စင်ကာပူနိုင်ငံရဲ့အထင်ကရ Merlion ရုပ်တု၊ ပြုပြင်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် ဓာတ်ပုံရိုက်ခွင့်ပိတ်ပင်ထားမည်
1090
ရောင်နီ (NP News) - ဇူလိုင် ၆
စင်ကာပူနိုင်ငံ One Fullerton မှာတည်ရှိတဲ့ Merlion ရုပ်တုကို သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ်ဆောင်မှာဖြစ်တာကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ အဲဒီနေရာတဝိုက်မှာ ဓာတ်ပုံရိုက်ကူးခွင့်ရရှိနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
စင်ကာပူ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ (STB) က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ "ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်မှာ ပင်မ Merlion ရုပ်တုကို ငြမ်းတွေနဲ့ ဖုံးအုပ်ထားမှာဖြစ်တာကြောင့် ဓာတ်ပုံရိုက်ယူနိုင်မှာမဟုတ်ဘူး" လို့ ဆိုပါတယ်။ အဆိုပါ ကာလအတွင်းမှာလည်း ဆိုင်းဘုတ်ထောင် အသိပေးထားဦးမှာဖြစ်ပြီး STB ရဲ့ ခရီးသွားအေးဂျင့်တွေနဲ့ ဧည့်လမ်းညွှန်တွေကိုလည်း ကြိုတင်အသိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်းနဲ့ အမြင့် ၈.၆ မီတာ ရှိပြီး တန်ချိန် ၇၀ လေးတဲ့ Merlion ရုပ်တုကို ဝန်ကြီးချုပ် လီကွမ်းယု လက်ထပ်၊ ၁၉၇၂ ခုနှစ်က ထုလုပ်ခဲ့တာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ စင်ကာပူရဲ့ သမိုင်းဝင် အထင်ကရနေရာ ဖြစ်လာခဲ့ပါတယ်။
zawgyi version
စင္ကာပူႏိုင္ငံရဲ႕အထင္ကရ Merlion ႐ုပ္တု၊ ျပဳျပင္မႈေတြ ျပဳလုပ္မွာျဖစ္တာေၾကာင့္ ဓာတ္ပုံ႐ိုက္ခြင့္ပိတ္ပင္ထားမည္
ေရာင္နီ (NP News) - ဇူလိုင္ ၆
စင္ကာပူႏိုင္ငံ One Fullerton မွာတည္ရွိတဲ့ Merlion ႐ုပ္တုကို သန႔္ရွင္းေရးနဲ႔ ျပဳျပင္ထိန္းသိမ္းမႈလုပ္ငန္းေတြ လုပ္ေဆာင္မွာျဖစ္တာေၾကာင့္ ဇူလိုင္လ ၂၉ ရက္ေန႔မွ ၾသဂုတ္လ ၂ ရက္ေန႔အထိ အဲဒီေနရာတဝိုက္မွာ ဓာတ္ပုံ႐ိုက္ကူးခြင့္ရရွိႏိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။
စင္ကာပူ ခရီးသြားလုပ္ငန္း ဘုတ္အဖြဲ႕ (STB) က ဇူလိုင္ ၅ ရက္မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ "ျပဳျပင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနခ်ိန္မွာ ပင္မ Merlion ႐ုပ္တုကို ျငမ္းေတြနဲ႔ ဖုံးအုပ္ထားမွာျဖစ္တာေၾကာင့္ ဓာတ္ပုံ႐ိုက္ယူႏိုင္မွာမဟုတ္ဘူး" လို႔ ဆိုပါတယ္။ အဆိုပါ ကာလအတြင္းမွာလည္း ဆိုင္းဘုတ္ေထာင္ အသိေပးထားဦးမွာျဖစ္ၿပီး STB ရဲ႕ ခရီးသြားေအးဂ်င့္ေတြနဲ႔ ဧည့္လမ္းၫႊန္ေတြကိုလည္း ႀကိဳတင္အသိေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ျခေသၤ့တစ္ပိုင္း၊ ငါးတစ္ပိုင္းနဲ႔ အျမင့္ ၈.၆ မီတာ ရွိၿပီး တန္ခ်ိန္ ၇၀ ေလးတဲ့ Merlion ႐ုပ္တုကို ဝန္ႀကီးခ်ဳပ္ လီကြမ္းယု လက္ထပ္၊ ၁၉၇၂ ခုႏွစ္က ထုလုပ္ခဲ့တာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် စင္ကာပူရဲ႕ သမိုင္းဝင္ အထင္ကရေနရာ ျဖစ္လာခဲ့ပါတယ္။