စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး

 116

သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၂၄

ဟားမတ်စ်အဖွဲ့သည် (၂၀၂၃) ခုနှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနိုင်ငံကို ကြောက်ခမန်း လိလိတိုက်ခိုက်ခဲ့သည်။ အီရန်နိုင်ငံသည် ထိုအချိန်က တည်းက အစ္စရေးကိုတိုက်ခိုက်ရန်အတွက် လက်ဘ နွန်ရှိ ဟစ္စဘိုလာ၊ အီရတ်ရှိ ရှီယာစစ်သွေးကြွများနှင့် ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့တို့ပါဝင်သည့်မဟာ မိတ်ဝင်ရိုးတန်းနိုင်ငံများ (Resistance Axis allies) ကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်တွင် အစ္စ ရေးနှင့်ဟားမတ်စ်တို့၏ တိုက်ခိုက်မှု၊ အစ္စရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားပြီး အီရန်၏ ကြားခံအသုံးပြုတိုက်ခိုက်မှုတို့သည် အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိကြောင်း မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။

အီရန်တို့၏ မဟာဗျူဟာမှာ အစ္စရေးနိုင်ငံကို အရူးမီးဝိုင်းသကဲ့သို့ ပြုလုပ်ရန်၊ အစ္စရေး၏ အရင်း အမြစ်များကို အားနည်းအောင်ပြုလုပ်ရန်နှင့် အစ္စရေး ကို စစ်မျက်နှာအများအပြားဖွင့်စေပြီး ၎င်းတို့၏တိုက်ခိုက်လိုစိတ်ကို လျော့နည်းအောင်ပြုလုပ်ရန်ဖြစ် သည်။ ဟစ္စဘိုလာတို့သည် (၂၀၂၃) ခုနှစ် အောက်တို ဘာလ(၈)ရက်နေ့မှစ၍ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ရော့ကက်များ၊ မောင်းသူမဲ့ဒရုန်းယာဉ်များဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးပြည်သူ ခုနစ်သောင်း ကျော်တို့ကို နိုင်ငံမြောက်ပိုင်းရှိ ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ယင်း တိုက်ခိုက်မှုများသည် အစ္စရေးတို့ကို အင်အားသုံး လက်စားချေတိုက်ခိုက်ရန် ဖြစ်လာစေခဲ့သည်။

ဟူသီလက်နက်ကိုင်တပ်ဖွဲ့တို့၏ မစ်ဆိုင်းဒုံး ကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးတို့အတွက် အရေးကြီးသည့် အီလတ်ပင်လယ်နီဆိပ်ကမ်းကို ပိတ်လိုက်ရသည်အထိ ဖြစ်စေခဲ့သည်။ ပင်လယ်နီမှ တစ်ဆင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာသင်္ဘော လိုင်းများကိုတိုက်ခိုက်မှုသည် စူးအက်တူးမြောင်းတွင် ဖြတ်သွားသည့် သင်္ဘောအရေအတွက် (၅၀)ရာခိုင် နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။ သို့ဖြစ်ရာ သင်္ဘောလိုင်းများသည် ဂွတ်ဟုန်အငူအတိုင်းပတ်၍ ခုတ်မောင်းသွားကြရာ အချိန်ပို၍ကြာမြင့်စေခဲ့သည်။ အလားတူ အီရတ်ရှီရာစစ်သွေးြွကတို့ကလည်း အစ္စ ရေးတို့ကို မစ်ဆိုင်းဒုံကျည်များ၊ မောင်းသူမဲ့ဒရုန်း ယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။ ဆီး ရီးယားနှင့်အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များကို အကြိမ်ရေ(၁၇၀)ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်။

အစ္စရေးတို့တွင် စစ်ရေးအရလွှမ်းမိုးနိုင်သည့် နည်းနာတစ်ရပ်ရှိသည်။ သို့သော် လိုအပ်နေသည်မှာ နိုင်ငံရေးမဟာဗျူဟာဖြစ်သည်။ အစ္စရေးတို့တွင် ဟား မတ်စ်တို့၏ စစ်ရေးစွမ်းရည်ကိုဖျက်ဆီးနိုင်သည့် နည်း နာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိသကဲ့သို့ အီရန်လက်ဝေခံ တို့၏ အဆက်မပြတ်တိုက်ခိုက်မှုများကိုလည်း တုံ့ပြန် နိုင်စွမ်းရှိသည်။ အစ္စရေးအနေဖြင့် ကြိုတင်ဟန့်တား ရေးမူဝါဒ ပြန်လည်တည်ဆောက်နေမှုနှင့် ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းနေမှုကိုလည်း လက် တွေ့ဖြစ်မလာစေရန် နည်းလမ်းရှာဖွေ အကောင်အ ထည်ဖော်နေခြင်းဖြစ်သည်။ အစ္စရေးတို့သည် ဟား မတ်စ်တိုက်ခိုက်ရေး အင်အားစုတစ်ခုကိုလည်း ဖျက် ဆီးနိုင်ခဲ့သကဲ့သို့ အခြေခံအဆောက်အအုံများကို လည်း ဖြိုချနိုင်ခဲ့သည်။ ထို့ပြင် ဂါဇာရှိ ဟားမတ်စ် အ ကြီးတန်းစစ်ခေါင်းဆောင်များကိုလည်း ရှင်းလင်းနိုင်ခဲ့ သကဲ့သို့ ဟားမတ်စ်တို့၏ တိုက်စွမ်းရည်ကိုလည်း ကန့်သတ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ဟားမတ်စ် တို့ကို ဖွဲ့စည်းပုံပျက်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့ သည်။ ဆီးရီးယားရှိ မစ်ဆိုင်းလက်နက်စက်ရုံများ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးတန်းအရာ ရှိများကိုလည်း ပစ်မှတ်ထားကာ အရှိန်မြှင့် တိုက်ခိုက် ခဲ့သည်။ ဟစ္စဘိုလာ ဒုတိယတပ်မှူး Fuad shukr မှာလည်း ဇူလိုင်လ(၃၁)ရက်က အစ္စရေးတို့၏ လေ ကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh မှာလည်း တီဟီရန်ရှိ ၎င်းတည်ခိုသည့် ဧည့်ဂေဟာပေါ်သို့ ဗုံး တစ်လုံးကျရောက်ခဲ့ရာ သေဆုံးသွားခဲ့သည်။ ယင်းမှာ အစ္စရေးတို့သည် စစ်မြေပြင်တွင် စစ်ရေး အသာစီးရ နိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သတင်းစကားပါးလိုက် ခြင်းလည်း ဖြစ်သည်။

