ကျစ်ဆံမြီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန်းဆက်ဆောင်းပါးရှည်)
821
ဇာမဏီစံမောင် (NP News) - ဇူလိုင် ၁၂
ကျစ်ဆံမြီးဧရာဝတီ သတို့သမီးကြီးကို ပြုပြင်ထိန်းသိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု၏အသီး အပွင့်ကို တိုင်းရင်းသားအားလုံးခံစားနိုင်ကြဖို့ အဓိက အလိုအပ်ဆုံးက တိုင်းရင်းသားတို့အခွင့်အရေးလား သို့မဟုတ် တာဝန်လား ဆိုတာကို သည်အပိုင်းတွင် ကျွန်တော့် မြန်မာနိုင်ငံသားသက်တမ်းနဲ့ ဆန်းစစ် ကြည့်ဖို့ အသိပေးတင်ပြလိုပါသည်။
တိုင်းရင်းသားအခွင့်အရေးနှင့် နယ်မြေ အားလုံးစုပေါင်းပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး၏ ပင်မရေစီး ကြောင်းကြီးမှာ ဧရာဝတီသတို့သမီးကြီးဆိုသည်ကို မည်သူမျှမငြင်းနိုင်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ သစ္စာတရားပင်။ ပြည်ထောင်စုမြန်မာနိုင်ငံသား သို့မဟုတ် တိုင်းရင်းသားအားလုံး ဧရာဝတီ ကို နှစ်ထောင်ချီအသုံးချခဲ့ကြပြီးပြီဆိုသည်ကိုလည်း ကမ္ဘာကသိနေသလို ကျစ်ဆံမြီးဧရာဝတီက သိပါ၏။
ပြည်တွင်းပြည်ပက လူမှုကွန်ရက်တွင်၊ အွန်လိုင်းတွင်၊ မီဒီယာစုံတွင်၊ ငြိမ်းချမ်းရေးစားပွဲခုံ များပေါ်တွင် ပြည်ထောင်စုတောတောင်ရေမြေနေရာအနှံ့တွင် လက်နက်ကိုင်ထားကြသည့် တိုင်းရင်းသား (EAOs) များနှင့် ပြည်တွင်း ပြည်ပ အရပ်ဘက်အ ဖွဲ့အစည်းပေါင်းစုံ၊ တိုင်းရင်းသား နိုင်ငံရေးပါတီပေါင်း စုံကလည်း တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များကို ယနေ့အထိ ထပ်ခါတလဲလဲ လိုအပ်နေကြကြောင်း ပြောခဲ့ကြသည်မှာ ၁၉၄၉ ခုနှစ်မှ ယနေ့အထိ နှစ် ပေါင်း (၇၀)ကျော်ခဲ့ပြီမဟုတ်ပါလား။ တစ်ခါမျှမကြားဖူးသေးသည်က မိခင်ဧရာ ဝတီအတွက် တိုင်းရင်းသားတို့ တာဝန် (သို့မဟုတ်)ပြည်ထောင်စု မြန်မာနိုင်ငံကြီးသား တာဝန်ပင်ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် သီချင်းစာသား များကို နိုင်ငံကြီးသားတစ်ဖြစ်လဲ ပြည်ထောင်စု တိုင်းရင်းသားများ၏ အမျိုးသားရေးကတိစကား (National Pledge)
အဖြစ် တစ်ခါမှ စာရေးသူမကြားဖူးပါ။ သည်နေရာတွင် မြန်မာနှင့်အကျိုးတူပူးပေါင်းပြီး ကျစ်ဆံမြီးဧရာဝတီကို လှလှပပဖြစ်စေလိုသော ဆွေမျိုးပေါက်ဖော်နိုင်ငံကြီး၏ ဌာနေတိုင်းရင်းသား နိုင်ငံကြီးသားများ၏ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ တစ်စိတ်တစ်ဝမ်း၊ ထက်အောက် ပြန်လှန်လေးစားခြင်း ပြယုဂ် နိုင်ငံတော်ရတနာ(National Treasure) ဖြစ်သည့် ကမ္ဘာ့အကြီးဆုံးသော ချောင်းသုံးသွယ် ရေကာတာ Three George’sDam ကြီးအပေါ်ထားရှိဆဲ နိုင်ငံကြီးသား ပီသခြင်းနှင့် တိုင်းရင်းသားတို့၏တာဝန် သရုပ်မှန် အမျိုးသားရေးဂုဏ်ပုဒ်တစ်ရပ် သမိုင်းဝင်ဖို့ ကြိုးပမ်းမှုကိုလည်း ရွှေမြန်မာတို့ လေ့လာကြည့်သင့်၏။
တိုင်းရင်းသားတို့၏တာဝန် တစ်နည်းပြောရလျှင် နိုင်ငံသားအားလုံး၏တာဝန် နောက်တစ်နည်း ပြောရလျှင် နောင်လာနောက်သားတို့မျိုးဆက်သစ်တို့အတွက် ယနေ့နိုင်ငံကြီးသားစိတ်ဓာတ်နှင့် အမူအကျင့်တို့ဟာ ဖက်ဒရယ် ပြည်ထောင်စုကိုဦးတည်တဲ့ တွေးခေါ်မျှော်မှန်းချက်များနှင့် ရုပ်ရောစိတ်ဓာတ်ပါ မသွေမဖည် ဦးတည်ကြလိုပါသည်။
တိုင်းရင်းသားအများစုပါဝင်ပြီးနိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို တကယ်တမ်း ဖော်ဆောင်ကြဖို့မည် သည့်လုပ်ငန်းမဆို အတွင်းကျကျ နားလည်ပြီးပါဝင်ကူညီနိုင်ကြဖို့ အသိÓဏ်ပညာနဲ့ ပြည့်စုံတဲ့နိုင်ငံကြီးသား သတိရှိရပါ တယ်။ အလွန်ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုမှာ ရန်သူမျိုးငါးပါးလို့ပြောကြပါတယ်။ ယင်းအထဲမှာ “ရေရဲ့အဖျက်စွမ်းအား” ဟာလည်း ထိပ်ဆုံးကပါ။ ဆွေမျိုးပေါက်ဖော်တို့ ပြည်ကြီးမှာ ၁၈၈၇/၁၉၃၅/၁၉၃၈နဲ့၁၉၅၄ ခုနှစ်များဟာ နိုင်ငံအတွက် အကြီးမားဆုံးသောအဖျက်လက်နက် ရေရန်သူကြောင့် မြစ်ဝါမြစ်ကြီးနဲ့ ယန်စီမြစ်တို့ ရေကြီး ရေလျှံကပ်ဘေးမှာ စုစုပေါင်းပြည်သူ အသက်ပေါင်း (၂)သန်းကျော်ပေးခဲ့ရပြီးနောက်ဆက်တွဲကာလ တစ်ခုထိ ရေကျချိန် ကပ်ရောဂါများကြောင့်လည်း လူသောင်းချီသေကြေပျက်စီးခဲ့ကြရပါတယ်။
သက်ဆိုင်ရာ ပညာရပ်နဲ့ ပညာရှင်တို့ရဲ့ ဂတိငါးပါးနဲ့ကင်းတဲ့ တင်ပြချက်တွေကို လေ့လာထားဖို့ တာဝန်ဟာ နိုင်ငံကြီးသားတိုင်းမှာတာဝန်ရှိ နေပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ စံနှုန်းတွေအရ ရေးဆွဲအတည်ပြုပြဌာန်း ပြီးသား ဥပဒေအနှစ်သာရ များကိုနိုင်ငံသားတိုင်းကို အချိန်နဲ့တပြေးညီ အစိုးရများက ချပြပြီးလေ့လာကြရပါသည်။ နောင်လာမည့်ပါတီစုံဒီမိုကရေစီစနစ်အရ အာဏာရသူ နိုင်ငံရေးသမားများကို ကြိုတင်ပြောပြထားချင်ပါတယ်။
