သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း

 257

Pika (NP News) - စက်တင်ဘာ ၇

နယ်သာလန်နိုင်ငံမှ ရှေးဟောင်းပစ္စည်းစုဆောင်း သူတစ်ဦးပိုင်ဆိုင်သော ကော့ညက်ပုလင်းသည် သက်တမ်း(၃၂၈)နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင်သက် တမ်းအရင်ဆုံး ကော့ညက်ပုလင်းအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

Nijmegen မြို့တွင်နေထိုင်သော Lars Janssen ဆိုသည့်အမျိုးသား၏ စုဆောင်းမှုထဲတွင် ပါဝင်သော (1969) Jules Robin Cognac ပုလင်း ကို ကမ္ဘာပေါ်တွင်သက်တမ်းအရင့်ဆုံးကော့ညက်ပုလင်း အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့သက်တမ်းအရင်ဆုံး ကော့ညက်ပုလင်း အဖြစ် ယခင်သတ်မှတ်ခံထားရသည့်ပုလင်းမှာ (1762) Gautier Cognacပုလင်း ဖြစ်ကြောင်း လည်းသိရသည်။ (၂၀၂၀) ပြည့်နှစ်တွင် Sotheby's ကုမ္ပဏီက ကျန်ရှိနေသော (1762) Gautier Cognac ပုလင်းသုံးလုံးအနက် တစ်လုံးကို အမေရိ ကန်ဒေါ်လာ(၁၄၆၀ဝဝ)ဖြင့် လေလံတင်ရောင်းချနိုင် ခဲ့ပြီး လေလံပွဲအတွင်းရောင်းချခဲ့သည့် သက်တမ်း အရင့်ဆုံးကော့ညက်ပုလင်းဖြစ်ခဲ့ကြောင်းသိရသည်။

ကော့ညက်သည် ပြင်သစ်နိုင်ငံရှိ သတ်မှတ်ထား သောနေရာဒေသမှ စပျစ်သီးများကို အသုံးပြုကာ ပြုလုပ်ထားသော ဘရန်ဒီအမျိုးအစားဖြစ်ကြောင်း လည်းသိရသည်။

zawgyi version
သက္တမ္း (၃၂၈) ႏွစ္ရွိတဲ့ ကမာၻ႔သက္တမ္းအရင့္ဆုံး ေကာ့ညက္ပုလင္း
Pika (NP News) - စက္တင္ဘာ ၇

နယ္သာလန္ႏိုင္ငံမွ ေရွးေဟာင္းပစၥည္းစုေဆာင္း သူတစ္ဦးပိုင္ဆိုင္ေသာ ေကာ့ညက္ပုလင္းသည္ သက္တမ္း(၃၂၈)ႏွစ္ရွိၿပီျဖစ္ၿပီး ကမာၻေပၚတြင္သက္ တမ္းအရင္ဆုံး ေကာ့ညက္ပုလင္းအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က တရားဝင္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

Nijmegen ၿမိဳ႕တြင္ေနထိုင္ေသာ Lars Janssen ဆိုသည့္အမ်ိဳးသား၏ စုေဆာင္းမႈထဲတြင္ ပါဝင္ေသာ (1969) Jules Robin Cognac ပုလင္း ကို ကမာၻေပၚတြင္သက္တမ္းအရင့္ဆုံးေကာ့ညက္ပုလင္း အျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က သတ္မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ကမာၻ႔သက္တမ္းအရင္ဆုံး ေကာ့ညက္ပုလင္း အျဖစ္ ယခင္သတ္မွတ္ခံထားရသည့္ပုလင္းမွာ (1762) Gautier Cognacပုလင္း ျဖစ္ေၾကာင္း လည္းသိရသည္။ (၂၀၂၀) ျပည့္ႏွစ္တြင္ Sotheby's ကုမၸဏီက က်န္ရွိေနေသာ (1762) Gautier Cognac ပုလင္းသုံးလုံးအနက္ တစ္လုံးကို အေမရိ ကန္ေဒၚလာ(၁၄၆၀ဝဝ)ျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ ခဲ့ၿပီး ေလလံပြဲအတြင္းေရာင္းခ်ခဲ့သည့္ သက္တမ္း အရင့္ဆုံးေကာ့ညက္ပုလင္းျဖစ္ခဲ့ေၾကာင္းသိရသည္။

ေကာ့ညက္သည္ ျပင္သစ္ႏိုင္ငံရွိ သတ္မွတ္ထား ေသာေနရာေဒသမွ စပ်စ္သီးမ်ားကို အသုံးျပဳကာ ျပဳလုပ္ထားေသာ ဘရန္ဒီအမ်ိဳးအစားျဖစ္ေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.