အခြေခံစားသုံးကုန် အဆမတန်ဈေးတက်နေမှု ဖြေရှင်းရေးအတွက် ဖမ်းဆီးခြင်းတစ်ခုတည်းသာမလုပ်သင့်

 3020

Pearl (NP News) - ဇူလိုင် ၉

အခြေခံစားသောက်ကုန်များ အဆမတန် ဈေးမြင့်တက်မှုကို ရင်ဆိုင်နေရသည့် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းရန်အတွက် ဖမ်းဆီးသည့် နည်းအပြင် ပိုမိုကြပ်မတ်သည့် နည်းလမ်းကိုလည်း အသုံးပြုသင့်ကြောင်း စီးပွားရေး သုံးသပ်လေ့လာသူတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

လက်ရှိတွင် မြန်မာပြည်တွင်းရှိ ဒေသအချို့၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိပြီး အဆိုပါတိုက်ပွဲများအတွင်း လမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လမ်း ပန်းဆက်သွယ်ရေး အခက်အခဲများနှင့် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေ ရသည့်အတွက် အချို့ဒေသများတွင် လယ်ယာမစိုက်ပျိုးနိုင်သည့် အခြေအနေများရှိနေရာ အဆိုပါ အ ချက်သည်လည်း ကုန်ဈေးတက်နှုန်းရခြင်းတွင် အ ချက်တစ်ချက်ပါဝင်ကြောင်း ၎င်းက ဆိုသည်။

'ဆန်၊ ဆီ၊ ဆေး၊ ဆား ဒါတွေက ဈေးထပ်တက် ဦးမယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် မြေပြင်ပ ကတိ အခြေအနေကြောင့်။ အခု ရခိုင်ဘက်မှာဆိုရင် လည်း တိုက်ပွဲတွေ၊ နောက်ဆီထွက်တဲ့နေရာတွေ မ ကွေးတို့၊ စစ်ကိုင်းတို့မှာကလည်း အခုဖြစ်ပျက်နေတဲ့ မြေပြင် ပကတိအခြေအနေကြောင့် ကုန်ဈေးနှုန်း တွေနဲ့ တိုက်ပွဲတွေတိုက်ရိုက်အချိုးကျတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ လယ်တွေမစိုက်ရတဲ့ ဒေသ တွေရှိတယ်။ အဲဒီလိုဒေသတွေမှာ အလုပ်မဖြစ်တာ တွေကြောင့် ပစ္စည်းကမထွက်ဘူး။ ဝယ်လိုအားက တော့ များနေတယ်ပေါ့နော်။ လက်ရှိမှာတော့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေ ဈေးတက်နေတာတွေက သူတို့အတွက် အ ဆင်မပြေတော့ဘူး။ ပြည်သူတွေပြေလည်အောင် နည်းလမ်းတစ်ခု အမြန်ရှာသင့်နေပြီလို့ထင်တယ်} ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဆန်ဈေးနှုန်းများကို အဆမတန်မြှင့်တင်ရောင်းချခဲ့သည့် City Mart Holding ကုမ္ပဏီမှ တာဝန်ရှိသူအပါအဝင် (၁၁)ဦးကို ၂၀၂၁ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေပုဒ်မ-၅အရ အရေးယူမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ခဲ့သည်။

