ကျိုက်ထီးရိုးစေတီတော်ရင်ပြင် အနောက်ဘက်တွင် မြေပြိုကျမှုကာကွယ်ရန် မြေထိန်းနံရံတည်ဆောက်ရန်ပြင်ဆင်နေ

 2471

သန့်ဇင် (NP News) - ဇူလိုင် ၆

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော် ရင်ပြင်အနောက်ဘက်တွင် မြေပြိုကျမှုကာကွယ်ရန် မြေထိန်းနံရံတည်ဆောက်ရန်ပြင်ဆင်နေကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

အဆိုပါမြေထိန်းနံရံတည်ဆောက်ရန်အတွက် မြေထိန်းနံရံအတိုင်းအတာ အလျား(၁၆၀)ပေ၊ အနံ(၁၀၀)ပေ နှင့် အမြင့်(၂၀)ပေရှိ RC.Conc: ပြုလုပ်ရန် တင်ဒါခေါ်ယူထားသည်။ “ကျွန် တော်တို့ ဂေါပကအဖွဲ့က ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး နဲ့ အရံစေတီတော်တွေကို ထိခိုက်မှုမရှိအောင် ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပါတယ်။ အခုခေါ်တာက ရင်ပြင်တော်ကိုမထိခိုက်စေဖို့အတွက် မြေထိန်းနံရံတွေကို RC နဲ့ ခိုင်မာအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ ခေါ်တာဖြစ်ပါတယ်။ တောင်နံရံတွေကို ထိန်းဖို့ပေါ့”ဟု ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

ကျိုက်ထီးရိုးတောင်တက်ကားလမ်း၌ တောင်နံရံပြိုကျမှုဖြစ်စဉ်များဖြစ်ပွားလျက်ရှိသည့် အတွက် ဘုရားဖူးပြည်သူများ ကြန့်ကြာမှုမဖြစ်စေရန် အချိန်နှင့်တပြေးညီဖယ်ရှားရှင်းလင်းမှု များပြုလုပ်လျက်ရှိကြောင်း သိရသည်။

“သဲဆန်တဲ့မြေဖြစ်တဲ့အတွက် မိုးဆက်တိုက်ရွာလာရင် တောင်တွေက ရေစီးတဲ့အရှိန်ကြောင့် တောင်ပြိုကျတာပါ။ ကျွန်တော်တို့တွေက တောင်တက်မော်တော်ယာဉ်နဲ့ပေါင်းစပ်ပြီး ကားအသွားအလာမပြတ်အောင် ချက်ချင်းလူအားဖြည့်ပြီး ပြင်ပေးပါတယ်။ အန္တရာယ်ဖြစ်တဲ့ အဆင့်မျိုးတွေတော့မဖြစ်ပါဘူး။ အခုနှစ်က မြေပြိုတာ(၂)ကြိမ်ရှိပြီ။ အခြားတောင်လမ်းတွေပြိုတဲ့ အဆင့်ထိတောာ့မရှိဘူးခင်ဗျ။ ဘုးရားဖူးကားတွေကို မပြတ်တောက်အောင်လမ်းရှင်းပါတယ်။ လူတို့ကားတို့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆင့်မျိုးတွေမဟုတ်ဘူး။ မြေပြိုပြီးလမ်းပိတ်တာတော့မရှိပါဘူး။ နာရီပိုင်းအတွင်း ရှင်းလင်းလိုက်ပါတယ်။ ဘုရားဖူးပြည်သူနဲ့ ကားတွေရပ်တန့်တာမျိုးလည်း မရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ထိုသို့ ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တောင်နံရံပြိုကျမှုများထပ်မံမဖြစ်ပွားစေရန် တောင်တက်လမ်းတစ်လျှောက်ရှိ မြေထိန်းနံရံ မလုပ်ရသေးသောနေရာများတွင်လည်း မြေထိန်းနံရံများပြုလုပ်၍ ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကြိုတင်ပြီး စစ်ဆေးတယ်။ တောင်ပေါ်ကနေ ရေစီးဆင်းတဲ့နေရာတွေကို ရှင်းလင်းရေးတွေနဲ့ ရေလွှဲမြောင်းတွေလုပ်တယ်။ အောက်ကရေစီးတဲ့လမ်းတွေကိုလည်း သန့်ရှင်းရေးလုပ်တယ်။ မြေထိန်းတွေကိုလည်း လုပ်သင့်တဲ့ အရာတွေလုပ်ပြီး မြေထိန်းနံရံတွေကို တောင်တက်လမ်းတစ်လျှောက်မှာ တော်တော်များများလုပ်ထားပါတယ်။ အခုကတော့လွတ်ကင်းနေတဲ့နေရာကနေဖြစ်လာတဲ့အတွက် နောက်ထပ်ထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်မှာပါ”ဟု ဦးစိုးလှက ထပ်မံပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုနှစ် မေလကုန်အထိ ဘုရားဖူးလာရောက်သူ (၇၂၂၀၀)ကျော်ထိရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဘုးရားဖူးဦးရေတိုးတက်လာခဲ့ကြောင်း သိရသည်။

zawgyi version
က်ိဳက္ထီး႐ိုးေစတီေတာ္ရင္ျပင္ အေနာက္ဘက္တြင္ ေျမၿပိဳက်မႈကာကြယ္ရန္ ေျမထိန္းနံရံတည္ေဆာက္ရန္ျပင္ဆင္ေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၆

မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးေစတီေတာ္ ရင္ျပင္အေနာက္ဘက္တြင္ ေျမၿပိဳက်မႈကာကြယ္ရန္ ေျမထိန္းနံရံတည္ေဆာက္ရန္ျပင္ဆင္ေနေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

