ယူကရိန်းပဋိပက္ခကြောင့် တင်းမာမှုများ မြင့်တက်နေသည့်ကြားက သမ္မတပူတင်နှင့် ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ

 773

ALynn (NP News) - ဇူလိုင် ၉

အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ မော်စကိုသို့ ရောက်ရှိပြီးနောက် တစ်ရက်အကြာတွင် သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ ယခုခရီးစဉ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်း၌ ရုရှား၏ အထူးစစ်ဆင်ရေးစတင်ပြီးနောက် မိုဒီ၏ ပထမဆုံး အကြိမ်အဖြစ် မော်စကိုသို့လာရောက်လည်ပတ်ခြင်းဖြစ်ပြီး နယူးဒေလီနှင့် မော်စကို၏ ကာလ ရှည်ကြာဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် ကြိုးပမ်းမည်ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီသည် ပြီးခဲ့သည့်လက အာဏာပြန်ရလာပြီးနောက် အနောက်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွင် ပိုမိုနီးကပ်စွာလုပ်ဆောင်လာခဲ့သည်။

ရုရှားသည် အိန္ဒိယသို့ ရေနံနှင့် လက်နက်များ အဓိက ထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်သော်လည်း တရုတ်နှင့် တိုးလာနေသော ဆက်ဆံရေးသည် ၎င်းတို့ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို ထိခိုက်စေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း အနောက်အင်အားကြီးနိုင်ငံများသည် တရုတ်၏ အာရှ-ပစိဖိတ်ဒေသ တစ်ဝှမ်းတွင် သြဇာလွှမ်းမိုးမှုကို တားဆီးရန် အိန္ဒိယနှင့် ပိုမိုခိုင်မာသောဆက်ဆံရေးကို မွေးမြူခဲ့ပြီး နယူးဒေလီအား ရုရှားနှင့် ဝေးကွာစေရန် ဖိအားပေးခဲ့သည်။ အမေရိကန်က “ယူကရိန်းပဋိပက္ခအတွက် မည်သည့်ဖြေရှင်းချက်မဆို ယူကရိန်းပိုင်နက်နယ်မြေတရားဝင်မှုနှင့် ကုလသမဂ္ဂပဋိညာဉ် စာတမ်းတို့အပေါ် လေးစားလိုက်နာရမည်” ဟု ရုရှားနှင့် ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားရန် မိုဒီအား တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်) က တိုက်တွန်းခဲ့သည်။

မိုဒီသည် ၂၀၁၉ ခုနှစ်တွင် ရုရှား နိုင်ငံသို့ နောက်ဆုံးသွားရောက်လည်ပတ်ခဲ့ပြီး နှစ်နှစ်အကြာ၊ ယူကရိန်းကို ရုရှားက ထိုးစစ် မစတင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် နယူးဒေလီ၌ ပူတင်ကို လက်ခံတွေ့ဆုံခဲ့သည်။ အိန္ဒိယသည် ရုရှားနိုင်ငံအပေါ် ပြတ်ပြတ်သားသား ရှုတ်ချခြင်းမပြုခဲ့ဘဲ ရုရှားကို ပစ်မှတ်ထားသည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ကြားနေအဖြစ်သာရပ်တည်ခဲ့သည်။ သို့သော် ယူကရိန်းနှင့် ရုရှားတို့၏ တိုက်ပွဲသည် အိန္ဒိယအတွက် ဆုံးရှုံးမှုအချို့ကို ဖြစ်ပေါ်စေသည်။ ရုရှားစစ်တပ်နှင့် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သဘောတူထားသည့် အိန္ဒိယ နိုင်ငံသားအချို့အား ယူကရိန်းတွင် အတင်းအကြပ်တိုက်ပွဲဝင်ရန် စေခိုင်းခြင်းကြောင့် အချို့မှာ သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယက ၎င်း၏နိုင်ငံသားများကို ပြန်လည်ပို့ဆောင်ပေးရန် နယူးဒေလီက ဖေဖော်ဝါရီလတွင် တွန်းအားပေးခဲ့သည်။