အစ္စရေးတို့သည် စက်တင်ဘာလဝက်လောက်မှ စ၍ အီရန်တို့၏ မဟာမိတ်ဖြစ်သည့် ဟစ္စဘိုလာတို့ ကို ၎င်းတို့၏အဖွဲ့ဝင်များကိုင်ဆောင်သည့် pagers များနှင့် walkie-talkies များကိုဖောက်ခွဲပြီး ဟစ္စဘိုလာတို့၏ ဆက်သွယ်ရေးစနစ်ကိုဖျက်ဆီးနိုင် ခဲ့သည်။ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအ တွင်း အလယ်အလတ်အဆင့်ရှိ ဟစ္စဘိုလာတပ်မှူး အချို့ကို ရှင်းလင်းနိုင်ခဲ့သကဲ့သို့ လက်နက်စက်ရုံများ ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ ဟစ္စဘိုလာခေါင်း ဆောင် Hassan Nashrallah သေဆုံးခဲ့ပြီး ၎င်းသေဆုံးမှုသည် ဟစ္စဘိုလာအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။Hassan Nashrallah သည် ဟစ္စဘိုလာအဖွဲ့ကို ဆယ်စုနှစ်သုံးစုကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ဘနွန်နိုင်ငံတွင် ဟစ္စဘို လာအဖွဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး ပြန်လည် ခေါင်းထောင်နိုင်ရေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့သူ လည်းဖြစ်သည်။ Hassan Nashrallah သည် အစ္စရေးအတွက် ကြီးစွာသော ရန်သူတော်လည်းဖြစ်နေ ပြန်သည်။ ထို့ပြင်Hassan Nashrallah သည် အီရန်နိုင်ငံ၏ ဥသျှောင်ဖြစ်သည့် Ayatollah Ali နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။

အစ္စရေးတို့သည် တိုက်စစ်ဆင်နိုင်စွမ်းရှိကြောင်း နှင့် တိုက်ခိုက်လာမှုကိုလည်း ပြန်လည်တုံ့ပြန်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း ၎င်းတို့၏စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးဖြစ်သည်။ (၂၀၂၃) ခုနှစ် ဧပြီလ (၁) ရက် က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်ရှိ အီရန်တော်လှန် ရေး အစောင့်တပ်ဖွဲ့အရာရှိများကိုရှင်းလင်းခဲ့ပြီး နှစ်ပတ်အကြာတွင် အီရန်တို့ကလည်း တုံ့ပြန်တိုက် ခိုက်ခဲ့သည်။ အီရန်တို့ ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် မစ်ဆိုင်းဒုံးကျည်နှင့် မောင်းသူမဲ့ဒရုန်းယာဉ်အားလုံး နီးပါးကို အစ္စရေးတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်က ဖျက်ဆီးနိုင်ခဲ့သည်။ မဟာမိတ်အမေရိကန် တို့၏အကူအညီဖြင့်တည်ဆောက်ထားသည့် အစ္စရေး တို့၏လေကြောင်းရန်ကာကွယ်ရေးစနစ်၏ စွမ်း ဆောင်ရည်သည် ဆုံးရှုံးပျက်စီးမှု နည်းနိုင်သမျှနည်း အောင် အကာအကွယ်ပေးနိုင်သည်ကို တွေ့မြင်ခဲ့ကြ ရပြီးဖြစ်သည်။