ကျစ်ဆံမြီး ဧရာဝတီသတို့သမီးကြီးအတွက် လူတိုင်းလေ့လာထားသင့်ပြီးသိထားရမည့် ဥပဒေများနဲ့ ယင်းတို့ရဲ့ အချိန်ကိုက်သက်ရောက်မှုများ၊ ထိုဥပဒေများဟာအတူပူးတွဲလုပ်ကိုင်ရမည့် နိုင်ငံခြား တိုင်းပြည်၏စီမံကိန်းများမှာ လိုက် နာဖို့၊ နိုင်ငံတကာစီ မံကိန်းများမှာအသုံးချဖို့ သူတို့ဆီမှာ အလွန်တင်းကြပ်တဲ့ ဥပဒေများထုတ်ပြန်ထားပါသလား ဆိုတဲ့အချက်ပါ။ ကျွန်တော်တို့နှင့် အကျိုးတူလာလုပ်သည့်နိုင်ငံကြီးဆိုလျှင် ကမ္ဘာပေါ်တွင် အခိုင်မာဆုံး ပတ်ဝန်း ကျင်ထိန်း သိမ်းရေးဥပဒေများပြဋ္ဌာန်းပြီး မလိုက်နာသည့် သူ့နိုင်ငံသားကုမ္ပဏီများကို ပြတ်ပြတ်သားသားအရေးယူပြပြီး သူ၏ခိုင်မာသည့်ဥပဒေများကို ဦးလည်မသုန် လိုက်နာကြရန် အစိုးရအဆက်ဆက်ကရပ်တည်ပြီး ကမ္ဘာသိလက်တွေ့ လုပ်ငန်းများ ဖော်ဆောင်သည်။
နိုင်ငံတကာက စံပြုဥပဒေများထဲတွင်လည်း ထိပ်တန်းပါဝင်နေသည့်ဥပဒေများဖြစ်နေသည်။ ၎င်းတို့ဆီ၌ လူဦးရေထူထပ်လွန်းလှပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုလွယ်လွန်းလှခြင်းကြောင့် စာပေယဉ်ကျေးမှုနှင့်အတူ နေ့စဉ် ဘဝမှာပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာနှင့် အမူအကျင့်များကို တစ်ပါတည်းသိတတ်စေရန် ၎င်းတို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေဟာ အလွန်ခိုင်မာတိကျသည့် (Binding Law) များထုတ်ပြန်ထားပြီး လူငယ်ကျောင်းသားများ ဘဝမှာပင် လိုက်နာနိုင်အောင်၊ ကေဒါသင်တန်းလို ပို့ချ အသိပေးသင်ကြားထားသည်။ ဥပမာ ဝါးတစ်ပင်၊ သစ်တစ်ပင် ချင်းစီကို သက်ရှိသတ္တဝါကဲ့သို့ လေးစားတန်ဖိုးထား၊ ချစ်စိတ်ဖြင့် ကာ ကွယ်ထားသည်။ ကျွန်တော်တို့ဆီမှာကတော့ လူဦးရေနည်းပါးလွန်းပြီး သယံဇာတပေါကြွယ်တော့ တန်ဖိုးထားမှု နည်းကြသည်။ ၎င်းတို့နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို စိုးစဉ်မျှမထိခိုက်အောင် လက်တွေ့ကျသည့် ဥပဒေ၊ နည်းဥပဒေများ အင်တာနက်တွင် ရှာဖွေ လေ့လာ နိုင်ပါသည်။ အကျိုးတူလာလုပ်သည့် ကုမ္ပဏီလည်း ကောင်းစွာဝန်ခံထားပါသည်။ မြန်မာနိုင်ငံတော်၏ ပကတိ အကျိုး စီးပွားအတွက် ကျစ်ဆံမြီး ဧရာဝတီသတို့သမီးကြီး ဂုဏ်တင့်တယ်စွာ ပြန်လည်လှပလာဖို့ အစိုးရလူကြီးတွေက အရေးကြီးဆုံးဖြတ် ချက်ချနိုင်ဖို့ ပညာရှင်တို့ ကြိုးပမ်းစစ်ဆေးတင်ပြခဲ့သည့် အဓိကအချက်များကို ပြန်ပြောင်းအမှတ်ရ စရာများစွာ၊ အစီရင်ခံခြင်းနှင့် မှတ်တမ်းများစွာကျန်ရှိ နေသည်။
မြန်မာမှာ ပြဋ္ဌာန်းပြီးသားဥပဒေများရှိ၏။ကျစ်ဆံမြီးသတို့သမီးကြီးကိုဖြေလျှော့စေမည့် အစိုးရ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဟာဗျူဟာစီမံကိန်း ကိုရေးဆွဲနိုင်ရန် ပြဋ္ဌာန်းပြီးသားဥပဒေများထက် ပိုမိုပြီး ထပ်ခါထပ်ခါ စိုးရိမ်ပူပန်မှု တစ်ပုံတစ်ပင်ကြီး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသောကများကို သေချာမလေ့လာမိကြသည့် နိုင်ငံကြီးသားမြန်မာ တို့သိရန် လိုလာပြီ။ အဆိုပါတင်ပြချက်များကို လျစ်လျူရှုမည်၊ ပြဋ္ဌာန်းပြီးသားဥပဒေများ၏ စည်းနှောင်အားကို သေချာမသိဘဲ မျက်စိမှိတ်ရမ်းတုတ်၊ မှန်းတုတ်၊ လူများဆုံးဖြတ်၊ လူနည်းနှုတ်ပိတ်နေကြရင် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက် အောက်ကျနောက်ကျနဲ့ ဥပဒေများဟာလည်း အသံသာကျယ်ပြီး အဆန်မပါသော ဗမာဘန်း စကားအရပြောမယ်ဆိုရင် လူမသိ သူမသိ အီးပေါလော (E- Baw Law) ဥပဒေများ သာဖြစ်လာပါမယ်။
အထက်တွင်ပြောခဲ့သည် ကော်မရှင်ကနေ တာဝန်အဆင့်ဆင့်မှာ ကော်မတီဝင် ကျွန်တော်တို့ ပညာရှင်အများစု ပထမဆုံးခံစားရသည့်အချက်ကတော့ ဧရာဝတီဆိုင်ရာစာချုပ်ကို ကျွန်တော်တို့ ဖတ်ခွင့်မရပါ။ ဘာတွေရေးပြီး ဘာတွေ သဘောတူညီ ထားမှန်းလဲ မသိဘဲ၊ ပုံပြင်ထဲက ဆင်ကြီးနဲ့ပုဏ္ဏား ခြောက်ယောက်လို အချိန်(၆)လခန့်မှာ အစီရင်ခံရ၏။ တကယ့်ဒေသကို မိမိတို့စရိတ်နဲ့ ရောက်အောင်သွား၊ တကယ့်မြေပြင်အခြေအနေကို ရှိသမျှအင်အားနှင့် တိုင်းတာ စစ်ဆေးပေးခဲ့ကြပါသော နိုင်ငံကြီးသား ပညာရှင်အပေါင်းကိုလည်း သည်နေရာက ဂါရဝပြုချင်ပါသည်။
