အလှကုန်ပစ္စည်းလောက၌ MLM အလှကုန်များက တရားမဝင်ခိုးသွင်းသည့်အပြင် ဥပဒေမျိုးစုံကို ချိုးဖောက်ထားသော်လည်း အရေးယူခြင်းမခံရဘဲ ဈေးကွက်ကို ကြီးစိုးမင်းမူနေ

 2676

အေဝိုင်အီး(NP News) - ဇူလိုင် ၁၁

အလှကုန်ပစ္စည်းဈေးကွက်အတွင်း၌ ပြည်တွင်းထုတ်နှင့် တရားဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာသော မှတ်ပုံတင် Brand များထက် တရားမဝင်တင်သွင်းလာသည့် MLM(Multi Level Marketing) အလှကုန်များက ဥပဒေအရ အရေးယူခြင်းမခံရဘဲ ဈေးကွက်ကိုမင်းမူနေကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးခေတ်စနစ် မကောင်းလှသည့်ကာလများအတွင်း၌ ပြည်တွင်းထုတ်အလှကုန်များနှင့် တရားဝင်လျှောက်ထား တင်သွင်းလာသည့် အလှကုန်လုပ်ငန်းများက ပါမစ်မူဝါဒများနှင့်အတူ ဈေးကွက်အတွင်း၌ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်းကြားသိရသည်။ ယင်းအချိန်အတွင်း၌ MLM အလှကုန်များက ဖေ့စ်ဘွတ်၊ TikTok အစရှိသည့်ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ဈေးကွက်အတွင်းသို့ လိမ်လည်လှည့်ဖြားရောင်းချခြင်းများကို အရှိန်ယူစိုးမိုးလာခဲ့ကြောင်း လေ့လာစောင့်ကြည့်နေသူလုပ်ငန်းရှင်အချို့က ထုတ်ဖော်အသိပေးသည်။ “ပြီးခဲ့တဲ့တစ်လောက တိုင်ကြားစာ တစ်စောင်ထွက်ခဲ့တယ်။ အဲဒီတိုင်ကြားစာအရ နာမည်ကြီးကုမ္ပဏီတစ်ခုက အလှကုန်တွေကို တရားမဝင်လမ်းကြောင်းတွေကနေ တင်သွင်းတယ်။ တင်သွင်းခွင့်ပါမစ်ကို ဖြတ်သန်းမထားဘူး။ ပြီးတော့ FDA မှာ ပြထားတဲ့အတိုင်း သွင်းမလာဘူး။ လိမ်လည်လှည့်ဖြားတဲ့ MLM စနစ်နဲ့ အလှကုန်တွေ ဖြန့်နေတယ်ပေါ့။ အဲဒါကို အရေးယူဖို့ အလှကုန်ပစ္စည်းနဲ့ ဆက်စပ်တဲ့အသိုင်းအဝိုင်းက တိုင်ကြားတယ်။ အစိုးရဘက်ကလည်း အရေးယူထားပါတယ်ပြောတယ်။ ဒါပေမဲ့ ကုမ္ပဏီက ဆက်ပြီးလည်ပတ်နေတုန်းပဲ။ သိရသလောက် MLM အလှကုန်လုပ်တဲ့သူတွေက ထိုင်းဘက်မှာ အေးအေးဆေးဆေး သွားလာပျော် ပါးနေတုန်းပဲ” ဟု လေ့လာစောင့်ကြည့်ထားသူ လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

