ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော

 214

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၄

အစ္စရေးနှင့်ဟားမတ်စ် အဖွဲ့ကြားအပစ်ခတ်ရပ်စဲရေးစောစီးစွာရနိုင်မည်ဆိုလျှင် ဒေသအတွင်းတင်းမာမှုများ ဖြေလျော့နိုင်မည်ဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က BRICS ထိပ်သီးအစည်းအဝေးအတွင်း ထည့်သွင်းပြောဆိုလိုက်သည်။

တရုတ်သမ္မတသည် အဆိုပါထိပ်သီးအစည်းအဝေးအတွင်း အီရန် သမ္မတ နှင့်တွေ့ဆုံဆွေးနွေးချိန်တွင်း ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်သည်။ ကမ္ဘာတဝန်းရှိနိုင်ငံများသည် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်တောင်းဆိုနေပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ကလည်း ဂါဇာစစ်ပွဲအဆုံးသတ်ရန် နှင့် လက်ဘနွန်စစ်ပွဲအဆုံးသတ်ရန်သံတမန်ရေး နည်းလမ်းဖြင့် လုပ်ဆောင်နေသည်။ ဒေသအတွင်း နှင့် နိုင်ငံတကာအခြေအနေများ ပြောင်းလဲနေသော်လည်း အီရန်နိုင်ငံနှင့် မိတ်ဆွေအဖြစ်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းပြောသည်။ အီရန်နိုင်ငံသည် ဒေသအတွင်းနှင့်နိုင်ငံတကာတွင် သြဇာလွမ်းမိုးမှုရှိသောနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် မိတ်ဆွေကောင်းဖြစ်သလို မိတ်ဖက်ကောင်းနိုင်ငံဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏အချုပ်အခြာ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင်ဘေးကင်းများအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြောသည်။ အီရန် နိုင်ငံသည် လက်ရှိအချိန်တွင် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေပြီးဂါဇာစစ်ပွဲ၊ လက်ဘနွန်စစ်ပွဲများနှင့် ဆက်နွယ်ကာ အစ္စရေးနိုင်ငံ နှင့် စစ်ရေးတင်းမာမှုများရှိနေကြောင်းသိရသည်။အီရန်သည် အောက်တိုဘာ ၁ရက်နေ့တွင်အစ္စရေးနိုင်ငံကို ဒုံးကျည်အစင်းပေါင်း ၂၀၀နီးပါးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံက အီရန်ကို လက်တုံ့ပြန်ရန် စီစဉ်နေကြောင်းသိရသည်။

zawgyi version
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး ေစာစီစြာရယူႏိုင္ျခင္းက ေဒသအတြင္းတင္းမာမႈမ်ားကို ေျဖေလ်ာ့ႏိုင္မည္ဟု တ႐ုတ္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၄

အစၥေရးႏွင့္ဟားမတ္စ္ အဖြဲ႕ၾကားအပစ္ခတ္ရပ္စဲေရးေစာစီးစြာရႏိုင္မည္ဆိုလွ်င္ ေဒသအတြင္းတင္းမာမႈမ်ား ေျဖေလ်ာ့ႏိုင္မည္ျဖစ္ေၾကာင္း တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္က BRICS ထိပ္သီးအစည္းအေဝးအတြင္း ထည့္သြင္းေျပာဆိုလိုက္သည္။

တ႐ုတ္သမၼတသည္ အဆိုပါထိပ္သီးအစည္းအေဝးအတြင္း အီရန္ သမၼတ ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္တြင္း ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ကမာၻတဝန္းရွိႏိုင္ငံမ်ားသည္ အစၥေရးႏွင့္ ဟားမတ္စ္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ စစ္ပြဲအဆုံးသတ္ရန္ေတာင္းဆိုေနၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ကလည္း ဂါဇာစစ္ပြဲအဆုံးသတ္ရန္ ႏွင့္ လက္ဘႏြန္စစ္ပြဲအဆုံးသတ္ရန္သံတမန္ေရး နည္းလမ္းျဖင့္ လုပ္ေဆာင္ေနသည္။ ေဒသအတြင္း ႏွင့္ ႏိုင္ငံတကာအေျခအေနမ်ား ေျပာင္းလဲေနေသာ္လည္း အီရန္ႏိုင္ငံႏွင့္ မိတ္ေဆြအျဖစ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္းေျပာသည္။ အီရန္ႏိုင္ငံသည္ ေဒသအတြင္းႏွင့္ႏိုင္ငံတကာတြင္ ၾသဇာလြမ္းမိုးမႈရွိေသာႏိုင္ငံျဖစ္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ မိတ္ေဆြေကာင္းျဖစ္သလို မိတ္ဖက္ေကာင္းႏိုင္ငံျဖစ္ေၾကာင္း ေျပာသည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ အီရန္ႏိုင္ငံ၏အခ်ဳပ္အျခာ၊ လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင္ေဘးကင္းမ်ားအတြက္ ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း၊ ေျပာသည္။ အီရန္ ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ BRICS အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ေနၿပီးဂါဇာစစ္ပြဲ၊ လက္ဘႏြန္စစ္ပြဲမ်ားႏွင့္ ဆက္ႏြယ္ကာ အစၥေရးႏိုင္ငံ ႏွင့္ စစ္ေရးတင္းမာမႈမ်ားရွိေနေၾကာင္းသိရသည္။အီရန္သည္ ေအာက္တိုဘာ ၁ရက္ေန႔တြင္အစၥေရးႏိုင္ငံကို ဒုံးက်ည္အစင္းေပါင္း ၂၀၀နီးပါးျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးႏိုင္ငံက အီရန္ကို လက္တုံ႔ျပန္ရန္ စီစဥ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.