ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ

 1008

Htay Oung (NP News) - အောက်တိုဘာ ၂၄

ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေနဲ့ နုတ်ထွက်စာတင်သွင်းခဲ့တယ်လို့ စာရွက်စာတမ်း အထောက် အထား မရှိကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင်က ပြောကြားပြီး ရက်ပိုင်းအကြာ ဒါကာ မြို့ နေရာအများအပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိပါတယ်၊ ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သမ္မတသစ်တစ်ဦး ပြောင်းလဲပေးဖို့အတွက် တောင်းဆိုနေကြတယ်လို့ နယူးဒေလီအခြေစိုက် “သည် ပရင့်” (23 October 2024) က ရေးသားပါတယ်။

အသက် ၇၄-နှစ်အရွယ် ဥပဒေပညာရှင် မိုဟာမက် ရှာဟာဘတ်ဒင်ဟာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရ လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နာမင်းကြီး၊ အဝါမီလိဂ်ပါတီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ် ဧပြီလ ပါတီရဲ့ သမ္မတရွေးကောက်ပွဲမှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရဲ့ ဆဋ္ဌမမြောက် သမ္မတဖြစ်လာပါတယ်။

အဝါမီလိဂ်အစိုးရကို လပေါင်းအတန်ကြာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေဟာ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီး နင်းကြတဲ့အတွက် ရှိတ်ဟာစီနာလည်း ယခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ရပါတယ်။ အဝါမီလိဂ်အစိုးရ ပျက်ပြားသွားတဲ့အတွက် သမ္မတ ရှာဟာဘတ်ဒင်က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတစ်ဝှန်းလုံးရှိ နိုင်ငံရေးခေါင်းဆောင်များနဲ့ ဆွေးနွေး ခဲ့ ပါတယ်။ သြဂုတ်လ ၈-ရက်နေ့မှာ နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူတဲ့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက သမ္မတ ရှာဟာဘတ်ဒင်ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်းရဲ့ နုတ်ထွက်စာကို လက်ခံရရှိထားကြောင်း ဘင်္ဂ လားဒေ့ရှ် သမ္မတရဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ ရှိတ်ဟာစီနာ နှုတ်ထွက်တယ်လို့သာ ကြားသိရပေမယ့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉-ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “မန်နက်ဇာမင်” နေ့စဉ်သတင်းစာနဲ့ တွေ့ဆုံစဉ် သမ္မတ ရှာဟာဘတ်ဒင်က ပြောဆိုခဲ့ခြင်းဖြင့် လက်ရှိ ယူနွတ်ယာယီအစိုးရအနေနဲ့ တရားဝင်မှု ရှိ-မရှိ မေးခွန်းထုတ်စရာ အရှုတ်အထွေး စတင်ဖြစ်ပေါ်လာခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်း နိုင်ငံခြားကို ထွက်ခွာသွားတယ်လို့ ကြားသိရကြောင်း၊ ဒါပေမယ့် သမ္မတဖြစ်တဲ့ သူ့ထံ တစ်စုံတစ်ရာအကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အဲ့ဒီအချိန် သမ္မတအိမ်တော်ကို ရောက်ရှိလာတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာထံ အကြောင်းစုံသိရဖို့ မေးမြန်းခဲ့ကြောင်း၊ ရှိတ်ဟာစီနာ ရာထူးက နှုတ်ထွက်သွားပြီလို့ သူလည်း ကြားသိရတယ်လို့ ဖြေဆိုကြောင်း၊ ဟာစီနာဟာ သမ္မတနဲ့ ကာကွယ်ရေးဦးစီး ချုပ်ဖြစ်သူထံ အကြောင်းကြားရန် အချိန်မရခြင်းလည်း ဖြစ်နိုင်ကြောင်း၊ အခြေအနေတွေ ထိန်းချုပ်လာနိုင်တဲ့ နောက်တစ်နေ့မှာ အစိုးရအဖွဲ့ အတွင်းရေးမှူးက နုတ်ထွက်စာမိတ္တူကို လာရောက်တောင်းခံကြောင်း၊ “ငါလည်း လိုက်ရှာနေတယ်” လို့ သူ့ကိုပြောခဲ့ကြောင်း သမ္မတ ရှာဟာဘတ်ဒင်က ပြောပါတယ်။ အဲဒီအင်တာဗျူးကို တနင်္ဂနွေနေ့ ထုတ်ဝေတဲ့ “ဂျာနာတာခိုးရ်” နိုင်ငံရေး နေ့စဉ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ အလားတူ ပြောဆိုချက်ကို လွန်ခဲ့တဲ့ သြဂုတ်လလယ် ရိုက်တာသတင်းအေဂျင်စီနဲ့တွေ့ဆုံစဉ် ရှိတ်ဟာစီ နာရဲ့သား “ဆာဂျစ်ဝါဇက်” ကလည်း ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ မိခင်ဖြစ်သူဟာ တရားဝင်နှုတ်ထွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ အချိန်လည်း မရှိကြောင်း၊ နုတ်ထွက်စာ တင်ရန် ရည်ရွယ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နေအိမ်အနီးထိ ဆန္ဒပြသူများ ချီတက်လာနေတဲ့အတွက် မိခင်ကြီး အနေနဲ့ ပစ္စည်းထုပ်ပိုးရန်ပင် အချိန် မရခဲ့ကြောင်း၊ မိခင် ရှိတ်ဟာစီနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘင်္ဂလားဒေ့ရှ်ရဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဆာဂျစ်ဝါဇက်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သမ္မတ ရှာဟာဘတ်ဒင်ရဲ့ အင်တာဗျူးများအပြီးမှာ အငြင်းပွားမှု များ ပိုမိုပြင်းထန်လာပါတယ်။

