မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်

 855

Htay Oung (NP News) - အောက်တိုဘာ ၂၄

ထိုင်းနဲ့ တရုတ်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံရေးဟာ အရှေ့တောင်အာရှဒေသမှာ ထင်ရှားတဲ့ မှတ်တိုင်အတော်များများကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ ဒေသတွင်း ပထမဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အတိုင်းအတာပမာဏနဲ့ှ ရှုပ်ထွေးမှုများ ကြီးထွားလာခဲ့ပြီး အထူးသဖြင့် ၂၀၁၄ ထိုင်းအာဏာသိမ်းမှုအပြီး ပေကျင်းနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံဖို့ ဘန်ကောက်အတွက် အကြောင်းဖန်လာပါ တယ်။ ထိုင်းစစ်တပ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ်အပေါ် အမေရိကန်ရဲ့ ဝေဖန်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ဖြစ်ပါတယ်။ ယနေ့ ထိုင်းနိုင်ငံဟာ ရေတပ် “Blue Strike” နဲ့ လေကြောင်းတိုက်ခိုက်ရေး “Falcon Strike” အပါအဝင် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ကြည်းရေလေ သုံးခုစလုံးနဲ့ ပြုလုပ်ခြင်း ဖြစ်တဲ့အတွက် အရှေ့တောင်အာရှဒေသမှာ တစ်မူထူးခြားလျက်ရှိတယ်လို့ “ဒစ်ပလိုမက်” (22 October 2024) က ရေးသားပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံ ပူး ပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို ၁၁-ရက်ကြာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းဟာ ထိုင်းနိုင်ငံ မြောက်ဘက် မိုင် ၅၀၀ ခန့်အကွာ နယ်စပ်အနီး “Strike 2024” စစ်ရေးလေ့ကျင့်မှုရဲ့ နောက် ဆက်တွဲလည်း ဖြစ်ပါတယ်။ ယခုလေ့ကျင့်ခန်းမှာ နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်တွေဟာ မြို့ပြစစ်ဆင်ရေးလေ့ ကျင့်မှု၊ ပရိုလက်နက်အတွေ့အကြုံ ဖလှယ်မှုများနဲ့ တရုတ်နိုင်ငံထုတ် QBZ-95-1 ချေမှုန်းရေး ရိုင်ဖယ်တို့ကို ကိုင်ဆောင်ပြီး စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်းစစ်သားများရဲ့ ရုပ်ပုံပါ ဗွီဒီယိုကို ကွန်မြူနစ်အစိုးရပိုင် CCTV သ တင်းဌာနက လွှင့်ထုတ်ခဲ့ပါတယ်။ ပထမ အသားပေး ဖော်ပြတာကတော့ အဲ့ဒီလေ့ကျင့်ခန်းတွေဟာ ၂၀၀၅ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လုပ်ရိုးလုပ်စဉ်အဖြစ် ရှု့မြင်စေခြင်းပဲ ဖြစ်ပါတယ်။

ယခုနှစ် “Strike-2024” စစ်ရေးလေ့ကျင့်ရာမှာ ဒရုန်းများကို ထည့်သွင်းလာကြောင်း တွေ့ရှိရပါတယ်။ ထိုင်း အနေနဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျောက် ကင်းလှည့်ရန်အတွက် စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ် ယူရန် စိတ်အားထက်သန်နေပါတယ်။ တရုတ်ဘက်က ကြည့်ရင်လဲ ဒီလို စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းများကို မိတ်ဆက်ခြင်းအားဖြင့် လက်နက်ရောင်းချမှု တိုးချဲ့ရန်နဲ့ အရှေ့တောင်အာရှဒေသအတွင်း သူ့ရဲ့ ကာကွယ် ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကွန်ရက် မြှင့်တင်ရေးကို ပိုမိုကျယ်ပြန့်လာစေဖို့ အထောက်အကူ ရရှိစေပါ တယ်။

တရုတ်-မြန်မာနယ်စပ်အနီး ပြုလုပ်ခဲ့တဲ့ “Strike-2024” စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ တရုတ်တပ်ဖွဲ့ဝင်များ အတွက် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူမှောင်ခိုကူးမှု၊ အထူးသဖြင့် တောင်တန်းဒေသမှာ သာမန် မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သတင်းအချက်အလက်နဲ့ နည်း ဗျူဟာများကို ဖလှယ်ကြမယ်လို့ ဆိုပါတယ်။

တကယ်တော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း ၎င်းတို့ဒေသအတွင်း မျှဝေရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကာကွယ်ရေးဆိုင်ရာ အနီး ကပ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိနေပါတယ်။ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုရဲ့ သမိုင်းဝင် ဥပမာတစ်ခုမှာ ထိုင်း အိမ်နီးချင်း ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်မှု ၁၉၇၀ ခုနှစ်များနှောင်းပိုင်းမှ ၁၉၈၀ ခုနှစ်များအထိ ဒေသတွင်းဖြစ်ရပ်များနဲ့ ဆက်စပ်နေပါတယ်။

