လူဇင်ဘတ်နဲ့ ယူကရိန်းအစိုးရတို့ကြား လုံခြုံရေးသဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး

 425

Pika (NP News) - ဇူလိုင်လ ၁၁

ယူကရိန်းနဲ့လူဇင်ဘတ်နိုင်ငံတို့ဟာ ဇူလိုင်လ(၁၀)ရက်မှာ လုံခြုံရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ ကြတယ်လို့ သိရပါတယ်။
အဲဒီလုံခြုံရေးသဘောတူညီချက်ကို နိုင်ငံရေးနဲ့တန်ဖိုးကို အခြေခံတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ယူကရိန်း သမ္မတဇီလန်စကီးက ဖော်ပြပြောဆိုခဲ့ပါတယ်။ လူဦးရေ(၆၇၂၀၀၀)သာရှိတဲ့ လူဇင်ဘတ်နိုင်ငံဟာ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ဒါ့ပြင် လူဇင်ဘတ်နိုင်ငံဟာ နေတိုးအဖွဲ့ကို စတင်တည်ထောင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးနဲ့ လူဇင်ဘတ်ဝန်ကြီးချုပ် Luc Frieden တို့ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပတဲ့ နေတိုး ထိပ်သီးအစည်းအဝေးကို တက်ရောက်ချိန်အတွင်း အဲဒီလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတည်းက ယူကရိန်းနိုင်ငံဟာ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံ တွေနဲ့ အလားတူနှစ်နိုင်ငံသဘောတူစာချုပ်(၂)ဒါဇင်ခန့်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လမှာ ယူကရိန်းဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ လုံခြုံရေးသဘောတူညီချက်တွေကို လက်မှတ် ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

သဘောတူညီချက်အရ လူဇင်ဘတ်ဟာ ယူကရိန်း၊ အက်စတိုးနီးယားတို့နဲ့အတူ ယူကရိန်းရဲ့ IT စွမ်းရည်တွေ အားကောင်းလာစေဖို့၊ လေတပ်နဲ့အမြောက်လက်နက်တွေကို မြှင့်တင်ဖို့ရည်ရွယ်ထားတဲ့အစီအစဉ်တွေမှာ ပူးတွဲ ခေါင်းဆောင်အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် လူဇင်ဘတ်ဟာ အာကာသနယ်ပယ် နဲ့ ဆိုက်ဘာလျှပ်စစ်သံလိုက်စွမ်းရည်တွေ အပါအဝင် ထောက်လှမ်းရေးစွမ်းရည်တွေကို ယူကရိန်းကို ပံ့ပိုးပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးတော့ လူဇင်ဘတ်နိုင်ငံဟာ ယူကရိန်းစစ်တပ်ကို လေ့ကျင့်ပေးဖို့အတွက် ကူညီပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
လူဇင္ဘတ္နဲ႔ ယူကရိန္းအစိုးရတို႔ၾကား လုံၿခဳံေရးသေဘာတူညီခ်က္တစ္ခု လက္မွတ္ေရးထိုး
Pika (NP News) - ဇူလိုင္လ ၁၁

ယူကရိန္းနဲ႔လူဇင္ဘတ္ႏိုင္ငံတို႔ဟာ ဇူလိုင္လ(၁၀)ရက္မွာ လုံၿခဳံေရးသေဘာတူညီခ်က္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ ၾကတယ္လို႔ သိရပါတယ္။
အဲဒီလုံၿခဳံေရးသေဘာတူညီခ်က္ကို ႏိုင္ငံေရးနဲ႔တန္ဖိုးကို အေျခခံတဲ့ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုအျဖစ္ ယူကရိန္း သမၼတဇီလန္စကီးက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ လူဦးေရ(၆၇၂၀၀၀)သာရွိတဲ့ လူဇင္ဘတ္ႏိုင္ငံဟာ ျပင္သစ္၊ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံႏိုင္ငံတို႔နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

ဒါ့ျပင္ လူဇင္ဘတ္ႏိုင္ငံဟာ ေနတိုးအဖြဲ႕ကို စတင္တည္ေထာင္တဲ့ႏိုင္ငံေတြထဲမွာ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးနဲ႔ လူဇင္ဘတ္ဝန္ႀကီးခ်ဳပ္ Luc Frieden တို႔ဟာ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕မွာ က်င္းပတဲ့ ေနတိုး ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခ်ိန္အတြင္း အဲဒီလုံၿခဳံေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတည္းက ယူကရိန္းႏိုင္ငံဟာ ျပင္သစ္၊ ၿဗိတိန္၊ ဂ်ာမနီတို႔ အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ေတြနဲ႔ အလားတူႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္(၂)ဒါဇင္ခန႔္ကို လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ဇြန္လမွာ ယူကရိန္းဟာ အေမရိကန္၊ ဥေရာပသမဂၢတို႔နဲ႔ လုံၿခဳံေရးသေဘာတူညီခ်က္ေတြကို လက္မွတ္ ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။

သေဘာတူညီခ်က္အရ လူဇင္ဘတ္ဟာ ယူကရိန္း၊ အက္စတိုးနီးယားတို႔နဲ႔အတူ ယူကရိန္းရဲ႕ IT စြမ္းရည္ေတြ အားေကာင္းလာေစဖို႔၊ ေလတပ္နဲ႔အေျမာက္လက္နက္ေတြကို ျမႇင့္တင္ဖို႔ရည္႐ြယ္ထားတဲ့အစီအစဥ္ေတြမွာ ပူးတြဲ ေခါင္းေဆာင္အခန္းက႑ကေန ပါဝင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ လူဇင္ဘတ္ဟာ အာကာသနယ္ပယ္ နဲ႔ ဆိုက္ဘာလွ်ပ္စစ္သံလိုက္စြမ္းရည္ေတြ အပါအဝင္ ေထာက္လွမ္းေရးစြမ္းရည္ေတြကို ယူကရိန္းကို ပံ့ပိုးေပးသြား မွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ လူဇင္ဘတ္ႏိုင္ငံဟာ ယူကရိန္းစစ္တပ္ကို ေလ့က်င့္ေပးဖို႔အတြက္ ကူညီေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.