မိုဟာမက်ယူနွတ် ဦးဆောင် ကြားဖြတ်အစိုးရရဲ့ တရားဝင်မှု နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ထွက်ပေါ် လာပြီးနောက် အင်္ဂါနေ့ ဒါကာမြို့ လမ်းမပေါ်မှာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟာစီနာအစိုးရကို ပြုတ်ကျ စေခဲ့တဲ့ ကျောင်းသားများ ဦးဆောင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ဘာဘန်း အမည်ရှိ သမ္မတအိမ်တော် ရှေ့မှာ ညနေ ၅-နာရီမှ စတင်ပြီး ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။ ညနေ ၈ နာရီ ၃၀ ဝန်းကျင်မှာ အိမ်တော် လုံခြုံရေးအတားအဆီးများကို ဖြိုဖျက်ရန် အားထုတ်ရာမှ တားဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ဘန်ဂါဘန်းအိမ်တော်ရှေ့မှာ ည ၁၂ နာရီကျော်ကြာအောင် ရှိနေခဲ့ပြီး သမ္မတ ရှာဟာဘတ်ဒင် မနုတ်ထွက်မချင်း လူစုခွဲရန် ငြင်းဆန်နေကြပါတယ်။ တုံ့ပြန်တဲ့ အနေဖြင့် သမ္မတအိမ်တော် တစ်ဝိုက်မှာ လုံခြုံရေးအင်အားကို တိုးမြှင့်ချထားကြောင်း တွေ့ရှိရပါတယ်။ သမ္မတ ရှာဟာဘတ်ဒင်ကို ယခုသီတင်းပတ်အတွင်း အထူးသဖြင့် ဗုဒ္ဓဟူး သို့မဟုတ် ကြာသပ တေးနေ့နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်ချမယ်လို့ ဆန္ဒပြသူများကိုယ်စား “ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားများ လှုပ်ရှားမှုအုပ်စု” ညှိနှိုင်းရေးမှူး ဟာဇက်အဗ္ဗဒူလာက ကြေညာပါတယ်။