FDA ဘက်သို့ NP News က စုံစမ်းမေးမြန်းမှု၌ ၎င်းတို့၏ဝက်ဘ်ဆိုက်ကို ပြန်လည်ညွှန်းဆိုခဲ့ပြီး ခေါင်းစဉ်ကဏ္ဍအလိုက် မှတ်ပုံတင်ခွင့်ပြုထားကြောင်း၊ စာရင်း၌ ပါဝင်သောကုမ္ပဏီများက မှတ်ပုံတင်ထားသည်ဟု သတ်မှတ်နိုင်ပြီး စာရင်းတွင် ပါဝင်ခြင်းမရှိပါက တရားဝင်ဟု သတ်မှတ်၍မရကြောင်း၊ FDA အနေဖြင့် လာရောက်မှတ်ပုံတင်သော လုပ်ငန်းများကိုသာ အဓိက စစ်ဆေးကြပ်မတ်ပေးခြင်းမျိုးဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဈေးကွက်အတွင်း ရောင်းချနေသောအလှကုန်ပစ္စည်းများကို စစ်ဆေးပေးရန် အခက်အခဲအမျိုးမျိုးရှိကြောင်း အသိပေး သည်။ FDA ဝက်ဘ်ဆိုက်အတွင်း၌ ရေသန့် လုပ်ငန်းများသာ အများဆုံး ပါဝင်နေပြီး အလှကုန်နှင့် ပတ်သက်၍ (၁၀)ခုထက်ပို မြင်တွေ့ရခြင်းမရှိပေ။ “ FDA မှာ မှတ်ပုံမတင်ဘဲ ရောင်းနေတာရှိရင် အရေးယူရမှာပေါ့။ ရောင်းခွင့်မရှိဘဲ ရောင်းနေတာကို အရေးမယူရင် အဲဒီဌာနတွေက ဘာလုပ်ဖို့ထားတာလဲ။ ဘယ်အလှကုန်တွေက မှတ်ပုံတင်ထားလဲ မတင်ထားဘူးလဲဆိုတာက ဖေ့စ်ဘွတ် နဲ့ TikTok မှာ သေချာစောင့်ကြည့်ရင် တစ်ပတ်မကြာဘူး၊ အကုန်သိနိုင်ပါတယ်။ ဒါတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာအလှကုန်ဖြန့်ချိသူတွေကို မေးလိုက်ရုံပဲလေ” ဟု လုပ်ငန်းရှင်က ပြောသည်။ ပြည်တွင်း ထုတ်အလှကုန်များနှင့် ပြည်ပမှတရားဝင်တင်သွင်းလာသော အလှကုန်လုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ပါမစ် ကိစ္စအပါအဝင် လုပ်ငန်းစဉ်များအတိုင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရပြီး ဈေးကွက် အတွင်း အာမခံချက်များစွာဖြင့် ရောင်းနေရချိန်၌ ထိုင်းနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင် တင်သွင်းလာသော အလှကုန်များက ဈေးကွက်အတွင်း မင်းမူနေခြင်းမှာ အစိုးရကိုယ်တိုင်က မရည်ရွယ်သော်လည်း တရားမဝင်(သူခိုး)များကို အားပေးရာရောက်သကဲ့သို့ဖြစ်နေကြောင်းလည်း ဆိုသည်။

“တိုင်ကြားခံရတဲ့ ကုမ္ပဏီဆိုရင်ဗျာ ဘာအထောက်အထားမှ မရှိတာ ပေါ်ပေါက်တယ်။ စစ်ဆေးအရေးယူတာက ဘယ်လို လဲဆိုတော့ သုံးလ ဆိုင်းငံ့ဆိုတာပဲရှိတယ်။ အဲဒီသုံးလ က ခဏ လေးရယ်။ ပြီးတော့ တခြားနာမည်နဲ့ လှည့်သွင်းပြန်ရော။ ပိုဆိုးတာက ကုမ္ပဏီဘက်က အစိုးရ လုပ်ထုံးလုပ်နည်းကို ဘယ်လိုကျော်လွှားရ သလဲဆိုတာပါ သင်ပေးခံရသလိုဖြစ်သွားတယ်” ဟု မေလအတွင်းက ဖြစ်ခဲ့သော အနီးစပ်ဆုံးဖြစ်ရပ် တစ်ခုကို လုပ်ငန်းရှင်က အထောက်အထားများနှင့်တကွ ထောက်ပြသည်။ အဆိုပါကုမ္ပဏီသည် တရားဝင်တင်ပြထားသောလိပ်စာကို လိမ်လည်ထားသည့်အပြင် အခြားသောအထောက်အထားများစွာကိုပါ လှည့်စားသည်မှာ မှန်ကန်ခဲ့သော်လည်း FDA နှင့် စားသုံးသူ ကာကွယ်ရေးနှင့်သက်ဆိုင်သောဌာနတို့၏ အရေးယူမှုက လမ်းပြလိုက်သကဲ့သို့ ဖြစ်သွားစေသည်ဟု ဆိုသည်။ စားသုံးသူကာကွယ်ရေးနှင့်ဆိုင်သော ဌာနဘက်သို့ သတင်းဂျာနယ်က မေးမြန်းခဲ့မှုတွင် ၎င်းတို့အနေဖြင့် အပေါ်မှလာသော ညွှန်ကြားချက် သို့မဟုတ် တိုင်ကြားချက်များရှိမှသာ စုံစမ်း ဖော်ထုတ်မှုများကို စတင်နိုင်ကြောင်း၊ အကြောင်းပြချက်မှာ ဝန်ထမ်းအင်အားနည်းပါးမှုကြောင့် ဖြစ် ကြောင်း အသိပေးသည်။

