မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု

 241

စော (NP News) စက်တင်ဘာ ၇

မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေ လိပ်များ သည် (၇ဝ)ရာခိုင်နှုန်းခန့်ရှားပါးနေသဖြင့် ထိန်းသိမ်း ရန်လိုအပ်နေဟု ရှားပါးသတ္တဝါများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပညာပေးနေသူတစ်ဦးက NP News သို့ ပြောသည်။

လိပ်မျိုးစိတ်များအနက် ကုန်းလိပ်မျိုးစိတ် (၄)မျိုးသည် မျိုးတုံးရန်အန္တရာယ်ဖြင့် ခြိမ်းခြောက်ခံနေရပြီး ရေချိုလိပ်မျိုးစိတ် (၃၀)နီးပါးအနက် မျိုး စိတ်(၂၀)ခန့်သည် မျိုးတုံးရန် အန္တရာယ်ကျရောက် နေကြောင်း ၎င်းကဆိုသည်။

"ကုန်းနေ၊ ရေနေလိပ်ထဲမှာတော့ တော်‌ တော်များများ(၇၀)ရာခိုင်နှုန်းလောက်ကတော့ ရှားပါး နေပြီ။ မျိုးတုံးခါနီးဖြစ်နေတာရယ်၊ မျိုးတုံးဖို့ စိုးရိမ်ရ တဲ့အခြေအနေရှိတာရယ် အဲဒီလိုမျိုးအခြေအနေတော့ရောက်နေတယ်"ဟု ၎င်းကပြောသည်။

လိပ်များနှင့်ပတ်သက်သည့် ထိန်းသိမ်းရေး ဆောင်ရွက်မှုများရှိသော်လည်း လိပ်ကိုထိန်းသိမ်းရေး လုပ်ငန်းများထက် ရောင်းချနေခြင်းများက များနေကာ လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လိပ်အရေအတွက်သည် ယခင်ကထက် သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။

" မြန်မာနိုင်ငံမှာတော့ တရုတ်ပြည်ဘက် ကိုရောင်းစားတာပေါ့။ အသားအတွက်ရော၊ မွေးဖို့ အတွက်‌ရောပေါ့။ တချို့ကျတော့လည်း လိပ်တွေကို မွေးတာမျိုး(အိမ်တွင်းတိရစ္ဆာန်အဖြစ် အလှမွေးမြူ) ရှိတယ်။ မွေးတာတော့အရမ်းနည်းတယ်။ အများစုက တော့ သတ်တယ်၊ စားတယ်။ စားဖို့ရောင်းတဲ့ဥစ္စာက(၈၀)ရာခိုင်နှုန်းလောက်ရှိတယ်။ ပြီးတော့ အကုန်လုံး ကလည်း တရုတ်ပြည်ဘက်ကိုပို့တယ်။ အခုကလည်း တရုတ်ပြည်ကိုလည်း ပို့တယ်။ နယ်ဘက်တွေမှာတော့ သူတို့စားဖို့အတွက်ကို ဈေးမှာချရောင်းတာတွေလည်း ရှိတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် တိုက်လိပ်သည် အပြည်ပြည် ဆိုင်ရာ သဘာဝအရင်းအ မြစ်များထိန်းသိမ်းရေးအဖွဲ့(IUCN) တွင် မျိုးတုံးရန်အန္တရာယ်ရှိမျိုးစိတ်အ ဖြစ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း လုံးဝ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်း၌ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားကြောင်း သိရသည်။

