မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော

 223

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၄

အမေရိကန်အစိုးရက ရုရှားနိုင်ငံတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အနည်းဆုံး (၃၀၀၀)ခန့် စစ်ရေးလေ့ကျင့်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားစစ်သားများသည်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်မည်ဆိုပါက ယူကရိန်းစစ်တပ်၏ တရားဝင်ပစ်မှတ် များဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက သတိပေးပြောဆိုလိုက်သည်။

ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် ယူကရိန်းစစ်ပွဲဖြစ်ပွားနေချိန်အတွင်း နိုင်ငံရေးနှင် စစ်ရေးမဟာမိတ်ဖြစ်မှု တိုးမြင့်လုပ်ကိုင်လာခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်အတွက် ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပြီးနောက် လက်ရှိအချိန်တွင် ရုရှားနိုင်ငံသို့တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က "အောက်တိုဘာလအစောပိုင်းအထိ မြောက်ကိုရီးယားစစ်သား အနည်းဆုံး ၃၀၀၀ ခန့် ရုရှားနိုင်ငံကိုရောက်ရှိနေတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားနိုင်ငံ ဗီလာဒီဗိုစတော့ မြို့ကို သင်္ဘောတွေနဲ့ သွားရောက်ခဲ့တယ်။ အဲဒီမြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားရှေ့ပိုင်းမှာ စစ်ရေးလေ့ကျင့်နေတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ စစ်ပွဲမှာ ဘယ်လောက်အထိ ပါဝင်တိုက်ခိုက်နေသလဲဆိုတာ ကျွန်တော်တို့ အတိကျမသိသေးဘူး၊ စစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်လာမယ်ဆိုရင်တော့မြောက်ကိုရီးယားစစ်သားတွေဟာ ယူကရိန်းရဲ့တရားဝင်ပစ်မှတ်တွေဖြစ်လာဖွယ်ရှိပါတယ်"ဟု ပြောသည်။

ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ယခုနှစ်အတွင်း ပိုမိုကောင်းမွန်သော မဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခဲ့ကြောင်းသိရသည်။

zawgyi version
ေျမာက္ကိုရီးယားစစ္သားအနည္းဆုံး (၃၀၀၀)ခန႔္ ႐ုရွားတြင္ စစ္ေရးေလ့က်င့္ေနဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၄

အေမရိကန္အစိုးရက ႐ုရွားႏိုင္ငံတြင္ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္အနည္းဆုံး (၃၀၀၀)ခန႔္ စစ္ေရးေလ့က်င့္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ေျမာက္ကိုရီးယားစစ္သားမ်ားသည္စစ္ပြဲတြင္ ပါဝင္တိုက္ခိုက္မည္ဆိုပါက ယူကရိန္းစစ္တပ္၏ တရားဝင္ပစ္မွတ္ မ်ားျဖစ္လာဖြယ္ရွိေနေၾကာင္း အေမရိကန္အစိုးရက သတိေပးေျပာဆိုလိုက္သည္။

႐ုရွားႏွင့္ေျမာက္ကိုရီးယားႏိုင္ငံတို႔သည္ ယူကရိန္းစစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း ႏိုင္ငံေရးႏွင္ စစ္ေရးမဟာမိတ္ျဖစ္မႈ တိုးျမင့္လုပ္ကိုင္လာခဲ့ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားသည္ ယူကရိန္းစစ္ပြဲတြင္အသုံးျပဳရန္အတြက္ ႐ုရွားႏိုင္ငံကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ႐ုရွားႏိုင္ငံသို႔တပ္ဖြဲ႕ဝင္မ်ားေစလႊတ္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ၏ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က "ေအာက္တိုဘာလအေစာပိုင္းအထိ ေျမာက္ကိုရီးယားစစ္သား အနည္းဆုံး ၃၀၀၀ ခန႔္ ႐ုရွားႏိုင္ငံကိုေရာက္ရွိေနတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားႏိုင္ငံ ဗီလာဒီဗိုစေတာ့ ၿမိဳ႕ကို သေဘၤာေတြနဲ႔ သြားေရာက္ခဲ့တယ္။ အဲဒီေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားေရွ႕ပိုင္းမွာ စစ္ေရးေလ့က်င့္ေနတယ္။ ဒါေပမဲ့ေျ မာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ စစ္ပြဲမွာ ဘယ္ေလာက္အထိ ပါဝင္တိုက္ခိုက္ေနသလဲဆိုတာ ကြၽန္ေတာ္တို႔ အတိက်မသိေသးဘူး၊ စစ္ပြဲမွာေျမာက္ကိုရီးယားစစ္သားေတြ ပါဝင္တိုက္ခိုက္လာမယ္ဆိုရင္ေတာ့ေျမာက္ကိုရီးယားစစ္သားေတြဟာ ယူကရိန္းရဲ႕တရားဝင္ပစ္မွတ္ေတြျဖစ္လာဖြယ္ရွိပါတယ္"ဟု ေျပာသည္။

႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔သည္ ယခုႏွစ္အတြင္း ပိုမိုေကာင္းမြန္ေသာ မဟာမိတ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.