အဲဒီအချိန် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ကြောက်ရွံ့နေတဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်အထိ ရောက်ရှိလာတဲ့ ဗီယက်နမ်တပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပေကျင်းဟာ ဗီယက်နမ် ဟာ တရုတ်နိုင်ငံကို ဝိုင်းပတ်ခြိမ်းခြောက်လာတဲ့ ဆိုဗီယက်သြဇာလွှမ်းမိုးမှုရဲ့ Proxy ကိုယ်စားပြုသူအဖြစ် ရှုမြင် လာပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ထိုင်းနဲ့ တရုတ်တို့ဟာ ဗီယက်နမ်တပ်များကို ခုခံတိုက်ခိုက်ရန် ကမ္ဘောဒီးယား သို့ လက်နက်များ ပေးပို့ခြင်းဖြင့် သူတို့ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားကို ချိန်ညှိပေးခဲ့ကြဖူးပါတယ်။

၂၀၂၁ ခုနှစ် နစက အစိုးရ အာဏာရယူမှုကြောင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ပိုမိုဆိုးရွားလာပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့အကြားမှာလည်း တဖန်ပြန်လည်နီးကပ်လာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ တရားမဝင် လူဝင် ရောက်မှုများ၊ လက်နက်မှောင်ခိုကူးမှုမျိုးတို့လို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပြည်တွင်း စစ် က လျှံထွက်လာတဲ့ အကျိုးဆက်များကို ရင်ဆိုင်နေရပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ စိုးရိမ်မှုတွေဟာ အထူးသဖြင့် သူ တို့ရဲ့ သက်ဆိုင်ရာ နယ်စပ်တစ်လျှောက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါတယ်။

မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) များပါ နှစ်ဖက်စလုံးမှ ဒရုန်းများ အသုံးပြု တိုက်ခိုက်နေတဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာများကို မြင့်တက်လာစေပါတယ်။ ဒရုန်းတွေဟာ သမားရိုးကျ ရေဒါထောက်လှမ်းမှုကို ရှောင်လွှဲနိုင်ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ဖို့ ဒုံးကျည်စနစ်တွေ ကိုသာ အသုံးပြုရမယ်ဆိုရင် ထိုင်းစစ်တပ်အတွက် ဈေးကြီးလွန်းတဲ့ အကန့်အသတ် ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ထိုင်းနိုင်ငံကြား မိုင်ပေါင်း ၁၅၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်စည်းရိုးတလျှောက် ကင်းလှည့်ရမယ့် ကိစ္စဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။
..
အဲ့ဒီ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့အတွက် ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ စာ တမ်းမှာ စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ်ယူရန်နဲ့ နိုင်ငံအချုပ်အခြာနယ်နိမိတ်များကို ပိုမိုကောင်းမွန်စွာ လုံခြုံစေရေး တန်ပြန်ဒရုန်း အစီအမံများကို မြှင့်တင်ရန် ထည့်သွင်းထားပါတယ်။ ဒါပေမယ့် “ပရီဒေတာ” နဲ့ “ရီပါး” တိ့ုလို အမေရိကန်ဒရုန်းတွေဟာ ထိုင်းနိုင်ငံအတွက် အလွန်ဈေးကြီးပါတယ်။ ဒါ့ကြောင့် ထိုင်းဘုရင့်တပ် မတော် (RTA) အနေနဲ့ သူတို့ရဲ့ စောင့်ကြည့်ရေးစွမ်းရည်ကို မြှင့်တင်ပေးမယ့် Sky Saker FX80 ဒရုန်းများကို ဝယ်ယူဖို့ “တရုတ်နော်ရင်ကို ကုမ္ပဏီ” နဲ့ ၂၀၂၃- ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Strike-2024 စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ တရုတ်မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းကျောင်းရန် သင်ယူခဲ့ပြီး အချိန်နှင့်တပြေးညီ ထောက်လှမ်းရေးနဲ့ ကွပ်ကဲမှုစွမ်းရည်များကို မြှင့် တင်ခဲ့ပါတယ်။ ဒရုန်းဆိုတာမျိုးဟာ တောတွင်းစစ်ဆင်ရေးများမှာ အထူးအသုံးဝင်ပြီး အနီအောက်ရောင်ခြည်နဲ့ ညဘက်အမြင်အာရုံကို အသုံးပြုနိုင်တဲ့အတွက် မြင်နိုင်စွမ်းနည်းပါးတဲ့ နေရာများမှာလည်း တိုက်ပွဲဝင်နိုင်ပါ တယ်။ အဲ့ဒီ နည်းပညာဟာ ထိုင်းစစ်တပ်အနေနဲ့ ပူးပေါင်းညှိနှိုင်းစေပြီး နယ်ပယ်အသီးသီးမှာ ပိုမို ကောင်း မွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် အကူအညီပေးပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ထိုင်းဘုရင့်တပ်မတော် RTA တို့အကြား မြန်မာနိုင်ငံမှ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖို့ နည်း ဗျူဟာများကို မြှင့်တင်နိုင်စေခဲ့ပါတယ်။ Strike-2024 မှာ သတ်မှတ်ဧရိယာအတွင်း ရှင်းလင်းရေးနဲ့ ဓားစာခံ ကယ်တင်ခြင်းမျိုးတို့လို မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်မှုများမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအတွက် အဖိုး တန်လက်တွေ့အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါတယ်။ PLA အနေနဲ့ကလည်း ထိုင်းစစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ အထူးသဖြင့် ၁၉၆၀- ခုနှစ်များအတွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး များနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လတ်တလော စစ်ရေးအတွေ့အကြုံများကို လေ့လာခွင့် ရရှိခဲ့ပါတယ်။

ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပေကျင်းရဲ့ လက်နက်ရောင်းချမှုကို မြှင့်တင်ရန်နဲ့ အရှေ့တောင်အာ ရှဒေသ ကာကွယ်ရေးဆက်ဆံမှုကို ခိုင်မာစေရေးအတွက် အရေးကြီးပါတယ်။ အဆိုပါ လေ့ကျင့်ခန်းတွေဟာ ထိုင်းတို့လို ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်ရန်နဲ့ တရုတ်ရဲ့ စစ်ရေးနည်းပညာကို သရုပ်ပြရန် ကူညီ ပေးပါတယ်။ လက်နက်တင်ပို့မှု တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံဟာ မျှဝေထိန်းသိမ်းစောင့်ရှောက်မှု၊ ထောက်ပံ့ပို့ ဆောင်ရေးနဲ့ လေ့ကျင့်ရေးတို့ကို မီးမောင်းထိုးပြပြီး အရှေ့တောင်အာရှနိုင်ငံများနဲ့ ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားပါတယ်။

ဒီကိစ္စဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ အိမ်ဖြူတော်ရဲ့ မဟာမိတ်အဖြစ် ထိုင်းနိုင်ငံဟာ အစဉ်အလာအားဖြင့် အမေရိကန် စစ်လက်နက်ပစ္စည်းများကို မှီခိုအားထားခဲ့ပါတယ်။ သို့သော်လည်း့ တရုတ်ရဲ့ ထိုင်းနိုင်ငံသို့ လက်နက်ရောင်းချမှု မြင့်တက်လာခြင်းဟာ ဒေသတွင်း အမေရိကန်ရဲ့ သြဇာလွှမ်း မိုးမှုကို တန်ပြန်ရန် ပေကျင်းရဲ့ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ကလည်း တရုတ်ကို ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ယူဆထားပါတယ်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အဆိုအရ ယခုအခါ တရုတ်နိုင်ငံဟာ လက်နက်ငယ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနဲ့ ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ စစ်ဘက်တင်သွင်းမှု၏ ၄၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံရဲ့ တရုတ်နည်းပညာအပေါ် ပိုမိုမှီခိုလာခြင်းအားဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား ကြီးထွားလာ တဲ့ ပြိုင်ဆိုင်မှုမှာ ကြားနေရန် ပေကျင်းက ဘန်ကောက်ကို တွန်းအားပေးသလို ရှိနေပါတယ်။ အမေရိကန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံလိုအပ်နေတဲ့ တရုတ်လက်နက်များ လက်လှမ်းမီမှုကို ခြိမ်းခြောက်နိုင်ပြီး ဘန်ကောက်အတွက်လည်း စူပါပါဝါနှစ်နိုင်ငံနဲ့ သူ့ရဲ့ဆက်ဆံရေး ချိန်ခွင်လျှာကို ချိန်ညှိရန် ပိုမိုခက်ခဲစေ ပါတယ်။

နိဂုံးချုပ် သုံးသပ်ရရင် Strike-2024 စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ နောက်ခံပုံရိပ်တစ်ခု ဖြစ်ပြီး တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံစလုံးအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှဝေပေးခဲ့ပါတယ်။ အဆိုပါ စိန် ခေါ်မှုများကြားမှ စစ်လေ့ကျင့်ခန်းတွေဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်း ရာမှာ အချင်းချင်း အတွေ့အကြုံနည်းဗျူဟာများမှ သင်ယူနိုင်ဖို့ အဖိုးတန်အခွင့်အလမ်း ပွင့်ဟသွားခြင်းလည်း ဖြစ်ပါတယ်။

ဒါ့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနဲ့ နယ်စပ်တစ်လျှောက် လုံခြုံရေး အားကောင်းစေရန် ဒရုန်းများ ကို စိတ်ဝင်စားစွာ ရှာဖွေနေတဲ့ ထိုင်းနိုင်ငံကို တရုတ်အနေနဲ့ သူ့ရဲ့ နောက်ဆုံးပေါ် စစ်ဘက်ဆိုင်ရာ နည်း ပညာများ ပြသခွင့် ရရှိခဲ့ပါတယ်။ ခေတ်မီနည်းပညာများ ထည့်သွင်းခြင်းရဲ့ ဦးတည်လမ်းကြောင်းဟာ ၂၀၂၄-ခုနှစ် ကမ္ဘောဒီးယား-တရုတ်တို့အကြား “ရွှေနဂါးစစ်ရေလေ့ကျင့်ခန်း” မှာ မောင်းသူမဲ့လေယာဉ်များကို တိုက် ခိုက်ရေးနဲ့ ဆက်နွယ်ပြီး နိုင်ငံအများ စိတ်ဝင်တစား ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ရှေ့တစ်ဆင့်တိုး စဉ်းစားကြည့်ရင်တော့ တရုတ်အနေနဲ့ အရှေ့တောင်အာရှတစ်ဝှမ်းမှာ သူ့ရဲ့လက်နက် ရောင်း ချမှုကို မြှင့်တင်ရန်အတွက် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်များနဲ့ စစ်လက်နက်ပစ္စည်းများကို ဆက် လက်အ သုံးပြုနေဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံအားလုံးနဲ့ ချစ် ကြည်ရင်း နှီးစွာ ဆက်ဆံလိုတဲ့ ထိုင်းနိုင်ငံလို တိုင်းပြည်မျိုးမှာတော့ တရုတ်ရဲ့ လက်နက်ရောင်းချမှုဟာ သိသိသာသာ တိုးမြင့်လာဖွယ် မတွေ့ရှိရပါဘူး။

