ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ဖြစ်စဉ်အတွက် ဒုဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သည့်အဖွဲ့က စတင်စစ်ဆေးနေ

 26671

မြူနစ် (NP News) - ဇူလိုင် ၂

ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေး တက်ရောက်ရန်အတွက် မန္တလေးသို့ ရောက်ရှိနေသည့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ လိုက်ပါလာသည့်ကားသည် ဇွန်လ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ကမ္မရွာထိပ်ရှိ ဘုရားအနီး၌ ပစ်ခတ် ခံခဲ့ရကြောင်း သိရသည်။ ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ပျံလွန်တော်မူခဲ့သည်။

လက်ရှိတွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် နစကဘက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သည့်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောသည်။

'ဖွဲ့ပြီးသွားပါပြီ။ ကျွန်တော်တို့ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက် ဦးဆောင်တယ်။ တခြားအဆင့်မြင့်အရာရှိတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီးတော့ မြေပြင်သတင်းတွေရော၊ တခြား ဆက်စပ်သတင်းတွေရော စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်'ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်မည်ဖြစ်သော်လည်း ၎င်းအရာရှိ၏အမည်ကို နစက ပြောခွင့်ရက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ 'ဘယ်နှဦးနဲ့ဖွဲ့ထားတယ်ဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူးဗျ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာ သူရဲ့တွေ့ရှိချက်အပေါ်မှာမူတည်ပြီး ဒါတွေကို ထပ်စုံစမ်းဖို့လိုသေးတယ်ဆိုရင် အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းတာ တို့၊ နယ်မြေခံအာဏာပိုင်တွေနဲ့ တိုးချဲ့ဖွဲ့စည်းတာတို့ ဒါလည်းဆက်လက်ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်'ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိတွင် အထက်ပါစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပစ်ခတ်ခံ ရမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများကို စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော် နိုင်ငံတော် သံဃမဟာနာယက (ငြိမ်း) ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနပူဇာကို ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပူဇော်ခဲ့ပြီးဖြစ်သည်။ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာအခမ်းအနားသို့ ရဟန်း သံဃာတော်အများအပြားနှင့်အတူ လူပုဂ္ဂိုလ်အများအပြားက လာရောက်ဖူးမြော်ပူဇော်ခဲ့ကြသည်။

zawgyi version
ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ျဖစ္စဥ္အတြက္ ဒုဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ဦးေဆာင္သည့္အဖြဲ႕က စတင္စစ္ေဆးေန
ျမဴနစ္ (NP News) - ဇူလိုင္ ၂

ပဲခူးၿမိဳ႕ရွိ ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ႀကီး ပစ္ခတ္ခံရမႈျဖစ္စဥ္အမွန္ ေပၚေပါက္ေရးအတြက္ ဒုဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ဦးေဆာင္သည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းကာ စစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ေနေၾကာင္း သတင္းရရွိသည္။

ေ႐ႊက်င္နိကာယဗဟိုဌာန၏ အစည္းအေဝး တက္ေရာက္ရန္အတြက္ မႏၲေလးသို႔ ေရာက္ရွိေနသည့္ ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ ဘဒၵႏၲမုနိႏၵာဘိဝံသႏွင့္ မဂၤလာဒုံၿမိဳ႕နယ္ရွိ ကန္သုံးဆင့္ပရိယတၱိ စာသင္တိုက္ဆရာေတာ္ ဘဒၵႏၲဂုဏိကာဘိဝံသတို႔ လိုက္ပါလာသည့္ကားသည္ ဇြန္လ ၁၉ ရက္ေန႔တြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ ကမၼ႐ြာထိပ္ရွိ ဘုရားအနီး၌ ပစ္ခတ္ ခံခဲ့ရေၾကာင္း သိရသည္။ ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ ဘဒၵႏၲမုနိႏၵာဘိဝံသ သည္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ပ်ံလြန္ေတာ္မူခဲ့သည္။

လက္ရွိတြင္ ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ ပစ္ခတ္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးရန္ နစကဘက္က ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ဦးေဆာင္သည့္အဖြဲ႕ကို ဖြဲ႕စည္းထားေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေျပာသည္။

'ဖြဲ႕ၿပီးသြားပါၿပီ။ ကြၽန္ေတာ္တို႔ တပ္မေတာ္က ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္ ဦးေဆာင္တယ္။ တျခားအဆင့္ျမင့္အရာရွိေတြပါဝင္တဲ့ စုံစမ္းစစ္ေဆးေရး အဖြဲ႕ဖြဲ႕စည္းၿပီးေတာ့ ေျမျပင္သတင္းေတြေရာ၊ တျခား ဆက္စပ္သတင္းေတြေရာ စုံစမ္းစစ္ေဆးမႈ စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္'ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ယင္းကဲ့သို႔ ဖြဲ႕စည္းလိုက္သည့္ စုံစမ္းစစ္ေဆး ေရးအဖြဲ႕ကို ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက ဦးေဆာင္မည္ျဖစ္ေသာ္လည္း ၎အရာရွိ၏အမည္ကို နစက ေျပာခြင့္ရက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိေပ။ 'ဘယ္ႏွဦးနဲ႔ဖြဲ႕ထားတယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္မေျပာႏိုင္ပါဘူးဗ်။ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဆိုတာ သူရဲ႕ေတြ႕ရွိခ်က္အေပၚမွာမူတည္ၿပီး ဒါေတြကို ထပ္စုံစမ္းဖို႔လိုေသးတယ္ဆိုရင္ အဖြဲ႕ကို တိုးခ်ဲ႕ဖြဲ႕စည္းတာ တို႔၊ နယ္ေျမခံအာဏာပိုင္ေတြနဲ႔ တိုးခ်ဲ႕ဖြဲ႕စည္းတာတို႔ ဒါလည္းဆက္လက္ေဆာင္႐ြက္သြားရမွာပဲ ျဖစ္ပါတယ္'ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

လက္ရွိတြင္ အထက္ပါစုံစမ္းစစ္ေဆးေရးအဖြဲ႕အေနျဖင့္ ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ ပစ္ခတ္ခံ ရမႈျဖစ္စဥ္အေပၚ စုံစမ္းစစ္ေဆးမႈမ်ားကို စတင္ လုပ္ေဆာင္ေနၿပီျဖစ္ ေၾကာင္း သိရသည္။ ပဲခူးၿမိဳ႕၊ ဝင္းနိမၼိတာ႐ုံ ေက်ာင္းဆရာေတာ္ ႏိုင္ငံေတာ္ သံဃမဟာနာယက (ၿငိမ္း) ဘဒၵႏၲမုနိႏၵာဘိဝံသ၏ အႏၲိမအဂၢိဈာပနပူဇာကို ဇြန္လ ၂၇ ရက္ေန႔တြင္ က်င္းပပူေဇာ္ခဲ့ၿပီးျဖစ္သည္။ ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနပူဇာအခမ္းအနားသို႔ ရဟန္း သံဃာေတာ္အမ်ားအျပားႏွင့္အတူ လူပုဂၢိဳလ္အမ်ားအျပားက လာေရာက္ဖူးေျမာ္ပူေဇာ္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.