အာဆီယံတိုင်းပြည်များကို လွှမ်းခြုံလျက်ရှိသည့် ကိုးကွယ်ရာ ဘာသာရေးအုပ်စုကြီးများ နှင့် တစ်နိုင်ငံချင်းအလိုက် ရာခိုင်နှုန်း
2794
Htay Oung (NP News) - ဇူလိုင် ၂၂
လူမှုရေးဆိုင်ရာ နဲ့ အများလူထုအမြင်တို့ကို စစ်တမ်းကောက်ယူပြီး ပါတီစွဲမထားပဲ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမေရိကန်အခြေစိုက် “ပျူး သုတေသနစင်တာ” ရဲ့ ၂၀၁၄ ခုနှစ် လေ့လာမှု တစ်ခုအရ ဘာသာရေးအရ ကွဲပြားမှု အရှိဆုံးနိုင်ငံ ၂ နိုင်ငံ (စင်္ကာပူနှင့် ဗီယက်နမ်) တို့ဟာ အရှေ့တောင်အာ ရှမှာ တည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တီမော (တီမောလက်စ်တီ) လို ဘာသာရေး အရ ကွဲပြားမှု အနည်းဆုံးနိုင်ငံကလည်း အလားတူ အာဆီယံဒေသမှ ဖြစ်နေတယ်လို့ “ဗစ်ဆူရယ်ကက်ပီတယ်လစ်” ဒစ်ဂျစ်တယ်မီဒီယာက ဇူလိုင်လ ၂၁ ရက်မှာ ရေးသားပါတယ်။
အရှေ့တောင်အာရှမှာ အများဆုံး လွှမ်းခြုံထားတဲ့ ကိုးကွယ်ရာ ဘာသာကြီး ၃-ခုဟာ အစ္စလာမ်၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ “၂၀၂၂-ခုနှစ် ဘာသာ ရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာ” အရ အရှေ့တောင်အာရှနိုင်ငံအသီးသီးတို့ရဲ့ (တိုင်းပြည်လူဦးရေရဲ့ ရာ ခိုင်နှုန်း အလိုက်) မြေပုံဆွဲကြည့်မယ်ဆိုရင် အဲ့ဒီ အကြီးဆုံးဘာသာရေးအုပ်စုကြီး ၃-ခုအနက် တစ်ခုခုက လွှမ်း ခြုံထားကြောင်း အလွယ်တကူ သိရှိနိုင်ပါလိမ့်မယ်။
အေဒီ ၁ ရာစုမှ ၃ ရာစုကြား အိန္ဒိယနဲ့ တရုတ်ကုန်သည်တို့ ယူဆောင်လာတဲ့ ဗုဒ္ဓဘာသာဟာ အရှေ့တောင် အာရှဒေသအတွင်းကို ပထမဆုံးရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဟာ မျက်မှောက်ခေတ် အရှေ့ တောင် အာရှလူဦးရေရဲ့ ၃၅-၃၈ ရာခိုင်နှုန်းခန့်ရှိပြီး အစ္စလာမ်သာသာနာပြီးလျှင် ဒုတိယနေရာမှာ ရောက်နေပါတယ်။ အကြီးဆုံးဘာသာရေးအုပ်စုများကို နိုင်ငံ့လူဦးရေ ရာခိုင်နှုန်းအလိုက် အသေးစိတ် လေ့လာကြည့်လျှင် မြန်မာ နိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်ရာခိုင်နှုန်းဟာ ၈၈% ရှိပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၉၃% ထက် နည်းပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ထေရဝါဒဘာသာ အထွန်းကားဆုံး တိုင်းပြည်ဆိုလျှင်သာ မှန်ကန်နိုင်ပြီး လူဦးရေ ၂၂-သန်းကျော်သာ ရှိတဲ့ သီရိလင်္ကာ (၇၀.၂%) ထက်တော့ များပြားပါတယ်။ ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာ နီ ပေါနိုင်ငံ လူဦးရေ ၃၁ သန်းရဲ့ ၈၁.၂% ဟာ ဟိန္ဒူဘာသာဝင်ဖြစ်နေပြီး ဗုဒ္ဓဘာသာဝင် ၈.၂% သာလျှင်ရှိပါ တယ်။ နီပေါနိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ “ရှေးပဝေသဏီက တည်ရှိခဲ့တဲ့ ရိုးရာအမွေအနှစ်များကို ကာကွယ်စောင့် ရှောက်မည်” ဆိုခြင်းဟာ နိုင်ငံအစိုးရအဆက်ဆက်တို့ အနေနဲ့ ဟိန္ဒူဘာသာကို ကာကွယ်စောင့်ရှောက်မည်လို့ ရည်ညွှန်းပါတယ်။