အီရန်ကိုထိန်းချုပ်ရန် အစ္စရေးတို့လိုအပ်နေသည့် နိုင်ငံရေးမဟာဗျူဟာမှာ ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင်ပြုလုပ်ရန်၊ ဖမ်းဆီးခံသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်လာစေရန်နှင့် စစ်ပွဲပြီးဆုံချိန်တွင် ဂါဇာဒေသ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည် ပြုပြင်ဖွဲ့စည်းထားသည့် ပါလက်စ တိုင်းအာဏာပိုင်များအောက်ရှိ ပါလက်စတိုင်း စီမံခန့် ခွဲမှုအတွက် အသွင်ကူးပြောင်းရေး အစီအမံတစ်ရပ် ရေးဆွဲရန်ဖြစ်သည်။ သို့မဟုတ်ပါက အစ္စရေးတပ်ဖွဲ့ များ ပြန်လည်ရုပ်သိမ်းသွားချိန်တွင် ဟားမတ်စ်တို့ ပြန်လည်ခေါင်းထောင်လာပြီး ဒေသတွင်းတွင် အီရန် တို့၏ဩဇာမှာလည်း ပြန်လည်မြင့်တက်လာမည်ဖြစ် သည်။ ပါလက်စတိုင်းပြည်သူများ အသေအပျောက် များလာသည်နှင့်အမျှ အစ္စရေးတို့အပေါ် အာရပ်ပြည် သူများ၏ဒေါသမှာလည်း ဟုန်းဟုန်းတောက်နေမည် ဖြစ်သည်။ အီရန်တို့သည် အာရပ်ပြည်သူများ၏ ဒေါသကို ဆွပေးနိုင်စွမ်းရှိကြသူများလည်း ဖြစ်သည်။ ပါလက်စတိုင်းအရပ်ဘက်အုပ်ချုပ်ရေးအပေါ် အစ္စ ရေးတို့က ခိုင်မာသည့် ကတိကဝတ်ပေးခြင်းနှင့် ပါလက်စတိုင်းနိုင်ငံ တရားဝင်တည်ရှိမှု အသိအမှတ် ပြုခြင်းသည်သာ ရေရှည်ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်သည်။ သို့မှသာ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်တို့ ဝင်ရောက်ခြယ်လှယ်နိုင်စွမ်းကိုလည်း ကန့်သတ်နိုင်မည်ဟု ထောက်ပြုချက်များလည်းရှိသည်။

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ခိုင်မာ စေရေးကြိုးပမ်းရာတွင် ဆော်ဒီနှင့် အစ္စရေးတို့၏ ဆက်ဆံရေး ပုံမှန်အခြေအနေတစ်ရပ် ရောက်ရှိလာ စေရန်လည်း လိုအပ်သည်။ အစ္စရေးအနေဖြင့် ဆော် ဒီနှင့်ဆက်ဆံရေး ပုံမှန်အခြေအနေရောက်ရှိလာမှ သာ အီရန်ကိုတုံ့ပြန်ရာတွင်လည်းကောင်း၊ ဒေသ တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးအစီအမံတို့ တွင် အစ္စရေးနိုင်ငံ၏ အခန်းကဏ္ဍကိုမြှင့်တင်ရာတွင် လည်းကောင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင် မည်ဆိုသည့် ယူဆချက်များလည်းရှိသည်။

အစ္စရေးတို့သည် ဟစ္စဘိုလာအဖွဲ့အပေါ် မကြာ သေးမီက အရှိန်မြှင့်တိုက်ခိုက်ခဲ့ခြင်းနှင့် ဟစ္စဘိုလာ ခေါင်းဆောင် Hassan Nashrallah ကို ရှင်းလင်း နိုင်ခဲ့ခြင်းတို့သည် ဟစ္စဘိုလာအဖွဲ့အတွက် ကြီးမား သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဟစ္စဘိုလာအဖွဲ့၏ အဆက်မပြတ်တိုက် ခိုက်မှုများကိုလည်းရပ်တန့်နိုင်ခဲ့ပြီး နေအိမ်များကို စွန့်ခွာခဲ့ကြရသည့် အစ္စရေးပြည်သူများအား ပြန်လည် နေရာချထားနိုင်သည့် အခွင့်အရေးတစ်ရပ်ရရှိစေရန် လည်းဖန်တီးနိုင်ခဲ့သည်။ အစ္စရေးတို့သည် ဟစ္စဘို လာတို့ကိုရှင်းလင်းရန် လက်ဘနွန်နိုင်ငံမြောက်ပိုင်း သို့ မြေပြင်တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်ခဲ့သကဲ့သို့ နယ်စပ်အနီးရှိ ဟစ္စဘိုလာတို့၏ အခြေခံအဆောက် အအုံများကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယားနည်းပညာ အဆင့် မြင့်လာမှုနှင့် ၎င်းထောက်ပံ့ထားသည့်အဖွဲ့များ၏ အဆက်မပြတ်ခြိမ်းခြောက်နေမှုများသည် အစ္စရေးအ တွက် အစဉ်သဖြင့် ရတက်မအေးစရာဖြစ်နေသည်။ သို့သော် ယင်းပြဿနာကို အစ္စရေးတစ်နိုင်ငံတည်းက ကိုယ့်သဘောနှင့်ကိုယ် ဖြေရှင်း၍လည်း ရနိုင်သည့်အခြေအနေမျိုးမဟုတ်ပြန်ပါ။ ဂါဇာစစ်ပွဲအဆုံးသတ် ရန်မှာ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ရပ် လိုအပ်နေသည့်အပြင် သဘောထားအသင့်အတင့်ရှိ သည့် ခေါင်းဆောင်များ ပေါ်ပေါက်လာရန်လိုအပ်သ ကဲ့သို့ ပါလက်စတိုင်းအားနိုင်ငံတစ်နိုင်ငံအဖြစ် အသိ အမှတ်ပြုပေးနိုင်မှသာလျှင် အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာထောက်ခံမှုများရရှိလာပြီး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့ ၏ဆက်ဆံရေးမှာလည်း အစ္စရေးသည် အရပ်သား အသေအပျောက်မရှိစေရန် လုံလောက်သည့်ဂရုစိုက် မှုမရှိဆိုသည့် သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏ သဘော ထားကြောင့် အဆင်ချောလှသည်မဟုတ်ပါ။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည်လည်း အာဏာဆုံး ရှုံးရမည့်အရေးနှင့် မဟာမိတ်တို့၏ သဘောထားကွဲ လွဲမှုကို ရှောင်ရှားနိုင်ရန်အတွက် စစ်ပွဲကို ရေရှည်ဆွဲ ပြီး တိုက်ခိုက်သွားနိုင်သည်ဟုလည်း ယူဆနေကြ သည်။ ဒီမိုကရက်သမ္မတလောင်း ကင်မလာဟားရစ် နှင့် ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးလုံးမှာလည်း အစ္စရေးကို စစ်ရပ်စဲလိုကြသည်။