ဒါပေမဲ့ ရှာဟာဘတ်ဒင်ရဲ့ မီဒီယာအင်တာဗျုးနဲ့ ပတ်သက်ပြီး သမ္မတရာထူးမှ ဖယ်ရှားဖို့အထိ ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ရဲ့ သတင်းပြန်ကြားရေးအတွင်းဝန်က မီဒီယာများ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။ အတည်ဖြစ်နေခဲ့တဲ့ ဟာစီနာ နုတ်ထွက်တဲ့ကိစ္စမှာ ရှာဟာဘတ်ဒင်က ဒီလိုပြောပါတယ်လို့ မီဒီယာတွေက အမျိုးမျိုး ဖွကြတဲ့အတွက် လူအများစိတ်မှာ ရှုပ်ထွေးမှုဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတက တနင်္လာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့မွန်းလွဲပိုင်း ဒါကာမြို့ ရှာဟိဒ်မင်နာ လူထုအစည်းအဝေးမှာ ဆန္ဒပြကျောင်းသားများက တောင်းဆိုချက် ၅-ချက်ကို ကြေညာခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို မရပ်တန့်နိုင်ကြောင်း ပြသလိုက်ပါတယ်။ (ဟာစီနာရဲ့ဖခင် အမျိုးသားခေါင်းဆောင်) 'မူဂျီဘစ်ဝါဒ' အခြေခံတဲ့ ၁၉၇၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဝါမီလိဂ်ပါတီရဲ့ လက်ရုံး အဖွဲ့ အစည်းအားလုံးကို ပိတ်ပင်ရေး၊ ဇူလိုင်အရေးအခင်း ကြွေးကြော် သံများကို 'သမ္မတနိုင်ငံကြေညာစာတမ်း' အဖြစ် သတ်မှတ်ရေး၊ (ဟာစီနာ အနိုင်ရရှိ) နောက်ဆုံး ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၃-ခုကို တရားမဝင် ကြေညာရေးတို့လည်း ပါဝင်ကြောင်း တွေ့ရှိရပါတယ်။

အိမ်နီးချင်းနိုင်ငံများက ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နိုင်မယ့် အခွင့်အလမ်းမှန်သမျှ တားဆီးရေး၊ သမ္မတသစ်ရွေးချယ်ရန်အတွက် နိုင်ငံရေး ပါတီများအားလုံးနဲ့ တိုင်ပင်သင့်တယ်လို့ သမ္မတအိမ် တော်ရှေ့မှောက်မှာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်က မီဒီယာများကို ပြောပြပါတယ်။ ရှာဟာဘတ် ဒင် (အမည်ပြောင် “ချုပူး”) ကို ဖယ်ရှားလိုက်တဲ့အခါ သမ္မတတစ်ဦး မရှိခြင်းကို အခွင့်ကောင်းယူပြီး အိမ်နီးချင်း နိုင်ငံများက ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း၊ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်း ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီများရဲ့ အကြံဉာဏ်သွင်းအားစုပေါ်မူတည်ပြီး နောက်ထပ် သမ္မတတစ်ဦးကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(The Print., 23 October 2024,” Did Bangladesh president get Hasina’s resignation letter or not? Conflicting statements spark protests” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ဝန္ႀကီးခ်ဳပ္ေဟာင္း ႏႈတ္ထြက္စာ တင္-မတင္ အရႈတ္ေတာ္ပုံ ယူႏြတ္ယာယီ အစိုးရ တရားဝင္မႈ ျပႆနာျဖစ္လာ
Htay Oung (NP News) - ေအာက္တိုဘာ ၂၄