(The Diplomat., 22 October 2024,” What’s Behind the China-Thailand ‘Strike-2024’ Exercise? ” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ျမန္မာနယ္စပ္အနီး ထိုင္း-တ႐ုတ္ ပူးတြဲစစ္ေရးေလ့က်င့္
Htay Oung (NP News) - ေအာက္တိုဘာ ၂၄

ထိုင္းနဲ႔ တ႐ုတ္တို႔ရဲ႕ ကာကြယ္ေရးဆိုင္ရာ အျပန္အလွန္ဆက္ဆံေရးဟာ အေရွ႕ေတာင္အာရွေဒသမွာ ထင္ရွားတဲ့ မွတ္တိုင္အေတာ္မ်ားမ်ားကို ေအာင္ျမင္စြာ စိုက္ထူႏိုင္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ ၂၀၀၅ ခုႏွစ္မွ စတင္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္တဲ့ ေဒသတြင္း ပထမဆုံးေသာ ႏိုင္ငံျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း အဆိုပါ ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ အတိုင္းအတာပမာဏနဲ႔ွ ရႈပ္ေထြးမႈမ်ား ႀကီးထြားလာခဲ့ၿပီး အထူးသျဖင့္ ၂၀၁၄ ထိုင္းအာဏာသိမ္းမႈအၿပီး ေပက်င္းနဲ႔ ပိုမိုနီးကပ္စြာ ဆက္ဆံဖို႔ ဘန္ေကာက္အတြက္ အေၾကာင္းဖန္လာပါ တယ္။ ထိုင္းစစ္တပ္ လႊမ္းမိုးတဲ့ အုပ္ခ်ဳပ္ေရးစနစ္အေပၚ အေမရိကန္ရဲ႕ ေဝဖန္မႈကို ႀကံ့ႀကံ့ခံႏိုင္ဖို႔ျဖစ္ပါတယ္။ ယေန႔ ထိုင္းႏိုင္ငံဟာ ေရတပ္ “Blue Strike” နဲ႔ ေလေၾကာင္းတိုက္ခိုက္ေရး “Falcon Strike” အပါအဝင္ ႏွစ္ႏိုင္ငံစစ္ေရးေလ့က်င့္မႈေတြဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ရဲ႕ ၾကည္းေရေလ သုံးခုစလုံးနဲ႔ ျပဳလုပ္ျခင္း ျဖစ္တဲ့အတြက္ အေရွ႕ေတာင္အာရွေဒသမွာ တစ္မူထူးျခားလ်က္ရွိတယ္လို႔ “ဒစ္ပလိုမက္” (22 October 2024) က ေရးသားပါတယ္။

လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၆ ရက္ေန႔မွ စတင္ၿပီး ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕မွာ တ႐ုတ္နဲ႔ ထိုင္းႏွစ္ႏိုင္ငံ ပူး ေပါင္းၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးေလ့က်င့္ခန္းကို ၁၁-ရက္ၾကာျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီေလ့က်င့္ခန္းဟာ ထိုင္းႏိုင္ငံ ေျမာက္ဘက္ မိုင္ ၅၀၀ ခန႔္အကြာ နယ္စပ္အနီး “Strike 2024” စစ္ေရးေလ့က်င့္မႈရဲ႕ ေနာက္ ဆက္တြဲလည္း ျဖစ္ပါတယ္။ ယခုေလ့က်င့္ခန္းမွာ ႏွစ္ႏိုင္ငံစလုံးမွ တပ္ဖြဲ႕ဝင္ေတြဟာ ၿမိဳ႕ျပစစ္ဆင္ေရးေလ့ က်င့္မႈ၊ ပ႐ိုလက္နက္အေတြ႕အႀကဳံ ဖလွယ္မႈမ်ားနဲ႔ တ႐ုတ္ႏိုင္ငံထုတ္ QBZ-95-1 ေခ်မႈန္းေရး ႐ိုင္ဖယ္တို႔ကို ကိုင္ေဆာင္ၿပီး စစ္ေရးေလ့က်င့္ေနတဲ့ ထိုင္းစစ္သားမ်ားရဲ႕ ႐ုပ္ပုံပါ ဗြီဒီယိုကို ကြန္ျမဴနစ္အစိုးရပိုင္ CCTV သ တင္းဌာနက လႊင့္ထုတ္ခဲ့ပါတယ္။ ပထမ အသားေပး ေဖာ္ျပတာကေတာ့ အဲ့ဒီေလ့က်င့္ခန္းေတြဟာ ၂၀၀၅ ခုႏွစ္ကတည္းက သတ္မွတ္ထားတဲ့ ပုံစံအတိုင္း လုပ္႐ိုးလုပ္စဥ္အျဖစ္ ရႈ႕ျမင္ေစျခင္းပဲ ျဖစ္ပါတယ္။