အီရန်တို့သည် ဖိအားများရှိနေသည့်တိုင် အစ္စ ရေးကိုထိန်းချုပ်နိုင်သည့် ရေရှည်မဟာဗျူဟာ တစ် ရပ်ချမှတ်ဆောင်ရွက်နေသည်။ ယင်းမှာ အစ္စရေးတို့ ၏ရန်လိုမှုကိုပုံဖော်ပြီး အီရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိကာ အစ္စရေးပြည်သူ များ၏ တိုက်ခိုက်လိုစိတ်ကိုအားနည်းအောင် ပြုလုပ် သည့်မဟာဗျူဟာပင်ဖြစ်သည်။ သို့သော် အစ္စရေးတို့ သည် အီရန်တို့၏ အရူးမီးဝိုင်းပြုလုပ်ရေးနည်းနာ အပေါ် အားနည်းအောင် တန်ပြန်ပြုလုပ်ပြီး ကြိုတင် ဟန့်တားရေးနည်းနာကိုလည်း ပြန်လည် အသက် သွင်းနိုင်ခဲ့သည်။ သို့သော် အစ္စရေးနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကိုထိန်းသိမ်းပြီး ၎င်း ၏ နိုင်ငံတကာပုံရိပ်ကိုလည်း ပြန်လည်တည်ဆောက် ကာ ဒေသတွင်းနိုင်ငံများ၏ ခိုင်မာသည့်ပူးပေါင်း ဆောင်ရွက်မှု ရရှိနိုင်မည့် ရေရှည်အစီအမံတစ်ရပ် လိုအပ်နေသည်။ သို့မဟုတ်ဘဲ အဆုံးအစမရှိစစ်ပွဲကို ဆက်လက်ဆင်နွဲနေမည်ဆိုပါက အစ္စရေး ပြည်သူ များ၏ အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းနိုင်မည်မ ဟုတ်ဘဲ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာလည်း အလှမ်းဝေးနေဦးမည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

zawgyi version
စစ္ပြဲအဆုံးသတ္ေရး ေရရွည္မဟာဗ်ဴဟာတစ္ရပ္ လိုအပ္ေနသည့္ အစၥေရး
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၂၄

ဟားမတ္စ္အဖြဲ႕သည္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရးႏိုင္ငံကို ေၾကာက္ခမန္း လိလိတိုက္ခိုက္ခဲ့သည္။ အီရန္ႏိုင္ငံသည္ ထိုအခ်ိန္က တည္းက အစၥေရးကိုတိုက္ခိုက္ရန္အတြက္ လက္ဘ ႏြန္ရွိ ဟစၥဘိုလာ၊ အီရတ္ရွိ ရွီယာစစ္ေသြးႂကြမ်ားႏွင့္ ယီမင္ရွိ ဟူသီလက္နက္ကိုင္အဖြဲ႕တို႔ပါဝင္သည့္မဟာ မိတ္ဝင္႐ိုးတန္းႏိုင္ငံမ်ား (Resistance Axis allies) ကို ေထာက္ပံ့ေပးခဲ့သည္။ ဂါဇာကမ္းေျမာင္တြင္ အစၥ ေရးႏွင့္ဟားမတ္စ္တို႔၏ တိုက္ခိုက္မႈ၊ အစၥေရးႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈကိုေရွာင္ရွားၿပီး အီရန္၏ ၾကားခံအသုံးျပဳတိုက္ခိုက္မႈတို႔သည္ အတိုင္းအတာတစ္ခုအထိ ထိေရာက္မႈရွိေၾကာင္း ျမင္ေတြ႕ခဲ့ၾကရၿပီးျဖစ္သည္။

အီရန္တို႔၏ မဟာဗ်ဴဟာမွာ အစၥေရးႏိုင္ငံကို အ႐ူးမီးဝိုင္းသကဲ့သို႔ ျပဳလုပ္ရန္၊ အစၥေရး၏ အရင္း အျမစ္မ်ားကို အားနည္းေအာင္ျပဳလုပ္ရန္ႏွင့္ အစၥေရး ကို စစ္မ်က္ႏွာအမ်ားအျပားဖြင့္ေစၿပီး ၎တို႔၏တိုက္ခိုက္လိုစိတ္ကို ေလ်ာ့နည္းေအာင္ျပဳလုပ္ရန္ျဖစ္ သည္။ ဟစၥဘိုလာတို႔သည္ (၂၀၂၃) ခုႏွစ္ ေအာက္တို ဘာလ(၈)ရက္ေန႔မွစ၍ အစၥေရးႏိုင္ငံ ေျမာက္ပိုင္းသို႔ ေရာ့ကက္မ်ား၊ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္မ်ားျဖင့္ ေန႔စဥ္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးျပည္သူ ခုနစ္ေသာင္း ေက်ာ္တို႔ကို ႏိုင္ငံေျမာက္ပိုင္းရွိ ၎တို႔၏ေနအိမ္မ်ားမွ ေဘးလြတ္ရာသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ရသည္။ ယင္း တိုက္ခိုက္မႈမ်ားသည္ အစၥေရးတို႔ကို အင္အားသုံး လက္စားေခ်တိုက္ခိုက္ရန္ ျဖစ္လာေစခဲ့သည္။

