တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်

 165

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၃

တရုတ် နှင့် ရုရှားနိုင်ငံတို့သည် မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန်အတွက် ပူး ပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း ရုရှားသမ္မတပူတင် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရုရှား သမ္မတနှင့် တရုတ်သမ္မတတို့သည် ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပသော BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာချိန်အတွင်း နားချိန်မှာတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားသမ္မတ ပူတင်က "ရုရှားနဲ့ တရုတ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေဟာ ကမ္ဘာကြီးအခြေအနေတွေတည်ငြိမ်ရေးအတွက် အဓိကအရေးပါတဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်"ဟု မှတ်ချက်ပြုပြောဆိုခဲ့သည်။

BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများအပြင် အခြားမိတ်ဖက်နိုင်ငံများလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတက"ကမ္ဘာ့လုံခြုံရေးနဲ့ မျှတဲ့ကမ္ဘာ့အစီအစဉ်များ ဖြစ်လာစေဖို့၊ ဘက်စုံပလက်ဖောင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ
နောက်ထပ်တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်"ဟု ပြောသည်။ ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကမ္ဘာကြီးသည် လက်ရှိအချိန်တွင် ရာစုနှစ်အတွင်းမမြင်ခဲ့ဖူးသော အပြောင်းအလဲများဖြစ်ပွားနေကြောင်း၊ နိုင်ငံတကာအခြေအနေများက ဝရုန်းသုန်း ကားဖြစ်လာမည့် အခြေအနေများလည်းရှိလာနေပြီး ပြောင်းလဲလာနေခြင်းမျိုးဖြစ်ကြောင်း ပြောသည်။ တရုတ် သမ္မတက "တရုတ် နဲ့ ရုရှားနိုင်ငံကြား မိတ်ဆွေအဖြစ် ပူးပေါင်းဆောင် ရွက်မှုတွေကို လေးနက်စွာလုပ်ဆောင်မှာဖြစ်ပြီး ကမ္ဘာကြီးကို ကူညီပေးနိုင်အောင်အဓိကအရေးပါတဲ့နိုင်ငံဖြစ်အောင်၊ တာဝန်ယူတဲ့နိုင်ငံဖြစ်အောင်လုပ်ဆောင်မယ်"ဟု ပြောသည်။

zawgyi version
တ႐ုတ္ ႏွင့္ ႐ုရွားႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ၿပီး မွ်တေသာ ကမာၻ႔အစီအစဥ္မ်ားျဖစ္လာေစရန္ လုပ္ေဆာင္မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၃

တ႐ုတ္ ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ မွ်တေသာ ကမာၻ႔အစီအစဥ္မ်ားျဖစ္လာေစရန္အတြက္ ပူး ေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ BRICS အဖြဲ႕ ထိပ္သီးအစည္းအေဝးအတြင္း ႐ုရွားသမၼတပူတင္ ႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

႐ုရွား သမၼတႏွင့္ တ႐ုတ္သမၼတတို႔သည္ ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕တြင္က်င္းပေသာ BRICS အဖြဲ႕ ထိပ္သီးအစည္းအေဝးအတြင္း တက္ေရာက္လာခ်ိန္အတြင္း နားခ်ိန္မွာေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားသမၼတ ပူတင္က "႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ကမာၻႀကီးအေျခအေနေတြတည္ၿငိမ္ေရးအတြက္ အဓိကအေရးပါတဲ့အေၾကာင္းအရင္းတစ္ခုျဖစ္တယ္"ဟု မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

BRICS အဖြဲ႕ ထိပ္သီးအစည္းအေဝးကို အဖြဲ႕ဝင္ႏိုင္ငံမ်ားအျပင္ အျခားမိတ္ဖက္ႏိုင္ငံမ်ားလည္းတက္ေရာက္ခဲ့ေၾကာင္းသိရသည္။ ႐ုရွားသမၼတက"ကမာၻ႔လုံၿခဳံေရးနဲ႔ မွ်တဲ့ကမာၻ႔အစီအစဥ္မ်ား ျဖစ္လာေစဖို႔၊ ဘက္စုံပလက္ေဖာင္းမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ
ေနာက္ထပ္တိုးျမႇင့္လုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားတယ္"ဟု ေျပာသည္။ ထို႔ျပင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကလည္း ကမာၻႀကီးသည္ လက္ရွိအခ်ိန္တြင္ ရာစုႏွစ္အတြင္းမျမင္ခဲ့ဖူးေသာ အေျပာင္းအလဲမ်ားျဖစ္ပြားေနေၾကာင္း၊ ႏိုင္ငံတကာအေျခအေနမ်ားက ဝ႐ုန္းသုန္း ကားျဖစ္လာမည့္ အေျခအေနမ်ားလည္းရွိလာေနၿပီး ေျပာင္းလဲလာေနျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။ တ႐ုတ္ သမၼတက "တ႐ုတ္ နဲ႔ ႐ုရွားႏိုင္ငံၾကား မိတ္ေဆြအျဖစ္ ပူးေပါင္းေဆာင္ ႐ြက္မႈေတြကို ေလးနက္စြာလုပ္ေဆာင္မွာျဖစ္ၿပီး ကမာၻႀကီးကို ကူညီေပးႏိုင္ေအာင္အဓိကအေရးပါတဲ့ႏိုင္ငံျဖစ္ေအာင္၊ တာဝန္ယူတဲ့ႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္မယ္"ဟု ေျပာသည္။

Related news

© 2021. All rights reserved.