သည်နေရာတွင် ပညာရှင်များ၏ဆဋ္ဌမအာ ရုံကသိနေတာကတော့ သည်စီမံကိန်းကြီးမြန်မလား နှေးမလား ဆိုတာ ပြည်သူ့ဆန္ဒမဲနဲ့ အခြေခံဥပဒေကို လက်ထဲကိုင်ပြီး တစ်နိုင်ငံလုံး၏ရှေ့တွင်သစ္စာဆိုကာ အာဏာယူခဲ့ကြရသော နိုင်ငံရေးဦးဆောင်သူတို့၏ ကံသုံးပါးကို အလုပ်စလုပ်စဉ်ကပဲ စတင်ရိပ်စား မိကြပါတော့သည်။ မိမိအကျိုးနှင့် ပါတီအကျိုးယှဉ်လာလျှင် မိမိအကျိုးကိုစွန့်လွှတ်မည်၊ ပါတီအကျိုးနှင့် နိုင်ငံတော်၏နိုင်ငံသားတို့အကျိုးယှဉ်လာလျှင် ပါတီ ၏အကျိုးကိုစွန့်လွှတ်မည်ဟု ပါတီအတွင်း ဒီမိုကရေ စီစနစ်၏ အများကောင်းစားရေး ကိုယ်ကျိုးစွန့်မူဝါဒများကို ပြန်လည်ကြားယောင်မိပါတယ်။ တကယ်ပဲ ကိုယ်ကျိုး စွန့်မစွန့်ဆိုတာ စာရှုသူတို့မျက်မြင်သိပြီး ဖြစ်ပါလိမ့်မည်။
ယင်းတို့၏ဝစီကံမှတ်ချက်များ စကားလုံးများကို ကိုးကားရလျှင် မိမိတို့လက်ထဲကိုရောက်ရှိပြီး သားအခွင့် အလမ်းများကို မီဒီယာတွေကိုလည်း ထုတ်မပြောရဲခဲ့ကြပါ။ ပြည်သူတွေကလည်း အချိန်မီမသိ၊ ယင်းတို့ကလည်း ယောင်ဝါးဝါးနဲ့ အချိန်ကုန်သွားပြီး လမ်းဘေးပလုံကောက်နေသည့်ကလေးငယ်၏ လက်ထဲတွင်တောင်ရှိနေသည့် ဆိုရှယ် မီဒီယာပေါ်တွင် အာဃာတ၊ သံသယ၊ မစ္ဆရိယ အမုန်းသံယောဇဉ် များစွာဖြင့် ရေးသားဖြန့်ချိအုပ်စုဖွဲ့ကာ လွတ်လပ်စွာ တွေးခေါ်မြော်မြင်စွမ်းမရှိကြ၊ အစွန်းရောက်ခဲ့ကြသလို အဆင့်အတန်းနိမ့်ကျနေကြရပြီး ဧရာဝတီသတို့ သမီးကြီး၏ ကျစ်ဆံမြီးကြီး ခုထိမဖြည်နိုင်၊ မဖြီးနိုင်သေးပါ။၂၀ဝ၂ ခုနှစ်ကတည်းကစခဲ့သော စီမံကိန်း ကြီးသည် အထစ်အငေါ့ အဖျက်အမှောင့်နည်းပါး မည်ဆိုလျှင် ၂၀၁၇ ခုနှစ်ကတည်းကပြီးစီးကာ ယနေ့ X မှ Z အထိသော မျိုးဆက်သုံးဆက်တို့ ခံစားစံစား နေကြရမည်မှာ မြေကြီးလက်ခတ်မလွဲ။
ပထမဆုံးပြောချင်သည်က လုပ်ငန်းအား လုံး၏အချုပ် တည်ဆဲဥပဒေ၏စည်းနှောင်အား ပထမ ဦးစားပေးရ မည်ဖြစ်၏။ မြန်မာနိုင်ငံသားတို့၏ရပိုင်ခွင့် အကျိုးစီးပွားအတွက် ဥပဒေဆိုင်ရာကိုယ်စားလှယ် အဖြစ် အစည်းအဝေး တက်ရသည့် ထိုစဉ်က နိုင်ငံတော်အဆင့် ဥပဒေတာဝန်ခံ အမျိုးသမီးအရာရှိကြီး တစ်ဦး၏စကားကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုပါသည်။ အမျိုးသမီးကြီးက “နိုင်ငံခြားကုမ္ပဏီတစ်ခုက ကျွန်မတို့နိုင်ငံကထုတ်မယ့်ဥပဒေတွေကို ခုလိုမျိုး ပြု ပြင်ပြောင်းလဲဖို့ကြိုးစားတာဟာ ကျွန်မတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာပဲ” လို့ အကျိုး တူလုပ်မယ့်ကုမ္ပဏီတာဝန်ခံကို အားလုံးရှေ့၌ တည့်တည့်ပြောခဲ့ပါသည်။ ဒီစာချုပ်ကြီးကို သာမန်အရပ် သားအစိုးရ များက စတင်ချုပ်ခဲ့တာမဟုတ်ပါ။
သစ္စာလေးပါးကို ဦးထိပ်ပန်ဆင်ပြီး ငါ့နိုင်ငံ တော်နဲ့ငါ့နိုင်ငံသားများအတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် ဝန်မလေးသူ အလွန်ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်အစိုးရတစ်ဖြစ်လဲ အရပ်သား အစိုးရခေတ်ပါ။ ယင်းအစိုးရကပဲ ပြည်သူ့မျက်ရည်နဲ့ မလဲ နိုင်ဟုဆိုကာ ရပ်ပစ်ခဲ့ရသည့်အကြောင်းစုံကိုလည်း ယနေ့အထိမသိကြပါ။ မထုတ်ပြန်သေးပါ။ နောက် ဥပဒေပညာရှင် အရာရှိကြီးတစ်ဦးကလည်း ရှိပြီးသား ဥပဒေတွေဟာ ခိုင်မာတိကျစည်းနှောင် အားကောင်း နေပြီပဲ၊ ပြင်ဆင်ပြဋ္ဌာန်းဖို့လုပ်နေရင် စာတွေလည်း အချည်းအနှီးမဖြစ် အကျိုးရှိရှိ နိုင်ငံတော်အကြီးအကဲ တွေက လျင်မြန်စွာဆုံးဖြတ်နိုင်အောင် ထိုပြဋ္ဌာန်းပြီး သားဥပဒေတွေထဲကနေ နောက်ဆက်တွဲပြဋ္ဌာန်းချက် (Amen -dment) တွေနဲ့ ဆက်လုပ်သွားရမှာပါ။ ဒီကာလအစိုးရတွေဟာလည်း သူတို့ကိုယ်သူတို့ ကုမ္ပဏီ အုပ်စုကြီးတွေလို့ထင်မှတ်နေမိကြ၏။ ပုဂ္ဂလိက စီမံကိန်းများနှင့်အကျိုးသက်ရောက်မှုများကို မည်သို့ထိခိုက်နိုင်သည်ကိုတွေးနေကြပြီး၊ ရှောင်ရင်းတိမ်း ရင်းနဲ့ အလုပ်မဖြစ်နိုင်ပါ။ တကယ်တော့ ဥပဒေဆိုတာ ယင်းဥပဒေကိုရေးဆွဲပြဋ္ဌာန်းတဲ့လူတွေဟာ ၎င်းတို့အကျိုးစီးပွား(ပြည်သူအတွက်၊ နိုင်ငံတော်အတွက် ပြည်သူ့အကျိုစီးပွားပြောရင်လည်းရပါသတဲ့)အတွက်သာ ရေးဆွဲခဲ့ကြတာပါ။ ဒါကြောင့်ပညာရှင်တွေက ထောက်ပြမယ့် ထပ်မံချုပ်ဆိုရမည့်စာချုပ်များတွင် အလိုအပ်ဆုံးအချက်များပါအောင် ပြတ်ပြတ်သား သားလုပ်ရပါမည်။ လုပ်လိုသောနောက်ဆက်တွဲ ဥပဒေများကိုလည်း အားလုံးလိုက် နာကြရပါမယ်။ ကျွန်တော်တို့အားလုံး နိုင်ငံကြီးသားသတိနဲ့ နိုင်ငံကြီးသားအသိ ရှိကြဖို့လိုပါသည်။ ကတိတည်ဖို့နှင့် ကိုယ်ခံအားကောင်းသော ကမ္ဘာ့အလည်တင့်တယ်သော သမိုင်းအစဉ်အလာကိုစောင့်ထိန်းနိုင်သူများ ဖြစ်ကြရပါမယ်။
နောက်ထပ်အသိပေးလိုသောအဓိကအချက်တစ်ခုကတော့ မိမိနိုင်ငံ၏ရေ၊ မြေဧရိယာများစွာနှင့် မြေအောက် သယံဇာတကို အဖိုးအခမယူပါကြောင်း ကင်းလွတ်ခွင့်ပေးခဲ့သည့် ကိစ္စပါ၊ သည်နေ ရာတွင် ယင်းအတွက် အကျိုးတူ လာရောက်လုပ် ကိုင်မည့်ကုမ္ပဏီဆီက လုံးဝ လျော်ကြေး၊ တန်ဖိုးသင့် ကြေးမယူ ကင်းလွတ်ခွင့်ပေးခဲ့တာပါ။ ဒါကို နောင် လွှတ်တော်များနှင့် အစိုးရများကအတည်ပြု ပြဋ္ဌာန်းဥပဒေများတွင်ပါခဲ့လျှင်လည်း အကျိုးတူကုမ္ပဏီက လိုက်နာပါ့မည် ဆိုသည့်စာသားက မူလစာချုပ်မှာပါ စတင်ချုပ်ကတည်းက ထည့်သွင်းရေးထားသလား မသိကြရတာပါ။
