နိုင်ဂျာနိုင်ငံရှိ စစ်အခြေစိုက်စခန်းမှာ ဖြန့်ကြက်ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်း

 769

ဂျန်ဇက် (NP News) - ဇူလိုင် ၆

အမေရိကန်စစ်တပ်ဟာ နိုင်ဂျာနိုင်ငံ Air Base 101 စစ်အခြေစိုက်စခန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ရုတ်သိမ်းမယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ နိုင်ဂျာစစ်အစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ အမေရိကန်စစ်သား ၁၀၀၀ ကျော်ကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ပြီးနောက် အမေရိကန်စစ်တပ်က နိုင်ဂျာနိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းက တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

နိုင်ဂျာနိုင်ငံမှာအာဏာသိမ်းမှုမဖြစ်ပွားခင်က အမေရိကန် နဲ့ နိုင်ဂျာနိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ နိုင်ဂျာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ရာ အမေရိကန် နဲ့ နိုင်ဂျာစစ်အစိုးရကြား ဆက်ဆံရေးအေးစက်လာခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်စစ်တပ်တာဝန်ရှိသူတစ်ဦးက "နိုင်ဂျာမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို စစ်လေယာဉ်နဲ့ ပြန်လည်ခေါ်ယူသွားမယ်။နိုင်ဂျာစစ်အစိုးရဟာအမေရိကန်စစ်သားတွေ အခြေစိုက်ခဲ့တဲ့ စစ်စခန်းတွေကိုထိန်းချုပ်သွားမှာဖြစ်တယ်။"လို့ပြောပါတယ်။

နိုင်ဂျာနိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားချိန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေဟာ အမေရိကန်တပ်ဖွဲ့တွေရှိခဲ့ဖူးတဲ့ စစ်အခြေစိုက်စခန်းတွေကို လာရောက်နေရာယူမှာဖြစ်ပြီး စစ်သင်တန်းတွေ ပေးသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်ကအာဏာသိမ်းမှုလုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးအခြေအနေတွေ ဆိုးရွားလာခဲ့ပြီး နိုင်ဂျာစစ်အစိုးရဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင်တည် ဆောက်လာခဲ့တယ်လို့ဆိုပါတယ်။

zawgyi version
ႏိုင္ဂ်ာႏိုင္ငံရွိ စစ္အေျခစိုက္စခန္းမွာ ျဖန႔္ၾကက္ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၆

အေမရိကန္စစ္တပ္ဟာ ႏိုင္ဂ်ာႏိုင္ငံ Air Base 101 စစ္အေျခစိုက္စခန္းရွိ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို လာမယ့္ရက္ပိုင္းအတြင္း အၿပီးသတ္႐ုတ္သိမ္းမယ္လို႔သတင္းထုတ္ျပန္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းမွာ ႏိုင္ဂ်ာစစ္အစိုးရက ၎တို႔ႏိုင္ငံအတြင္းရွိ အေမရိကန္စစ္သား ၁၀၀၀ ေက်ာ္ကို ျပန္႐ုတ္သိမ္းဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ အေမရိကန္စစ္တပ္က ႏိုင္ဂ်ာႏိုင္ငံအတြင္းရွိ အေမရိကန္စစ္အေျခစိုက္စခန္းက တပ္ဖြဲ႕ဝင္ေတြကို ျပန္႐ုတ္သိမ္းဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

ႏိုင္ဂ်ာႏိုင္ငံမွာအာဏာသိမ္းမႈမျဖစ္ပြားခင္က အေမရိကန္ နဲ႔ ႏိုင္ဂ်ာႏိုင္ငံၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္မွာ ႏိုင္ဂ်ာႏိုင္ငံအတြင္း စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ရာ အေမရိကန္ နဲ႔ ႏိုင္ဂ်ာစစ္အစိုးရၾကား ဆက္ဆံေရးေအးစက္လာခဲ့တယ္လို႔ဆိုပါတယ္။ အေမရိကန္စစ္တပ္တာဝန္ရွိသူတစ္ဦးက "ႏိုင္ဂ်ာမွာရွိေနတဲ့ အေမရိကန္တပ္ဖြဲ႕ေတြကို စစ္ေလယာဥ္နဲ႔ ျပန္လည္ေခၚယူသြားမယ္။ႏိုင္ဂ်ာစစ္အစိုးရဟာအေမရိကန္စစ္သားေတြ အေျခစိုက္ခဲ့တဲ့ စစ္စခန္းေတြကိုထိန္းခ်ဳပ္သြားမွာျဖစ္တယ္။"လို႔ေျပာပါတယ္။

ႏိုင္ဂ်ာႏိုင္ငံအတြင္းကေန အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ဆုတ္ခြာသြားခ်ိန္မွာ ႐ုရွားတပ္ဖြဲ႕ဝင္ေတြဟာ အေမရိကန္တပ္ဖြဲ႕ေတြရွိခဲ့ဖူးတဲ့ စစ္အေျခစိုက္စခန္းေတြကို လာေရာက္ေနရာယူမွာျဖစ္ၿပီး စစ္သင္တန္းေတြ ေပးသြားဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ႏိုင္ဂ်ာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း စစ္တပ္ကအာဏာသိမ္းမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးအေျခအေနေတြ ဆိုး႐ြားလာခဲ့ၿပီး ႏိုင္ဂ်ာစစ္အစိုးရဟာ ႐ုရွားႏိုင္ငံနဲ႔ ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္တည္ ေဆာက္လာခဲ့တယ္လို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.