အဲဒါကြောင့် ဂေါတမဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ဒေသစာရီ လှည့်လည်တော်မူရာ အိန္ဒိယနိုင်ငံဟာ သန်းပေါင်း ၁၄၀၀ ကျော်နဲ့ ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်နေပေမယ့် တိုင်းပြည်လူဦးရေရဲ့ ၇၉.၈% ဟာ ဟိန္ဒူဘာသာဝင် များဖြစ်နေပါတယ်။ ဒါပေမယ့် နိုင်ငံအလိုက် ဟိန္ဒူဘာသာဝင်ဦးရေရာနှုန်းဟာ နီပေါထက်စာလျှင် နည်းနေပါ သေးတယ်။ လူဦးရေ ၁-သန်းမပြည့်တဲ့ ဘူတန်နိုင်ငံရဲ့ တရားဝင်ကိုးကွယ်ရာဘာသာဟာ ဗုဒ္ဓဘာသာဖြစ်ပေမယ့် နိုင်ငံ့လူဦးရေရဲ့ ၇၄.၇% သာလျှင် ရှိပါတယ်၊ ဒုတိယအများဆုံး ဟိန္ဒူဘာသာက ၂၂.၆% ရှိပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင် အများဆုံးတိုင်းပြည် များဖြစ်ကြပါတယ်။ ပျူးသုတေသနစင်တာက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အဲဒီနိုင်ငံများနေ လူ ၁၀-ဦးမှာ ၉-ဦးနီးပါးက ဗုဒ္ဓဘာသာဝင်များဖြစ်နေကြပြီး သဗ္ဗညုတ ဉာဏ်တော်ရှင်ရဲ့ ဟောကြားချက်တွေဟာ သူတို့ရဲ့အမျိုးသားရေး စရိုက်လက္ခဏာများအတွက် အလွန်အရေးကြီးတယ်လို့ ဖြေဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာ တစ်ရပ်ဖြစ်ပြီး လူ့ဘဝကြီးကို စတင် ရောက်ရှိချိန်ကတည်းက လိုက်နာကျင့်သုံးကြတဲ့ ဓလေ့ထုံးတမ်းများမှာ ပါဝင်နေတယ်လို့ ယုံကြည်ကြပါတယ်။
၇ ရာစုမှာ အရှေ့တောင်အာရှဒေသကို အာရပ်ကုန်သည်များနဲ့အတူ အစ္စလာမ်သာသနာ ရောက်ရှိလာပါတယ်။ ကမာ ္ဘ့စတုတ္ထ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားလူဦးရေရဲ့ ၈၅% ကျော်ဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်နေကြတဲ့အတွက် သု့တစ်နိုင်တည်းနဲ့ပဲ အရှေ့တောင်အာရှတစ်ခုလုံးရဲ့ လူများစုကိုးကွယ်ရာ ဘာသာတရားစာရင်းမှာ ပါဝင်နေရခြင်း ဖြစ်တယ်။
အရှေ့တောင်အာရှကို နောက်ဆုံးရောက်ရှိလာတဲ့ ကိုးကွယ်ရာဘာသာဟာ ခရစ်ယာန်ဘာသာဖြစ်ပြီး ဥရောပ သာသနာပြုများက ၁၆ ရာစုမှာ ယူဆောင်လာကြခြင်းဖြစ်ပါတယ်။ အာဆီယံတိုင်းပြည်များရဲ့ ခရစ်ယာန်အများ စုမှာ ကက်သလစ်ဘာသာဝင်များဖြစ်ပါတယ်။ မွတ်စလင်ဘာသာဝင်အများစု ဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံဟာ အရေအတွက်အရ ဖိလစ်ပိုင်နိုင်ငံပြီးလျှင် ကက်သလစ်ဘာသာဝင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။
(မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ မှေးမှိန်ပျောက်ကွယ်မှာကို စိုးရွံရှာသူများက ဆော်ဒီအာရေးဗီးယားရဲ့ ဘာသာ ရေးကာကွယ်စောင့်ရှောက်ပုံများနဲ့ နှိုင်းယှဉ်ပြောဆိုမှုများ လူမှုကွန်ရက်မှာ အကြိမ်ကြိမ်တွေ့မြင်ရပါတယ်။ အဲ့ဒီလို ဥပမာပေးမှုဟာ အခြေခံအချက်များအရ လုံး၀မှားယွင်းပါတယ်။
ဆော်ဒီအာရေးဗျဟာ တမန်တော် မိုဟာမက် ဖွားမြင်တော်မူရာနဲ့ အသက်ထင်ရှားရှိစဉ် အချိန်ကာလ အများဆုံး နေထိုင်ခဲ့ရာ တိုင်းပြည်ဖြစ်တဲ့အတွက် “တရားဝင် မွတ်စလင်သီးသန့်” “ဆွန်နီ အစ္စလာမ်သာသနာ့တိုင်းပြည်” ဖြစ်ပါတယ်။ အစ္စလာမ်ဂိုဏ်းကွဲဖြစ်တဲ့ ရှီယိုက်နဲ့ ဆူဖီဒဿနကိုပင်လျှင် တားမြစ်ထားပါတယ်။ ဆော်ဒီအာရေး ဗီးယားကလွဲလျှင် ကျန်အာရပ်နဲ့ အာရပ်မဟုတ်တဲ့ အရှေ့အလယ်ပိုင်း တိုင်းပြည်များမှာ အများပြည်သူဆိုင်ရာ မူဝါဒ သို့မဟုတ် ကိုယ်ကျင့်တရားကို မထိပါးသရွေ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိနေပါတယ်။ အထူးသဖြင့် ယူအေအီးနိုင်ငံမှာ ဗုဒ္ဓဘာသာ ရိပ်သာများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ရှိနေပါတယ်။ ခရစ်ယာန်နဲ့ အခြားဘာသာဝင်များအတွက် ဝတ်ပြုရန်နေရာများ ခွင့်ပြုထားပါတယ်။
အဲဒီနိုင်ငံများမှာ ရှီယိုက်မွတ်စလင်များလည်း လွတ်လပ်စွာ ဝတ်ပြုခွင့် စုဝေးခွင့်ရှိကြပြီး ပါရှားပင်လယ်ကွေ့ အနောက်မြောက်နဲ့ မြောက်ဘက် ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ အီရန်တို့မှာ မွတ်စလင် ဂိုဏ်းကွဲ ၂-ခုစလုံးသာမက ခရစ်ယာန်နဲ့ ဇိုရိုအက်စ်တာလို အလွန်ရှေးကျတဲ့ ကိုးကွယ်ယုံကြည်သူများ ရောနှောနေပါ တယ်။ ကိုးကွယ်ရာ ဘာသာတစ်ခုမှ အခြားတစ်ခုကို ကူးပြောင်းသက်ဝင်ခွင့် ရှိကြပြီး အများဆုံး ကူးပြောင်း ကြတာ မွတ်စလင်မှ ခရစ်ယာန်အကြား အပြန်အလှန်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခု အစ္စရေးနဲ့ ပဋိပက္ခဖြစ်နေပြီး ဂါဇာစစ်ပွဲကြောင့် ကမ္ဘာသိဖြစ်နေကြတဲ့ “ပါလက်စတိုင်း ဟားမတ်စ်” ခေါင်းဆောင်တို့ရဲ့ သားသမီးများကိုယ်တိုင် မွတ်စလင်မှ ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ကြဖူးပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့မှာ ဘာသာရေးနဲ့ ရောယှက်နေခြင်း မရှိတဲ့ တိုင်းပြည်များကို “ဆီကျူလာ_ကမ်းထရီး ” Secular Countries” “ဘာသာရေး လွတ်လပ်တဲ့ နိုင်ငံ”လို့ ခေါ်ကြပါတယ်။ တိုင်းပြည်ရဲ့ အရေးကိစ္စ အရပ်ရပ်များမှာ ဘာသာရေး လွှမ်းမိုးမှု ပါဝင်နေလျှင်တော့ “နမ်း ဆီကျူလာ ကန်းထရီး” ပေါ့