"ဟိုးအရင်တုန်းကဆိုရင် မြန်မာတိုက် လိပ်လို့ခေါ်တဲ့ လိပ်ဆိုရင် အရမ်းကျဆင်းသွားတယ်။ မြန်မာတိုက်လိပ်က တစ်ကမ္ဘာလုံး မှာဆိုရင် မြန်မာနိုင်ငံမှာပဲရှိတာလေ။ အဲဒါကိုမှ (၂၀ဝဝ) ပြည့်နှစ် ဝန်းကျင်လောက်ကဆိုရင် မြန်မာ တိုက်လိပ်က လုံးဝပျောက်ကွယ် သွားပြီ။ မျိုးတုံးသွားပြီဆိုပြီး သတ် မှတ်လိုက်ရင်းနဲ့မှ နိုင်ငံခြားက လိပ်ထိန်းသိမ်းရေးအဖွဲ့တွေရယ်၊ မြန်မာနိုင်ငံက လိပ်ထိန်းသိမ်းရေး ဆရာ၊ ဆရာမတွေရယ် ပေါင်းပြီး‌ တော့ ပြန်ပြီးတော့ လိုက်ရှာတယ်။ တိုက်လိပ်ပျောက်ပြီဆိုတာ လက် မခံကြဘူးပေါ့နော်။ လိုက်ရှာရင်းနဲ့ မှ တစ်နိုင်ငံလုံးမှာမှ (၆)ကောင်၊ (၇)ကောင်လောက်ပြန်တွေ့တယ်။ အဲဒီဟာနဲ့မှတစ်ဆင့် ပြန်ပြီးတော့ မျိုးပွားခဲ့ကြတယ် ပေါ့နော်။ အဲဒီ (၆) ကောင်၊ (၇) ကောင်ဆိုတာ တကယ်တော့ အဲဒီအချိန်မှာကျန်နေသေးတဲ့ ကျား အရေအတွက်ထက်စာရင် အရမ်းကိုနည်းတယ်။ ဒါပေမဲ့ ဘယ်သူမှ တိုက်လိပ်က ဒီလိုအဆင့်ထိရောက် သွားတယ်ဆိုတာ မသိကြဘူး။ လိပ်တွေကကျတော့ တကယ်တော့သူတို့က ကျားတွေ၊ ကျားသစ်တွေ ထက်ရှားနေတယ်။ ဒါပေမဲ့ ထိန်းသိမ်းဖို့အတွက်လည်း မရှိဘူး။ ထိန်းသိမ်းဖို့အစီအစဉ်လည်းနည်းတယ်။ ဘယ်သူမှလည်း စိတ်မဝင်စားကြဘူး။ တကယ်ထိန်း သိမ်းဖို့လိုနေတာက လိပ်တွေက ပိုပြီးတော့လိုနေ တယ်"ဟု ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်လိပ်များကို လောက နန္ဒာဘေးမဲ့တောဥယျာဉ်အပါအဝင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်တို့တွင်လည်း မွေးမြူထိန်းသိမ်းထားကြကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ ကုန္းေန၊ ေရေနလိပ္မ်ားသည္ (၇၀)ရာခိုင္ႏႈန္းခန႔္ ရွားပါးေနသျဖင့္ ထိန္းသိမ္းရန္ လိုအပ္ေနေၾကာင္း အႀကံျပဳ
ေစာ (NP News) စက္တင္ဘာ ၇

ျမန္မာႏိုင္ငံရွိ ကုန္းေန၊ ေရေန လိပ္မ်ား သည္ (၇ဝ)ရာခိုင္ႏႈန္းခန႔္ရွားပါးေနသျဖင့္ ထိန္းသိမ္း ရန္လိုအပ္ေနဟု ရွားပါးသတၱဝါမ်ား ထိန္းသိမ္းေရးႏွင့္ ပတ္သက္၍ ပညာေပးေနသူတစ္ဦးက NP News သို႔ ေျပာသည္။

လိပ္မ်ိဳးစိတ္မ်ားအနက္ ကုန္းလိပ္မ်ိဳးစိတ္ (၄)မ်ိဳးသည္ မ်ိဳးတုံးရန္အႏၲရာယ္ျဖင့္ ၿခိမ္းေျခာက္ခံေနရၿပီး ေရခ်ိဳလိပ္မ်ိဳးစိတ္ (၃၀)နီးပါးအနက္ မ်ိဳး စိတ္(၂၀)ခန႔္သည္ မ်ိဳးတုံးရန္ အႏၲရာယ္က်ေရာက္ ေနေၾကာင္း ၎ကဆိုသည္။

"ကုန္းေန၊ ေရေနလိပ္ထဲမွာေတာ့ ေတာ္‌ ေတာ္မ်ားမ်ား(၇၀)ရာခိုင္ႏႈန္းေလာက္ကေတာ့ ရွားပါး ေနၿပီ။ မ်ိဳးတုံးခါနီးျဖစ္ေနတာရယ္၊ မ်ိဳးတုံးဖို႔ စိုးရိမ္ရ တဲ့အေျခအေနရွိတာရယ္ အဲဒီလိုမ်ိဳးအေျခအေနေတာ့ေရာက္ေနတယ္"ဟု ၎ကေျပာသည္။

လိပ္မ်ားႏွင့္ပတ္သက္သည့္ ထိန္းသိမ္းေရး ေဆာင္႐ြက္မႈမ်ားရွိေသာ္လည္း လိပ္ကိုထိန္းသိမ္းေရး လုပ္ငန္းမ်ားထက္ ေရာင္းခ်ေနျခင္းမ်ားက မ်ားေနကာ လက္ရွိတြင္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ရွိ လိပ္အေရအတြက္သည္ ယခင္ကထက္ သိသိသာသာ က်ဆင္းလာေၾကာင္း သိရသည္။