“ တစ်ရက်တစ်ရက် ရုံးတက်ပြီး သူတို့ဘာလုပ်နေကြတာလဲ။ စားသုံးသူဘက် ကနေ ကာကွယ်ပေးဖို့ကို ဝန်ထမ်းအင်အား မရှိပါဘူးဆိုတော့ ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒါဆို အဲဒီဌာနက ဘာအတွက် ဖွဲ့ထားတာတုံး ” ဟု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။ ဖေ့စ်ဘွတ်နှင့် TikTok တို့တွင် အမျိုးသမီးငယ်များက Live လွှင့်၍ဖြစ်စေ၊ ကပြသည့်ဗီဒီယိုများမှတစ်ဆင့်ဖြစ်စေ အလှကုန်မျိုးစုံကို ဈေးကွက်အတွင်း၌ ပုံစံမျိုးစုံဖြင့်ထိုးဖောက်နေကြသော်လည်း အဆိုပါအလှကုန် ပစ္စည်းအများစုမှာ FDA ကို ဖြတ်သန်းခြင်းလုံးဝနီးပါး မရှိသကဲ့သို့ စားသုံးသူကာကွယ်ရေးရှုထောင့်အရ လည်း လိုင်စင်ပါမစ်ရယူတင်သွင်းထားခြင်းမျိုး နည်းပါးလှကြောင်း လေ့လာထားသူက ဆိုသည်။ အလားတူပင် ထိုင်းဈေးကွက်အတွင်း၌ လူပုဂ္ဂိုလ်တစ် ဦးဦး၏အမည်ဖြင့် အလှကုန်အမှတ်တံဆိပ်ကို လွယ် လင့်တကူထုတ်လုပ်နိုင်သည့်အပြင် ကမ္ဘာကျော်အ မှတ်တံဆိပ်များ၏ ပုံစံအတိုင်း အတုအပထုတ် လုပ်နိုင်သည်များ ရှိထားကြောင်း ထိုင်းဘက်ခြမ်းမှ သတင်းရင်းမြစ်အချို့ကလည်း ပြောသည်။ “များသော အားဖြင့် အလှကုန်တွေကို ကိုရီးယားထုတ်ပုံစံမျိုးနဲ့ မြန်မာဈေးကွက်ထဲကို ပြန်သွင်းကြတယ်။ ကုမ္ပဏီမှတ်ပုံတင်တာ၊ လိုင်စင်ပါမစ်ယူတာနဲ့ FDA စာရင်းသွင်းတာတွေမှာ ကိုရီးယားထုတ်ဆိုတာမျိုး စာရင်းသွင်းကြပေမယ့် ကိုရီးယားပစ္စည်းတွေကြားထဲမှာ ထိုင်းအလှကုန်တွေကို ညှပ်ထည့်ပြီး လိမ်နေကြတာမျိုးပါ။ နောက်ပိုင်းဆိုရင် ကိုရီးယားအလှကုန်တောင် မပါတော့ဘူး။ တံဆိပ်စာလုံးတွေက ကိုရီးယား၊ ထုတ်လုပ်တာက ထိုင်းမှာ။ အဲဒီအလှကုန်တွေကို ထိုင်းမှာလည်း ဘယ်သူမှ မသုံးဘူး။ မြန်မာပြည်ထဲ ကိုတော့ MLM ပုံစံမျိုးနဲ့သွင်းကြတယ်။ ဘုရားသုံးဆူနယ်စပ်၊ မြဝတီနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ် လမ်းကြောင်း အစုံကနေ ကုန်ကားတွေနဲ့သွင်းနေကြတယ်လို့ ကြား တယ်” ဟု ထိုင်းဘက်ခြမ်းမှ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