ယခင္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာအေနနဲ႔ ႏုတ္ထြက္စာတင္သြင္းခဲ့တယ္လို႔ စာ႐ြက္စာတမ္း အေထာက္ အထား မရွိေၾကာင္း ဘဂၤလားေဒ့ရွ္သမၼတ မိုဟာမက္ ရွာဟာဘတ္ဒင္က ေျပာၾကားၿပီး ရက္ပိုင္းအၾကာ ဒါကာ ၿမိဳ႕ ေနရာအမ်ားအျပားတြင္ ကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ပြားလွ်က္ရွိပါတယ္၊ ဆႏၵျပသူေတြဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ သမၼတသစ္တစ္ဦး ေျပာင္းလဲေပးဖို႔အတြက္ ေတာင္းဆိုေနၾကတယ္လို႔ နယူးေဒလီအေျခစိုက္ “သည္ ပရင့္” (23 October 2024) က ေရးသားပါတယ္။

အသက္ ၇၄-ႏွစ္အ႐ြယ္ ဥပေဒပညာရွင္ မိုဟာမက္ ရွာဟာဘတ္ဒင္ဟာ ယခင္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာအစိုးရ လက္ထက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္နာမင္းႀကီး၊ အဝါမီလိဂ္ပါတီ အမ်ိဳးသားေ႐ြးေကာက္ပြဲ ေကာ္မရွင္နာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ၂၀၂၃-ခုႏွစ္ ဧၿပီလ ပါတီရဲ႕ သမၼတေ႐ြးေကာက္ပြဲမွာ ကန႔္ကြက္သူမရွိ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံခဲ့ရၿပီး ႏိုင္ငံရဲ႕ ဆ႒မေျမာက္ သမၼတျဖစ္လာပါတယ္။

အဝါမီလိဂ္အစိုးရကို လေပါင္းအတန္ၾကာ ဆန႔္က်င္ဆႏၵျပခဲ့ၾကသူေတြဟာ ဝန္ႀကီးခ်ဳပ္ေနအိမ္ကို ဝင္ေရာက္စီး နင္းၾကတဲ့အတြက္ ရွိတ္ဟာစီနာလည္း ယခုႏွစ္ ၾသဂုတ္လ ၅ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ထြက္ေျပးတိမ္း ေရွာင္သြားခဲ့ရပါတယ္။ အဝါမီလိဂ္အစိုးရ ပ်က္ျပားသြားတဲ့အတြက္ သမၼတ ရွာဟာဘတ္ဒင္က လႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး ၾကားျဖတ္အစိုးရတစ္ရပ္ ဖြဲ႕စည္းရန္ ႏိုင္ငံတစ္ဝွန္းလုံးရွိ ႏိုင္ငံေရးေခါင္းေဆာင္မ်ားနဲ႔ ေဆြးေႏြး ခဲ့ ပါတယ္။ ၾသဂုတ္လ ၈-ရက္ေန႔မွာ ႏိုဘယ္ဆုရွင္ မိုဟာမက္ယူႏြတ္က အႀကံေပးအရာရွိခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ ဘဂၤလားေဒ့ရွ္ယာယီအစိုးရက သမၼတ ရွာဟာဘတ္ဒင္ေရွ႕ေမွာက္မွာ က်မ္းသစၥာ က်ိန္ဆိုခဲ့ပါတယ္။

ဟာစီနာ ရာထူးမွ ျဖဳတ္ခ်ခံရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ႏုတ္ထြက္စာကို လက္ခံရရွိထားေၾကာင္း ဘဂၤ လားေဒ့ရွ္ သမၼတရဲ႕ ႏိုင္ငံေတာ္ မိန႔္ခြန္းမွာ ပါရွိခဲ့ပါတယ္။