အဆိုပါေျမထိန္းနံရံတည္ေဆာက္ရန္အတြက္ ေျမထိန္းနံရံအတိုင္းအတာ အလ်ား(၁၆၀)ေပ၊ အနံ(၁၀၀)ေပ ႏွင့္ အျမင့္(၂၀)ေပရွိ RC.Conc: ျပဳလုပ္ရန္ တင္ဒါေခၚယူထားသည္။ “ကြၽန္ ေတာ္တို႔ ေဂါပကအဖြဲ႕က က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး နဲ႔ အရံေစတီေတာ္ေတြကို ထိခိုက္မႈမရွိေအာင္ ျပဳျပင္ထိန္းသိမ္းမႈေတြ ေဆာင္႐ြက္ပါတယ္။ အခုေခၚတာက ရင္ျပင္ေတာ္ကိုမထိခိုက္ေစဖို႔အတြက္ ေျမထိန္းနံရံေတြကို RC နဲ႔ ခိုင္မာေအာင္လုပ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ ေခၚတာျဖစ္ပါတယ္။ ေတာင္နံရံေတြကို ထိန္းဖို႔ေပါ့”ဟု က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလွက ေျပာသည္။

က်ိဳက္ထီး႐ိုးေတာင္တက္ကားလမ္း၌ ေတာင္နံရံၿပိဳက်မႈျဖစ္စဥ္မ်ားျဖစ္ပြားလ်က္ရွိသည့္ အတြက္ ဘုရားဖူးျပည္သူမ်ား ၾကန႔္ၾကာမႈမျဖစ္ေစရန္ အခ်ိန္ႏွင့္တေျပးညီဖယ္ရွားရွင္းလင္းမႈ မ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

“သဲဆန္တဲ့ေျမျဖစ္တဲ့အတြက္ မိုးဆက္တိုက္႐ြာလာရင္ ေတာင္ေတြက ေရစီးတဲ့အရွိန္ေၾကာင့္ ေတာင္ၿပိဳက်တာပါ။ ကြၽန္ေတာ္တို႔ေတြက ေတာင္တက္ေမာ္ေတာ္ယာဥ္နဲ႔ေပါင္းစပ္ၿပီး ကားအသြားအလာမျပတ္ေအာင္ ခ်က္ခ်င္းလူအားျဖည့္ၿပီး ျပင္ေပးပါတယ္။ အႏၲရာယ္ျဖစ္တဲ့ အဆင့္မ်ိဳးေတြေတာ့မျဖစ္ပါဘူး။ အခုႏွစ္က ေျမၿပိဳတာ(၂)ႀကိမ္ရွိၿပီ။ အျခားေတာင္လမ္းေတြၿပိဳတဲ့ အဆင့္ထိေတာာ့မရွိဘူးခင္ဗ်။ ဘုးရားဖူးကားေတြကို မျပတ္ေတာက္ေအာင္လမ္းရွင္းပါတယ္။ လူတို႔ကားတို႔ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အဆင့္မ်ိဳးေတြမဟုတ္ဘူး။ ေျမၿပိဳၿပီးလမ္းပိတ္တာေတာ့မရွိပါဘူး။ နာရီပိုင္းအတြင္း ရွင္းလင္းလိုက္ပါတယ္။ ဘုရားဖူးျပည္သူနဲ႔ ကားေတြရပ္တန႔္တာမ်ိဳးလည္း မရွိပါဘူး”ဟု ၎ကဆက္လက္ေျပာသည္။

ထိုသို႔ က်ိဳက္ထီး႐ိုးေတာင္တက္လမ္းရွိ ေတာင္နံရံၿပိဳက်မႈမ်ားထပ္မံမျဖစ္ပြားေစရန္ ေတာင္တက္လမ္းတစ္ေလွ်ာက္ရွိ ေျမထိန္းနံရံ မလုပ္ရေသးေသာေနရာမ်ားတြင္လည္း ေျမထိန္းနံရံမ်ားျပဳလုပ္၍ ႀကိဳတင္ျပင္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ “ႀကိဳတင္ၿပီး စစ္ေဆးတယ္။ ေတာင္ေပၚကေန ေရစီးဆင္းတဲ့ေနရာေတြကို ရွင္းလင္းေရးေတြနဲ႔ ေရလႊဲေျမာင္းေတြလုပ္တယ္။ ေအာက္ကေရစီးတဲ့လမ္းေတြကိုလည္း သန႔္ရွင္းေရးလုပ္တယ္။ ေျမထိန္းေတြကိုလည္း လုပ္သင့္တဲ့ အရာေတြလုပ္ၿပီး ေျမထိန္းနံရံေတြကို ေတာင္တက္လမ္းတစ္ေလွ်ာက္မွာ ေတာ္ေတာ္မ်ားမ်ားလုပ္ထားပါတယ္။ အခုကေတာ့လြတ္ကင္းေနတဲ့ေနရာကေနျဖစ္လာတဲ့အတြက္ ေနာက္ထပ္ထပ္မျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္မွာပါ”ဟု ဦးစိုးလွက ထပ္မံေျပာသည္။

ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီးသို႔ ၿပီးခဲ့သည့္ ေအာက္တိုဘာလမွ ယခုႏွစ္ ေမလကုန္အထိ ဘုရားဖူးလာေရာက္သူ (၇၂၂၀၀)ေက်ာ္ထိရွိခဲ့ၿပီး ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ဘုးရားဖူးဦးေရတိုးတက္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.