MLM အလှကုန်ဆိုသော အသုံးအနှုန်း၏ ဖွင့်ဆိုချက်သည် ရိုးရှင်းလှပြီး အလှကုန်သွင်းသည့်ကုမ္ပဏီက သန့်ရှင်းကြော့မော့သော အမျိုးသမီးငယ်များကို မက်လုံးများ ပေး၍ ၎င်းတို့အလှကုန်များကို ဝယ်ယူရောင်းချစေ ခြင်းမျိုးဖြစ်သည်။ မော်လမြိုင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် MLM ကုမ္ပဏီတစ်ခု၏ သားကောင်ဖြစ်ခဲ့ရဖူးပြီး ၎င်း၏ ဆိုရှယ်ပလက်ဖောင်းများ၌ MLM အလှကုန်များကို ၂၀၂၃ ခုနှစ်အထိ ရောင်းချပေးခဲ့ရဖူးသည်။ သရုပ် ဆောင်တစ်ဦးအဖြစ် အသွင်ပြောင်းလုပ်ကိုင်စပြုနေပြီဖြစ်သော အဆိုပါ အမျိုးသမီးသည် လှပကြော့ရှင်း သည့်ခန္ဓာကိုယ်အမျိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် လူမှုကွန်ရက်ပေါ်တွင် လူကြိုက်များ ရေပန်းစားလှသူတစ်ဦးလည်း ဖြစ်သည်။ “မိန်းကလေးတွေကိုလည်း MLM အလှကုန်သမားတွေက ပစ်မှတ်ထားကြတယ်။ အလှကုန်တွေကို အပြတ်ဝယ်ခိုင်းပြီး တစ်ဆင့် ထပ်ရောင်းခိုင်းတယ်။ ပြီးတော့ နိုင်ငံခြားအလည်အပတ်ခရီးလိုလို ဘာလိုလိုနဲ့ မိန်းကလေးတွေကို မကောင်းတဲ့ပုံဖြစ်အောင် လှည့်ကွက် လုပ်တာတွေလည်း ရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ၂၀၂၀ မတိုင်မီအထိ အတန်ကြာတိမ်မြုပ် နေသော MLM ကွန်ရက်ကြီးက ၂၀၂၀ ကိုဗစ်ကပ်ရောဂါကာ လအတွင်း Online Live Sale များနှင့်အတူ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ယခုနှစ်များအတွင်း ပိုမိုဆိုးရွားစွာ မင်းမူလာနေခြင်းဖြစ်ကြောင်းလည်း ကြား သိရသည်။ အာမခံချက်မရှိသော အဆိုပါအလှကုန်များကို နာမည်ရှိသရုပ်ဆောင်များနှင့် ဆိုရှယ်မီဒီယာ ဆယ်လီများကလည်း “ အခကြေးငွေရရင်ပြီးရော” ဆိုသည့် Ethic မရှိသောစိတ်ဓာတ်မျိုးဖြင့် ကြော်ငြာ ပေးမှုများ ရှိသကဲ့သို့ သုံးစွဲသူဘက်က သက် ရောက်ဆိုးကျိုးများ ဖြစ်လာချိန်တွင် မသိကျိုးကျွန်ပြုနေကြ ကြောင်း၊ တစ်နည်းအားဖြင့် အစိုးရ ဌာနဆိုင်ရာအပါအဝင် မည်သူကမျှ ကာကွယ်ပေးခြင်း မရှိကြောင်းလည်း ကြားသိနေရသည်။

zawgyi version
အလွကုန္ပစၥည္းေလာက၌ MLM အလွကုန္မ်ားက တရားမဝင္ခိုးသြင္းသည့္အျပင္ ဥပေဒမ်ိဳးစုံကို ခ်ိဳးေဖာက္ထားေသာ္လည္း အေရးယူျခင္းမခံရဘဲ ေဈးကြက္ကို ႀကီးစိုးမင္းမူေန
ေအဝိုင္အီး(NP News) - ဇူလိုင္ ၁၁

အလွကုန္ပစၥည္းေဈးကြက္အတြင္း၌ ျပည္တြင္းထုတ္ႏွင့္ တရားဝင္လမ္းေၾကာင္းမွတစ္ဆင့္ တင္သြင္းလာေသာ မွတ္ပုံတင္ Brand မ်ားထက္ တရားမဝင္တင္သြင္းလာသည့္ MLM(Multi Level Marketing) အလွကုန္မ်ားက ဥပေဒအရ အေရးယူျခင္းမခံရဘဲ ေဈးကြက္ကိုမင္းမူေနေၾကာင္း စုံစမ္းသိရွိရသည္။

