ရှားပါးမျိုးစိတ်ဖြစ်လာသည့် ဝက်ဝံများကို သတ်ဖြတ်ခြင်း၊ တရားမဝင်ကုန်သွယ်ခြင်းမလုပ်သင့်သည့်အပြင် ကျက်စားရာနေရာများကိုလည်း ထိန်းသိမ်းရန်လို

 849

စော (NP News) - ဇူလိုင် ၆

ဝက်ဝံများကို သတ်ဖြတ်ခြင်း၊ တရားမဝင်ကုန်သွယ်ခြင်းမှကာကွယ်ရန် လိုအပ်သည့်အပြင် ဝက်ဝံများ နေထိုင်ကျက်စားရာနေရာများကိုလည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း တိရစ္ဆာန်အရေးကျွမ်းကျင်သူတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံနှင့် ပသျှူးဝက်ဝံဟူ၍ ဝက်ဝံအမျိုးအစား နှစ်မျိုးရှိရာ ပသျှူးဝက်ဝံသည် ဟိမဝန္တာဝက်ဝံထက် အရွယ်အစားသေးကာ ၎င်းတို့ကို အပူပိုင်းဒေသမှလွဲ၍ တောအုပ်များရှိသော နေရာ ဒေသများတွင် အနှံ့အပြားတွေ့ရနိုင်ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာ ဟိုးအရင်တုန်းက ဝက်ဝံတွေ အရမ်းပေါတယ်။ အခုချိန်ထိလည်းရှိတော့ ရှိနေပါ သေးတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ အခုဆိုရင် ဥပဒေစိုးမိုးမှုအားနည်းနေသေးတဲ့အတွက်ကြောင့်မို့ ဝက်ဝံတွေကို သတ်တာတွေ၊ ဖြတ်တာတွေ၊ တရားမဝင် ပုံစံမျိုးစုံနဲ့ ကုန်သွယ်နေတယ်။ အဓိကကတော့ ဝက်ဝံတွေကို ကာကွယ်ဖို့ အများကြီးလိုအပ်တယ်။ သူတို့ကျက်စားရာ တောတွေကိုလည်း ထိန်းသိမ်းပေး ဖို့ လိုအပ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်း မရှိဘဲနဲ့ သူတို့တောထဲကိုလည်း မဝင်သင့်ဘူးပေါ့"ဟု ၎င်းက ပြောသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သော ဇွန်လ ၁ဝ ရက်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မဲဇလီရွာအတွင်းသို့ ရောက်ရှိလာသော ဝက်ဝံတစ်ကောင်သည် ဒေသခံများကို တိုက်ခိုက်ခဲ့ရာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဒေသခံများက အဆိုပါ ဝက်ဝံကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဖော်ပြထားချက်များအရ သိရသည်။

"အဓိကက လူတွေက သူတို့နေတဲ့နေရာကို ချဲ့ချဲ့သွားတာလေ။ သိတဲ့အတိုင်းပဲ တောင်ယာစိုက် ခင်းတွေ စိုက်ဖို့အတွက် တောင်ယာတွေခုတ်တယ်။ အဲဒီမှာဝက်ဝံပေါက်တွေ တွေ့တယ်။ ရောင်းတယ်၊ သတ်တယ်၊ စားတယ်၊ တရားမဝင်ကုန်သွယ်တယ်။ အဓိကကတော့ သူတို့နေရာလေးကိုလည်း သူတို့ ဘာသာရှိနေသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က သူတို့နေရာကို တဖြည်းဖြည်း ယူလာပြီဆိုတော့ သူတို့ မဖြစ်မနေ အစာရေစာရှားပါးလာရင် ကိုယ်ရဲ့စိုက်ခင်း တွေကို ဖျက်ဆီးပါတယ်ပေါ့။ ဖျက်ဆီးကာမှ အဲဒီလို အကြောင်းပြတာကတော့ အဆင်မပြေဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က နှစ်ဖက်လုံးကိုမျှပြီး တွေးဖို့လိုတယ်။ ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာပေါ့။ သူတို့လည်း အေးအေးဆေး ဆေးနေလို့ရ အောင်၊ ကိုယ်လည်း အေးဆေးနေလို့ရအောင်လို့ သူတို့တောဘက်ကို မဝင်ဖို့လည်း လိုအပ် တယ်ပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။