စာရေးသူတို့ ပြည်ထောင်စု မြန်မာနိုင်ငံဘက်က နိုင်ငံခြားငွေ အရင်းအနှီး မထည့်နိုင်တဲ့ အားနည်းချက်ကို အကျိုးတူ နိုင်ငံကြီးရဲ့ကုမ္ပဏီက အခွင့်ကောင်းယူသွားတာလို့ ယူဆမိကြ၏။ ကျွန်တော်တို့ ပညာရှင်တွေသတိထားမိ လိုက်တာက နိုင်ငံကြီးသား သူတို့ပညာရှင်အချို့က မျက်နှာပူ ကြောင်းကို ထုတ်ပြောလာသည်။ ကုမ္ပဏီဘက်ကတော့ ရင်းနှီးမြှုပ်နှံသူ၏လက်သုံးစကား တွက်ခြေမကိုက်တော့ဘူးပေါ့။
ဘယ်အခန်းတွေက တွက်ခြေမကိုက်သလဲ ပြောရအောင်ကလည်း သည်နေရာတွေက (၁၀)နှစ် ကြာ ရပ်ဆိုင်း မှုကနေ ခရိုပြာ ခရိုနက် ခရိုနီ စက်ကျ/ ဘီဂျီအက်ဖ်ခက်ပါ့ဖြစ်ကုန်ပြီ။ ဒေသခံ နယ်ခြားစောင့် တပ်များကိုအရင်းတည်ကာ မြေအောက်မြေရှားဒြပ်စင်သတ္တုများရဖို့ မြေကုဗပေ သန်းချီဖယ်ရှားသယ် ယူသွားခဲ့ကြပြီးသည်ကို စီမံကိန်းများ ရပ်ဆိုင်းသည် မှတွက်ရင်(၁၀)နှစ်တင်းတင်းပြည့်တော့မည်။ လျှပ်စစ်ပါဝါမရှိတော့မြေကြီးကနေ ငှက်ပျောသီးရမတဲ့ လား။ တကယ်ကော မြန်မာနိုင်ငံသားတွေစားဖူးကြရဲ့ လားမသိနိုင်ပါ။ ဧကသိန်းချီနေသည့်တစ်သျှူးငှက် ပျောခင်း များနှင့် ဓာတုဗေဒပိုးသတ်ဆေးများနှင့် လုပ်သားများသေကြေကြ၏။ စိုက်ပျိုးထားပြီးအထွက်အများဆုံး လည်း ဖြစ်ရော အောက်ခြေမြေဩဇာခန်းပြီးမြေမောနေပါပြီ။ ဘယ်ရောက်ကုန်ပါသလဲ မြေငှားခတွေ၊ မြေမောခတွေ။ မြေပျက်ခံရတာ တွေ သမိုင်းက မှတ်တမ်းတင်မည်။ နှောင်းလူတို့ဝေဖန်အသိရှိကြမည်။
အထူးသဖြင့် ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းနယ်မြေကိုစောင့်ရှောက်ထိန်းသိမ်းကြရမည့် ဒေသခံ တိုင်းရင်း သားများ တစ်နည်းနိုင်ငံကြီးသားများ၏တာဝန်ကိုအလေးမြတ်ပြုရမည့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဥပဒေများ ၏အလှပဆုံးသော ဘာသာရပ်ဖြစ်သည့် Payments for Ecosystem Services (PES)ဖြစ်ပါတယ်။ မြန်မာလိုတည့် တည့်ပြန်ရင်တော့ စီမံကိန်းဧရိယာအတွင်းက ဂေဟစနစ်များကို ဒေသခံနိုင်ငံကြီးသားအပေါင်းက ထိန်းသိမ်းစောင့် ရှောက် ကြရမည်။
ဒေသခံတိုင်းရင်းသားလူထုအားလုံးရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်အကျိုးမြတ်ကြီးစွာရစေမည့်ဝင်ငွေကိုစာချုပ်တွင်ဖော်ပြတောင်းခံရသည်။ ပြန်ကြားသတင်းထုတ်ပြန်ရမည်။ ဒေသခံနိုင်ငံသားတို့ကို ကတိတည်ကြရမည်။ Payments for Ecosystem Services (PES) ဝင်ငွေအပေါ် သစ္စာရှိစွာ ခွဲဝေသုံးစွဲဖို့ကတော့ ဘီလျံနှင့်ချီပြီး ရန်ပုံ ငွေတောင့် တင်းသော ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် NATIONAL RECONSIL ATI- ON PEACE COMMISSION အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးကော်မရှင်ရဲ့အထူးမှတ်ချက်လိုမည်ဟု စာရေးသူယုံကြည်နေမိ။
ငြိမ်းချမ်းရေးကတိကဝတ်များဆိုတာ အမှန်ရှိကြသည်။ သဘောတူညီချက်ရပြီးသည်နှင့်အကျိုးဖြစ်ထွန်းမှု အတွက် အလုပ်သဘောဆိုင်ရာများ စတင်လုပ်ကိုင်ကြရသည်။ ဘာမှမပေးဘဲ ဘာမှဖြစ် မလာပါ၊ လက်နက် ကိုင်ချုပ်ငြိမ်းရေး၊ ဂေဟစနစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံကြီးသားပီသတာဝန်ကြေရေးတို့ဟာ နှစ်ချီ လေ့ကျင့်ဖော်ဆောင်ဖို့ ရန်ပုံငွေအထူးလိုအပ်နေသည်။ စနစ်တကျသတင်း ထုတ်ပြန်လေ့ကျင့်ကြရပါမည်။
နိုင်ငံခြားငွေ ရပေါက်ရလမ်းဆိုတာကြား ယုံမျှနှင့် ဗဟိုအစိုးရလူကြီးမင်းတို့ ခါးကြားလိမ်ဖို့၊ အိတ်ကပ်ထဲထည့်ဖို့ နိုင်ငံရေးသမားအချို့၏ ခေတ်မမီတော့သည့် ပါတီပထမ၊ ပြည်သူဒုတိယ အတွေးအခေါ်တွေပြင်ရပါတော့မည်။ သည်အချက်က ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့အဓိကလုပ်ငန်းလမ်းစဉ်ကိုတိုင်းတာမည့် အဓိကအချက်တစ်ရပ်ပါ။ သည်နေရာမှာ ကျွန်တော်တို့ပညာရှင်များကလည်း ကော်မရှင်ကို တာဝန်ခံပြီး တစ်ချက်ခုတ်သုံးချက်လောက်ပြတ်မည့် အချက်များကို သဘောကွဲလွဲမှုမရှိဘဲ ထောက်ခံတင် ပြလိုသည်။ ဒီအချက်ဟာ အာဏာရ နိုင်ငံရေးအစိုးရ များ၏ နှလုံးသားအလွန်လှပါမှအောင်မြင်မည့် ကိစ္စဖြစ်လို့ ဒီစိန်ခေါ်မှုကြီးကို ချပြရခြင်းပင်။ အဲ့ဒါတွေအားလုံးကို အခုလိုအချိန် တွေ ကြာလာပြီးလို့ ကျစ်ဆံမြီး ဧရာဝတီသတို့သမီးကြီးကိုကျေးဇူးဆပ် လိုသူ လှပခံ့ညားစေချင်သူ နှစ်ဖက်စလုံးပါဝင်သူ အားလုံး သင်ခန်းစာများရကောင်းရပြီး သူတို့အလို လိုသိပြီးသားလို့ သန္နိဋ္ဌာန်ချမှတ် နားလည်နေကြပါပြီ။
အပိုင်း(၅)ကို ဆက်လက်ဖော်ပြပါမည် . . .