'ဖမ်းဆီးတယ်ဆိုတာတော့ နည်းလမ်းမဟုတ် ဘူးပေါ့နော်။ ဖမ်းဆီးတဲ့နည်းသည် လက်ပူတိုက် ဖြေရှင်းနည်းပဲ ။ တကယ့်ထိရောက်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ အစိုးရဘက်ကလည်း စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ ညှိနှိုင်းအဖြေရှာရမယ်။ သတ်မှတ်တဲ့ ဈေးနဲ့သူတို့တွေ ရောင်းနိုင်အောင်ပံ့ပိုးမှုတွေ လုပ်ရ မယ်။ ဥပမာ ဒေါ်လာလား။ ဘာလဲ။ အဓိကကတော့ ကျွန်တော်ထင်ပါတယ်ဒီဈေးတွေတက်တာဟာ တိုက် ပွဲတွေကြောင့် လမ်းကြောင်းတွေ အများကြီး ပိတ်သွား တဲ့အတွက်ကြောင့်လို့သာဖြစ်တယ်။ မြန်မာပြည်သူ လူထုကလည်း ဒီပစ္စည်းပြတ်တယ်ဆိုရင် အလုအ ယက်လိုက်ဝယ်တာ။ အဲဒီတော့ စီးပွားရေးသမားတွေ ဈေးနှုန်းကို ဆွဲတင်တဲ့အကွက်ထဲကို အော်တိုဝင်သွားတာ။ အဲဒီတော့ အွန်လိုင်းကိုလည်း ကြပ်မတ်မှ ရ မယ်။ ပြည်သူရော တာဝန်ရှိသူတွေရော ကြပ်မတ် ထိန်းကျောင်းပြီး နှစ်ဖက်ညှပ်မှရမယ်။ ကြပ်မတ် မယ်ဆိုရင်လည်း ဟိုးအကြီးကနေ အသေးအထိ ပြန် လိုက်ရမှာဗျ။ ကုန်တိုက်ကြီးတွေကနေစပြီးတော့ အောက်ခြေ လူတန်းစားအထိပေါ့နော်။ အဲဒီ အနေ အထားထိ လိုက်မှအဆင်ပြေမှာ'ဟု ၎င်းက ဆက်လက်ပြောသည်။

ဆန်နှင့်စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေကြောင်းလည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းရှိန်က ပြောကြားဖူးသည်။

zawgyi version
အေျခခံစားသုံးကုန္ အဆမတန္ေဈးတက္ေနမႈ ေျဖရွင္းေရးအတြက္ ဖမ္းဆီးျခင္းတစ္ခုတည္းသာမလုပ္သင့္
Pearl (NP News) - ဇူလိုင္ ၉

အေျခခံစားေသာက္ကုန္မ်ား အဆမတန္ ေဈးျမင့္တက္မႈကို ရင္ဆိုင္ေနရသည့္ ျပည္သူမ်ား၏ အခက္အခဲမ်ားကို ေျဖရွင္းရန္အတြက္ ဖမ္းဆီးသည့္ နည္းအျပင္ ပိုမိုၾကပ္မတ္သည့္ နည္းလမ္းကိုလည္း အသုံးျပဳသင့္ေၾကာင္း စီးပြားေရး သုံးသပ္ေလ့လာသူတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

လက္ရွိတြင္ ျမန္မာျပည္တြင္းရွိ ေဒသအခ်ိဳ႕၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ား အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး အဆိုပါတိုက္ပြဲမ်ားအတြင္း လမ္းတံတားမ်ား မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ လမ္း ပန္းဆက္သြယ္ေရး အခက္အခဲမ်ားႏွင့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေန ရသည့္အတြက္ အခ်ိဳ႕ေဒသမ်ားတြင္ လယ္ယာမစိုက္ပ်ိဳးႏိုင္သည့္ အေျခအေနမ်ားရွိေနရာ အဆိုပါ အ ခ်က္သည္လည္း ကုန္ေဈးတက္ႏႈန္းရျခင္းတြင္ အ ခ်က္တစ္ခ်က္ပါဝင္ေၾကာင္း ၎က ဆိုသည္။

'ဆန္၊ ဆီ၊ ေဆး၊ ဆား ဒါေတြက ေဈးထပ္တက္ ဦးမယ္ထင္တယ္။ ဘာေၾကာင့္လဲဆိုရင္ ေျမျပင္ပ ကတိ အေျခအေနေၾကာင့္။ အခု ရခိုင္ဘက္မွာဆိုရင္ လည္း တိုက္ပြဲေတြ၊ ေနာက္ဆီထြက္တဲ့ေနရာေတြ မ ေကြးတို႔၊ စစ္ကိုင္းတို႔မွာကလည္း အခုျဖစ္ပ်က္ေနတဲ့ ေျမျပင္ ပကတိအေျခအေနေၾကာင့္ ကုန္ေဈးႏႈန္း ေတြနဲ႔ တိုက္ပြဲေတြတိုက္႐ိုက္အခ်ိဳးက်တယ္လို႔ ေျပာလို႔ရတယ္။ ဘာေၾကာင့္လဲဆိုရင္ ေျမျပင္မွာ တိုက္ပြဲေတြ ျဖစ္တယ္။ လယ္ေတြမစိုက္ရတဲ့ ေဒသ ေတြရွိတယ္။ အဲဒီလိုေဒသေတြမွာ အလုပ္မျဖစ္တာ ေတြေၾကာင့္ ပစၥည္းကမထြက္ဘူး။ ဝယ္လိုအားက ေတာ့ မ်ားေနတယ္ေပါ့ေနာ္။ လက္ရွိမွာေတာ့ အေျခခံလူတန္းစားေတြအတြက္ အေျခခံစားေသာက္ကုန္ေတြ ေဈးတက္ေနတာေတြက သူတို႔အတြက္ အ ဆင္မေျပေတာ့ဘူး။ ျပည္သူေတြေျပလည္ေအာင္ နည္းလမ္းတစ္ခု အျမန္ရွာသင့္ေနၿပီလို႔ထင္တယ္} ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ဆန္ေဈးႏႈန္းမ်ားကို အဆမတန္ျမႇင့္တင္ေရာင္းခ်ခဲ့သည့္ City Mart Holding ကုမၸဏီမွ တာဝန္ရွိသူအပါအဝင္ (၁၁)ဦးကို ၂၀၂၁ ခုႏွစ္၊ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္ မႈ ဥပေဒပုဒ္မ-၅အရ အေရးယူမည္ျဖစ္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ခဲ့သည္။