ယခုႏွစ္ “Strike-2024” စစ္ေရးေလ့က်င့္ရာမွာ ဒ႐ုန္းမ်ားကို ထည့္သြင္းလာေၾကာင္း ေတြ႕ရွိရပါတယ္။ ထိုင္း အေနနဲ႔ ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္တေလ်ာက္ ကင္းလွည့္ရန္အတြက္ စစ္ဘက္ဆိုင္ရာ ဒ႐ုန္းမ်ားကို ဝယ္ ယူရန္ စိတ္အားထက္သန္ေနပါတယ္။ တ႐ုတ္ဘက္က ၾကည့္ရင္လဲ ဒီလို စစ္ေရးေလ့က်င့္မႈမွာ ဒ႐ုန္းမ်ားကို မိတ္ဆက္ျခင္းအားျဖင့္ လက္နက္ေရာင္းခ်မႈ တိုးခ်ဲ႕ရန္နဲ႔ အေရွ႕ေတာင္အာရွေဒသအတြင္း သူ႔ရဲ႕ ကာကြယ္ ေရးဆိုင္ရာ မိတ္ဖက္ဆက္ဆံေရးကြန္ရက္ ျမႇင့္တင္ေရးကို ပိုမိုက်ယ္ျပန႔္လာေစဖို႔ အေထာက္အကူ ရရွိေစပါ တယ္။

တ႐ုတ္-ျမန္မာနယ္စပ္အနီး ျပဳလုပ္ခဲ့တဲ့ “Strike-2024” စစ္ေရးေလ့က်င့္မႈဟာ ထိုင္းနဲ႔ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား အတြက္ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား၊ လူေမွာင္ခိုကူးမႈ၊ အထူးသျဖင့္ ေတာင္တန္းေဒသမွာ သာမန္ မဟုတ္တဲ့ လုံၿခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္စိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ သတင္းအခ်က္အလက္နဲ႔ နည္း ဗ်ဴဟာမ်ားကို ဖလွယ္ၾကမယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံတို႔ဟာ နယ္နိမိတ္ခ်င္း ထိစပ္ေနျခင္း မရွိေသာ္လည္း ၎တို႔ေဒသအတြင္း မွ်ေဝရင္ဆိုင္ေနရတဲ့ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ ကာကြယ္ေရးဆိုင္ရာ အနီး ကပ္ ပူးေပါင္းေဆာင္႐ြက္မႈ တည္ရွိေနပါတယ္။ အဲ့ဒီ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ သမိုင္းဝင္ ဥပမာတစ္ခုမွာ ထိုင္း အိမ္နီးခ်င္း ကေမာၻဒီးယားကို ဗီယက္နမ္က က်ဴးေက်ာ္မႈ ၁၉၇၀ ခုႏွစ္မ်ားေႏွာင္းပိုင္းမွ ၁၉၈၀ ခုႏွစ္မ်ားအထိ ေဒသတြင္းျဖစ္ရပ္မ်ားနဲ႔ ဆက္စပ္ေနပါတယ္။

အဲဒီအခ်ိန္ ကြန္ျမဴနစ္ဝါဒျပန႔္ပြားမႈကို ေၾကာက္႐ြံ႕ေနတဲ့ ထိုင္းႏိုင္ငံဟာ ကေမာၻဒီးယားနယ္စပ္တစ္ေလွ်ာက္အထိ ေရာက္ရွိလာတဲ့ ဗီယက္နမ္တပ္မ်ားနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေပက်င္းဟာ ဗီယက္နမ္ ဟာ တ႐ုတ္ႏိုင္ငံကို ဝိုင္းပတ္ၿခိမ္းေျခာက္လာတဲ့ ဆိုဗီယက္ၾသဇာလႊမ္းမိုးမႈရဲ႕ Proxy ကိုယ္စားျပဳသူအျဖစ္ ရႈျမင္ လာပါတယ္။ တုံ႔ျပန္တဲ့အေနနဲ႔ ထိုင္းနဲ႔ တ႐ုတ္တို႔ဟာ ဗီယက္နမ္တပ္မ်ားကို ခုခံတိုက္ခိုက္ရန္ ကေမာၻဒီးယား သို႔ လက္နက္မ်ား ေပးပို႔ျခင္းျဖင့္ သူတို႔ရဲ႕ ဗ်ဴဟာေျမာက္ အက်ိဳးစီးပြားကို ခ်ိန္ညႇိေပးခဲ့ၾကဖူးပါတယ္။