ဟူသီလက္နက္ကိုင္တပ္ဖြဲ႕တို႔၏ မစ္ဆိုင္းဒုံး က်ည္ျဖင့္ တိုက္ခိုက္မႈမ်ားသည္ အစၥေရးတို႔အတြက္ အေရးႀကီးသည့္ အီလတ္ပင္လယ္နီဆိပ္ကမ္းကို ပိတ္လိုက္ရသည္အထိ ျဖစ္ေစခဲ့သည္။ ပင္လယ္နီမွ တစ္ဆင့္ ျဖတ္သန္းသြားလာသည့္ ႏိုင္ငံတကာသေဘၤာ လိုင္းမ်ားကိုတိုက္ခိုက္မႈသည္ စူးအက္တူးေျမာင္းတြင္ ျဖတ္သြားသည့္ သေဘၤာအေရအတြက္ (၅၀)ရာခိုင္ ႏႈန္းေက်ာ္အထိ က်ဆင္းသြားခဲ့သည္။ သို႔ျဖစ္ရာ သေဘၤာလိုင္းမ်ားသည္ ဂြတ္ဟုန္အငူအတိုင္းပတ္၍ ခုတ္ေမာင္းသြားၾကရာ အခ်ိန္ပို၍ၾကာျမင့္ေစခဲ့သည္။ အလားတူ အီရတ္ရွီရာစစ္ေသြးျြကတို႔ကလည္း အစၥ ေရးတို႔ကို မစ္ဆိုင္းဒုံက်ည္မ်ား၊ ေမာင္းသူမဲ့ဒ႐ုန္း ယာဥ္မ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၾကသည္။ ဆီး ရီးယားႏွင့္အီရတ္ရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို အႀကိမ္ေရ(၁၇၀)ေက်ာ္ ပစ္ခတ္တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ သည္။

အစၥေရးတို႔တြင္ စစ္ေရးအရလႊမ္းမိုးႏိုင္သည့္ နည္းနာတစ္ရပ္ရွိသည္။ သို႔ေသာ္ လိုအပ္ေနသည္မွာ ႏိုင္ငံေရးမဟာဗ်ဴဟာျဖစ္သည္။ အစၥေရးတို႔တြင္ ဟား မတ္စ္တို႔၏ စစ္ေရးစြမ္းရည္ကိုဖ်က္ဆီးႏိုင္သည့္ နည္း နာပိုင္းဆိုင္ရာကြၽမ္းက်င္မႈရွိသကဲ့သို႔ အီရန္လက္ေဝခံ တို႔၏ အဆက္မျပတ္တိုက္ခိုက္မႈမ်ားကိုလည္း တုံ႔ျပန္ ႏိုင္စြမ္းရွိသည္။ အစၥေရးအေနျဖင့္ ႀကိဳတင္ဟန႔္တား ေရးမူဝါဒ ျပန္လည္တည္ေဆာက္ေနမႈႏွင့္ ေဒသတြင္း ဩဇာလႊမ္းမိုးႏိုင္ေရး ႀကိဳးပမ္းေနမႈကိုလည္း လက္ ေတြ႕ျဖစ္မလာေစရန္ နည္းလမ္းရွာေဖြ အေကာင္အ ထည္ေဖာ္ေနျခင္းျဖစ္သည္။ အစၥေရးတို႔သည္ ဟား မတ္စ္တိုက္ခိုက္ေရး အင္အားစုတစ္ခုကိုလည္း ဖ်က္ ဆီးႏိုင္ခဲ့သကဲ့သို႔ အေျခခံအေဆာက္အအုံမ်ားကို လည္း ၿဖိဳခ်ႏိုင္ခဲ့သည္။ ထို႔ျပင္ ဂါဇာရွိ ဟားမတ္စ္ အ ႀကီးတန္းစစ္ေခါင္းေဆာင္မ်ားကိုလည္း ရွင္းလင္းႏိုင္ခဲ့ သကဲ့သို႔ ဟားမတ္စ္တို႔၏ တိုက္စြမ္းရည္ကိုလည္း ကန႔္သတ္ႏိုင္ခဲ့သည္။ တစ္နည္းအားျဖင့္ ဟားမတ္စ္ တို႔ကို ဖြဲ႕စည္းပုံပ်က္သြားသည္အထိ တိုက္ခိုက္ႏိုင္ခဲ့ သည္။ ဆီးရီးယားရွိ မစ္ဆိုင္းလက္နက္စက္႐ုံမ်ား၊ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ အႀကီးတန္းအရာ ရွိမ်ားကိုလည္း ပစ္မွတ္ထားကာ အရွိန္ျမႇင့္ တိုက္ခိုက္ ခဲ့သည္။ ဟစၥဘိုလာ ဒုတိယတပ္မႉး Fuad shukr မွာလည္း ဇူလိုင္လ(၃၁)ရက္က အစၥေရးတို႔၏ ေလ ေၾကာင္းတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ၿပီး ဟားမတ္စ္ ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh မွာလည္း တီဟီရန္ရွိ ၎တည္ခိုသည့္ ဧည့္ေဂဟာေပၚသို႔ ဗုံး တစ္လုံးက်ေရာက္ခဲ့ရာ ေသဆုံးသြားခဲ့သည္။ ယင္းမွာ အစၥေရးတို႔သည္ စစ္ေျမျပင္တြင္ စစ္ေရး အသာစီးရ ႏိုင္ရန္အတြက္ ကမာၻေပၚရွိ မည္သည့္ေနရာတြင္မဆို တိုက္ခိုက္ႏိုင္စြမ္းရွိေၾကာင္း သတင္းစကားပါးလိုက္ ျခင္းလည္း ျဖစ္သည္။

