နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ

 3027

Pika (NP News) - စက်တင်ဘာ ၆

(၅၇၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဂျပန် နိုင်ငံ၏ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီသည် လက်ရှိအချိန်အထိ ဆက်လက်လည်ပတ်နေသည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် ကုမ္ပဏီပေါင်းထောင် ပေါင်းများစွာကို နေ့စဉ်တည်ထောင်နေကြသော်လည်း ၎င်းတို့အနက် အများစုမှာ နှစ်အနည်းငယ် သို့မဟုတ် လအနည်းငယ်သာ လည်ပတ်ခဲ့ပြီး ဖျက်သိမ်းခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့တန်ဖိုး အကြီးဆုံးကုမ္ပဏီများသည် ဆယ်စုနှစ်အနည်းငယ်မျှသာတည်ရှိကြပြီး နည်းပညာများတိုးတက်ပြောင်းလဲ လာမှုနှင့်အတူ နောက်ပိုင်းတွင်ဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များလည်းရှိခဲ့ဖူးသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် နှစ်ပေါင်း(၂၀ဝ)ကျော်အထိလည် ပတ်နေသောကုမ္ပဏီများမှာ ထောင်ဂဏန်းသာရှိပြီး ကမ္ဘာ့ရှေးအကျဆုံးKongo Gumi ဆောက်လုပ်ရေး ကုမ္ပဏီနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ၎င်းတို့မှာ အသေးအမွှားမျှသာဖြစ်သည်။

(၆)ရာစုတွင် ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခုကိုတည်ဆောက်ရန်အတွက် စတင် တည်ထောင်ခဲ့သော Kongo Gumi ဆောက် လုပ်ရေးကုမ္ပဏီသည် လက်ရှိအချိန်အထိ နှစ်ပေါင်း (၁၄၄၆)နှစ်ကြာအောင် လည်ပတ်နေခဲ့ကြောင်းလည်း သိရသည်။ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီသည် လည်ပတ်နေခဲ့သည့်ကာလတစ်လျှောက် စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဗုဒ္ဓဘာသာဘုရားကျောင်းများတည် ဆောက်ရန်အတွက် တောင်းဆိုမှုများကျဆင်းလာသည့်အချိန်တွင် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရ ကြောင်းလည်းသိရသည်။ သို့သော်လည်း (၂၀ဝ၆) ခုနှစ်တွင် အိုဆာကာမြို့မှ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုကKongo Gumi ဆောက်လုပ်ရေးကုမ္ပဏီ ကိုဝယ်ယူခဲ့ပြီးနောက် ကောင်းမွန်စွာ ပြန်လည်လည် ပတ်လာနိုင်ခဲ့ကြောင်းသိရသည်။

ယနေ့အချိန်တွင် Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီသည် Takamats ကဆောက်လုပ်ရေးအဖွဲ့၏ လုပ်ငန်းခွဲတစ်ခုအဖြစ်လည်ပတ်နေသော်လည်း ၎င်း၏အထင်ကြီးစရာကောင်း သော သမိုင်းကြောင်းသည် ၎င်း၏မိခင်ကုမ္ပဏီနှင့် အခြားကုမ္ပဏီ ငယ်များအတွက် အတုယူစရာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း Kongo မိသားစု၏ သားစဉ်မြေးဆက်များသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမျိုးမရှိသည့်အပြင် လက်ရှိအချိန်တွင် ၎င်းတို့မိသားစုမှ သားစဉ် မြေးဆက်တစ်ဦးတည်းကိုသာ အလုပ်ခန့်အပ်ထား ကြောင်းသိရသည်။ ထို့ပြင် ကွန်ဂိုမျိုးနွယ်စုသည် ဂျပန်နိုင်ငံ၏လက်သမားများကြားတွင် လက်ရှိအချိန်အထိ လေးစားခံရဆဲဖြစ်ကြောင်းသိရသည်။

zawgyi version
ႏွစ္ေပါင္း (၁၅၀ဝ)နီးပါးၾကာ လည္ပတ္ေနဆဲ ကမာၻ႔သက္တမ္းအရင့္ဆုံး ဂ်ပန္ေဆာက္လုပ္ေရးကုမၸဏီ
Pika (NP News) - စက္တင္ဘာ ၆

(၅၇၈) ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေသာ ဂ်ပန္ ႏိုင္ငံ၏ Kongo Gumi ေဆာက္လုပ္ေရးကုမၸဏီသည္ လက္ရွိအခ်ိန္အထိ ဆက္လက္လည္ပတ္ေနသည့္ ကမာၻ႔သက္တမ္းအရင့္ဆုံးကုမၸဏီအျဖစ္ အသိအမွတ္ျပဳခံခဲ့ရသည္။

လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝန္းတြင္ ကုမၸဏီေပါင္းေထာင္ ေပါင္းမ်ားစြာကို ေန႔စဥ္တည္ေထာင္ေနၾကေသာ္လည္း ၎တို႔အနက္ အမ်ားစုမွာ ႏွစ္အနည္းငယ္ သို႔မဟုတ္ လအနည္းငယ္သာ လည္ပတ္ခဲ့ၿပီး ဖ်က္သိမ္းခဲ့ရသည္။ ထို႔ျပင္ ကမာၻ႔တန္ဖိုး အႀကီးဆုံးကုမၸဏီမ်ားသည္ ဆယ္စုႏွစ္အနည္းငယ္မွ်သာတည္ရွိၾကၿပီး နည္းပညာမ်ားတိုးတက္ေျပာင္းလဲ လာမႈႏွင့္အတူ ေနာက္ပိုင္းတြင္ဖ်က္သိမ္းခဲ့ရသည့္ ျဖစ္ရပ္မ်ားလည္းရွိခဲ့ဖူးသည္။ လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝန္းတြင္ ႏွစ္ေပါင္း(၂၀ဝ)ေက်ာ္အထိလည္ ပတ္ေနေသာကုမၸဏီမ်ားမွာ ေထာင္ဂဏန္းသာရွိၿပီး ကမာၻ႔ေရွးအက်ဆုံးKongo Gumi ေဆာက္လုပ္ေရး ကုမၸဏီႏွင့္ႏႈိင္းယွဥ္မည္ဆိုလွ်င္ ၎တို႔မွာ အေသးအမႊားမွ်သာျဖစ္သည္။

(၆)ရာစုတြင္ ဗုဒၶဘာသာဘုရား ေက်ာင္းတစ္ခုကိုတည္ေဆာက္ရန္အတြက္ စတင္ တည္ေထာင္ခဲ့ေသာ Kongo Gumi ေဆာက္ လုပ္ေရးကုမၸဏီသည္ လက္ရွိအခ်ိန္အထိ ႏွစ္ေပါင္း (၁၄၄၆)ႏွစ္ၾကာေအာင္ လည္ပတ္ေနခဲ့ေၾကာင္းလည္း သိရသည္။ Kongo Gumi ေဆာက္လုပ္ေရးကုမၸဏီသည္ လည္ပတ္ေနခဲ့သည့္ကာလတစ္ေလွ်ာက္ စိန္ေခၚမႈေပါင္းမ်ားစြာကိုရင္ဆိုင္ခဲ့ရၿပီး ဒုတိယကမာၻ စစ္အတြင္း ဗုဒၶဘာသာဘုရားေက်ာင္းမ်ားတည္ ေဆာက္ရန္အတြက္ ေတာင္းဆိုမႈမ်ားက်ဆင္းလာသည့္အခ်ိန္တြင္ အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရ ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း (၂၀ဝ၆) ခုႏွစ္တြင္ အိုဆာကာၿမိဳ႕မွ ေဆာက္လုပ္ေရးကုမၸဏီ တစ္ခုကKongo Gumi ေဆာက္လုပ္ေရးကုမၸဏီ ကိုဝယ္ယူခဲ့ၿပီးေနာက္ ေကာင္းမြန္စြာ ျပန္လည္လည္ ပတ္လာႏိုင္ခဲ့ေၾကာင္းသိရသည္။

ယေန႔အခ်ိန္တြင္ Kongo Gumi ေဆာက္လုပ္ေရးကုမၸဏီသည္ Takamats ကေဆာက္လုပ္ေရးအဖြဲ႕၏ လုပ္ငန္းခြဲတစ္ခုအျဖစ္လည္ပတ္ေနေသာ္လည္း ၎၏အထင္ႀကီးစရာေကာင္း ေသာ သမိုင္းေၾကာင္းသည္ ၎၏မိခင္ကုမၸဏီႏွင့္ အျခားကုမၸဏီ ငယ္မ်ားအတြက္ အတုယူစရာတစ္ခုအျဖစ္ ရွိေနဆဲ ျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း Kongo မိသားစု၏ သားစဥ္ေျမးဆက္မ်ားသည္ ကုမၸဏီ၏ စီမံခန႔္ခြဲမႈတြင္ ပါဝင္ပတ္သက္ခဲ့ျခင္းမ်ိဳးမရွိသည့္အျပင္ လက္ရွိအခ်ိန္တြင္ ၎တို႔မိသားစုမွ သားစဥ္ ေျမးဆက္တစ္ဦးတည္းကိုသာ အလုပ္ခန႔္အပ္ထား ေၾကာင္းသိရသည္။ ထို႔ျပင္ ကြန္ဂိုမ်ိဳးႏြယ္စုသည္ ဂ်ပန္ႏိုင္ငံ၏လက္သမားမ်ားၾကားတြင္ လက္ရွိအခ်ိန္အထိ ေလးစားခံရဆဲျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.