ကိုဗစ္ကပ္ေရာဂါႏွင့္ ႏိုင္ငံေရးေခတ္စနစ္ မေကာင္းလွသည့္ကာလမ်ားအတြင္း၌ ျပည္တြင္းထုတ္အလွကုန္မ်ားႏွင့္ တရားဝင္ေလွ်ာက္ထား တင္သြင္းလာသည့္ အလွကုန္လုပ္ငန္းမ်ားက ပါမစ္မူဝါဒမ်ားႏွင့္အတူ ေဈးကြက္အတြင္း၌ အခက္အခဲမ်ားစြာျဖင့္ ရင္ဆိုင္ေနရေၾကာင္းၾကားသိရသည္။ ယင္းအခ်ိန္အတြင္း၌ MLM အလွကုန္မ်ားက ေဖ့စ္ဘြတ္၊ TikTok အစရွိသည့္ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားမွတစ္ဆင့္ ေဈးကြက္အတြင္းသို႔ လိမ္လည္လွည့္ျဖားေရာင္းခ်ျခင္းမ်ားကို အရွိန္ယူစိုးမိုးလာခဲ့ေၾကာင္း ေလ့လာေစာင့္ၾကည့္ေနသူလုပ္ငန္းရွင္အခ်ိဳ႕က ထုတ္ေဖာ္အသိေပးသည္။ “ၿပီးခဲ့တဲ့တစ္ေလာက တိုင္ၾကားစာ တစ္ေစာင္ထြက္ခဲ့တယ္။ အဲဒီတိုင္ၾကားစာအရ နာမည္ႀကီးကုမၸဏီတစ္ခုက အလွကုန္ေတြကို တရားမဝင္လမ္းေၾကာင္းေတြကေန တင္သြင္းတယ္။ တင္သြင္းခြင့္ပါမစ္ကို ျဖတ္သန္းမထားဘူး။ ၿပီးေတာ့ FDA မွာ ျပထားတဲ့အတိုင္း သြင္းမလာဘူး။ လိမ္လည္လွည့္ျဖားတဲ့ MLM စနစ္နဲ႔ အလွကုန္ေတြ ျဖန႔္ေနတယ္ေပါ့။ အဲဒါကို အေရးယူဖို႔ အလွကုန္ပစၥည္းနဲ႔ ဆက္စပ္တဲ့အသိုင္းအဝိုင္းက တိုင္ၾကားတယ္။ အစိုးရဘက္ကလည္း အေရးယူထားပါတယ္ေျပာတယ္။ ဒါေပမဲ့ ကုမၸဏီက ဆက္ၿပီးလည္ပတ္ေနတုန္းပဲ။ သိရသေလာက္ MLM အလွကုန္လုပ္တဲ့သူေတြက ထိုင္းဘက္မွာ ေအးေအးေဆးေဆး သြားလာေပ်ာ္ ပါးေနတုန္းပဲ” ဟု ေလ့လာေစာင့္ၾကည့္ထားသူ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