အစၥေရးတို႔သည္ စက္တင္ဘာလဝက္ေလာက္မွ စ၍ အီရန္တို႔၏ မဟာမိတ္ျဖစ္သည့္ ဟစၥဘိုလာတို႔ ကို ၎တို႔၏အဖြဲ႕ဝင္မ်ားကိုင္ေဆာင္သည့္ pagers မ်ားႏွင့္ walkie-talkies မ်ားကိုေဖာက္ခြဲၿပီး ဟစၥဘိုလာတို႔၏ ဆက္သြယ္ေရးစနစ္ကိုဖ်က္ဆီးႏိုင္ ခဲ့သည္။ အစၥေရးတို႔၏ ေလေၾကာင္းတိုက္ခိုက္မႈအ တြင္း အလယ္အလတ္အဆင့္ရွိ ဟစၥဘိုလာတပ္မႉး အခ်ိဳ႕ကို ရွင္းလင္းႏိုင္ခဲ့သကဲ့သို႔ လက္နက္စက္႐ုံမ်ား ကိုလည္း ဖ်က္ဆီးႏိုင္ခဲ့သည္။ ဟစၥဘိုလာေခါင္း ေဆာင္ Hassan Nashrallah ေသဆုံးခဲ့ၿပီး ၎ေသဆုံးမႈသည္ ဟစၥဘိုလာအဖြဲ႕အတြက္ ႀကီးမားသည့္ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ခဲ့သည္။Hassan Nashrallah သည္ ဟစၥဘိုလာအဖြဲ႕ကို ဆယ္စုႏွစ္သုံးစုေက်ာ္ၾကာ ဦးေဆာင္ခဲ့သူျဖစ္ၿပီး လက္ဘႏြန္ႏိုင္ငံတြင္ ဟစၥဘို လာအဖြဲ႕အတြက္ ႏိုင္ငံေရး၊ စီးပြားေရး ျပန္လည္ ေခါင္းေထာင္ႏိုင္ေရး က်ားကုတ္က်ားခဲ ႀကိဳးစားခဲ့သူ လည္းျဖစ္သည္။ Hassan Nashrallah သည္ အစၥေရးအတြက္ ႀကီးစြာေသာ ရန္သူေတာ္လည္းျဖစ္ေန ျပန္သည္။ ထို႔ျပင္Hassan Nashrallah သည္ အီရန္ႏိုင္ငံ၏ ဥေသွ်ာင္ျဖစ္သည့္ Ayatollah Ali ႏွင့္ နီးစပ္သည့္ ဆက္ဆံေရးရွိသူလည္း ျဖစ္သည္။

အစၥေရးတို႔သည္ တိုက္စစ္ဆင္ႏိုင္စြမ္းရွိေၾကာင္း ႏွင့္ တိုက္ခိုက္လာမႈကိုလည္း ျပန္လည္တုံ႔ျပန္တိုက္ ခိုက္ႏိုင္စြမ္းရွိေၾကာင္း ၎တို႔၏စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီးျဖစ္သည္။ (၂၀၂၃) ခုႏွစ္ ဧၿပီလ (၁) ရက္ က ဆီးရီးယားႏိုင္ငံ ဒမတ္စကတ္ရွိ အီရန္ေတာ္လွန္ ေရး အေစာင့္တပ္ဖြဲ႕အရာရွိမ်ားကိုရွင္းလင္းခဲ့ၿပီး ႏွစ္ပတ္အၾကာတြင္ အီရန္တို႔ကလည္း တုံ႔ျပန္တိုက္ ခိုက္ခဲ့သည္။ အီရန္တို႔ ပစ္လႊတ္တိုက္ခိုက္ခဲ့သည့္ မစ္ဆိုင္းဒုံးက်ည္ႏွင့္ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္အားလုံး နီးပါးကို အစၥေရးတို႔၏ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္က ဖ်က္ဆီးႏိုင္ခဲ့သည္။ မဟာမိတ္အေမရိကန္ တို႔၏အကူအညီျဖင့္တည္ေဆာက္ထားသည့္ အစၥေရး တို႔၏ေလေၾကာင္းရန္ကာကြယ္ေရးစနစ္၏ စြမ္း ေဆာင္ရည္သည္ ဆုံးရႈံးပ်က္စီးမႈ နည္းႏိုင္သမွ်နည္း ေအာင္ အကာအကြယ္ေပးႏိုင္သည္ကို ေတြ႕ျမင္ခဲ့ၾက ရၿပီးျဖစ္သည္။

