အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား

 112

Pika (NP News) - စက်တင်ဘာ ၇

အင်္ဂလန်နိုင်ငံရှိပြုစုစောင့်ရှောက်ရေးဂေဟာ တစ်ခုတွင်နေထိုင်သော ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားသည် ၎င်း၏အသက်(၁၁၂)နှစ်ပြည့် မွေးနေ့ကို ဩဂုတ်လ(၂၆)ရက်နေ့တွင် ကျင်းပခဲ့ ကြောင်း သိရသည်။ John Alfred Tinniswood ဆိုသည့်အမျိုးသားသည် နာမည်ကျော်တိုက်တန်းနစ် သင်္ဘော ကြီးနစ်မြုပ်ပြီးနောက် လေးလကျော်အကြာ ၁၉၁၂ ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

John Alfred Tinniswood ကို ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အဖြစ် ယခု နှစ်အစောပိုင်းတွင် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုခဲ့ပြီးနောက် ၎င်း၏ အသက် (၁၁၂)နှစ်ပြည့်မွေးနေ့ကို Southpor အမြို့ ရှိ ပြုစုစောင့်ရှောက်ရေးဂေဟာတွင် ကျင်းပခဲ့ ခြင်း ဖြစ် ကြောင်းသိရသည်။

၎င်းက “ ရိုးရိုးသားသားပြောရ မယ်ဆိုရင် ဒီဂင်းနစ်စံချိန်က ကျွန်တော့်ကို အရမ်းကြီး အံ့ဩမသွားစေခဲ့ပါဘူး။ အသက်(၁၁၂)နှစ်ပြည့်သွား တာနဲ့ပတ်သက်ပြီး ကျွန်တော်စိတ်လှုပ် ရှားတာမျိုး မရှိခဲ့ပါဘူး။ ဒါက ကျွန်တော်ရောက်သင့်တဲ့နေရာ တစ်ခုမလို့ ရောက်နေတာလို့ပဲ မှတ်ထား ပါတယ်” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏အသက်ရှည်ရခြင်း လျှို့ဝှက်ချက်ကိုလည်း လုံးဝမသိကြောင်း John Alfred Tinniswood ကပြောကြားခဲ့သည်။

၎င်း က “ကျွန်တော့်မှာ ထူးခြားတဲ့လျှို့ဝှက်ချက်တွေရှိ တယ်လို့တော့မထင်ပါဘူး။ ကျွန်တော်အသက်ငယ်တုန်းက လမ်းလျှောက်တာတွေ၊ လေ့ကျင့် ခန်းတွေ အများကြီးလုပ်ခဲ့တာမျိုးပဲရှိပါတယ်။ အခြားတစ်မူထူး ခြားတာမျိုးတော့ ကျွန်တော့်မှာမရှိပါဘူး”ဟုပြောဆိုခဲ့သည်။

zawgyi version
အသက္(၁၁၂)ႏွစ္ျပည့္ေမြးေန႔ကိုက်င္းပခဲ့တဲ့ ကမာၻ႔အသက္အႀကီးဆုံး အမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၇

အဂၤလန္ႏိုင္ငံရွိျပဳစုေစာင့္ေရွာက္ေရးေဂဟာ တစ္ခုတြင္ေနထိုင္ေသာ ကမာၻ႔အသက္အႀကီးဆုံး အမ်ိဳးသားသည္ ၎၏အသက္(၁၁၂)ႏွစ္ျပည့္ ေမြးေန႔ကို ဩဂုတ္လ(၂၆)ရက္ေန႔တြင္ က်င္းပခဲ့ ေၾကာင္း သိရသည္။ John Alfred Tinniswood ဆိုသည့္အမ်ိဳးသားသည္ နာမည္ေက်ာ္တိုက္တန္းနစ္ သေဘၤာ ႀကီးနစ္ျမဳပ္ၿပီးေနာက္ ေလးလေက်ာ္အၾကာ ၁၉၁၂ ခုႏွစ္ ဩဂုတ္လ(၂၆)ရက္ေန႔တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

John Alfred Tinniswood ကို ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသား အျဖစ္ ယခု ႏွစ္အေစာပိုင္းတြင္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အသိအမွတ္ျပဳခဲ့ၿပီးေနာက္ ၎၏ အသက္ (၁၁၂)ႏွစ္ျပည့္ေမြးေန႔ကို Southpor အၿမိဳ႕ ရွိ ျပဳစုေစာင့္ေရွာက္ေရးေဂဟာတြင္ က်င္းပခဲ့ ျခင္း ျဖစ္ ေၾကာင္းသိရသည္။

၎က “ ႐ိုး႐ိုးသားသားေျပာရ မယ္ဆိုရင္ ဒီဂင္းနစ္စံခ်ိန္က ကြၽန္ေတာ့္ကို အရမ္းႀကီး အံ့ဩမသြားေစခဲ့ပါဘူး။ အသက္(၁၁၂)ႏွစ္ျပည့္သြား တာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္စိတ္လႈပ္ ရွားတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါက ကြၽန္ေတာ္ေရာက္သင့္တဲ့ေနရာ တစ္ခုမလို႔ ေရာက္ေနတာလို႔ပဲ မွတ္ထား ပါတယ္” ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ၎၏အသက္ရွည္ရျခင္း လွ်ိဳ႕ဝွက္ခ်က္ကိုလည္း လုံးဝမသိေၾကာင္း John Alfred Tinniswood ကေျပာၾကားခဲ့သည္။

၎ က “ကြၽန္ေတာ့္မွာ ထူးျခားတဲ့လွ်ိဳ႕ဝွက္ခ်က္ေတြရွိ တယ္လို႔ေတာ့မထင္ပါဘူး။ ကြၽန္ေတာ္အသက္ငယ္တုန္းက လမ္းေလွ်ာက္တာေတြ၊ ေလ့က်င့္ ခန္းေတြ အမ်ားႀကီးလုပ္ခဲ့တာမ်ိဳးပဲရွိပါတယ္။ အျခားတစ္မူထူး ျခားတာမ်ိဳးေတာ့ ကြၽန္ေတာ့္မွာမရွိပါဘူး”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.