ဒါေပမဲ့ ရွိတ္ဟာစီနာ ႏႈတ္ထြက္တယ္လို႔သာ ၾကားသိရေပမယ့္ မွတ္တမ္းအေထာက္အထား တစ္စုံတစ္ရာ မရရွိခဲ့ေၾကာင္း လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၉-ရက္ေန႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ “မန္နက္ဇာမင္” ေန႔စဥ္သတင္းစာနဲ႔ ေတြ႕ဆုံစဥ္ သမၼတ ရွာဟာဘတ္ဒင္က ေျပာဆိုခဲ့ျခင္းျဖင့္ လက္ရွိ ယူႏြတ္ယာယီအစိုးရအေနနဲ႔ တရားဝင္မႈ ရွိ-မရွိ ေမးခြန္းထုတ္စရာ အရႈတ္အေထြး စတင္ျဖစ္ေပၚလာခဲ့ရပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း ႏိုင္ငံျခားကို ထြက္ခြာသြားတယ္လို႔ ၾကားသိရေၾကာင္း၊ ဒါေပမယ့္ သမၼတျဖစ္တဲ့ သူ႔ထံ တစ္စုံတစ္ရာအေၾကာင္းၾကားခဲ့ျခင္း မရွိေၾကာင္း၊ အဲ့ဒီအခ်ိန္ သမၼတအိမ္ေတာ္ကို ေရာက္ရွိလာတဲ့ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဝါကာထံ အေၾကာင္းစုံသိရဖို႔ ေမးျမန္းခဲ့ေၾကာင္း၊ ရွိတ္ဟာစီနာ ရာထူးက ႏႈတ္ထြက္သြားၿပီလို႔ သူလည္း ၾကားသိရတယ္လို႔ ေျဖဆိုေၾကာင္း၊ ဟာစီနာဟာ သမၼတနဲ႔ ကာကြယ္ေရးဦးစီး ခ်ဳပ္ျဖစ္သူထံ အေၾကာင္းၾကားရန္ အခ်ိန္မရျခင္းလည္း ျဖစ္ႏိုင္ေၾကာင္း၊ အေျခအေနေတြ ထိန္းခ်ဳပ္လာႏိုင္တဲ့ ေနာက္တစ္ေန႔မွာ အစိုးရအဖြဲ႕ အတြင္းေရးမႉးက ႏုတ္ထြက္စာမိတၱဴကို လာေရာက္ေတာင္းခံေၾကာင္း၊ “ငါလည္း လိုက္ရွာေနတယ္” လို႔ သူ႔ကိုေျပာခဲ့ေၾကာင္း သမၼတ ရွာဟာဘတ္ဒင္က ေျပာပါတယ္။ အဲဒီအင္တာဗ်ဴးကို တနဂၤေႏြေန႔ ထုတ္ေဝတဲ့ “ဂ်ာနာတာခိုးရ္” ႏိုင္ငံေရး ေန႔စဥ္ မဂၢဇင္းမွာ ေဖာ္ျပခဲ့တာပါ။ အလားတူ ေျပာဆိုခ်က္ကို လြန္ခဲ့တဲ့ ၾသဂုတ္လလယ္ ႐ိုက္တာသတင္းေအဂ်င္စီနဲ႔ေတြ႕ဆုံစဥ္ ရွိတ္ဟာစီ နာရဲ႕သား “ဆာဂ်စ္ဝါဇက္” ကလည္း ေျပာခဲ့ဖူးပါတယ္။

သူ႔ရဲ႕ မိခင္ျဖစ္သူဟာ တရားဝင္ႏႈတ္ထြက္ခဲ့ျခင္း မဟုတ္ေၾကာင္း၊ အခ်ိန္လည္း မရွိေၾကာင္း၊ ႏုတ္ထြက္စာ တင္ရန္ ရည္႐ြယ္ခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္ေနအိမ္အနီးထိ ဆႏၵျပသူမ်ား ခ်ီတက္လာေနတဲ့အတြက္ မိခင္ႀကီး အေနနဲ႔ ပစၥည္းထုပ္ပိုးရန္ပင္ အခ်ိန္ မရခဲ့ေၾကာင္း၊ မိခင္ ရွိတ္ဟာစီနာဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဘဂၤလားေဒ့ရွ္ရဲ႕ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ေနဆဲ ျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။ ဆာဂ်စ္ဝါဇက္ရဲ႕ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး သမၼတ ရွာဟာဘတ္ဒင္ရဲ႕ အင္တာဗ်ဴးမ်ားအၿပီးမွာ အျငင္းပြားမႈ မ်ား ပိုမိုျပင္းထန္လာပါတယ္။

