နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ

 212

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၃

အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး သဘော တူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယစစ်တပ် နှင့် တရုတ်စစ်တပ်တို့သည် ပိုင်နက်နယ်မြေအငြင်းပွားနေသည့် နယ်စပ်ဒေသတွင် မျက်နှာချင်းဆိုင်ပုံစံမျိုးရပ်တည်နေပြီး လက်ရှိအချိန်တွင်နှစ်နိုင်ငံကြား နယ်စပ်ဒေသကင်းလှည့်ရန်အတွက် သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် အဆိုပါနယ်စပ်ဒေသအငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ပြီးခဲ့သော သီတင်းပတ်များအတွင်း သံတမန်ရေး၊ စစ်ရေးလမ်းကြောင်းများမှ တဆင့်တွေ့ဆုံဆွေးနွေးမှုမကြာခဏလုပ်ဆောင်ခဲ့ပြီးနောက် နယ်စပ်ဒေသတွင် Line of Actual Control (LAC) နှင့်အညီ ကင်းလှည့်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အိန္ဒိယနှင့်တရုတ်တို့သည် နယ်စပ်ဒေသအငြင်းပွားမှုများ အပြီးသတ်သဘောတူညီမှုရရှိစေရန် ထပ်မံဆွေးနွေးရမည်ဖြစ်သည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း (၂၁၀၀)ကျော် နယ်စပ်ချင်းထိစပ်နေပြီး နယ်စပ်ဒေသအငြင်းပွားမှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အိန္ဒိယ စစ်သား (၂၀)ဦးသေဆုံးကာ တရုတ်စစ်သား (၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါအဖြစ်ပျက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက အိန္ဒိယစစ်တပ် နှင့် တရုတ်စစ်တပ်တို့သည် အငြင်းပွားနယ်စပ်ဒေသတွင် ပုံသေတပ်စွဲကာ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အိန္ဒိယတို့သည် နျူကလီးယားအင်အားကြီးနိုင်ငံများဖြစ်ရာ ၂၀၂၀ ပြည့်နှစ်ကအပြန်အလှန်ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးအေးစက်ခဲ့ပြီး စီးပွားရေး နှင့် သံတမန်ရေးတို့အပေါ် သက်ရောက်မှုများရှိလာခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံက နိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အိန္ဒိယ နှင့် တရုတ်အစိုးရသည် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုများဖြေလျော့ရန် ဆွေးနွေးမှု အကြိမ်ပေါင်း (၃၀)လုပ်ခဲ့ရကြောင်းသိရသည်။

zawgyi version
နယ္စပ္ေဒသအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး အိႏၵိယ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား သေဘာတူညီမႈရ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၃

အိႏၵိယ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး သေဘာ တူညီမႈမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ အိႏၵိယစစ္တပ္ ႏွင့္ တ႐ုတ္စစ္တပ္တို႔သည္ ပိုင္နက္နယ္ေျမအျငင္းပြားေနသည့္ နယ္စပ္ေဒသတြင္ မ်က္ႏွာခ်င္းဆိုင္ပုံစံမ်ိဳးရပ္တည္ေနၿပီး လက္ရွိအခ်ိန္တြင္ႏွစ္ႏိုင္ငံၾကား နယ္စပ္ေဒသကင္းလွည့္ရန္အတြက္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံတို႔သည္ အဆိုပါနယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ေျဖရွင္းရန္အတြက္ ၿပီးခဲ့ေသာ သီတင္းပတ္မ်ားအတြင္း သံတမန္ေရး၊ စစ္ေရးလမ္းေၾကာင္းမ်ားမွ တဆင့္ေတြ႕ဆုံေဆြးေႏြးမႈမၾကာခဏလုပ္ေဆာင္ခဲ့ၿပီးေနာက္ နယ္စပ္ေဒသတြင္ Line of Actual Control (LAC) ႏွင့္အညီ ကင္းလွည့္ရန္ သေဘာတူညီခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အိႏၵိယႏွင့္တ႐ုတ္တို႔သည္ နယ္စပ္ေဒသအျငင္းပြားမႈမ်ား အၿပီးသတ္သေဘာတူညီမႈရရွိေစရန္ ထပ္မံေဆြးေႏြးရမည္ျဖစ္သည္။ အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ မိုင္ေပါင္း (၂၁၀၀)ေက်ာ္ နယ္စပ္ခ်င္းထိစပ္ေနၿပီး နယ္စပ္ေဒသအျငင္းပြားမႈမ်ားေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ အိႏၵိယ စစ္သား (၂၀)ဦးေသဆုံးကာ တ႐ုတ္စစ္သား (၄)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ အဆိုပါအျဖစ္ပ်က္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက အိႏၵိယစစ္တပ္ ႏွင့္ တ႐ုတ္စစ္တပ္တို႔သည္ အျငင္းပြားနယ္စပ္ေဒသတြင္ ပုံေသတပ္စြဲကာ တစ္ဖက္ႏွင့္တစ္ဖက္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ န်ဴကလီးယားအင္အားႀကီးႏိုင္ငံမ်ားျဖစ္ရာ ၂၀၂၀ ျပည့္ႏွစ္ကအျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးေအးစက္ခဲ့ၿပီး စီးပြားေရး ႏွင့္ သံတမန္ေရးတို႔အေပၚ သက္ေရာက္မႈမ်ားရွိလာခဲ့ေၾကာင္း သိရသည္။အိႏၵိယႏိုင္ငံက ႏိုင္ငံအတြင္းရွိ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈကို ကန႔္သတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အိႏၵိယ ႏွင့္ တ႐ုတ္အစိုးရသည္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ခဲ့ၿပီးေနာက္ပိုင္း တင္းမာမႈမ်ားေျဖေလ်ာ့ရန္ ေဆြးေႏြးမႈ အႀကိမ္ေပါင္း (၃၀)လုပ္ခဲ့ရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.