တစ်ချို့တိုင်းပြည်များမှာ တရားဝင်ကိုးကွယ်ရာဘာသာ ပြဌာန်းထားခြင်း မရှိပေမယ့် ဘာသာရေးကို နိုင်ငံရေး လက်နက်အဖြစ် အမြတ်ထုတ်လိုတဲ့ အုပ်ချုပ်သူများ အလိုကျ နမ်းဆီကျူလာနိုင်ငံ ဖြစ်နေတာလည်း ရှိပါတယ်။ ကိုးကွယ်ရာ ဘာသာတရားတစ်ခု ပျောက်ကွယ်သွားမှာ မှေးမှိန်သွားမှာကို သက်ဆိုင်ရာ သာသနာ့ဝန် ထမ်းများ က အစိုးရိမ်ဆုံး ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော် ကိုး ကွယ်ယုံကြည်ရာ ပျောက်ကွယ်သွားမှာကို အလွန်ကြောက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ စိုးရိမ်စိတ် ကြောက်စိတ် ဟာ အခြားဘာသာဝင်များ လူမျိုးခြားများမှာလည်း ရှိနေမယ်ဆိုတာ နားလည်သင့်ပါတယ်။
တကယ်တော့ နိုင်ငံတစ်နိုင်ငံ ဖွဲ့စည်းထားခြင်းဟာ ဘာသာ_လူမျိုး တူရာတူရာ_လူများသာမက သမိုင်း တစ်လျှောက် အတူဖြတ်သန်းနေထိုင်ခဲ့ကြသူများလည်း ပါဝင်ပါတယ်။ အဲ့ဒီ ကြောက်စိတ် စိုးရိမ်စိတ်ဟာ အထွဋ်အထိပ်ရောက်ပြီး မိမိလူ့အဖွဲ့အစည်းအတွင်းမှ အခြားဘာသာဝင်များ၊ လူမျိုးခြားများကို နှိပ်ကွတ်လျှင် တော့ “အစွန်းရောက် အမျိုးသားရေးဝါဒ” ဖြစ်လာပြီး” “နာဇီဝါဒ” “ဖက်ဆစ်ဝါ” နဲ့ အတူတူဖြစ်သွားပါတယ်။
ဒါကြောင့် ကမ္ဘာစစ်ကြီးကို မီးမွှေးသူ၊ ပြည်တွင်း ပြည်ပ ထိပ်တိုက်တွေ့မှုများ၊ ပြည်တွင်းစစ် သံသရာရှည်တဲ့ တိုင်းပြည်များကို ကြည့်လျှင် “နမ်း_ဆီကျူလာတိုင်းပြည်” များက အများစုဖြစ်နေပါတယ်။ တိုင်းပြည်တစ်ပြည်မှာ ဘာသာတရားတစ်ခုခု သက်ဝင်ယုံကြည်သူများ ရှိသလို Atheism “ ထာဝရဘုရားသခင် တည်ရှိခြင်းကို မယုံကြည်သူ” များနဲ့ ဘယ်ဘာသာတရားမှ သက်ဝင်ယုံကြည်ခြင်း မရှိသူ “Irreligious” များ လည်း ရှိပါတယ်။ ကျွန်တော့် လူ့သက်တမ်းရဲ့ ထက်ဝက်နီးပါးဟာ အဲ့ဒီလိုလူများနဲ့ လက်ပွန်းတတီး အလုပ် လုပ်ခဲ့ရပြီး သူတို့ဟာ “ဘာသာမဲ့ ” လို့ ပြောရပေမယ့် ထူးခြားပြီး မိုက်ရိုင်းတယ်လို့ မတွေ့ရှိရပါဘူး။
ကိုယ့်ကိုယ်ကို ဘာသာမဲ့ဖြစ်ကြောင်း လူသိစေချင်လို့ သာသနာ့ဝန်ထမ်းများကို စော်ကား၊ ဘာသာရေးဓလေ့ ထုံးတမ်းများကို ပုတ်ခတ်နေသူများဟာ “ယဉ်ကျေးမှုမဲ့သူများ” ဖြစ်သွားပါတယ်။ “လူရိုင်းဝါဒ” Barbarianism ဖြစ်သွားပါတယ်။ တိုင်းပြည်တစ်ပြည်မှာ လူမျိုးရေး-ဘာသာရေးအစွန်းရောက်ဝါဒီများ လွှမ်းမိုးလာလျှင်သော် ၎င်း၊ ယဉ်ကျေးမှုမဲ့သူ များပြားလာလျှင်တော့ အဲ့ဒီနိုင်ငံဟာ ပျက်စီးတတ်ပါတယ်။ ။ သတင်းဘာသာပြန်သူ၏ သုံးသပ်ချက် ဖြစ်ပါသည်။)
(Visual capitalist., 21 July 2024,” Mapped: The Largest Religious Group in Each Southeast Asian Country” ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုသည်။)
zawgyi version