မိုဟာမက္ယူႏြတ္ ဦးေဆာင္ ၾကားျဖတ္အစိုးရရဲ႕ တရားဝင္မႈ နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္မႈမ်ား ထြက္ေပၚ လာၿပီးေနာက္ အဂၤါေန႔ ဒါကာၿမိဳ႕ လမ္းမေပၚမွာ ဆႏၵျပမႈမ်ား ျဖစ္ေပၚလာခဲ့ပါတယ္။ ဟာစီနာအစိုးရကို ျပဳတ္က် ေစခဲ့တဲ့ ေက်ာင္းသားမ်ား ဦးေဆာင္ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြဟာ ဘန္ဘာဘန္း အမည္ရွိ သမၼတအိမ္ေတာ္ ေရွ႕မွာ ညေန ၅-နာရီမွ စတင္ၿပီး ထိုင္သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ညေန ၈ နာရီ ၃၀ ဝန္းက်င္မွာ အိမ္ေတာ္ လုံၿခဳံေရးအတားအဆီးမ်ားကို ၿဖိဳဖ်က္ရန္ အားထုတ္ရာမွ တားဆီးတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ လူငါးဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါေပမဲ့ ဆႏၵျပသူေတြဟာ ဘန္ဂါဘန္းအိမ္ေတာ္ေရွ႕မွာ ည ၁၂ နာရီေက်ာ္ၾကာေအာင္ ရွိေနခဲ့ၿပီး သမၼတ ရွာဟာဘတ္ဒင္ မႏုတ္ထြက္မခ်င္း လူစုခြဲရန္ ျငင္းဆန္ေနၾကပါတယ္။ တုံ႔ျပန္တဲ့ အေနျဖင့္ သမၼတအိမ္ေတာ္ တစ္ဝိုက္မွာ လုံၿခဳံေရးအင္အားကို တိုးျမႇင့္ခ်ထားေၾကာင္း ေတြ႕ရွိရပါတယ္။ သမၼတ ရွာဟာဘတ္ဒင္ကို ယခုသီတင္းပတ္အတြင္း အထူးသျဖင့္ ဗုဒၶဟူး သို႔မဟုတ္ ၾကာသပ ေတးေန႔ေနာက္ဆုံးထားၿပီး အၿပီးတိုင္ ျဖဳတ္ခ်မယ္လို႔ ဆႏၵျပသူမ်ားကိုယ္စား “ ခြဲျခားဆက္ဆံမႈ တိုက္ဖ်က္ေရး ေက်ာင္းသားမ်ား လႈပ္ရွားမႈအုပ္စု” ညႇိႏႈိင္းေရးမႉး ဟာဇက္အဗၺဒူလာက ေၾကညာပါတယ္။