FDA ဘက္သို႔ NP News က စုံစမ္းေမးျမန္းမႈ၌ ၎တို႔၏ဝက္ဘ္ဆိုက္ကို ျပန္လည္ၫႊန္းဆိုခဲ့ၿပီး ေခါင္းစဥ္က႑အလိုက္ မွတ္ပုံတင္ခြင့္ျပဳထားေၾကာင္း၊ စာရင္း၌ ပါဝင္ေသာကုမၸဏီမ်ားက မွတ္ပုံတင္ထားသည္ဟု သတ္မွတ္ႏိုင္ၿပီး စာရင္းတြင္ ပါဝင္ျခင္းမရွိပါက တရားဝင္ဟု သတ္မွတ္၍မရေၾကာင္း၊ FDA အေနျဖင့္ လာေရာက္မွတ္ပုံတင္ေသာ လုပ္ငန္းမ်ားကိုသာ အဓိက စစ္ေဆးၾကပ္မတ္ေပးျခင္းမ်ိဳးျဖစ္ၿပီး မွတ္ပုံမတင္ဘဲ ေဈးကြက္အတြင္း ေရာင္းခ်ေနေသာအလွကုန္ပစၥည္းမ်ားကို စစ္ေဆးေပးရန္ အခက္အခဲအမ်ိဳးမ်ိဳးရွိေၾကာင္း အသိေပး သည္။ FDA ဝက္ဘ္ဆိုက္အတြင္း၌ ေရသန႔္ လုပ္ငန္းမ်ားသာ အမ်ားဆုံး ပါဝင္ေနၿပီး အလွကုန္ႏွင့္ ပတ္သက္၍ (၁၀)ခုထက္ပို ျမင္ေတြ႕ရျခင္းမရွိေပ။ “ FDA မွာ မွတ္ပုံမတင္ဘဲ ေရာင္းေနတာရွိရင္ အေရးယူရမွာေပါ့။ ေရာင္းခြင့္မရွိဘဲ ေရာင္းေနတာကို အေရးမယူရင္ အဲဒီဌာနေတြက ဘာလုပ္ဖို႔ထားတာလဲ။ ဘယ္အလွကုန္ေတြက မွတ္ပုံတင္ထားလဲ မတင္ထားဘူးလဲဆိုတာက ေဖ့စ္ဘြတ္ နဲ႔ TikTok မွာ ေသခ်ာေစာင့္ၾကည့္ရင္ တစ္ပတ္မၾကာဘူး၊ အကုန္သိႏိုင္ပါတယ္။ ဒါေတြကို စာရင္းျပဳစုၿပီး သက္ဆိုင္ရာအလွကုန္ျဖန႔္ခ်ိသူေတြကို ေမးလိုက္႐ုံပဲေလ” ဟု လုပ္ငန္းရွင္က ေျပာသည္။ ျပည္တြင္း ထုတ္အလွကုန္မ်ားႏွင့္ ျပည္ပမွတရားဝင္တင္သြင္းလာေသာ အလွကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ အစိုးရ၏ ပါမစ္ ကိစၥအပါအဝင္ လုပ္ငန္းစဥ္မ်ားအတိုင္း ခက္ခက္ခဲခဲ ျဖတ္သန္းေနရၿပီး ေဈးကြက္ အတြင္း အာမခံခ်က္မ်ားစြာျဖင့္ ေရာင္းေနရခ်ိန္၌ ထိုင္းနယ္စပ္လမ္းေၾကာင္းမွတစ္ဆင့္ တရားမဝင္ တင္သြင္းလာေသာ အလွကုန္မ်ားက ေဈးကြက္အတြင္း မင္းမူေနျခင္းမွာ အစိုးရကိုယ္တိုင္က မရည္႐ြယ္ေသာ္လည္း တရားမဝင္(သူခိုး)မ်ားကို အားေပးရာေရာက္သကဲ့သို႔ျဖစ္ေနေၾကာင္းလည္း ဆိုသည္။

“တိုင္ၾကားခံရတဲ့ ကုမၸဏီဆိုရင္ဗ်ာ ဘာအေထာက္အထားမွ မရွိတာ ေပၚေပါက္တယ္။ စစ္ေဆးအေရးယူတာက ဘယ္လို လဲဆိုေတာ့ သုံးလ ဆိုင္းငံ့ဆိုတာပဲရွိတယ္။ အဲဒီသုံးလ က ခဏ ေလးရယ္။ ၿပီးေတာ့ တျခားနာမည္နဲ႔ လွည့္သြင္းျပန္ေရာ။ ပိုဆိုးတာက ကုမၸဏီဘက္က အစိုးရ လုပ္ထုံးလုပ္နည္းကို ဘယ္လိုေက်ာ္လႊားရ သလဲဆိုတာပါ သင္ေပးခံရသလိုျဖစ္သြားတယ္” ဟု ေမလအတြင္းက ျဖစ္ခဲ့ေသာ အနီးစပ္ဆုံးျဖစ္ရပ္ တစ္ခုကို လုပ္ငန္းရွင္က အေထာက္အထားမ်ားႏွင့္တကြ ေထာက္ျပသည္။ အဆိုပါကုမၸဏီသည္ တရားဝင္တင္ျပထားေသာလိပ္စာကို လိမ္လည္ထားသည့္အျပင္ အျခားေသာအေထာက္အထားမ်ားစြာကိုပါ လွည့္စားသည္မွာ မွန္ကန္ခဲ့ေသာ္လည္း FDA ႏွင့္ စားသုံးသူ ကာကြယ္ေရးႏွင့္သက္ဆိုင္ေသာဌာနတို႔၏ အေရးယူမႈက လမ္းျပလိုက္သကဲ့သို႔ ျဖစ္သြားေစသည္ဟု ဆိုသည္။ စားသုံးသူကာကြယ္ေရးႏွင့္ဆိုင္ေသာ ဌာနဘက္သို႔ သတင္းဂ်ာနယ္က ေမးျမန္းခဲ့မႈတြင္ ၎တို႔အေနျဖင့္ အေပၚမွလာေသာ ၫႊန္ၾကားခ်က္ သို႔မဟုတ္ တိုင္ၾကားခ်က္မ်ားရွိမွသာ စုံစမ္း ေဖာ္ထုတ္မႈမ်ားကို စတင္ႏိုင္ေၾကာင္း၊ အေၾကာင္းျပခ်က္မွာ ဝန္ထမ္းအင္အားနည္းပါးမႈေၾကာင့္ ျဖစ္ ေၾကာင္း အသိေပးသည္။