၂၀၂၁ ခုႏွစ္ နစက အစိုးရ အာဏာရယူမႈေၾကာင့္ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ဟာ ပိုမိုဆိုး႐ြားလာၿပီး တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံတို႔အၾကားမွာလည္း တဖန္ျပန္လည္နီးကပ္လာခဲ့ပါတယ္။ ႏွစ္ႏိုင္ငံစလုံးအေနနဲ႔ တရားမဝင္ လူဝင္ ေရာက္မႈမ်ား၊ လက္နက္ေမွာင္ခိုကူးမႈမ်ိဳးတို႔လို ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈမ်ား အပါအဝင္ ျမန္မာျပည္တြင္း စစ္ က လွ်ံထြက္လာတဲ့ အက်ိဳးဆက္မ်ားကို ရင္ဆိုင္ေနရပါတယ္။ ႏွစ္ႏိုင္ငံစလုံးရဲ႕ စိုးရိမ္မႈေတြဟာ အထူးသျဖင့္ သူ တို႔ရဲ႕ သက္ဆိုင္ရာ နယ္စပ္တစ္ေလွ်ာက္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို အားေကာင္းေစပါတယ္။

ျမန္မာအစိုးရေရာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား (EAOs) မ်ားပါ ႏွစ္ဖက္စလုံးမွ ဒ႐ုန္းမ်ား အသုံးျပဳ တိုက္ခိုက္ေနတဲ့ ပဋိပကၡဟာ ထိုင္းႏိုင္ငံရဲ႕ လုံၿခဳံေရးအတြက္ စိုးရိမ္ဖြယ္ရာမ်ားကို ျမင့္တက္လာေစပါတယ္။ ဒ႐ုန္းေတြဟာ သမား႐ိုးက် ေရဒါေထာက္လွမ္းမႈကို ေရွာင္လႊဲႏိုင္ၿပီး ၎တို႔ကို ဖ်က္ဆီးပစ္ဖို႔ ဒုံးက်ည္စနစ္ေတြ ကိုသာ အသုံးျပဳရမယ္ဆိုရင္ ထိုင္းစစ္တပ္အတြက္ ေဈးႀကီးလြန္းတဲ့ အကန႔္အသတ္ ရွိေနပါတယ္။ ဒါ့အျပင္ ျမန္မာနဲ႔ ထိုင္းႏိုင္ငံၾကား မိုင္ေပါင္း ၁၅၀၀ ေက်ာ္ ရွည္လ်ားတဲ့ နယ္စပ္စည္း႐ိုးတေလွ်ာက္ ကင္းလွည့္ရမယ့္ ကိစၥဟာ သိသာထင္ရွားတဲ့ စိန္ေခၚမႈျဖစ္ေနပါတယ္။
..
အဲ့ဒီ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းဖို႔အတြက္ ထိုင္းႏိုင္ငံရဲ႕ ၂၀၂၄ ခုႏွစ္ ကာကြယ္ေရးဆိုင္ရာ စကၠဴျဖဴ စာ တမ္းမွာ စစ္ဘက္ဆိုင္ရာ ဒ႐ုန္းမ်ားကို ဝယ္ယူရန္နဲ႔ ႏိုင္ငံအခ်ဳပ္အျခာနယ္နိမိတ္မ်ားကို ပိုမိုေကာင္းမြန္စြာ လုံၿခဳံေစေရး တန္ျပန္ဒ႐ုန္း အစီအမံမ်ားကို ျမႇင့္တင္ရန္ ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ “ပရီေဒတာ” နဲ႔ “ရီပါး” တိ့ုလို အေမရိကန္ဒ႐ုန္းေတြဟာ ထိုင္းႏိုင္ငံအတြက္ အလြန္ေဈးႀကီးပါတယ္။ ဒါ့ေၾကာင့္ ထိုင္းဘုရင့္တပ္ မေတာ္ (RTA) အေနနဲ႔ သူတို႔ရဲ႕ ေစာင့္ၾကည့္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးမယ့္ Sky Saker FX80 ဒ႐ုန္းမ်ားကို ဝယ္ယူဖို႔ “တ႐ုတ္ေနာ္ရင္ကို ကုမၸဏီ” နဲ႔ ၂၀၂၃- ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

Strike-2024 စစ္ေရးေလ့က်င့္မႈအတြင္း ထိုင္းတပ္ဖြဲ႕ဝင္ေတြဟာ အဆိုပါ တ႐ုတ္ေမာင္းသူမဲ့ေလယာဥ္မ်ားကို ကိုင္တြယ္ထိန္းေက်ာင္းရန္ သင္ယူခဲ့ၿပီး အခ်ိန္ႏွင့္တေျပးညီ ေထာက္လွမ္းေရးနဲ႔ ကြပ္ကဲမႈစြမ္းရည္မ်ားကို ျမႇင့္ တင္ခဲ့ပါတယ္။ ဒ႐ုန္းဆိုတာမ်ိဳးဟာ ေတာတြင္းစစ္ဆင္ေရးမ်ားမွာ အထူးအသုံးဝင္ၿပီး အနီေအာက္ေရာင္ျခည္နဲ႔ ညဘက္အျမင္အာ႐ုံကို အသုံးျပဳႏိုင္တဲ့အတြက္ ျမင္ႏိုင္စြမ္းနည္းပါးတဲ့ ေနရာမ်ားမွာလည္း တိုက္ပြဲဝင္ႏိုင္ပါ တယ္။ အဲ့ဒီ နည္းပညာဟာ ထိုင္းစစ္တပ္အေနနဲ႔ ပူးေပါင္းညႇိႏႈိင္းေစၿပီး နယ္ပယ္အသီးသီးမွာ ပိုမို ေကာင္း မြန္တဲ့ ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္ႏိုင္ရန္ အကူအညီေပးပါတယ္။