အာဆီယံတိုင္းျပည္မ်ားကို လႊမ္းၿခဳံလ်က္ရွိသည့္ ကိုးကြယ္ရာ ဘာသာေရးအုပ္စုႀကီးမ်ား ႏွင့္ တစ္ႏိုင္ငံခ်င္းအလိုက္ ရာခိုင္ႏႈန္း
Htay Oung (NP News) - ဇူလိုင္ ၂၂
လူမႈေရးဆိုင္ရာ နဲ႔ အမ်ားလူထုအျမင္တို႔ကို စစ္တမ္းေကာက္ယူၿပီး ပါတီစြဲမထားပဲ စီးပြားေရး၊ ႏိုင္ငံေရးဆိုင္ရာ အႀကံေပးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ အေမရိကန္အေျခစိုက္ “ပ်ဴး သုေတသနစင္တာ” ရဲ႕ ၂၀၁၄ ခုႏွစ္ ေလ့လာမႈ တစ္ခုအရ ဘာသာေရးအရ ကြဲျပားမႈ အရွိဆုံးႏိုင္ငံ ၂ ႏိုင္ငံ (စကၤာပူႏွင့္ ဗီယက္နမ္) တို႔ဟာ အေရွ႕ေတာင္အာ ရွမွာ တည္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အေရွ႕တီေမာ (တီေမာလက္စ္တီ) လို ဘာသာေရး အရ ကြဲျပားမႈ အနည္းဆုံးႏိုင္ငံကလည္း အလားတူ အာဆီယံေဒသမွ ျဖစ္ေနတယ္လို႔ “ဗစ္ဆူရယ္ကက္ပီတယ္လစ္” ဒစ္ဂ်စ္တယ္မီဒီယာက ဇူလိုင္လ ၂၁ ရက္မွာ ေရးသားပါတယ္။
အေရွ႕ေတာင္အာရွမွာ အမ်ားဆုံး လႊမ္းၿခဳံထားတဲ့ ကိုးကြယ္ရာ ဘာသာႀကီး ၃-ခုဟာ အစၥလာမ္၊ ဗုဒၶဘာသာနဲ႔ ခရစ္ယာန္ဘာသာတို႔ ျဖစ္ပါတယ္။ အေမရိကန္ ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ CIA ရဲ႕ “၂၀၂၂-ခုႏွစ္ ဘာသာ ေရးလြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာ” အရ အေရွ႕ေတာင္အာရွႏိုင္ငံအသီးသီးတို႔ရဲ႕ (တိုင္းျပည္လူဦးေရရဲ႕ ရာ ခိုင္ႏႈန္း အလိုက္) ေျမပုံဆြဲၾကည့္မယ္ဆိုရင္ အဲ့ဒီ အႀကီးဆုံးဘာသာေရးအုပ္စုႀကီး ၃-ခုအနက္ တစ္ခုခုက လႊမ္း ၿခဳံထားေၾကာင္း အလြယ္တကူ သိရွိႏိုင္ပါလိမ့္မယ္။
ေအဒီ ၁ ရာစုမွ ၃ ရာစုၾကား အိႏၵိယနဲ႔ တ႐ုတ္ကုန္သည္တို႔ ယူေဆာင္လာတဲ့ ဗုဒၶဘာသာဟာ အေရွ႕ေတာင္ အာရွေဒသအတြင္းကို ပထမဆုံးေရာက္ရွိလာခဲ့ပါတယ္။ ဒါေပမယ့္ ဗုဒၶဘာသာဟာ မ်က္ေမွာက္ေခတ္ အေရွ႕ ေတာင္ အာရွလူဦးေရရဲ႕ ၃၅-၃၈ ရာခိုင္ႏႈန္းခန႔္ရွိၿပီး အစၥလာမ္သာသာနာၿပီးလွ်င္ ဒုတိယေနရာမွာ ေရာက္ေနပါတယ္။ အႀကီးဆုံးဘာသာေရးအုပ္စုမ်ားကို ႏိုင္ငံ့လူဦးေရ ရာခိုင္ႏႈန္းအလိုက္ အေသးစိတ္ ေလ့လာၾကည့္လွ်င္ ျမန္မာ ႏိုင္ငံရဲ႕ ဗုဒၶဘာသာဝင္ရာခိုင္ႏႈန္းဟာ ၈၈% ရွိၿပီး ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ရဲ႕ ၉၃% ထက္ နည္းပါတယ္။
ဒါေၾကာင့္ ျမန္မာႏိုင္ငံ ေထရဝါဒဘာသာ အထြန္းကားဆုံး တိုင္းျပည္ဆိုလွ်င္သာ မွန္ကန္ႏိုင္ၿပီး လူဦးေရ ၂၂-သန္းေက်ာ္သာ ရွိတဲ့ သီရိလကၤာ (၇၀.၂%) ထက္ေတာ့ မ်ားျပားပါတယ္။ ေဂါတမဗုဒၶ ဖြားျမင္ေတာ္မူရာ နီ ေပါႏိုင္ငံ လူဦးေရ ၃၁ သန္းရဲ႕ ၈၁.၂% ဟာ ဟိႏၵဴဘာသာဝင္ျဖစ္ေနၿပီး ဗုဒၶဘာသာဝင္ ၈.၂% သာလွ်င္ရွိပါ တယ္။ နီေပါႏိုင္ငံမွာ ယဥ္ေက်းမႈနဲ႔ ဘာသာေရးအရ လြတ္လပ္စြာ ကိုးကြယ္ယုံၾကည္ခြင့္ ရွိတယ္ဆိုေပမယ့္ ဖြဲ႕စည္းပုံ အေျခ ခံဥပေဒအရ “ေရွးပေဝသဏီက တည္ရွိခဲ့တဲ့ ႐ိုးရာအေမြအႏွစ္မ်ားကို ကာကြယ္ေစာင့္ ေရွာက္မည္” ဆိုျခင္းဟာ ႏိုင္ငံအစိုးရအဆက္ဆက္တို႔ အေနနဲ႔ ဟိႏၵဴဘာသာကို ကာကြယ္ေစာင့္ေရွာက္မည္လို႔ ရည္ၫႊန္းပါတယ္။