zawgyi version
က်စ္ဆံၿမီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန္းဆက္ေဆာင္းပါးရှည်)
ဇာမဏီစံေမာင္ (NP News) - ဇူလိုင္ ၁၂
က်စ္ဆံၿမီးဧရာဝတီ သတို႔သမီးႀကီးကို ျပဳျပင္ထိန္းသိမ္းၿပီး ဖက္ဒရယ္ျပည္ေထာင္စု၏အသီး အပြင့္ကို တိုင္းရင္းသားအားလုံးခံစားႏိုင္ၾကဖို႔ အဓိက အလိုအပ္ဆုံးက တိုင္းရင္းသားတို႔အခြင့္အေရးလား သို႔မဟုတ္ တာဝန္လား ဆိုတာကို သည္အပိုင္းတြင္ ကြၽန္ေတာ့္ ျမန္မာႏိုင္ငံသားသက္တမ္းနဲ႔ ဆန္းစစ္ ၾကည့္ဖို႔ အသိေပးတင္ျပလိုပါသည္။
တိုင္းရင္းသားအခြင့္အေရးႏွင့္ နယ္ေျမ အားလုံးစုေပါင္းပါဝင္သည့္ ဖက္ဒရယ္ျပည္ေထာင္စု ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားအားလုံး၏ ပင္မေရစီး ေၾကာင္းႀကီးမွာ ဧရာဝတီသတို႔သမီးႀကီးဆိုသည္ကို မည္သူမွ်မျငင္းႏိုင္ၾကေသာ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားမ်ား၏ သစၥာတရားပင္။ ျပည္ေထာင္စုျမန္မာႏိုင္ငံသား သို႔မဟုတ္ တိုင္းရင္းသားအားလုံး ဧရာဝတီ ကို ႏွစ္ေထာင္ခ်ီအသုံးခ်ခဲ့ၾကၿပီးၿပီဆိုသည္ကိုလည္း ကမာၻကသိေနသလို က်စ္ဆံၿမီးဧရာဝတီက သိပါ၏။
ျပည္တြင္းျပည္ပက လူမႈကြန္ရက္တြင္၊ အြန္လိုင္းတြင္၊ မီဒီယာစုံတြင္၊ ၿငိမ္းခ်မ္းေရးစားပြဲခုံ မ်ားေပၚတြင္ ျပည္ေထာင္စုေတာေတာင္ေရေျမေနရာအႏွံ႔တြင္ လက္နက္ကိုင္ထားၾကသည့္ တိုင္းရင္းသား (EAOs) မ်ားႏွင့္ ျပည္တြင္း ျပည္ပ အရပ္ဘက္အ ဖြဲ႕အစည္းေပါင္းစုံ၊ တိုင္းရင္းသား ႏိုင္ငံေရးပါတီေပါင္း စုံကလည္း တိုင္းရင္းသားအခြင့္အေရး ရပိုင္ခြင့္မ်ားကို ယေန႔အထိ ထပ္ခါတလဲလဲ လိုအပ္ေနၾကေၾကာင္း ေျပာခဲ့ၾကသည္မွာ ၁၉၄၉ ခုႏွစ္မွ ယေန႔အထိ ႏွစ္ ေပါင္း (၇၀)ေက်ာ္ခဲ့ၿပီမဟုတ္ပါလား။ တစ္ခါမွ်မၾကားဖူးေသးသည္က မိခင္ဧရာ ဝတီအတြက္ တိုင္းရင္းသားတို႔ တာဝန္ (သို႔မဟုတ္)ျပည္ေထာင္စု ျမန္မာႏိုင္ငံႀကီးသား တာဝန္ပင္ျဖစ္သည္။ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ သီခ်င္းစာသား မ်ားကို ႏိုင္ငံႀကီးသားတစ္ျဖစ္လဲ ျပည္ေထာင္စု တိုင္းရင္းသားမ်ား၏ အမ်ိဳးသားေရးကတိစကား (National Pledge)
အျဖစ္ တစ္ခါမွ စာေရးသူမၾကားဖူးပါ။ သည္ေနရာတြင္ ျမန္မာႏွင့္အက်ိဳးတူပူးေပါင္းၿပီး က်စ္ဆံၿမီးဧရာဝတီကို လွလွပပျဖစ္ေစလိုေသာ ေဆြမ်ိဳးေပါက္ေဖာ္ႏိုင္ငံႀကီး၏ ဌာေနတိုင္းရင္းသား ႏိုင္ငံႀကီးသားမ်ား၏ စည္းလုံးျခင္း၊ ညီၫြတ္ျခင္း၊ တစ္စိတ္တစ္ဝမ္း၊ ထက္ေအာက္ ျပန္လွန္ေလးစားျခင္း ျပယုဂ္ ႏိုင္ငံေတာ္ရတနာ(National Treasure) ျဖစ္သည့္ ကမာၻ႔အႀကီးဆုံးေသာ ေခ်ာင္းသုံးသြယ္ ေရကာတာ Three George’sDam ႀကီးအေပၚထားရွိဆဲ ႏိုင္ငံႀကီးသား ပီသျခင္းႏွင့္ တိုင္းရင္းသားတို႔၏တာဝန္ သ႐ုပ္မွန္ အမ်ိဳးသားေရးဂုဏ္ပုဒ္တစ္ရပ္ သမိုင္းဝင္ဖို႔ ႀကိဳးပမ္းမႈကိုလည္း ေ႐ႊျမန္မာတို႔ ေလ့လာၾကည့္သင့္၏။
တိုင္းရင္းသားတို႔၏တာဝန္ တစ္နည္းေျပာရလွ်င္ ႏိုင္ငံသားအားလုံး၏တာဝန္ ေနာက္တစ္နည္း ေျပာရလွ်င္ ေနာင္လာေနာက္သားတို႔မ်ိဳးဆက္သစ္တို႔အတြက္ ယေန႔ႏိုင္ငံႀကီးသားစိတ္ဓာတ္ႏွင့္ အမူအက်င့္တို႔ဟာ ဖက္ဒရယ္ ျပည္ေထာင္စုကိုဦးတည္တဲ့ ေတြးေခၚေမွ်ာ္မွန္းခ်က္မ်ားႏွင့္ ႐ုပ္ေရာစိတ္ဓာတ္ပါ မေသြမဖည္ ဦးတည္ၾကလိုပါသည္။
တိုင္းရင္းသားအမ်ားစုပါဝင္ၿပီးႏိုင္ငံေတာ္နဲ႔ႏိုင္ငံသားတို႔ရဲ႕ အက်ိဳးစီးပြားကို တကယ္တမ္း ေဖာ္ေဆာင္ၾကဖို႔မည္ သည့္လုပ္ငန္းမဆို အတြင္းက်က် နားလည္ၿပီးပါဝင္ကူညီႏိုင္ၾကဖို႔ အသိÓဏ္ပညာနဲ႔ ျပည့္စုံတဲ့ႏိုင္ငံႀကီးသား သတိရွိရပါ တယ္။ အလြန္ႀကီးမားတဲ့ဆုံးရႈံးမႈနဲ႔ ပတ္သက္ၿပီး ျမန္မာ့ယဥ္ေက်းမႈမွာ ရန္သူမ်ိဳးငါးပါးလို႔ေျပာၾကပါတယ္။ ယင္းအထဲမွာ “ေရရဲ႕အဖ်က္စြမ္းအား” ဟာလည္း ထိပ္ဆုံးကပါ။ ေဆြမ်ိဳးေပါက္ေဖာ္တို႔ ျပည္ႀကီးမွာ ၁၈၈၇/၁၉၃၅/၁၉၃၈နဲ႔၁၉၅၄ ခုႏွစ္မ်ားဟာ ႏိုင္ငံအတြက္ အႀကီးမားဆုံးေသာအဖ်က္လက္နက္ ေရရန္သူေၾကာင့္ ျမစ္ဝါျမစ္ႀကီးနဲ႔ ယန္စီျမစ္တို႔ ေရႀကီး ေရလွ်ံကပ္ေဘးမွာ စုစုေပါင္းျပည္သူ အသက္ေပါင္း (၂)သန္းေက်ာ္ေပးခဲ့ရၿပီးေနာက္ဆက္တြဲကာလ တစ္ခုထိ ေရက်ခ်ိန္ ကပ္ေရာဂါမ်ားေၾကာင့္လည္း လူေသာင္းခ်ီေသေၾကပ်က္စီးခဲ့ၾကရပါတယ္။