အဆိုပါ စစ္ေရးေလ့က်င့္မႈမွာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) နဲ႔ ထိုင္းဘုရင့္တပ္မေတာ္ RTA တို႔အၾကား ျမန္မာႏိုင္ငံမွ သမား႐ိုးက် မဟုတ္တဲ့ လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို ရင္ဆိုင္ဖို႔ နည္း ဗ်ဴဟာမ်ားကို ျမႇင့္တင္ႏိုင္ေစခဲ့ပါတယ္။ Strike-2024 မွာ သတ္မွတ္ဧရိယာအတြင္း ရွင္းလင္းေရးနဲ႔ ဓားစာခံ ကယ္တင္ျခင္းမ်ိဳးတို႔လို ၿမိဳ႕ျပအၾကမ္းဖက္မႈႏွိမ္နင္းေရးေလ့က်င့္မႈမ်ားမွာ ႏွစ္ႏိုင္ငံတပ္ဖြဲ႕ဝင္မ်ားအတြက္ အဖိုး တန္လက္ေတြ႕အေတြ႕အႀကဳံမ်ားကို ေပးစြမ္းႏိုင္ပါတယ္။ PLA အေနနဲ႔ကလည္း ထိုင္းစစ္တပ္ရဲ႕ က်ယ္ျပန႔္တဲ့ တိုက္ခိုက္ေရး အေတြ႕အႀကဳံ အထူးသျဖင့္ ၁၉၆၀- ခုႏွစ္မ်ားအတြင္း ေသာင္းက်န္းမႈ ႏွိမ္နင္းေရး စစ္ဆင္ေရး မ်ားနဲ႔ ထိုင္းႏိုင္ငံ ေတာင္ပိုင္းတြင္ လတ္တေလာ စစ္ေရးအေတြ႕အႀကဳံမ်ားကို ေလ့လာခြင့္ ရရွိခဲ့ပါတယ္။

ထိုင္း-တ႐ုတ္ ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ေပက်င္းရဲ႕ လက္နက္ေရာင္းခ်မႈကို ျမႇင့္တင္ရန္နဲ႔ အေရွ႕ေတာင္အာ ရွေဒသ ကာကြယ္ေရးဆက္ဆံမႈကို ခိုင္မာေစေရးအတြက္ အေရးႀကီးပါတယ္။ အဆိုပါ ေလ့က်င့္ခန္းေတြဟာ ထိုင္းတို႔လို ေဖာက္သည္အသစ္မ်ားကို ဆြဲေဆာင္ႏိုင္ရန္နဲ႔ တ႐ုတ္ရဲ႕ စစ္ေရးနည္းပညာကို သ႐ုပ္ျပရန္ ကူညီ ေပးပါတယ္။ လက္နက္တင္ပို႔မႈ တိုးျမႇင့္ျခင္းျဖင့္ တ႐ုတ္ႏိုင္ငံဟာ မွ်ေဝထိန္းသိမ္းေစာင့္ေရွာက္မႈ၊ ေထာက္ပံ့ပို႔ ေဆာင္ေရးနဲ႔ ေလ့က်င့္ေရးတို႔ကို မီးေမာင္းထိုးျပၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားနဲ႔ ကာကြယ္ေရးဆိုင္ရာ ပူး ေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ရန္ ရည္႐ြယ္ထားပါတယ္။

ဒီကိစၥဟာ ထိုင္းႏိုင္ငံအတြက္ အလြန္အေရးႀကီးပါတယ္။ အိမ္ျဖဴေတာ္ရဲ႕ မဟာမိတ္အျဖစ္ ထိုင္းႏိုင္ငံဟာ အစဥ္အလာအားျဖင့္ အေမရိကန္ စစ္လက္နက္ပစၥည္းမ်ားကို မွီခိုအားထားခဲ့ပါတယ္။ သို႔ေသာ္လည္း့ တ႐ုတ္ရဲ႕ ထိုင္းႏိုင္ငံသို႔ လက္နက္ေရာင္းခ်မႈ ျမင့္တက္လာျခင္းဟာ ေဒသတြင္း အေမရိကန္ရဲ႕ ၾသဇာလႊမ္း မိုးမႈကို တန္ျပန္ရန္ ေပက်င္းရဲ႕ မဟာဗ်ဴဟာတစ္စိတ္တစ္ပိုင္းျဖစ္ေနပါတယ္။ အေမရိကန္အေနနဲ႔ကလည္း တ႐ုတ္ကို ထိန္းခ်ဳပ္ဖို႔ အေရးႀကီးတယ္လို႔ ယူဆထားပါတယ္။ စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသနဌာန (SIPRI) ရဲ႕ အဆိုအရ ယခုအခါ တ႐ုတ္ႏိုင္ငံဟာ လက္နက္ငယ္မ်ား၊ တင့္ကားမ်ား၊ သံခ်ပ္ကာယာဥ္မ်ားနဲ႔ ေရငုပ္သေဘၤာမ်ား အပါအဝင္ ထိုင္းႏိုင္ငံ စစ္ဘက္တင္သြင္းမႈ၏ ၄၄ ရာခိုင္ႏႈန္းကို ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း သိရွိရပါတယ္။