အီရန္ကိုထိန္းခ်ဳပ္ရန္ အစၥေရးတို႔လိုအပ္ေနသည့္ ႏိုင္ငံေရးမဟာဗ်ဴဟာမွာ ဂါဇာေဒသ အပစ္အခတ္ ရပ္စဲေရးကို ခိုင္မာေအာင္ျပဳလုပ္ရန္၊ ဖမ္းဆီးခံသည့္ ဓားစာခံမ်ား ျပန္လည္လြတ္ေျမာက္လာေစရန္ႏွင့္ စစ္ပြဲၿပီးဆုံခ်ိန္တြင္ ဂါဇာေဒသ ျပန္လည္ထူေထာင္ ေရးႏွင့္ ျပန္လည္ ျပဳျပင္ဖြဲ႕စည္းထားသည့္ ပါလက္စ တိုင္းအာဏာပိုင္မ်ားေအာက္ရွိ ပါလက္စတိုင္း စီမံခန႔္ ခြဲမႈအတြက္ အသြင္ကူးေျပာင္းေရး အစီအမံတစ္ရပ္ ေရးဆြဲရန္ျဖစ္သည္။ သို႔မဟုတ္ပါက အစၥေရးတပ္ဖြဲ႕ မ်ား ျပန္လည္႐ုပ္သိမ္းသြားခ်ိန္တြင္ ဟားမတ္စ္တို႔ ျပန္လည္ေခါင္းေထာင္လာၿပီး ေဒသတြင္းတြင္ အီရန္ တို႔၏ဩဇာမွာလည္း ျပန္လည္ျမင့္တက္လာမည္ျဖစ္ သည္။ ပါလက္စတိုင္းျပည္သူမ်ား အေသအေပ်ာက္ မ်ားလာသည္ႏွင့္အမွ် အစၥေရးတို႔အေပၚ အာရပ္ျပည္ သူမ်ား၏ေဒါသမွာလည္း ဟုန္းဟုန္းေတာက္ေနမည္ ျဖစ္သည္။ အီရန္တို႔သည္ အာရပ္ျပည္သူမ်ား၏ ေဒါသကို ဆြေပးႏိုင္စြမ္းရွိၾကသူမ်ားလည္း ျဖစ္သည္။ ပါလက္စတိုင္းအရပ္ဘက္အုပ္ခ်ဳပ္ေရးအေပၚ အစၥ ေရးတို႔က ခိုင္မာသည့္ ကတိကဝတ္ေပးျခင္းႏွင့္ ပါလက္စတိုင္းႏိုင္ငံ တရားဝင္တည္ရွိမႈ အသိအမွတ္ ျပဳျခင္းသည္သာ ေရရွည္ၿငိမ္းခ်မ္းေရး ရရွိႏိုင္မည္ ျဖစ္သည္။ သို႔မွသာ အေရွ႕အလယ္ပိုင္းေဒသတြင္ အီရန္တို႔ ဝင္ေရာက္ျခယ္လွယ္ႏိုင္စြမ္းကိုလည္း ကန႔္သတ္ႏိုင္မည္ဟု ေထာက္ျပဳခ်က္မ်ားလည္းရွိသည္။

အေရွ႕အလယ္ပိုင္းေဒသ ၿငိမ္းခ်မ္းေရး ခိုင္မာ ေစေရးႀကိဳးပမ္းရာတြင္ ေဆာ္ဒီႏွင့္ အစၥေရးတို႔၏ ဆက္ဆံေရး ပုံမွန္အေျခအေနတစ္ရပ္ ေရာက္ရွိလာ ေစရန္လည္း လိုအပ္သည္။ အစၥေရးအေနျဖင့္ ေဆာ္ ဒီႏွင့္ဆက္ဆံေရး ပုံမွန္အေျခအေနေရာက္ရွိလာမွ သာ အီရန္ကိုတုံ႔ျပန္ရာတြင္လည္းေကာင္း၊ ေဒသ တြင္း ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လုံၿခဳံေရးအစီအမံတို႔ တြင္ အစၥေရးႏိုင္ငံ၏ အခန္းက႑ကိုျမႇင့္တင္ရာတြင္ လည္းေကာင္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ မည္ဆိုသည့္ ယူဆခ်က္မ်ားလည္းရွိသည္။

အစၥေရးတို႔သည္ ဟစၥဘိုလာအဖြဲ႕အေပၚ မၾကာ ေသးမီက အရွိန္ျမႇင့္တိုက္ခိုက္ခဲ့ျခင္းႏွင့္ ဟစၥဘိုလာ ေခါင္းေဆာင္ Hassan Nashrallah ကို ရွင္းလင္း ႏိုင္ခဲ့ျခင္းတို႔သည္ ဟစၥဘိုလာအဖြဲ႕အတြက္ ႀကီးမား သည့္ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ခဲ့သည္။ အစၥေရးႏိုင္ငံ ေျမာက္ပိုင္းသို႔ ဟစၥဘိုလာအဖြဲ႕၏ အဆက္မျပတ္တိုက္ ခိုက္မႈမ်ားကိုလည္းရပ္တန႔္ႏိုင္ခဲ့ၿပီး ေနအိမ္မ်ားကို စြန႔္ခြာခဲ့ၾကရသည့္ အစၥေရးျပည္သူမ်ားအား ျပန္လည္ ေနရာခ်ထားႏိုင္သည့္ အခြင့္အေရးတစ္ရပ္ရရွိေစရန္ လည္းဖန္တီးႏိုင္ခဲ့သည္။ အစၥေရးတို႔သည္ ဟစၥဘို လာတို႔ကိုရွင္းလင္းရန္ လက္ဘႏြန္ႏိုင္ငံေျမာက္ပိုင္း သို႔ ေျမျပင္တပ္ဖြဲ႕မ်ား ထိုးေဖာက္ဝင္ေရာက္ခဲ့သကဲ့သို႔ နယ္စပ္အနီးရွိ ဟစၥဘိုလာတို႔၏ အေျခခံအေဆာက္ အအုံမ်ားကိုလည္း ဖ်က္ဆီးႏိုင္ခဲ့သည္။