သက္ဆိုင္ရာ ပညာရပ္နဲ႔ ပညာရွင္တို႔ရဲ႕ ဂတိငါးပါးနဲ႔ကင္းတဲ့ တင္ျပခ်က္ေတြကို ေလ့လာထားဖို႔ တာဝန္ဟာ ႏိုင္ငံႀကီးသားတိုင္းမွာတာဝန္ရွိ ေနပါတယ္။ ဒီေနရာမွာ ႏိုင္ငံတကာ စံႏႈန္းေတြအရ ေရးဆြဲအတည္ျပဳျပဌာန္း ၿပီးသား ဥပေဒအႏွစ္သာရ မ်ားကိုႏိုင္ငံသားတိုင္းကို အခ်ိန္နဲ႔တေျပးညီ အစိုးရမ်ားက ခ်ျပၿပီးေလ့လာၾကရပါသည္။ ေနာင္လာမည့္ပါတီစုံဒီမိုကေရစီစနစ္အရ အာဏာရသူ ႏိုင္ငံေရးသမားမ်ားကို ႀကိဳတင္ေျပာျပထားခ်င္ပါတယ္။
က်စ္ဆံၿမီး ဧရာဝတီသတို႔သမီးႀကီးအတြက္ လူတိုင္းေလ့လာထားသင့္ၿပီးသိထားရမည့္ ဥပေဒမ်ားနဲ႔ ယင္းတို႔ရဲ႕ အခ်ိန္ကိုက္သက္ေရာက္မႈမ်ား၊ ထိုဥပေဒမ်ားဟာအတူပူးတြဲလုပ္ကိုင္ရမည့္ ႏိုင္ငံျခား တိုင္းျပည္၏စီမံကိန္းမ်ားမွာ လိုက္ နာဖို႔၊ ႏိုင္ငံတကာစီ မံကိန္းမ်ားမွာအသုံးခ်ဖို႔ သူတို႔ဆီမွာ အလြန္တင္းၾကပ္တဲ့ ဥပေဒမ်ားထုတ္ျပန္ထားပါသလား ဆိုတဲ့အခ်က္ပါ။ ကြၽန္ေတာ္တို႔ႏွင့္ အက်ိဳးတူလာလုပ္သည့္ႏိုင္ငံႀကီးဆိုလွ်င္ ကမာၻေပၚတြင္ အခိုင္မာဆုံး ပတ္ဝန္း က်င္ထိန္း သိမ္းေရးဥပေဒမ်ားျပ႒ာန္းၿပီး မလိုက္နာသည့္ သူ႔ႏိုင္ငံသားကုမၸဏီမ်ားကို ျပတ္ျပတ္သားသားအေရးယူျပၿပီး သူ၏ခိုင္မာသည့္ဥပေဒမ်ားကို ဦးလည္မသုန္ လိုက္နာၾကရန္ အစိုးရအဆက္ဆက္ကရပ္တည္ၿပီး ကမာၻသိလက္ေတြ႕ လုပ္ငန္းမ်ား ေဖာ္ေဆာင္သည္။
ႏိုင္ငံတကာက စံျပဳဥပေဒမ်ားထဲတြင္လည္း ထိပ္တန္းပါဝင္ေနသည့္ဥပေဒမ်ားျဖစ္ေနသည္။ ၎တို႔ဆီ၌ လူဦးေရထူထပ္လြန္းလွၿပီး သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈလြယ္လြန္းလွျခင္းေၾကာင့္ စာေပယဥ္ေက်းမႈႏွင့္အတူ ေန႔စဥ္ ဘဝမွာပါ ပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာႏွင့္ အမူအက်င့္မ်ားကို တစ္ပါတည္းသိတတ္ေစရန္ ၎တို႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဥပေဒဟာ အလြန္ခိုင္မာတိက်သည့္ (Binding Law) မ်ားထုတ္ျပန္ထားၿပီး လူငယ္ေက်ာင္းသားမ်ား ဘဝမွာပင္ လိုက္နာႏိုင္ေအာင္၊ ေကဒါသင္တန္းလို ပို႔ခ် အသိေပးသင္ၾကားထားသည္။ ဥပမာ ဝါးတစ္ပင္၊ သစ္တစ္ပင္ ခ်င္းစီကို သက္ရွိသတၱဝါကဲ့သို႔ ေလးစားတန္ဖိုးထား၊ ခ်စ္စိတ္ျဖင့္ ကာ ကြယ္ထားသည္။ ကြၽန္ေတာ္တို႔ဆီမွာကေတာ့ လူဦးေရနည္းပါးလြန္းၿပီး သယံဇာတေပါႂကြယ္ေတာ့ တန္ဖိုးထားမႈ နည္းၾကသည္။ ၎တို႔ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ား အက်ိဳးစီးပြားကို စိုးစဥ္မွ်မထိခိုက္ေအာင္ လက္ေတြ႕က်သည့္ ဥပေဒ၊ နည္းဥပေဒမ်ား အင္တာနက္တြင္ ရွာေဖြ ေလ့လာ ႏိုင္ပါသည္။ အက်ိဳးတူလာလုပ္သည့္ ကုမၸဏီလည္း ေကာင္းစြာဝန္ခံထားပါသည္။ ျမန္မာႏိုင္ငံေတာ္၏ ပကတိ အက်ိဳး စီးပြားအတြက္ က်စ္ဆံၿမီး ဧရာဝတီသတို႔သမီးႀကီး ဂုဏ္တင့္တယ္စြာ ျပန္လည္လွပလာဖို႔ အစိုးရလူႀကီးေတြက အေရးႀကီးဆုံးျဖတ္ ခ်က္ခ်ႏိုင္ဖို႔ ပညာရွင္တို႔ ႀကိဳးပမ္းစစ္ေဆးတင္ျပခဲ့သည့္ အဓိကအခ်က္မ်ားကို ျပန္ေျပာင္းအမွတ္ရ စရာမ်ားစြာ၊ အစီရင္ခံျခင္းႏွင့္ မွတ္တမ္းမ်ားစြာက်န္ရွိ ေနသည္။
ျမန္မာမွာ ျပ႒ာန္းၿပီးသားဥပေဒမ်ားရွိ၏။က်စ္ဆံၿမီးသတို႔သမီးႀကီးကိုေျဖေလွ်ာ့ေစမည့္ အစိုးရ၏ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး မဟာဗ်ဴဟာစီမံကိန္း ကိုေရးဆြဲႏိုင္ရန္ ျပ႒ာန္းၿပီးသားဥပေဒမ်ားထက္ ပိုမိုၿပီး ထပ္ခါထပ္ခါ စိုးရိမ္ပူပန္မႈ တစ္ပုံတစ္ပင္ႀကီး။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးေသာကမ်ားကို ေသခ်ာမေလ့လာမိၾကသည့္ ႏိုင္ငံႀကီးသားျမန္မာ တို႔သိရန္ လိုလာၿပီ။ အဆိုပါတင္ျပခ်က္မ်ားကို လ်စ္လ်ဴရႈမည္၊ ျပ႒ာန္းၿပီးသားဥပေဒမ်ား၏ စည္းေႏွာင္အားကို ေသခ်ာမသိဘဲ မ်က္စိမွိတ္ရမ္းတုတ္၊ မွန္းတုတ္၊ လူမ်ားဆုံးျဖတ္၊ လူနည္းႏႈတ္ပိတ္ေနၾကရင္ ကြၽန္ေတာ္တို႔ရဲ႕ သားစဥ္ေျမးဆက္ ေအာက္က်ေနာက္က်နဲ႔ ဥပေဒမ်ားဟာလည္း အသံသာက်ယ္ၿပီး အဆန္မပါေသာ ဗမာဘန္း စကားအရေျပာမယ္ဆိုရင္ လူမသိ သူမသိ အီးေပါေလာ (E- Baw Law) ဥပေဒမ်ား သာျဖစ္လာပါမယ္။
အထက္တြင္ေျပာခဲ့သည္ ေကာ္မရွင္ကေန တာဝန္အဆင့္ဆင့္မွာ ေကာ္မတီဝင္ ကြၽန္ေတာ္တို႔ ပညာရွင္အမ်ားစု ပထမဆုံးခံစားရသည့္အခ်က္ကေတာ့ ဧရာဝတီဆိုင္ရာစာခ်ဳပ္ကို ကြၽန္ေတာ္တို႔ ဖတ္ခြင့္မရပါ။ ဘာေတြေရးၿပီး ဘာေတြ သေဘာတူညီ ထားမွန္းလဲ မသိဘဲ၊ ပုံျပင္ထဲက ဆင္ႀကီးနဲ႔ပုဏၰား ေျခာက္ေယာက္လို အခ်ိန္(၆)လခန႔္မွာ အစီရင္ခံရ၏။ တကယ့္ေဒသကို မိမိတို႔စရိတ္နဲ႔ ေရာက္ေအာင္သြား၊ တကယ့္ေျမျပင္အေျခအေနကို ရွိသမွ်အင္အားႏွင့္ တိုင္းတာ စစ္ေဆးေပးခဲ့ၾကပါေသာ ႏိုင္ငံႀကီးသား ပညာရွင္အေပါင္းကိုလည္း သည္ေနရာက ဂါရဝျပဳခ်င္ပါသည္။