ထိုင္းႏိုင္ငံရဲ႕ တ႐ုတ္နည္းပညာအေပၚ ပိုမိုမွီခိုလာျခင္းအားျဖင့္ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား ႀကီးထြားလာ တဲ့ ၿပိဳင္ဆိုင္မႈမွာ ၾကားေနရန္ ေပက်င္းက ဘန္ေကာက္ကို တြန္းအားေပးသလို ရွိေနပါတယ္။ အေမရိကန္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးဟာ ထိုင္းႏိုင္ငံလိုအပ္ေနတဲ့ တ႐ုတ္လက္နက္မ်ား လက္လွမ္းမီမႈကို ၿခိမ္းေျခာက္ႏိုင္ၿပီး ဘန္ေကာက္အတြက္လည္း စူပါပါဝါႏွစ္ႏိုင္ငံနဲ႔ သူ႔ရဲ႕ဆက္ဆံေရး ခ်ိန္ခြင္လွ်ာကို ခ်ိန္ညႇိရန္ ပိုမိုခက္ခဲေစ ပါတယ္။

နိဂုံးခ်ဳပ္ သုံးသပ္ရရင္ Strike-2024 စစ္ေရးေလ့က်င့္မႈဟာ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ရဲ႕ ေနာက္ခံပုံရိပ္တစ္ခု ျဖစ္ၿပီး တ႐ုတ္နဲ႔ ထိုင္းႏွစ္ႏိုင္ငံစလုံးအတြက္ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈေတြကို မွ်ေဝေပးခဲ့ပါတယ္။ အဆိုပါ စိန္ ေခၚမႈမ်ားၾကားမွ စစ္ေလ့က်င့္ခန္းေတြဟာ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ ၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္း ရာမွာ အခ်င္းခ်င္း အေတြ႕အႀကဳံနည္းဗ်ဴဟာမ်ားမွ သင္ယူႏိုင္ဖို႔ အဖိုးတန္အခြင့္အလမ္း ပြင့္ဟသြားျခင္းလည္း ျဖစ္ပါတယ္။

ဒါ့ျပင္ အဆိုပါ စစ္ေရးေလ့က်င့္မႈမွာ ျမန္မာနဲ႔ နယ္စပ္တစ္ေလွ်ာက္ လုံၿခဳံေရး အားေကာင္းေစရန္ ဒ႐ုန္းမ်ား ကို စိတ္ဝင္စားစြာ ရွာေဖြေနတဲ့ ထိုင္းႏိုင္ငံကို တ႐ုတ္အေနနဲ႔ သူ႔ရဲ႕ ေနာက္ဆုံးေပၚ စစ္ဘက္ဆိုင္ရာ နည္း ပညာမ်ား ျပသခြင့္ ရရွိခဲ့ပါတယ္။ ေခတ္မီနည္းပညာမ်ား ထည့္သြင္းျခင္းရဲ႕ ဦးတည္လမ္းေၾကာင္းဟာ ၂၀၂၄-ခုႏွစ္ ကေမာၻဒီးယား-တ႐ုတ္တို႔အၾကား “ေ႐ႊနဂါးစစ္ေရေလ့က်င့္ခန္း” မွာ ေမာင္းသူမဲ့ေလယာဥ္မ်ားကို တိုက္ ခိုက္ေရးနဲ႔ ဆက္ႏြယ္ၿပီး ႏိုင္ငံအမ်ား စိတ္ဝင္တစား ရွိေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

ေရွ႕တစ္ဆင့္တိုး စဥ္းစားၾကည့္ရင္ေတာ့ တ႐ုတ္အေနနဲ႔ အေရွ႕ေတာင္အာရွတစ္ဝွမ္းမွာ သူ႔ရဲ႕လက္နက္ ေရာင္း ခ်မႈကို ျမႇင့္တင္ရန္အတြက္ အဆင့္ျမင့္ေမာင္းသူမဲ့ေလယာဥ္မ်ားနဲ႔ စစ္လက္နက္ပစၥည္းမ်ားကို ဆက္ လက္အ သုံးျပဳေနဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း အေမရိကန္အပါအဝင္ အင္အားႀကီးႏိုင္ငံအားလုံးနဲ႔ ခ်စ္ ၾကည္ရင္း ႏွီးစြာ ဆက္ဆံလိုတဲ့ ထိုင္းႏိုင္ငံလို တိုင္းျပည္မ်ိဳးမွာေတာ့ တ႐ုတ္ရဲ႕ လက္နက္ေရာင္းခ်မႈဟာ သိသိသာသာ တိုးျမင့္လာဖြယ္ မေတြ႕ရွိရပါဘူး။

(The Diplomat., 22 October 2024,” What’s Behind the China-Thailand ‘Strike-2024’ Exercise? ” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.