'ဖမ္းဆီးတယ္ဆိုတာေတာ့ နည္းလမ္းမဟုတ္ ဘူးေပါ့ေနာ္။ ဖမ္းဆီးတဲ့နည္းသည္ လက္ပူတိုက္ ေျဖရွင္းနည္းပဲ ။ တကယ့္ထိေရာက္တဲ့ ေျဖရွင္းနည္း မဟုတ္ဘူး။ အစိုးရဘက္ကလည္း စီးပြားေရးလုပ္ ငန္းရွင္ေတြနဲ႔ ညႇိႏႈိင္းအေျဖရွာရမယ္။ သတ္မွတ္တဲ့ ေဈးနဲ႔သူတို႔ေတြ ေရာင္းႏိုင္ေအာင္ပံ့ပိုးမႈေတြ လုပ္ရ မယ္။ ဥပမာ ေဒၚလာလား။ ဘာလဲ။ အဓိကကေတာ့ ကြၽန္ေတာ္ထင္ပါတယ္ဒီေဈးေတြတက္တာဟာ တိုက္ ပြဲေတြေၾကာင့္ လမ္းေၾကာင္းေတြ အမ်ားႀကီး ပိတ္သြား တဲ့အတြက္ေၾကာင့္လို႔သာျဖစ္တယ္။ ျမန္မာျပည္သူ လူထုကလည္း ဒီပစၥည္းျပတ္တယ္ဆိုရင္ အလုအ ယက္လိုက္ဝယ္တာ။ အဲဒီေတာ့ စီးပြားေရးသမားေတြ ေဈးႏႈန္းကို ဆြဲတင္တဲ့အကြက္ထဲကို ေအာ္တိုဝင္သြားတာ။ အဲဒီေတာ့ အြန္လိုင္းကိုလည္း ၾကပ္မတ္မွ ရ မယ္။ ျပည္သူေရာ တာဝန္ရွိသူေတြေရာ ၾကပ္မတ္ ထိန္းေက်ာင္းၿပီး ႏွစ္ဖက္ညႇပ္မွရမယ္။ ၾကပ္မတ္ မယ္ဆိုရင္လည္း ဟိုးအႀကီးကေန အေသးအထိ ျပန္ လိုက္ရမွာဗ်။ ကုန္တိုက္ႀကီးေတြကေနစၿပီးေတာ့ ေအာက္ေျခ လူတန္းစားအထိေပါ့ေနာ္။ အဲဒီ အေန အထားထိ လိုက္မွအဆင္ေျပမွာ'ဟု ၎က ဆက္လက္ေျပာသည္။

ဆန္ႏွင့္စားသုံးဆီေဈးႏႈန္းတည္ၿငိမ္ေရးကို ပထမဦးစားေပးအျဖစ္ ေဆာင္႐ြက္ေနေၾကာင္းလည္း ၿပီးခဲ့သည့္ရက္ပိုင္းက ျပည္ေထာင္စုကုန္ေဈးႏႈန္း တည္ၿငိမ္ေရးေကာ္မတီဥကၠ႒ ဦးဝင္းရွိန္က ေျပာၾကားဖူးသည္။

Related news

© 2021. All rights reserved.