သည္ေနရာတြင္ ပညာရွင္မ်ား၏ဆ႒မအာ ႐ုံကသိေနတာကေတာ့ သည္စီမံကိန္းႀကီးျမန္မလား ေႏွးမလား ဆိုတာ ျပည္သူ႔ဆႏၵမဲနဲ႔ အေျခခံဥပေဒကို လက္ထဲကိုင္ၿပီး တစ္ႏိုင္ငံလုံး၏ေရွ႕တြင္သစၥာဆိုကာ အာဏာယူခဲ့ၾကရေသာ ႏိုင္ငံေရးဦးေဆာင္သူတို႔၏ ကံသုံးပါးကို အလုပ္စလုပ္စဥ္ကပဲ စတင္ရိပ္စား မိၾကပါေတာ့သည္။ မိမိအက်ိဳးႏွင့္ ပါတီအက်ိဳးယွဥ္လာလွ်င္ မိမိအက်ိဳးကိုစြန႔္လႊတ္မည္၊ ပါတီအက်ိဳးႏွင့္ ႏိုင္ငံေတာ္၏ႏိုင္ငံသားတို႔အက်ိဳးယွဥ္လာလွ်င္ ပါတီ ၏အက်ိဳးကိုစြန႔္လႊတ္မည္ဟု ပါတီအတြင္း ဒီမိုကေရ စီစနစ္၏ အမ်ားေကာင္းစားေရး ကိုယ္က်ိဳးစြန႔္မူဝါဒမ်ားကို ျပန္လည္ၾကားေယာင္မိပါတယ္။ တကယ္ပဲ ကိုယ္က်ိဳး စြန႔္မစြန႔္ဆိုတာ စာရႈသူတို႔မ်က္ျမင္သိၿပီး ျဖစ္ပါလိမ့္မည္။
ယင္းတို႔၏ဝစီကံမွတ္ခ်က္မ်ား စကားလုံးမ်ားကို ကိုးကားရလွ်င္ မိမိတို႔လက္ထဲကိုေရာက္ရွိၿပီး သားအခြင့္ အလမ္းမ်ားကို မီဒီယာေတြကိုလည္း ထုတ္မေျပာရဲခဲ့ၾကပါ။ ျပည္သူေတြကလည္း အခ်ိန္မီမသိ၊ ယင္းတို႔ကလည္း ေယာင္ဝါးဝါးနဲ႔ အခ်ိန္ကုန္သြားၿပီး လမ္းေဘးပလုံေကာက္ေနသည့္ကေလးငယ္၏ လက္ထဲတြင္ေတာင္ရွိေနသည့္ ဆိုရွယ္ မီဒီယာေပၚတြင္ အာဃာတ၊ သံသယ၊ မစၦရိယ အမုန္းသံေယာဇဥ္ မ်ားစြာျဖင့္ ေရးသားျဖန႔္ခ်ိအုပ္စုဖြဲ႕ကာ လြတ္လပ္စြာ ေတြးေခၚေျမာ္ျမင္စြမ္းမရွိၾက၊ အစြန္းေရာက္ခဲ့ၾကသလို အဆင့္အတန္းနိမ့္က်ေနၾကရၿပီး ဧရာဝတီသတို႔ သမီးႀကီး၏ က်စ္ဆံၿမီးႀကီး ခုထိမျဖည္ႏိုင္၊ မၿဖီးႏိုင္ေသးပါ။၂၀ဝ၂ ခုႏွစ္ကတည္းကစခဲ့ေသာ စီမံကိန္း ႀကီးသည္ အထစ္အေငါ့ အဖ်က္အေမွာင့္နည္းပါး မည္ဆိုလွ်င္ ၂၀၁၇ ခုႏွစ္ကတည္းကၿပီးစီးကာ ယေန႔ X မွ Z အထိေသာ မ်ိဳးဆက္သုံးဆက္တို႔ ခံစားစံစား ေနၾကရမည္မွာ ေျမႀကီးလက္ခတ္မလြဲ။
ပထမဆုံးေျပာခ်င္သည္က လုပ္ငန္းအား လုံး၏အခ်ဳပ္ တည္ဆဲဥပေဒ၏စည္းေႏွာင္အား ပထမ ဦးစားေပးရ မည္ျဖစ္၏။ ျမန္မာႏိုင္ငံသားတို႔၏ရပိုင္ခြင့္ အက်ိဳးစီးပြားအတြက္ ဥပေဒဆိုင္ရာကိုယ္စားလွယ္ အျဖစ္ အစည္းအေဝး တက္ရသည့္ ထိုစဥ္က ႏိုင္ငံေတာ္အဆင့္ ဥပေဒတာဝန္ခံ အမ်ိဳးသမီးအရာရွိႀကီး တစ္ဦး၏စကားကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပလိုပါသည္။ အမ်ိဳးသမီးႀကီးက “ႏိုင္ငံျခားကုမၸဏီတစ္ခုက ကြၽန္မတို႔ႏိုင္ငံကထုတ္မယ့္ဥပေဒေတြကို ခုလိုမ်ိဳး ျပဳ ျပင္ေျပာင္းလဲဖို႔ႀကိဳးစားတာဟာ ကြၽန္မတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ေစာ္ကားတာပဲ” လို႔ အက်ိဳး တူလုပ္မယ့္ကုမၸဏီတာဝန္ခံကို အားလုံးေရွ႕၌ တည့္တည့္ေျပာခဲ့ပါသည္။ ဒီစာခ်ဳပ္ႀကီးကို သာမန္အရပ္ သားအစိုးရ မ်ားက စတင္ခ်ဳပ္ခဲ့တာမဟုတ္ပါ။
သစၥာေလးပါးကို ဦးထိပ္ပန္ဆင္ၿပီး ငါ့ႏိုင္ငံ ေတာ္နဲ႔ငါ့ႏိုင္ငံသားမ်ားအတြက္ ငါ၏အသက္ကို စြန႔္လႊတ္ရန္ ဝန္မေလးသူ အလြန္က်စ္လ်စ္ခိုင္မာတဲ့ တပ္မေတာ္အစိုးရတစ္ျဖစ္လဲ အရပ္သား အစိုးရေခတ္ပါ။ ယင္းအစိုးရကပဲ ျပည္သူ႔မ်က္ရည္နဲ႔ မလဲ ႏိုင္ဟုဆိုကာ ရပ္ပစ္ခဲ့ရသည့္အေၾကာင္းစုံကိုလည္း ယေန႔အထိမသိၾကပါ။ မထုတ္ျပန္ေသးပါ။ ေနာက္ ဥပေဒပညာရွင္ အရာရွိႀကီးတစ္ဦးကလည္း ရွိၿပီးသား ဥပေဒေတြဟာ ခိုင္မာတိက်စည္းေႏွာင္ အားေကာင္း ေနၿပီပဲ၊ ျပင္ဆင္ျပ႒ာန္းဖို႔လုပ္ေနရင္ စာေတြလည္း အခ်ည္းအႏွီးမျဖစ္ အက်ိဳးရွိရွိ ႏိုင္ငံေတာ္အႀကီးအကဲ ေတြက လ်င္ျမန္စြာဆုံးျဖတ္ႏိုင္ေအာင္ ထိုျပ႒ာန္းၿပီး သားဥပေဒေတြထဲကေန ေနာက္ဆက္တြဲျပ႒ာန္းခ်က္ (Amen -dment) ေတြနဲ႔ ဆက္လုပ္သြားရမွာပါ။ ဒီကာလအစိုးရေတြဟာလည္း သူတို႔ကိုယ္သူတို႔ ကုမၸဏီ အုပ္စုႀကီးေတြလို႔ထင္မွတ္ေနမိၾက၏။ ပုဂၢလိက စီမံကိန္းမ်ားႏွင့္အက်ိဳးသက္ေရာက္မႈမ်ားကို မည္သို႔ထိခိုက္ႏိုင္သည္ကိုေတြးေနၾကၿပီး၊ ေရွာင္ရင္းတိမ္း ရင္းနဲ႔ အလုပ္မျဖစ္ႏိုင္ပါ။ တကယ္ေတာ့ ဥပေဒဆိုတာ ယင္းဥပေဒကိုေရးဆြဲျပ႒ာန္းတဲ့လူေတြဟာ ၎တို႔အက်ိဳးစီးပြား(ျပည္သူအတြက္၊ ႏိုင္ငံေတာ္အတြက္ ျပည္သူ႔အက်ိဳစီးပြားေျပာရင္လည္းရပါသတဲ့)အတြက္သာ ေရးဆြဲခဲ့ၾကတာပါ။ ဒါေၾကာင့္ပညာရွင္ေတြက ေထာက္ျပမယ့္ ထပ္မံခ်ဳပ္ဆိုရမည့္စာခ်ဳပ္မ်ားတြင္ အလိုအပ္ဆုံးအခ်က္မ်ားပါေအာင္ ျပတ္ျပတ္သား သားလုပ္ရပါမည္။ လုပ္လိုေသာေနာက္ဆက္တြဲ ဥပေဒမ်ားကိုလည္း အားလုံးလိုက္ နာၾကရပါမယ္။ ကြၽန္ေတာ္တို႔အားလုံး ႏိုင္ငံႀကီးသားသတိနဲ႔ ႏိုင္ငံႀကီးသားအသိ ရွိၾကဖို႔လိုပါသည္။ ကတိတည္ဖို႔ႏွင့္ ကိုယ္ခံအားေကာင္းေသာ ကမာၻ႔အလည္တင့္တယ္ေသာ သမိုင္းအစဥ္အလာကိုေစာင့္ထိန္းႏိုင္သူမ်ား ျဖစ္ၾကရပါမယ္။