မော်စကို၏ တရုတ်နှင့် ဆက်ဆံရေးမှာလည်း စိုးရိမ်စရာ အကြောင်းရင်းတစ်ခုဖြစ်နေသည်။ တရုတ်နှင့် အိန္ဒိယတို့သည် တောင်အာရှတစ်ဝှမ်းတွင် မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုအတွက် ပြင်းထန်သော ပြိုင်ဘက်များအဖြစ် ရှိနေသေးသည်။ အိန္ဒိယသည် အာရှတွင် တရုတ်၏ လွှမ်းမိုးမှုကို ဆန့်ကျင်သည့် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ပါဝင်သော Quad အုပ်စု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ နယူးဒေလီနှင့် ရုရှားတို့သည် စစ်အေးခေတ်ကတည်းက နီးကပ်သော ဆက်ဆံရေးရှိခဲ့ပြီး ရုရှားသည် အိန္ဒိယအတွက် အဓိကလက်နက်ပံ့ပိုးသူဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံသို့ ခရီးစဉ်အပြီး တွင် မိုဒီသည် သြစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာသို့ သွားရောက်မည်ဖြစ်သည်။

zawgyi version
ယူကရိန္းပဋိပကၡေၾကာင့္ တင္းမာမႈမ်ား ျမင့္တက္ေနသည့္ၾကားက သမၼတပူတင္ႏွင့္ ဝန္ႀကီးခ်ဳပ္ မိုဒီတို႔ ေတြ႕ဆုံ
ALynn (NP News) - ဇူလိုင္ ၉

အိႏၵိယဝန္ႀကီးခ်ဳပ္နာရင္ဒရာမိုဒီ ေမာ္စကိုသို႔ ေရာက္ရွိၿပီးေနာက္ တစ္ရက္အၾကာတြင္ သမၼတ ဗလာဒီမာပူတင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ထားသည္။ ယခုခရီးစဥ္သည္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ယူကရိန္း၌ ႐ုရွား၏ အထူးစစ္ဆင္ေရးစတင္ၿပီးေနာက္ မိုဒီ၏ ပထမဆုံး အႀကိမ္အျဖစ္ ေမာ္စကိုသို႔လာေရာက္လည္ပတ္ျခင္းျဖစ္ၿပီး နယူးေဒလီႏွင့္ ေမာ္စကို၏ ကာလ ရွည္ၾကာဆက္ဆံေရးကို ျပဳစုပ်ိဳးေထာင္ရန္ ႀကိဳးပမ္းမည္ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီသည္ ၿပီးခဲ့သည့္လက အာဏာျပန္ရလာၿပီးေနာက္ အေနာက္ႏိုင္ငံမ်ားႏွင့္ လုံၿခဳံေရးဆိုင္ရာ ဆက္ဆံေရးတြင္ ပိုမိုနီးကပ္စြာလုပ္ေဆာင္လာခဲ့သည္။

႐ုရွားသည္ အိႏၵိယသို႔ ေရနံႏွင့္ လက္နက္မ်ား အဓိက ေထာက္ပံ့ေပးေနသည့္ႏိုင္ငံျဖစ္ေသာ္လည္း တ႐ုတ္ႏွင့္ တိုးလာေနေသာ ဆက္ဆံေရးသည္ ၎တို႔ ႏွစ္ႏိုင္ငံၾကား မိတ္ဖက္ဆက္ဆံေရးကို ထိခိုက္ေစသည္။ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အေနာက္အင္အားႀကီးႏိုင္ငံမ်ားသည္ တ႐ုတ္၏ အာရွ-ပစိဖိတ္ေဒသ တစ္ဝွမ္းတြင္ ၾသဇာလႊမ္းမိုးမႈကို တားဆီးရန္ အိႏၵိယႏွင့္ ပိုမိုခိုင္မာေသာဆက္ဆံေရးကို ေမြးျမဴခဲ့ၿပီး နယူးေဒလီအား ႐ုရွားႏွင့္ ေဝးကြာေစရန္ ဖိအားေပးခဲ့သည္။ အေမရိကန္က “ယူကရိန္းပဋိပကၡအတြက္ မည္သည့္ေျဖရွင္းခ်က္မဆို ယူကရိန္းပိုင္နက္နယ္ေျမတရားဝင္မႈႏွင့္ ကုလသမဂၢပဋိညာဥ္ စာတမ္းတို႔အေပၚ ေလးစားလိုက္နာရမည္” ဟု ႐ုရွားႏွင့္ ေဆြးေႏြးပြဲတြင္ ရွင္းလင္းေျပာၾကားရန္ မိုဒီအား တနလၤာေန႔ (ဇူလိုင္လ ၈ ရက္) က တိုက္တြန္းခဲ့သည္။

