီးပေါက်ကွဲခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဲဒီဒုံးကျည်နှစ်စင်းစလုံးကို မြောက်ကိုရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဲဒီဒုံးကျည်နှစ်စင်းအနက် တစ်စင်းက မြို့တော်ပြုံးယမ်း မြို့အနီးနားမှာ ပျက်ကျခဲ့တာဖြစ်ကြောင်း၊မြောက်ကိုရီးယားနိုင်ငံရဲ့အခြေနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေဆဲဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

zawgyi version
ေျမာက္ကိုရီးယားႏိုင္ငံကစမ္းသပ္ခဲ့တဲ့ ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းအနက္ တစ္စင္းက ကုန္တြင္းပိုင္းမွာ ပ်က္က်
ဂ်န္ဇက္ (NP News) - ဇူလို္င ၁

ေျမာက္ကိုရီးယားႏိုင္ငံဟာ ဇူလိုင္လ ၁`ရက္ေန႔မွာ ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း စမ္းသပ္ခဲ့ရာ ဒုတိယတစ္စင္း ပ်က္က်ခဲ့ၿပီး ေပါက္ကြဲပ်က္စီးသြားခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ကေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံက ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ေတြရဲ႕အပ်က္အစီးအပိုင္းအစေတြဟာ ကုန္တြင္းပိုင္းကို က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္က ေျပာပါတယ္။အဆိုပါဒုံးက်ည္ဟာ ကုန္တြင္းပိုင္းကို က်ေရာက္ပ်က္စီးတဲ့အတြက္ ေျမာက္ကိုရီးယားပိုင္နက္အတြင္း အပ်က္အစီးထိခိုက္မႈ ဘယ္ေလာက္ရွိေနတယ္ဆိုတဲ့အခ်က္ကို လက္ရွိအခ်ိန္မွာအတိအက် ေျပာလို႔မရႏိုင္ေသးေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူ လီဆန္ ဂြၽန္ကေျပာပါတယ္။ ေတာင္ကိုရီးယားစစ္တပ္က ေျမာက္ကိုရီးယားႏိုင္ငံဟာ အကြာအေဝး ၆၀၀ ကီလိုမီတာအထိ ေရာက္ရွိပစ္ခတ္ႏိုင္မယ့္ ဒုံးက်ည္ကို စမ္းသပ္ခဲ့ၿပီး အဲဒီ ဒုံးက်ည္ႏွစ္စင္းအနက္ တစ္စင္းက အကြာအေဝး ၁၂၀ ကီလိုမီတာကို ပ်ံသန္းၿပီးခ်ိန္မွာ ပ်က္စီးေပါက္ကြဲခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

အဲဒီဒုံးက်ည္ႏွစ္စင္းစလုံးကို ေျမာက္ကိုရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းက ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အဲဒီဒုံးက်ည္ႏွစ္စင္းအနက္ တစ္စင္းက ၿမိဳ႕ေတာ္ၿပဳံးယမ္း ၿမိဳ႕အနီးနားမွာ ပ်က္က်ခဲ့တာျဖစ္ေၾကာင္း၊ေျမာက္ကိုရီးယားႏိုင္ငံရဲ႕အေျခေနေတြကို အနီးကပ္ေလ့လာေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ကေျပာပါတယ္။

Related news

© 2021. All rights reserved.