တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး

 4423

Pika (NP News) - စက်တင်ဘာ ၇

အမေရိကန်နိုင်ငံ Connecticut ပြည်နယ် Bridgeport မြို့မှအမျိုးသမီးတစ်ဦးသည် ၎င်းခန္ဓာကိုယ်၏ (၉၉ ဒသမ ၉၈) ရာခိုင်နှုန်းကို တက်တူးများဖြင့်ဖုံးအုပ်ထားကာ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှု(၈၉)ကြိမ်ထိလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုရရှိခဲ့ကြောင်း သိရသည်။

Esperance Lumineska Fuerzina အမည်ရှိ အသက်(၃၆)နှစ်အရွယ်အမျိုးသမီးသည် ခန္ဓာကိုယ်ပေါ်တွင် တက်တူးအများဆုံးထိုးထားသူ(အမျိုးသမီး)ဂင်းနစ်စံချိန်နှင့် ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးလုပ်ဆောင် ထားသူ(အမျိုးသမီး)ဂင်းနစ်စံချိန်တို့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှု အများဆုံးလုပ်ဆောင်ထားသူ (အမျိုးသမီး)စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ (၂၀၁၂) ခုနှစ်တွင် ခန္ဓာ ကိုယ် ပြုပြင်ပြောင်းလဲမှု(၄၉)ကြိမ်အထိလုပ်ဆောင်ခဲ့သော မာရီယာဂျို့စ်ခရစ္စတာနာဖြစ်ကြောင်းသိရ သည်။

သို့သော်လည်း Esperance Lumineska Fuerzina သည် ခန္ဓာကိုယ်ပြုပြင် ပြောင်းလဲမှု(၈၉) ကြိမ်အထိလုပ်ဆောင်ခဲ့ပြီးနောက် မာရီယာဂျို့စ်ခရစ္စတာနာကိုကျော်တက်ကာ ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှု အများဆုံးလုပ်ဆောင်ထားသူ(အမျိုးသမီး)ဂင်းနစ် စံချိန်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Esperance Lumineska Fuerzinau ၎င်းသည် ပထမဆုံးတက်တူးကို လွန်ခဲ့သည့်(၁၅) နှစ်ခန့်က စတင်ထိုးခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုကို လွန်ခဲ့သည့်(၁၀)နှစ်ခန့်က စတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ပထမဆုံးခန္ဓာ ကိုယ်ပြုပြင်ပြောင်းလဲမှုမှာ လျှာကိုနှစ်ခွဖြစ် အောင် ခွဲခဲ့ခြင်းဖြစ်ကြောင်း Esperance Lumineska Fuerzina က ပြောကြားခဲ့သည်။

၎င်း၏ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုများထဲတွင် ခန္ဓာကိုယ်ပေါ်တွင် အ ပေါက်အများအပြားဖောက်ခြင်းအပြင် မျက်လုံးကိုပါ တက်တူးထိုးခြင်းများပါဝင်ကြောင်းလည်း သိရသည်။ သို့သော်လည်း တက်တူထိုးခြင်း၊ ခန္ဓာကိုယ် ပြုပြင် ပြောင်းလဲခြင်းတို့နှင့်ပတ်သက်သည့် ၎င်း၏ခရီးစဉ်မှာ မပြီးဆုံးသေးကြောင်း Esperance Lumineska Fuerzina က ပြောကြားခဲ့သည်။

zawgyi version
တက္တူးအမ်ားဆုံးနဲ႔ ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမႈအမ်ားဆုံးဂင္းနစ္စံခ်ိန္ႏွစ္ခုကိုရရွိခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး
Pika (NP News) - စက္တင္ဘာ ၇

အေမရိကန္ႏိုင္ငံ Connecticut ျပည္နယ္ Bridgeport ၿမိဳ႕မွအမ်ိဳးသမီးတစ္ဦးသည္ ၎ခႏၶာကိုယ္၏ (၉၉ ဒသမ ၉၈) ရာခိုင္ႏႈန္းကို တက္တူးမ်ားျဖင့္ဖုံးအုပ္ထားကာ ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမႈ(၈၉)ႀကိမ္ထိလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ႏွစ္ခုရရွိခဲ့ေၾကာင္း သိရသည္။

Esperance Lumineska Fuerzina အမည္ရွိ အသက္(၃၆)ႏွစ္အ႐ြယ္အမ်ိဳးသမီးသည္ ခႏၶာကိုယ္ေပၚတြင္ တက္တူးအမ်ားဆုံးထိုးထားသူ(အမ်ိဳးသမီး)ဂင္းနစ္စံခ်ိန္ႏွင့္ ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမႈအမ်ားဆုံးလုပ္ေဆာင္ ထားသူ(အမ်ိဳးသမီး)ဂင္းနစ္စံခ်ိန္တို႔ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမႈ အမ်ားဆုံးလုပ္ေဆာင္ထားသူ (အမ်ိဳးသမီး)စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ (၂၀၁၂) ခုႏွစ္တြင္ ခႏၶာ ကိုယ္ ျပဳျပင္ေျပာင္းလဲမႈ(၄၉)ႀကိမ္အထိလုပ္ေဆာင္ခဲ့ေသာ မာရီယာဂ်ိဳ႕စ္ခရစၥတာနာျဖစ္ေၾကာင္းသိရ သည္။

သို႔ေသာ္လည္း Esperance Lumineska Fuerzina သည္ ခႏၶာကိုယ္ျပဳျပင္ ေျပာင္းလဲမႈ(၈၉) ႀကိမ္အထိလုပ္ေဆာင္ခဲ့ၿပီးေနာက္ မာရီယာဂ်ိဳ႕စ္ခရစၥတာနာကိုေက်ာ္တက္ကာ ခႏၶာကိုယ္ ျပဳျပင္ေျပာင္းလဲမႈ အမ်ားဆုံးလုပ္ေဆာင္ထားသူ(အမ်ိဳးသမီး)ဂင္းနစ္ စံခ်ိန္ကို ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။ Esperance Lumineska Fuerzinau ၎သည္ ပထမဆုံးတက္တူးကို လြန္ခဲ့သည့္(၁၅) ႏွစ္ခန႔္က စတင္ထိုးခဲ့ျခင္းျဖစ္ၿပီး ပထမဆုံး ခႏၶာကိုယ္ျပဳျပင္ေျပာင္းလဲမႈကို လြန္ခဲ့သည့္(၁၀)ႏွစ္ခန႔္က စတင္ လုပ္ေဆာင္ ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ၎၏ ပထမဆုံးခႏၶာ ကိုယ္ျပဳျပင္ေျပာင္းလဲမႈမွာ လွ်ာကိုႏွစ္ခြျဖစ္ ေအာင္ ခြဲခဲ့ျခင္းျဖစ္ေၾကာင္း Esperance Lumineska Fuerzina က ေျပာၾကားခဲ့သည္။

၎၏ခႏၶာကိုယ္ ျပဳျပင္ေျပာင္းလဲမႈမ်ားထဲတြင္ ခႏၶာကိုယ္ေပၚတြင္ အ ေပါက္အမ်ားအျပားေဖာက္ျခင္းအျပင္ မ်က္လုံးကိုပါ တက္တူးထိုးျခင္းမ်ားပါဝင္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း တက္တူထိုးျခင္း၊ ခႏၶာကိုယ္ ျပဳျပင္ ေျပာင္းလဲျခင္းတို႔ႏွင့္ပတ္သက္သည့္ ၎၏ခရီးစဥ္မွာ မၿပီးဆုံးေသးေၾကာင္း Esperance Lumineska Fuerzina က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.