အဲဒါေၾကာင့္ ေဂါတမဗုဒၶသက္ေတာ္ထင္ရွားရွိစဥ္ ေဒသစာရီ လွည့္လည္ေတာ္မူရာ အိႏၵိယႏိုင္ငံဟာ သန္းေပါင္း ၁၄၀၀ ေက်ာ္နဲ႔ ကမာၻ႔လူဦးေရအမ်ားဆုံး ျဖစ္ေနေပမယ့္ တိုင္းျပည္လူဦးေရရဲ႕ ၇၉.၈% ဟာ ဟိႏၵဴဘာသာဝင္ မ်ားျဖစ္ေနပါတယ္။ ဒါေပမယ့္ ႏိုင္ငံအလိုက္ ဟိႏၵဴဘာသာဝင္ဦးေရရာႏႈန္းဟာ နီေပါထက္စာလွ်င္ နည္းေနပါ ေသးတယ္။ လူဦးေရ ၁-သန္းမျပည့္တဲ့ ဘူတန္ႏိုင္ငံရဲ႕ တရားဝင္ကိုးကြယ္ရာဘာသာဟာ ဗုဒၶဘာသာျဖစ္ေပမယ့္ ႏိုင္ငံ့လူဦးေရရဲ႕ ၇၄.၇% သာလွ်င္ ရွိပါတယ္၊ ဒုတိယအမ်ားဆုံး ဟိႏၵဴဘာသာက ၂၂.၆% ရွိပါတယ္။
ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ဟာ လူဦးေရရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္နဲ႔ ကမာၻ႔ဗုဒၶဘာသာဝင္ အမ်ားဆုံးတိုင္းျပည္ မ်ားျဖစ္ၾကပါတယ္။ ပ်ဴးသုေတသနစင္တာက ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ အဲဒီႏိုင္ငံမ်ားေန လူ ၁၀-ဦးမွာ ၉-ဦးနီးပါးက ဗုဒၶဘာသာဝင္မ်ားျဖစ္ေနၾကၿပီး သဗၺညဳတ ဉာဏ္ေတာ္ရွင္ရဲ႕ ေဟာၾကားခ်က္ေတြဟာ သူတို႔ရဲ႕အမ်ိဳးသားေရး စ႐ိုက္လကၡဏာမ်ားအတြက္ အလြန္အေရးႀကီးတယ္လို႔ ေျဖဆိုပါတယ္။ ကေမာၻဒီးယားႏိုင္ငံ လူဦးေရ ၇၀ ရာခိုင္ႏႈန္းေက်ာ္က ဗုဒၶဘာသာဟာ သူတို႔ရဲ႕ အမ်ိဳးသားေရးလကၡဏာ တစ္ရပ္ျဖစ္ၿပီး လူ႔ဘဝႀကီးကို စတင္ ေရာက္ရွိခ်ိန္ကတည္းက လိုက္နာက်င့္သုံးၾကတဲ့ ဓေလ့ထုံးတမ္းမ်ားမွာ ပါဝင္ေနတယ္လို႔ ယုံၾကည္ၾကပါတယ္။
၇ ရာစုမွာ အေရွ႕ေတာင္အာရွေဒသကို အာရပ္ကုန္သည္မ်ားနဲ႔အတူ အစၥလာမ္သာသနာ ေရာက္ရွိလာပါတယ္။ ကမာ ၻ့စတုတၳ လူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားလူဦးေရရဲ႕ ၈၅% ေက်ာ္ဟာ အစၥလာမ္ဘာသာဝင္မ်ား ျဖစ္ေနၾကတဲ့အတြက္ သု႔တစ္ႏိုင္တည္းနဲ႔ပဲ အေရွ႕ေတာင္အာရွတစ္ခုလုံးရဲ႕ လူမ်ားစုကိုးကြယ္ရာ ဘာသာတရားစာရင္းမွာ ပါဝင္ေနရျခင္း ျဖစ္တယ္။
အေရွ႕ေတာင္အာရွကို ေနာက္ဆုံးေရာက္ရွိလာတဲ့ ကိုးကြယ္ရာဘာသာဟာ ခရစ္ယာန္ဘာသာျဖစ္ၿပီး ဥေရာပ သာသနာျပဳမ်ားက ၁၆ ရာစုမွာ ယူေဆာင္လာၾကျခင္းျဖစ္ပါတယ္။ အာဆီယံတိုင္းျပည္မ်ားရဲ႕ ခရစ္ယာန္အမ်ား စုမွာ ကက္သလစ္ဘာသာဝင္မ်ားျဖစ္ပါတယ္။ မြတ္စလင္ဘာသာဝင္အမ်ားစု ျဖစ္ေပမယ့္ အင္ဒိုနီးရွားႏိုင္ငံဟာ အေရအတြက္အရ ဖိလစ္ပိုင္ႏိုင္ငံၿပီးလွ်င္ ကက္သလစ္ဘာသာဝင္ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ပါတယ္။