ဒါေပမဲ့ ရွာဟာဘတ္ဒင္ရဲ႕ မီဒီယာအင္တာဗ်ဳးနဲ႔ ပတ္သက္ၿပီး သမၼတရာထူးမွ ဖယ္ရွားဖို႔အထိ ဆုံးျဖတ္ခ်က္ မခ်မွတ္ရေသးေၾကာင္း ၾကားျဖတ္အစိုးရ အႀကံေပးအရာရွိခ်ဳပ္ ယူႏြတ္ရဲ႕ သတင္းျပန္ၾကားေရးအတြင္းဝန္က မီဒီယာမ်ား ေမးခြန္းကို ျပန္လည္ေျဖဆိုပါတယ္။ အတည္ျဖစ္ေနခဲ့တဲ့ ဟာစီနာ ႏုတ္ထြက္တဲ့ကိစၥမွာ ရွာဟာဘတ္ဒင္က ဒီလိုေျပာပါတယ္လို႔ မီဒီယာေတြက အမ်ိဳးမ်ိဳး ဖြၾကတဲ့အတြက္ လူအမ်ားစိတ္မွာ ရႈပ္ေထြးမႈျဖစ္ရတယ္လို႔ ဘဂၤလားေဒ့ရွ္ သမၼတက တနလၤာေန႔မွာ ေျပာပါတယ္။ ဒါေပမဲ့ အဂၤါေန႔မြန္းလြဲပိုင္း ဒါကာၿမိဳ႕ ရွာဟိဒ္မင္နာ လူထုအစည္းအေဝးမွာ ဆႏၵျပေက်ာင္းသားမ်ားက ေတာင္းဆိုခ်က္ ၅-ခ်က္ကို ေၾကညာခဲ့ၿပီး သူတို႔ရဲ႕ လႈပ္ရွားမႈကို မရပ္တန႔္ႏိုင္ေၾကာင္း ျပသလိုက္ပါတယ္။ (ဟာစီနာရဲ႕ဖခင္ အမ်ိဳးသားေခါင္းေဆာင္) 'မူဂ်ီဘစ္ဝါဒ' အေျခခံတဲ့ ၁၉၇၂ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းၿပီး အဝါမီလိဂ္ပါတီရဲ႕ လက္႐ုံး အဖြဲ႕ အစည္းအားလုံးကို ပိတ္ပင္ေရး၊ ဇူလိုင္အေရးအခင္း ေႂကြးေၾကာ္ သံမ်ားကို 'သမၼတႏိုင္ငံေၾကညာစာတမ္း' အျဖစ္ သတ္မွတ္ေရး၊ (ဟာစီနာ အႏိုင္ရရွိ) ေနာက္ဆုံး က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲ ၃-ခုကို တရားမဝင္ ေၾကညာေရးတို႔လည္း ပါဝင္ေၾကာင္း ေတြ႕ရွိရပါတယ္။

အိမ္နီးခ်င္းႏိုင္ငံမ်ားက ဘဂၤလားေဒ့ရွ္ရဲ႕ ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္ႏိုင္မယ့္ အခြင့္အလမ္းမွန္သမွ် တားဆီးေရး၊ သမၼတသစ္ေ႐ြးခ်ယ္ရန္အတြက္ ႏိုင္ငံေရး ပါတီမ်ားအားလုံးနဲ႔ တိုင္ပင္သင့္တယ္လို႔ သမၼတအိမ္ ေတာ္ေရွ႕ေမွာက္မွာ သပိတ္ေမွာက္ေက်ာင္းသားေခါင္းေဆာင္က မီဒီယာမ်ားကို ေျပာျပပါတယ္။ ရွာဟာဘတ္ ဒင္ (အမည္ေျပာင္ “ခ်ဳပူး”) ကို ဖယ္ရွားလိုက္တဲ့အခါ သမၼတတစ္ဦး မရွိျခင္းကို အခြင့္ေကာင္းယူၿပီး အိမ္နီးခ်င္း ႏိုင္ငံမ်ားက ဘဂၤလားေဒ့ရွ္ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္လာႏိုင္ေၾကာင္း၊ ဒါေၾကာင့္ လြန္ခဲ့တဲ့ ၁၅ ႏွစ္ အတြင္း ဖိႏွိပ္ခံခဲ့ရတဲ့ ႏိုင္ငံေရးပါတီမ်ားရဲ႕ အႀကံဉာဏ္သြင္းအားစုေပၚမူတည္ၿပီး ေနာက္ထပ္ သမၼတတစ္ဦးကို ေ႐ြးခ်ယ္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

(The Print., 23 October 2024,” Did Bangladesh president get Hasina’s resignation letter or not? Conflicting statements spark protests” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.