ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်ရှိ မူလကြမ်းခင်းကို ဖော်ထုတ်ထိန်းသိမ်းနေပြီး ယခင်လက်ရာအတိုင်း ခရီးသွားများ လေ့လာနိုင်တော့မည်

 1585

စော (NP News) - စက်တင်ဘာ ၄

ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်ရှိ မူလကြမ်းခင်းကို အများပြည်သူလေ့လာနိုင်ရန် ဖော်ထုတ်ထိန်း သိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်နေပြီး ယခင် လက်ရာအတိုင်း ခရီးသွားများ လေ့လာနိုင်မည်ဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကိုပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသတွင် အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထုတ်ပြန်ထားသော ဥပဒေများ၊ စီမံခန့်ခွဲရေးမူဘောင်များ၊ လမ်းညွှန်ချက်များအရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း ဌာနမှတာဝန်ရှိ ဝန်ထမ်းများအပါအဝင် ဆက်စပ်ဌာနများ၊ အမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီများ၊ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသူများနှင့် ပူး ပေါင်း၍ညှိနှိုင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

‘‘လုပ်နေဆဲကာလပဲရှိတယ်။ Detail drawing တွေပေါ်မှာမူတည်ပြီးတော့ လစ်လပ်နေတဲ့ သဲကျောက်ပြားတွေ ပြန်ပြီးတော့ဖြည့်သွားမယ်။ ဖြည့်ပြီးတော့မှ Level တွေမြှင့်မယ်။ Level မြှင့်ပြီးတော့မှ ရေဆင်းကောင်းအောင် အဲဒီပေါ်ကိုမှ ရေကျရင် ရေလေးဆင်းသွားအောင်လုပ်ပြီးမှ အများ ပြည်သူလေ့လာနိုင်အောင် Presentation ပုံလေး ထားပြီးတော့မှ အဲဒါသည် ရွှေစည်းခုံဘုရားကြီး မူလတည်စဉ်ကအသုံးပြုထားတဲ့ မူလကြမ်းခင်းသဲ ကျောက်ပြားတုံးကြီး တွေဖြစ်ပါတယ်ဆိုပြီးတော့ အများပြည်သူ ဗဟုသုတရအောင်၊ လေ့လာနိုင်အောင် ထိန်းသိမ်းဖော်ထုတ်တဲ့ အစီအစဉ်ပေါ့နော်”ဟု ဦးကျော်မျိုးဝင်းက ပြောသည်။

ထိုသို့ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် ဓာတုဗေဒဌာနမှ ကျောက်သပိတ်တွင်ရှိသော ထုံးများကို ဓာတုဗေဒနည်းဖြင့် သန့်ရှင်းရေးလုပ် ဆောင်ပြီး ထုံးများကို ပြန်ခွာခြင်း၊ တန်ဆောင်းများရှိ ရုပ်စုံတန်ဆောင်းများသည် ဆွေးမြည့်ကာ ပြုတ်ကျ ခြင်းများလည်းရှိသည့်အတွက် ပြန်လည်ပြုပြင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်းသိရသည်။

ထို့ပြင် စောင်းတန်းရှိ ရှေးဟောင်းပန်းချီကား များတွင် ပိုးမျှင်များ၊ ကြေးများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ရှေးဟောင်းပစ္စည်းများ၊ အမွေအနှစ်များနှင့် ပတ်သက်သည့်လုပ်ငန်းများကို ပြန် လည်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စူဠာမဏိဘုရားတွင် ယခင်နှစ်များက မူလကြမ်းခင်းကို ဖော်ပြထားကြောင်းနှင့် စေတနာကြီး ဘုရားတွင် လည်း မူလကြမ်းခင်းဟုဆိုကာ မှန်ပုံးတွင် ပြသထားခြင်းများလည်းရှိကြောင်း သိရသည်။

zawgyi version
ေ႐ႊစည္းခုံေစတီေတာ္ႀကီး၏ ရင္ျပင္ေတာ္ရွိ မူလၾကမ္းခင္းကို ေဖာ္ထုတ္ထိန္းသိမ္းေနၿပီး ယခင္လက္ရာအတိုင္း ခရီးသြားမ်ား ေလ့လာႏိုင္ေတာ့မည္
ေစာ (NP News) - စက္တင္ဘာ ၄