(ျမန္မာႏိုင္ငံမွာ ဗုဒၶသာသနာ ေမွးမွိန္ေပ်ာက္ကြယ္မွာကို စိုး႐ြံရွာသူမ်ားက ေဆာ္ဒီအာေရးဗီးယားရဲ႕ ဘာသာ ေရးကာကြယ္ေစာင့္ေရွာက္ပုံမ်ားနဲ႔ ႏႈိင္းယွဥ္ေျပာဆိုမႈမ်ား လူမႈကြန္ရက္မွာ အႀကိမ္ႀကိမ္ေတြ႕ျမင္ရပါတယ္။ အဲ့ဒီလို ဥပမာေပးမႈဟာ အေျခခံအခ်က္မ်ားအရ လုံး၀မွားယြင္းပါတယ္။
ေဆာ္ဒီအာေရးဗ်ဟာ တမန္ေတာ္ မိုဟာမက္ ဖြားျမင္ေတာ္မူရာနဲ႔ အသက္ထင္ရွားရွိစဥ္ အခ်ိန္ကာလ အမ်ားဆုံး ေနထိုင္ခဲ့ရာ တိုင္းျပည္ျဖစ္တဲ့အတြက္ “တရားဝင္ မြတ္စလင္သီးသန႔္” “ဆြန္နီ အစၥလာမ္သာသနာ့တိုင္းျပည္” ျဖစ္ပါတယ္။ အစၥလာမ္ဂိုဏ္းကြဲျဖစ္တဲ့ ရွီယိုက္နဲ႔ ဆူဖီဒႆနကိုပင္လွ်င္ တားျမစ္ထားပါတယ္။ ေဆာ္ဒီအာေရး ဗီးယားကလြဲလွ်င္ က်န္အာရပ္နဲ႔ အာရပ္မဟုတ္တဲ့ အေရွ႕အလယ္ပိုင္း တိုင္းျပည္မ်ားမွာ အမ်ားျပည္သူဆိုင္ရာ မူဝါဒ သို႔မဟုတ္ ကိုယ္က်င့္တရားကို မထိပါးသေ႐ြ႕ လြတ္လပ္စြာ ယုံၾကည္ကိုးကြယ္ခြင့္ ရွိေနပါတယ္။ အထူးသျဖင့္ ယူေအအီးႏိုင္ငံမွာ ဗုဒၶဘာသာ ရိပ္သာမ်ား၊ ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ား ရွိေနပါတယ္။ ခရစ္ယာန္နဲ႔ အျခားဘာသာဝင္မ်ားအတြက္ ဝတ္ျပဳရန္ေနရာမ်ား ခြင့္ျပဳထားပါတယ္။
အဲဒီႏိုင္ငံမ်ားမွာ ရွီယိုက္မြတ္စလင္မ်ားလည္း လြတ္လပ္စြာ ဝတ္ျပဳခြင့္ စုေဝးခြင့္ရွိၾကၿပီး ပါရွားပင္လယ္ေကြ႕ အေနာက္ေျမာက္နဲ႔ ေျမာက္ဘက္ ေဂ်ာ္ဒန္၊ လက္ဘႏြန္၊ ဆီးရီးယား၊ အီရတ္၊ အီရန္တို႔မွာ မြတ္စလင္ ဂိုဏ္းကြဲ ၂-ခုစလုံးသာမက ခရစ္ယာန္နဲ႔ ဇို႐ိုအက္စ္တာလို အလြန္ေရွးက်တဲ့ ကိုးကြယ္ယုံၾကည္သူမ်ား ေရာေႏွာေနပါ တယ္။ ကိုးကြယ္ရာ ဘာသာတစ္ခုမွ အျခားတစ္ခုကို ကူးေျပာင္းသက္ဝင္ခြင့္ ရွိၾကၿပီး အမ်ားဆုံး ကူးေျပာင္း ၾကတာ မြတ္စလင္မွ ခရစ္ယာန္အၾကား အျပန္အလွန္ျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။ ယခု အစၥေရးနဲ႔ ပဋိပကၡျဖစ္ေနၿပီး ဂါဇာစစ္ပြဲေၾကာင့္ ကမာၻသိျဖစ္ေနၾကတဲ့ “ပါလက္စတိုင္း ဟားမတ္စ္” ေခါင္းေဆာင္တို႔ရဲ႕ သားသမီးမ်ားကိုယ္တိုင္ မြတ္စလင္မွ ခရစ္ယာန္ဘာသာကို ကူးေျပာင္းခဲ့ၾကဖူးပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရး၊ တရားစီရင္ေရး၊ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးတို႔မွာ ဘာသာေရးနဲ႔ ေရာယွက္ေနျခင္း မရွိတဲ့ တိုင္းျပည္မ်ားကို “ဆီက်ဴလာ_ကမ္းထရီး ” Secular Countries” “ဘာသာေရး လြတ္လပ္တဲ့ ႏိုင္ငံ”လို႔ ေခၚၾကပါတယ္။ တိုင္းျပည္ရဲ႕ အေရးကိစၥ အရပ္ရပ္မ်ားမွာ ဘာသာေရး လႊမ္းမိုးမႈ ပါဝင္ေနလွ်င္ေတာ့ “နမ္း ဆီက်ဴလာ ကန္းထရီး” ေပါ့