" ျမန္မာႏိုင္ငံမွာေတာ့ တ႐ုတ္ျပည္ဘက္ ကိုေရာင္းစားတာေပါ့။ အသားအတြက္ေရာ၊ ေမြးဖို႔ အတြက္‌ေရာေပါ့။ တခ်ိဳ႕က်ေတာ့လည္း လိပ္ေတြကို ေမြးတာမ်ိဳး(အိမ္တြင္းတိရစာၦန္အျဖစ္ အလွေမြးျမဴ) ရွိတယ္။ ေမြးတာေတာ့အရမ္းနည္းတယ္။ အမ်ားစုက ေတာ့ သတ္တယ္၊ စားတယ္။ စားဖို႔ေရာင္းတဲ့ဥစၥာက(၈၀)ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ၿပီးေတာ့ အကုန္လုံး ကလည္း တ႐ုတ္ျပည္ဘက္ကိုပို႔တယ္။ အခုကလည္း တ႐ုတ္ျပည္ကိုလည္း ပို႔တယ္။ နယ္ဘက္ေတြမွာေတာ့ သူတို႔စားဖို႔အတြက္ကို ေဈးမွာခ်ေရာင္းတာေတြလည္း ရွိတယ္"ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ တိုက္လိပ္သည္ အျပည္ျပည္ ဆိုင္ရာ သဘာဝအရင္းအ ျမစ္မ်ားထိန္းသိမ္းေရးအဖြဲ႕(IUCN) တြင္ မ်ိဳးတုံးရန္အႏၲရာယ္ရွိမ်ိဳးစိတ္အ ျဖစ္သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံတြင္လည္း လုံးဝ ကာကြယ္ထားသည့္ ေတာ႐ိုင္းတိရစာၦန္မ်ားစာရင္း၌ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ထားေၾကာင္း သိရသည္။

"ဟိုးအရင္တုန္းကဆိုရင္ ျမန္မာတိုက္ လိပ္လို႔ေခၚတဲ့ လိပ္ဆိုရင္ အရမ္းက်ဆင္းသြားတယ္။ ျမန္မာတိုက္လိပ္က တစ္ကမာၻလုံး မွာဆိုရင္ ျမန္မာႏိုင္ငံမွာပဲရွိတာေလ။ အဲဒါကိုမွ (၂၀ဝဝ) ျပည့္ႏွစ္ ဝန္းက်င္ေလာက္ကဆိုရင္ ျမန္မာ တိုက္လိပ္က လုံးဝေပ်ာက္ကြယ္ သြားၿပီ။ မ်ိဳးတုံးသြားၿပီဆိုၿပီး သတ္ မွတ္လိုက္ရင္းနဲ႔မွ ႏိုင္ငံျခားက လိပ္ထိန္းသိမ္းေရးအဖြဲ႕ေတြရယ္၊ ျမန္မာႏိုင္ငံက လိပ္ထိန္းသိမ္းေရး ဆရာ၊ ဆရာမေတြရယ္ ေပါင္းၿပီး‌ ေတာ့ ျပန္ၿပီးေတာ့ လိုက္ရွာတယ္။ တိုက္လိပ္ေပ်ာက္ၿပီဆိုတာ လက္ မခံၾကဘူးေပါ့ေနာ္။ လိုက္ရွာရင္းနဲ႔ မွ တစ္ႏိုင္ငံလုံးမွာမွ (၆)ေကာင္၊ (၇)ေကာင္ေလာက္ျပန္ေတြ႕တယ္။ အဲဒီဟာနဲ႔မွတစ္ဆင့္ ျပန္ၿပီးေတာ့ မ်ိဳးပြားခဲ့ၾကတယ္ ေပါ့ေနာ္။ အဲဒီ (၆) ေကာင္၊ (၇) ေကာင္ဆိုတာ တကယ္ေတာ့ အဲဒီအခ်ိန္မွာက်န္ေနေသးတဲ့ က်ား အေရအတြက္ထက္စာရင္ အရမ္းကိုနည္းတယ္။ ဒါေပမဲ့ ဘယ္သူမွ တိုက္လိပ္က ဒီလိုအဆင့္ထိေရာက္ သြားတယ္ဆိုတာ မသိၾကဘူး။ လိပ္ေတြကက်ေတာ့ တကယ္ေတာ့သူတို႔က က်ားေတြ၊ က်ားသစ္ေတြ ထက္ရွားေနတယ္။ ဒါေပမဲ့ ထိန္းသိမ္းဖို႔အတြက္လည္း မရွိဘူး။ ထိန္းသိမ္းဖို႔အစီအစဥ္လည္းနည္းတယ္။ ဘယ္သူမွလည္း စိတ္မဝင္စားၾကဘူး။ တကယ္ထိန္း သိမ္းဖို႔လိုေနတာက လိပ္ေတြက ပိုၿပီးေတာ့လိုေန တယ္"ဟု ၎ကဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ တိုက္လိပ္မ်ားကို ေလာက နႏၵာေဘးမဲ့ေတာဥယ်ာဥ္အပါအဝင္ ရတနာပုံ တိရစာၦန္ဥယ်ာဥ္၊ ရန္ကုန္တိရစာၦန္ဥယ်ာဥ္၊ ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာဥယ်ာဥ္တို႔တြင္လည္း ေမြးျမဴထိန္းသိမ္းထားၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.