“ တစ္ရက္တစ္ရက္ ႐ုံးတက္ၿပီး သူတို႔ဘာလုပ္ေနၾကတာလဲ။ စားသုံးသူဘက္ ကေန ကာကြယ္ေပးဖို႔ကို ဝန္ထမ္းအင္အား မရွိပါဘူးဆိုေတာ့ ဘယ္သူက ကာကြယ္ေပးမွာလဲ။ အဲဒါဆို အဲဒီဌာနက ဘာအတြက္ ဖြဲ႕ထားတာတုံး ” ဟု လုပ္ငန္းရွင္တစ္ဦးက မွတ္ခ်က္ျပဳသည္။ ေဖ့စ္ဘြတ္ႏွင့္ TikTok တို႔တြင္ အမ်ိဳးသမီးငယ္မ်ားက Live လႊင့္၍ျဖစ္ေစ၊ ကျပသည့္ဗီဒီယိုမ်ားမွတစ္ဆင့္ျဖစ္ေစ အလွကုန္မ်ိဳးစုံကို ေဈးကြက္အတြင္း၌ ပုံစံမ်ိဳးစုံျဖင့္ထိုးေဖာက္ေနၾကေသာ္လည္း အဆိုပါအလွကုန္ ပစၥည္းအမ်ားစုမွာ FDA ကို ျဖတ္သန္းျခင္းလုံးဝနီးပါး မရွိသကဲ့သို႔ စားသုံးသူကာကြယ္ေရးရႈေထာင့္အရ လည္း လိုင္စင္ပါမစ္ရယူတင္သြင္းထားျခင္းမ်ိဳး နည္းပါးလွေၾကာင္း ေလ့လာထားသူက ဆိုသည္။ အလားတူပင္ ထိုင္းေဈးကြက္အတြင္း၌ လူပုဂၢိဳလ္တစ္ ဦးဦး၏အမည္ျဖင့္ အလွကုန္အမွတ္တံဆိပ္ကို လြယ္ လင့္တကူထုတ္လုပ္ႏိုင္သည့္အျပင္ ကမာၻေက်ာ္အ မွတ္တံဆိပ္မ်ား၏ ပုံစံအတိုင္း အတုအပထုတ္ လုပ္ႏိုင္သည္မ်ား ရွိထားေၾကာင္း ထိုင္းဘက္ျခမ္းမွ သတင္းရင္းျမစ္အခ်ိဳ႕ကလည္း ေျပာသည္။ “မ်ားေသာ အားျဖင့္ အလွကုန္ေတြကို ကိုရီးယားထုတ္ပုံစံမ်ိဳးနဲ႔ ျမန္မာေဈးကြက္ထဲကို ျပန္သြင္းၾကတယ္။ ကုမၸဏီမွတ္ပုံတင္တာ၊ လိုင္စင္ပါမစ္ယူတာနဲ႔ FDA စာရင္းသြင္းတာေတြမွာ ကိုရီးယားထုတ္ဆိုတာမ်ိဳး စာရင္းသြင္းၾကေပမယ့္ ကိုရီးယားပစၥည္းေတြၾကားထဲမွာ ထိုင္းအလွကုန္ေတြကို ညႇပ္ထည့္ၿပီး လိမ္ေနၾကတာမ်ိဳးပါ။ ေနာက္ပိုင္းဆိုရင္ ကိုရီးယားအလွကုန္ေတာင္ မပါေတာ့ဘူး။ တံဆိပ္စာလုံးေတြက ကိုရီးယား၊ ထုတ္လုပ္တာက ထိုင္းမွာ။ အဲဒီအလွကုန္ေတြကို ထိုင္းမွာလည္း ဘယ္သူမွ မသုံးဘူး။ ျမန္မာျပည္ထဲ ကိုေတာ့ MLM ပုံစံမ်ိဳးနဲ႔သြင္းၾကတယ္။ ဘုရားသုံးဆူနယ္စပ္၊ ျမဝတီနယ္စပ္နဲ႔ ထိုင္း-ျမန္မာနယ္စပ္ လမ္းေၾကာင္း အစုံကေန ကုန္ကားေတြနဲ႔သြင္းေနၾကတယ္လို႔ ၾကား တယ္” ဟု ထိုင္းဘက္ျခမ္းမွ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