မိုဒီသည္ ၂၀၁၉ ခုႏွစ္တြင္ ႐ုရွား ႏိုင္ငံသို႔ ေနာက္ဆုံးသြားေရာက္လည္ပတ္ခဲ့ၿပီး ႏွစ္ႏွစ္အၾကာ၊ ယူကရိန္းကို ႐ုရွားက ထိုးစစ္ မစတင္မီ ရက္သတၱပတ္အနည္းငယ္အလိုတြင္ နယူးေဒလီ၌ ပူတင္ကို လက္ခံေတြ႕ဆုံခဲ့သည္။ အိႏၵိယသည္ ႐ုရွားႏိုင္ငံအေပၚ ျပတ္ျပတ္သားသား ရႈတ္ခ်ျခင္းမျပဳခဲ့ဘဲ ႐ုရွားကို ပစ္မွတ္ထားသည့္ ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္မ်ားကို ၾကားေနအျဖစ္သာရပ္တည္ခဲ့သည္။ သို႔ေသာ္ ယူကရိန္းႏွင့္ ႐ုရွားတို႔၏ တိုက္ပြဲသည္ အိႏၵိယအတြက္ ဆုံးရႈံးမႈအခ်ိဳ႕ကို ျဖစ္ေပၚေစသည္။ ႐ုရွားစစ္တပ္ႏွင့္ ေထာက္ပံ့ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ သေဘာတူထားသည့္ အိႏၵိယ ႏိုင္ငံသားအခ်ိဳ႕အား ယူကရိန္းတြင္ အတင္းအၾကပ္တိုက္ပြဲဝင္ရန္ ေစခိုင္းျခင္းေၾကာင့္ အခ်ိဳ႕မွာ ေသဆုံးသြားေၾကာင္း သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ အိႏၵိယက ၎၏ႏိုင္ငံသားမ်ားကို ျပန္လည္ပို႔ေဆာင္ေပးရန္ နယူးေဒလီက ေဖေဖာ္ဝါရီလတြင္ တြန္းအားေပးခဲ့သည္။

ေမာ္စကို၏ တ႐ုတ္ႏွင့္ ဆက္ဆံေရးမွာလည္း စိုးရိမ္စရာ အေၾကာင္းရင္းတစ္ခုျဖစ္ေနသည္။ တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ ေတာင္အာရွတစ္ဝွမ္းတြင္ မဟာဗ်ဴဟာေျမာက္ ၾသဇာလႊမ္းမိုးမႈအတြက္ ျပင္းထန္ေသာ ၿပိဳင္ဘက္မ်ားအျဖစ္ ရွိေနေသးသည္။ အိႏၵိယသည္ အာရွတြင္ တ႐ုတ္၏ လႊမ္းမိုးမႈကို ဆန႔္က်င္သည့္ အေမရိကန္၊ ဂ်ပန္ႏွင့္ ၾသစေၾတးလ်တို႔ပါဝင္ေသာ Quad အုပ္စု၏ တစ္စိတ္တစ္ပိုင္းလည္း ျဖစ္သည္။ နယူးေဒလီႏွင့္ ႐ုရွားတို႔သည္ စစ္ေအးေခတ္ကတည္းက နီးကပ္ေသာ ဆက္ဆံေရးရွိခဲ့ၿပီး ႐ုရွားသည္ အိႏၵိယအတြက္ အဓိကလက္နက္ပံ့ပိုးသူျဖစ္လာခဲ့သည္။ ႐ုရွားႏိုင္ငံသို႔ ခရီးစဥ္အၿပီး တြင္ မိုဒီသည္ ၾသစႀတီးယားႏိုင္ငံ၊ ၿမိဳ႕ေတာ္ ဗီယင္နာသို႔ သြားေရာက္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.