တစ္ခ်ိဳ႕တိုင္းျပည္မ်ားမွာ တရားဝင္ကိုးကြယ္ရာဘာသာ ျပဌာန္းထားျခင္း မရွိေပမယ့္ ဘာသာေရးကို ႏိုင္ငံေရး လက္နက္အျဖစ္ အျမတ္ထုတ္လိုတဲ့ အုပ္ခ်ဳပ္သူမ်ား အလိုက် နမ္းဆီက်ဴလာႏိုင္ငံ ျဖစ္ေနတာလည္း ရွိပါတယ္။ ကိုးကြယ္ရာ ဘာသာတရားတစ္ခု ေပ်ာက္ကြယ္သြားမွာ ေမွးမွိန္သြားမွာကို သက္ဆိုင္ရာ သာသနာ့ဝန္ ထမ္းမ်ား က အစိုးရိမ္ဆုံး ျဖစ္ပါလိမ့္မယ္။ ဗုဒၶဘာသာဝင္ ဗမာလူမ်ိဳးျဖစ္ေနတဲ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း ကြၽန္ေတာ္ ကိုး ကြယ္ယုံၾကည္ရာ ေပ်ာက္ကြယ္သြားမွာကို အလြန္ေၾကာက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီ စိုးရိမ္စိတ္ ေၾကာက္စိတ္ ဟာ အျခားဘာသာဝင္မ်ား လူမ်ိဳးျခားမ်ားမွာလည္း ရွိေနမယ္ဆိုတာ နားလည္သင့္ပါတယ္။
တကယ္ေတာ့ ႏိုင္ငံတစ္ႏိုင္ငံ ဖြဲ႕စည္းထားျခင္းဟာ ဘာသာ_လူမ်ိဳး တူရာတူရာ_လူမ်ားသာမက သမိုင္း တစ္ေလွ်ာက္ အတူျဖတ္သန္းေနထိုင္ခဲ့ၾကသူမ်ားလည္း ပါဝင္ပါတယ္။ အဲ့ဒီ ေၾကာက္စိတ္ စိုးရိမ္စိတ္ဟာ အထြဋ္အထိပ္ေရာက္ၿပီး မိမိလူ႔အဖြဲ႕အစည္းအတြင္းမွ အျခားဘာသာဝင္မ်ား၊ လူမ်ိဳးျခားမ်ားကို ႏွိပ္ကြတ္လွ်င္ ေတာ့ “အစြန္းေရာက္ အမ်ိဳးသားေရးဝါဒ” ျဖစ္လာၿပီး” “နာဇီဝါဒ” “ဖက္ဆစ္ဝါ” နဲ႔ အတူတူျဖစ္သြားပါတယ္။
ဒါေၾကာင့္ ကမာၻစစ္ႀကီးကို မီးေမႊးသူ၊ ျပည္တြင္း ျပည္ပ ထိပ္တိုက္ေတြ႕မႈမ်ား၊ ျပည္တြင္းစစ္ သံသရာရွည္တဲ့ တိုင္းျပည္မ်ားကို ၾကည့္လွ်င္ “နမ္း_ဆီက်ဴလာတိုင္းျပည္” မ်ားက အမ်ားစုျဖစ္ေနပါတယ္။ တိုင္းျပည္တစ္ျပည္မွာ ဘာသာတရားတစ္ခုခု သက္ဝင္ယုံၾကည္သူမ်ား ရွိသလို Atheism “ ထာဝရဘုရားသခင္ တည္ရွိျခင္းကို မယုံၾကည္သူ” မ်ားနဲ႔ ဘယ္ဘာသာတရားမွ သက္ဝင္ယုံၾကည္ျခင္း မရွိသူ “Irreligious” မ်ား လည္း ရွိပါတယ္။ ကြၽန္ေတာ့္ လူ႔သက္တမ္းရဲ႕ ထက္ဝက္နီးပါးဟာ အဲ့ဒီလိုလူမ်ားနဲ႔ လက္ပြန္းတတီး အလုပ္ လုပ္ခဲ့ရၿပီး သူတို႔ဟာ “ဘာသာမဲ့ ” လို႔ ေျပာရေပမယ့္ ထူးျခားၿပီး မိုက္႐ိုင္းတယ္လို႔ မေတြ႕ရွိရပါဘူး။
ကိုယ့္ကိုယ္ကို ဘာသာမဲ့ျဖစ္ေၾကာင္း လူသိေစခ်င္လို႔ သာသနာ့ဝန္ထမ္းမ်ားကို ေစာ္ကား၊ ဘာသာေရးဓေလ့ ထုံးတမ္းမ်ားကို ပုတ္ခတ္ေနသူမ်ားဟာ “ယဥ္ေက်းမႈမဲ့သူမ်ား” ျဖစ္သြားပါတယ္။ “လူ႐ိုင္းဝါဒ” Barbarianism ျဖစ္သြားပါတယ္။ တိုင္းျပည္တစ္ျပည္မွာ လူမ်ိဳးေရး-ဘာသာေရးအစြန္းေရာက္ဝါဒီမ်ား လႊမ္းမိုးလာလွ်င္ေသာ္ ၎၊ ယဥ္ေက်းမႈမဲ့သူ မ်ားျပားလာလွ်င္ေတာ့ အဲ့ဒီႏိုင္ငံဟာ ပ်က္စီးတတ္ပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ ျဖစ္ပါသည္။)
(Visual capitalist., 21 July 2024,” Mapped: The Largest Religious Group in Each Southeast Asian Country” ကို ဆီေလ်ာ္ေအာင္ ျဖည့္စြက္ဘာသာျပန္ဆိုသည္။)