MLM အလွကုန္ဆိုေသာ အသုံးအႏႈန္း၏ ဖြင့္ဆိုခ်က္သည္ ႐ိုးရွင္းလွၿပီး အလွကုန္သြင္းသည့္ကုမၸဏီက သန႔္ရွင္းေၾကာ့ေမာ့ေသာ အမ်ိဳးသမီးငယ္မ်ားကို မက္လုံးမ်ား ေပး၍ ၎တို႔အလွကုန္မ်ားကို ဝယ္ယူေရာင္းခ်ေစ ျခင္းမ်ိဳးျဖစ္သည္။ ေမာ္လၿမိဳင္တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးသည္ MLM ကုမၸဏီတစ္ခု၏ သားေကာင္ျဖစ္ခဲ့ရဖူးၿပီး ၎၏ ဆိုရွယ္ပလက္ေဖာင္းမ်ား၌ MLM အလွကုန္မ်ားကို ၂၀၂၃ ခုႏွစ္အထိ ေရာင္းခ်ေပးခဲ့ရဖူးသည္။ သ႐ုပ္ ေဆာင္တစ္ဦးအျဖစ္ အသြင္ေျပာင္းလုပ္ကိုင္စျပဳေနၿပီျဖစ္ေသာ အဆိုပါ အမ်ိဳးသမီးသည္ လွပေၾကာ့ရွင္း သည့္ခႏၶာကိုယ္အမ်ိဳးအစားကို ပိုင္ဆိုင္ထားသူျဖစ္သည့္အတြက္ လူမႈကြန္ရက္ေပၚတြင္ လူႀကိဳက္မ်ား ေရပန္းစားလွသူတစ္ဦးလည္း ျဖစ္သည္။ “မိန္းကေလးေတြကိုလည္း MLM အလွကုန္သမားေတြက ပစ္မွတ္ထားၾကတယ္။ အလွကုန္ေတြကို အျပတ္ဝယ္ခိုင္းၿပီး တစ္ဆင့္ ထပ္ေရာင္းခိုင္းတယ္။ ၿပီးေတာ့ ႏိုင္ငံျခားအလည္အပတ္ခရီးလိုလို ဘာလိုလိုနဲ႔ မိန္းကေလးေတြကို မေကာင္းတဲ့ပုံျဖစ္ေအာင္ လွည့္ကြက္ လုပ္တာေတြလည္း ရွိတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။ ၂၀၂၀ မတိုင္မီအထိ အတန္ၾကာတိမ္ျမဳပ္ ေနေသာ MLM ကြန္ရက္ႀကီးက ၂၀၂၀ ကိုဗစ္ကပ္ေရာဂါကာ လအတြင္း Online Live Sale မ်ားႏွင့္အတူ ထပ္မံေပၚေပါက္လာခဲ့ၿပီး ယခုႏွစ္မ်ားအတြင္း ပိုမိုဆိုး႐ြားစြာ မင္းမူလာေနျခင္းျဖစ္ေၾကာင္းလည္း ၾကား သိရသည္။ အာမခံခ်က္မရွိေသာ အဆိုပါအလွကုန္မ်ားကို နာမည္ရွိသ႐ုပ္ေဆာင္မ်ားႏွင့္ ဆိုရွယ္မီဒီယာ ဆယ္လီမ်ားကလည္း “ အခေၾကးေငြရရင္ၿပီးေရာ” ဆိုသည့္ Ethic မရွိေသာစိတ္ဓာတ္မ်ိဳးျဖင့္ ေၾကာ္ျငာ ေပးမႈမ်ား ရွိသကဲ့သို႔ သုံးစြဲသူဘက္က သက္ ေရာက္ဆိုးက်ိဳးမ်ား ျဖစ္လာခ်ိန္တြင္ မသိက်ိဳးကြၽန္ျပဳေနၾက ေၾကာင္း၊ တစ္နည္းအားျဖင့္ အစိုးရ ဌာနဆိုင္ရာအပါအဝင္ မည္သူကမွ် ကာကြယ္ေပးျခင္း မရွိေၾကာင္းလည္း ၾကားသိေနရသည္။

Related news

© 2021. All rights reserved.