ေ႐ႊစည္းခုံေစတီေတာ္ႀကီး၏ ရင္ျပင္ေတာ္ရွိ မူလၾကမ္းခင္းကို အမ်ားျပည္သူေလ့လာႏိုင္ရန္ ေဖာ္ထုတ္ထိန္း သိမ္းျခင္းလုပ္ငန္းကို လုပ္ေဆာင္ေနၿပီး ယခင္ လက္ရာအတိုင္း ခရီးသြားမ်ား ေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ)မွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကိုေျပာသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ပုဂံကမာၻ႔ အေမြအႏွစ္ေဒသတြင္ အေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ျခင္းလုပ္ငန္းမ်ားကို ထုတ္ျပန္ထားေသာ ဥပေဒမ်ား၊ စီမံခန႔္ခြဲေရးမူေဘာင္မ်ား၊ လမ္းၫႊန္ခ်က္မ်ားအရ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း ဌာနမွတာဝန္ရွိ ဝန္ထမ္းမ်ားအပါအဝင္ ဆက္စပ္ဌာနမ်ား၊ အေမြအႏွစ္ ထိန္း သိမ္းေစာင့္ေရွာက္ေရးေကာ္မတီမ်ား၊ အေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအတြက္ ဝိုင္းဝန္းကူညီၾကသူမ်ားႏွင့္ ပူး ေပါင္း၍ညႇိႏႈိင္း ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

‘‘လုပ္ေနဆဲကာလပဲရွိတယ္။ Detail drawing ေတြေပၚမွာမူတည္ၿပီးေတာ့ လစ္လပ္ေနတဲ့ သဲေက်ာက္ျပားေတြ ျပန္ၿပီးေတာ့ျဖည့္သြားမယ္။ ျဖည့္ၿပီးေတာ့မွ Level ေတြျမႇင့္မယ္။ Level ျမႇင့္ၿပီးေတာ့မွ ေရဆင္းေကာင္းေအာင္ အဲဒီေပၚကိုမွ ေရက်ရင္ ေရေလးဆင္းသြားေအာင္လုပ္ၿပီးမွ အမ်ား ျပည္သူေလ့လာႏိုင္ေအာင္ Presentation ပုံေလး ထားၿပီးေတာ့မွ အဲဒါသည္ ေ႐ႊစည္းခုံဘုရားႀကီး မူလတည္စဥ္ကအသုံးျပဳထားတဲ့ မူလၾကမ္းခင္းသဲ ေက်ာက္ျပားတုံးႀကီး ေတြျဖစ္ပါတယ္ဆိုၿပီးေတာ့ အမ်ားျပည္သူ ဗဟုသုတရေအာင္၊ ေလ့လာႏိုင္ေအာင္ ထိန္းသိမ္းေဖာ္ထုတ္တဲ့ အစီအစဥ္ေပါ့ေနာ္”ဟု ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။

ထိုသို႔ ျပဳျပင္ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ရာတြင္ ဓာတုေဗဒဌာနမွ ေက်ာက္သပိတ္တြင္ရွိေသာ ထုံးမ်ားကို ဓာတုေဗဒနည္းျဖင့္ သန႔္ရွင္းေရးလုပ္ ေဆာင္ၿပီး ထုံးမ်ားကို ျပန္ခြာျခင္း၊ တန္ေဆာင္းမ်ားရွိ ႐ုပ္စုံတန္ေဆာင္းမ်ားသည္ ေဆြးျမည့္ကာ ျပဳတ္က် ျခင္းမ်ားလည္းရွိသည့္အတြက္ ျပန္လည္ျပဳျပင္ျခင္း တို႔ကို လုပ္ေဆာင္ေနေၾကာင္းသိရသည္။

ထို႔ျပင္ ေစာင္းတန္းရွိ ေရွးေဟာင္းပန္းခ်ီကား မ်ားတြင္ ပိုးမွ်င္မ်ား၊ ေၾကးမ်ားကို သန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး ေရွးေဟာင္းပစၥည္းမ်ား၊ အေမြအႏွစ္မ်ားႏွင့္ ပတ္သက္သည့္လုပ္ငန္းမ်ားကို ျပန္ လည္ထိန္းသိမ္း ေစာင့္ေရွာက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ စူဠာမဏိဘုရားတြင္ ယခင္ႏွစ္မ်ားက မူလၾကမ္းခင္းကို ေဖာ္ျပထားေၾကာင္းႏွင့္ ေစတနာႀကီး ဘုရားတြင္ လည္း မူလၾကမ္းခင္းဟုဆိုကာ မွန္ပုံးတြင္ ျပသထားျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.