အီရန္ႏိုင္ငံ၏ န်ဴကလီးယားနည္းပညာ အဆင့္ ျမင့္လာမႈႏွင့္ ၎ေထာက္ပံ့ထားသည့္အဖြဲ႕မ်ား၏ အဆက္မျပတ္ၿခိမ္းေျခာက္ေနမႈမ်ားသည္ အစၥေရးအ တြက္ အစဥ္သျဖင့္ ရတက္မေအးစရာျဖစ္ေနသည္။ သို႔ေသာ္ ယင္းျပႆနာကို အစၥေရးတစ္ႏိုင္ငံတည္းက ကိုယ့္သေဘာႏွင့္ကိုယ္ ေျဖရွင္း၍လည္း ရႏိုင္သည့္အေျခအေနမ်ိဳးမဟုတ္ျပန္ပါ။ ဂါဇာစစ္ပြဲအဆုံးသတ္ ရန္မွာ ျပန္လည္တည္ေဆာက္ေရး အစီအစဥ္တစ္ရပ္ လိုအပ္ေနသည့္အျပင္ သေဘာထားအသင့္အတင့္ရွိ သည့္ ေခါင္းေဆာင္မ်ား ေပၚေပါက္လာရန္လိုအပ္သ ကဲ့သို႔ ပါလက္စတိုင္းအားႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အသိ အမွတ္ျပဳေပးႏိုင္မွသာလွ်င္ အစၥေရးႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာေထာက္ခံမႈမ်ားရရွိလာၿပီး စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္မည္ျဖစ္သည္။ အေမရိကန္ႏွင့္ အစၥေရးတို႔ ၏ဆက္ဆံေရးမွာလည္း အစၥေရးသည္ အရပ္သား အေသအေပ်ာက္မရွိေစရန္ လုံေလာက္သည့္ဂ႐ုစိုက္ မႈမရွိဆိုသည့္ သမၼတဂ်ိဳးဘိုင္ဒန္အစိုးရ၏ သေဘာ ထားေၾကာင့္ အဆင္ေခ်ာလွသည္မဟုတ္ပါ။ အစၥေရး ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုသည္လည္း အာဏာဆုံး ရႈံးရမည့္အေရးႏွင့္ မဟာမိတ္တို႔၏ သေဘာထားကြဲ လြဲမႈကို ေရွာင္ရွားႏိုင္ရန္အတြက္ စစ္ပြဲကို ေရရွည္ဆြဲ ၿပီး တိုက္ခိုက္သြားႏိုင္သည္ဟုလည္း ယူဆေနၾက သည္။ ဒီမိုကရက္သမၼတေလာင္း ကင္မလာဟားရစ္ ႏွင့္ ရီပါဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္တို႔ ႏွစ္ဦးလုံးမွာလည္း အစၥေရးကို စစ္ရပ္စဲလိုၾကသည္။

အီရန္တို႔သည္ ဖိအားမ်ားရွိေနသည့္တိုင္ အစၥ ေရးကိုထိန္းခ်ဳပ္ႏိုင္သည့္ ေရရွည္မဟာဗ်ဴဟာ တစ္ ရပ္ခ်မွတ္ေဆာင္႐ြက္ေနသည္။ ယင္းမွာ အစၥေရးတို႔ ၏ရန္လိုမႈကိုပုံေဖာ္ၿပီး အီရန္အတြက္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ၏ ေထာက္ခံမႈရရွိကာ အစၥေရးျပည္သူ မ်ား၏ တိုက္ခိုက္လိုစိတ္ကိုအားနည္းေအာင္ ျပဳလုပ္ သည့္မဟာဗ်ဴဟာပင္ျဖစ္သည္။ သို႔ေသာ္ အစၥေရးတို႔ သည္ အီရန္တို႔၏ အ႐ူးမီးဝိုင္းျပဳလုပ္ေရးနည္းနာ အေပၚ အားနည္းေအာင္ တန္ျပန္ျပဳလုပ္ၿပီး ႀကိဳတင္ ဟန႔္တားေရးနည္းနာကိုလည္း ျပန္လည္ အသက္ သြင္းႏိုင္ခဲ့သည္။ သို႔ေသာ္ အစၥေရးႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံ၏ ေထာက္ခံမႈကိုထိန္းသိမ္းၿပီး ၎ ၏ ႏိုင္ငံတကာပုံရိပ္ကိုလည္း ျပန္လည္တည္ေဆာက္ ကာ ေဒသတြင္းႏိုင္ငံမ်ား၏ ခိုင္မာသည့္ပူးေပါင္း ေဆာင္႐ြက္မႈ ရရွိႏိုင္မည့္ ေရရွည္အစီအမံတစ္ရပ္ လိုအပ္ေနသည္။ သို႔မဟုတ္ဘဲ အဆုံးအစမရွိစစ္ပြဲကို ဆက္လက္ဆင္ႏြဲေနမည္ဆိုပါက အစၥေရး ျပည္သူ မ်ား၏ အနာဂတ္ေမွ်ာ္လင့္ခ်က္ကို ေပးစြမ္းႏိုင္မည္မ ဟုတ္ဘဲ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရးမွာလည္း အလွမ္းေဝးေနဦးမည္ ျဖစ္ပါေၾကာင္း သုံးသပ္တင္ျပလိုက္ရသည္။

Related news

© 2021. All rights reserved.