တောရိုင်းဝက်ဝံရှိရာ တောအနီးအနားတွင် နေထိုင်ခြင်း၊ ဖြတ်သန်းသွားခြင်း ပြုမည်ဆိုပါက ၎င်းတို့ ကြောက်လန့်စေရန် အသံပေးခြောက်လှန့်ခြင်း များကိုမပြုလုပ်ရန် ၎င်းက ပြောသည်။ ထို့ပြင် ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ထွက်ပြေးခြင်း၊ အားနည်းသော ပုံစံပြုလုပ်ခြင်း၊ ကုပ်နေခြင်း၊ ထိုင်နေခြင်း နှင့် သေချင်ယောင်ဆောင်ခြင်းတို့ မပြုလုပ်သင့်‌ကြောင်း ၎င်းက ထပ်မံအကြုံပြုထားသည်။

zawgyi version
ရွားပါးမ်ိဳးစိတ္ျဖစ္လာသည့္ ဝက္ဝံမ်ားကို သတ္ျဖတ္ျခင္း၊ တရားမဝင္ကုန္သြယ္ျခင္းမလုပ္သင့္သည့္အျပင္ က်က္စားရာေနရာမ်ားကိုလည္း ထိန္းသိမ္းရန္လို
ေစာ (NP News) - ဇူလိုင္ ၆

ဝက္ဝံမ်ားကို သတ္ျဖတ္ျခင္း၊ တရားမဝင္ကုန္သြယ္ျခင္းမွကာကြယ္ရန္ လိုအပ္သည့္အျပင္ ဝက္ဝံမ်ား ေနထိုင္က်က္စားရာေနရာမ်ားကိုလည္း ထိန္းသိမ္းရန္လိုအပ္ေၾကာင္း တိရစာၦန္အေရးကြၽမ္းက်င္သူတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ဟိမဝႏၲာဝက္ဝံႏွင့္ ပသွ်ဴးဝက္ဝံဟူ၍ ဝက္ဝံအမ်ိဳးအစား ႏွစ္မ်ိဳးရွိရာ ပသွ်ဴးဝက္ဝံသည္ ဟိမဝႏၲာဝက္ဝံထက္ အ႐ြယ္အစားေသးကာ ၎တို႔ကို အပူပိုင္းေဒသမွလြဲ၍ ေတာအုပ္မ်ားရွိေသာ ေနရာ ေဒသမ်ားတြင္ အႏွံ႔အျပားေတြ႕ရႏိုင္ေၾကာင္း သိရသည္။ "ျမန္မာႏိုင္ငံမွာ ဟိုးအရင္တုန္းက ဝက္ဝံေတြ အရမ္းေပါတယ္။ အခုခ်ိန္ထိလည္းရွိေတာ့ ရွိေနပါ ေသးတယ္။ ဘယ္လိုျဖစ္လဲဆိုေတာ့ အခုဆိုရင္ ဥပေဒစိုးမိုးမႈအားနည္းေနေသးတဲ့အတြက္ေၾကာင့္မို႔ ဝက္ဝံေတြကို သတ္တာေတြ၊ ျဖတ္တာေတြ၊ တရားမဝင္ ပုံစံမ်ိဳးစုံနဲ႔ ကုန္သြယ္ေနတယ္။ အဓိကကေတာ့ ဝက္ဝံေတြကို ကာကြယ္ဖို႔ အမ်ားႀကီးလိုအပ္တယ္။ သူတို႔က်က္စားရာ ေတာေတြကိုလည္း ထိန္းသိမ္းေပး ဖို႔ လိုအပ္တယ္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အေၾကာင္း မရွိဘဲနဲ႔ သူတို႔ေတာထဲကိုလည္း မဝင္သင့္ဘူးေပါ့"ဟု ၎က ေျပာသည္။

အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့ေသာ ဇြန္လ ၁ဝ ရက္က ဧရာဝတီတိုင္းေဒသႀကီး ႀကံခင္းၿမိဳ႕နယ္ မဲဇလီ႐ြာအတြင္းသို႔ ေရာက္ရွိလာေသာ ဝက္ဝံတစ္ေကာင္သည္ ေဒသခံမ်ားကို တိုက္ခိုက္ခဲ့ရာ (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေသာေၾကာင့္ ေဒသခံမ်ားက အဆိုပါ ဝက္ဝံကို ဖမ္းဆီးသတ္ျဖတ္ခဲ့ေၾကာင္း လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပထားခ်က္မ်ားအရ သိရသည္။

"အဓိကက လူေတြက သူတို႔ေနတဲ့ေနရာကို ခ်ဲ႕ခ်ဲ႕သြားတာေလ။ သိတဲ့အတိုင္းပဲ ေတာင္ယာစိုက္ ခင္းေတြ စိုက္ဖို႔အတြက္ ေတာင္ယာေတြခုတ္တယ္။ အဲဒီမွာဝက္ဝံေပါက္ေတြ ေတြ႕တယ္။ ေရာင္းတယ္၊ သတ္တယ္၊ စားတယ္၊ တရားမဝင္ကုန္သြယ္တယ္။ အဓိကကေတာ့ သူတို႔ေနရာေလးကိုလည္း သူတို႔ ဘာသာရွိေနသင့္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္က သူတို႔ေနရာကို တျဖည္းျဖည္း ယူလာၿပီဆိုေတာ့ သူတို႔ မျဖစ္မေန အစာေရစာရွားပါးလာရင္ ကိုယ္ရဲ႕စိုက္ခင္း ေတြကို ဖ်က္ဆီးပါတယ္ေပါ့။ ဖ်က္ဆီးကာမွ အဲဒီလို အေၾကာင္းျပတာကေတာ့ အဆင္မေျပဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က ႏွစ္ဖက္လုံးကိုမွ်ၿပီး ေတြးဖို႔လိုတယ္။ ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္း စြဲသာေပါ့။ သူတို႔လည္း ေအးေအးေဆး ေဆးေနလို႔ရ ေအာင္၊ ကိုယ္လည္း ေအးေဆးေနလို႔ရေအာင္လို႔ သူတို႔ေတာဘက္ကို မဝင္ဖို႔လည္း လိုအပ္ တယ္ေပါ့"ဟု ၎ကဆက္လက္ေျပာသည္။

ေတာ႐ိုင္းဝက္ဝံရွိရာ ေတာအနီးအနားတြင္ ေနထိုင္ျခင္း၊ ျဖတ္သန္းသြားျခင္း ျပဳမည္ဆိုပါက ၎တို႔ ေၾကာက္လန႔္ေစရန္ အသံေပးေျခာက္လွန႔္ျခင္း မ်ားကိုမျပဳလုပ္ရန္ ၎က ေျပာသည္။ ထို႔ျပင္ ၎တို႔ႏွင့္ ထိပ္တိုက္ရင္ဆိုင္ရပါက ထြက္ေျပးျခင္း၊ အားနည္းေသာ ပုံစံျပဳလုပ္ျခင္း၊ ကုပ္ေနျခင္း၊ ထိုင္ေနျခင္း ႏွင့္ ေသခ်င္ေယာင္ေဆာင္ျခင္းတို႔ မျပဳလုပ္သင့္‌ေၾကာင္း ၎က ထပ္မံအႀကဳံျပဳထားသည္။

Related news

© 2021. All rights reserved.