ေနာက္ထပ္အသိေပးလိုေသာအဓိကအခ်က္တစ္ခုကေတာ့ မိမိႏိုင္ငံ၏ေရ၊ ေျမဧရိယာမ်ားစြာႏွင့္ ေျမေအာက္ သယံဇာတကို အဖိုးအခမယူပါေၾကာင္း ကင္းလြတ္ခြင့္ေပးခဲ့သည့္ ကိစၥပါ၊ သည္ေန ရာတြင္ ယင္းအတြက္ အက်ိဳးတူ လာေရာက္လုပ္ ကိုင္မည့္ကုမၸဏီဆီက လုံးဝ ေလ်ာ္ေၾကး၊ တန္ဖိုးသင့္ ေၾကးမယူ ကင္းလြတ္ခြင့္ေပးခဲ့တာပါ။ ဒါကို ေနာင္ လႊတ္ေတာ္မ်ားႏွင့္ အစိုးရမ်ားကအတည္ျပဳ ျပ႒ာန္းဥပေဒမ်ားတြင္ပါခဲ့လွ်င္လည္း အက်ိဳးတူကုမၸဏီက လိုက္နာပါ့မည္ ဆိုသည့္စာသားက မူလစာခ်ဳပ္မွာပါ စတင္ခ်ဳပ္ကတည္းက ထည့္သြင္းေရးထားသလား မသိၾကရတာပါ။
စာေရးသူတို႔ ျပည္ေထာင္စု ျမန္မာႏိုင္ငံဘက္က ႏိုင္ငံျခားေငြ အရင္းအႏွီး မထည့္ႏိုင္တဲ့ အားနည္းခ်က္ကို အက်ိဳးတူ ႏိုင္ငံႀကီးရဲ႕ကုမၸဏီက အခြင့္ေကာင္းယူသြားတာလို႔ ယူဆမိၾက၏။ ကြၽန္ေတာ္တို႔ ပညာရွင္ေတြသတိထားမိ လိုက္တာက ႏိုင္ငံႀကီးသား သူတို႔ပညာရွင္အခ်ိဳ႕က မ်က္ႏွာပူ ေၾကာင္းကို ထုတ္ေျပာလာသည္။ ကုမၸဏီဘက္ကေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူ၏လက္သုံးစကား တြက္ေျခမကိုက္ေတာ့ဘူးေပါ့။
ဘယ္အခန္းေတြက တြက္ေျခမကိုက္သလဲ ေျပာရေအာင္ကလည္း သည္ေနရာေတြက (၁၀)ႏွစ္ ၾကာ ရပ္ဆိုင္း မႈကေန ခ႐ိုျပာ ခ႐ိုနက္ ခ႐ိုနီ စက္က်/ ဘီဂ်ီအက္ဖ္ခက္ပါ့ျဖစ္ကုန္ၿပီ။ ေဒသခံ နယ္ျခားေစာင့္ တပ္မ်ားကိုအရင္းတည္ကာ ေျမေအာက္ေျမရွားျဒပ္စင္သတၱဳမ်ားရဖို႔ ေျမကုဗေပ သန္းခ်ီဖယ္ရွားသယ္ ယူသြားခဲ့ၾကၿပီးသည္ကို စီမံကိန္းမ်ား ရပ္ဆိုင္းသည္ မွတြက္ရင္(၁၀)ႏွစ္တင္းတင္းျပည့္ေတာ့မည္။ လွ်ပ္စစ္ပါဝါမရွိေတာ့ေျမႀကီးကေန ငွက္ေပ်ာသီးရမတဲ့ လား။ တကယ္ေကာ ျမန္မာႏိုင္ငံသားေတြစားဖူးၾကရဲ႕ လားမသိႏိုင္ပါ။ ဧကသိန္းခ်ီေနသည့္တစ္သွ်ဴးငွက္ ေပ်ာခင္း မ်ားႏွင့္ ဓာတုေဗဒပိုးသတ္ေဆးမ်ားႏွင့္ လုပ္သားမ်ားေသေၾကၾက၏။ စိုက္ပ်ိဳးထားၿပီးအထြက္အမ်ားဆုံး လည္း ျဖစ္ေရာ ေအာက္ေျခေျမဩဇာခန္းၿပီးေျမေမာေနပါၿပီ။ ဘယ္ေရာက္ကုန္ပါသလဲ ေျမငွားခေတြ၊ ေျမေမာခေတြ။ ေျမပ်က္ခံရတာ ေတြ သမိုင္းက မွတ္တမ္းတင္မည္။ ေႏွာင္းလူတို႔ေဝဖန္အသိရွိၾကမည္။
အထူးသျဖင့္ ၉၀ ရာခိုင္ႏႈန္းေသာ လုပ္ငန္းနယ္ေျမကိုေစာင့္ေရွာက္ထိန္းသိမ္းၾကရမည့္ ေဒသခံ တိုင္းရင္း သားမ်ား တစ္နည္းႏိုင္ငံႀကီးသားမ်ား၏တာဝန္ကိုအေလးျမတ္ျပဳရမည့္သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရး ဥပေဒမ်ား ၏အလွပဆုံးေသာ ဘာသာရပ္ျဖစ္သည့္ Payments for Ecosystem Services (PES)ျဖစ္ပါတယ္။ ျမန္မာလိုတည့္ တည့္ျပန္ရင္ေတာ့ စီမံကိန္းဧရိယာအတြင္းက ေဂဟစနစ္မ်ားကို ေဒသခံႏိုင္ငံႀကီးသားအေပါင္းက ထိန္းသိမ္းေစာင့္ ေရွာက္ ၾကရမည္။
ေဒသခံတိုင္းရင္းသားလူထုအားလုံးရဲ႕လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈအတြက္အက်ိဳးျမတ္ႀကီးစြာရေစမည့္ဝင္ေငြကိုစာခ်ဳပ္တြင္ေဖာ္ျပေတာင္းခံရသည္။ ျပန္ၾကားသတင္းထုတ္ျပန္ရမည္။ ေဒသခံႏိုင္ငံသားတို႔ကို ကတိတည္ၾကရမည္။ Payments for Ecosystem Services (PES) ဝင္ေငြအေပၚ သစၥာရွိစြာ ခြဲေဝသုံးစြဲဖို႔ကေတာ့ ဘီလ်ံႏွင့္ခ်ီၿပီး ရန္ပုံ ေငြေတာင့္ တင္းေသာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေနသည့္ NATIONAL RECONSIL ATI- ON PEACE COMMISSION အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕အထူးမွတ္ခ်က္လိုမည္ဟု စာေရးသူယုံၾကည္ေနမိ။
ၿငိမ္းခ်မ္းေရးကတိကဝတ္မ်ားဆိုတာ အမွန္ရွိၾကသည္။ သေဘာတူညီခ်က္ရၿပီးသည္ႏွင့္အက်ိဳးျဖစ္ထြန္းမႈ အတြက္ အလုပ္သေဘာဆိုင္ရာမ်ား စတင္လုပ္ကိုင္ၾကရသည္။ ဘာမွမေပးဘဲ ဘာမွျဖစ္ မလာပါ၊ လက္နက္ ကိုင္ခ်ဳပ္ၿငိမ္းေရး၊ ေဂဟစနစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ ႏိုင္ငံႀကီးသားပီသတာဝန္ေၾကေရးတို႔ဟာ ႏွစ္ခ်ီ ေလ့က်င့္ေဖာ္ေဆာင္ဖို႔ ရန္ပုံေငြအထူးလိုအပ္ေနသည္။ စနစ္တက်သတင္း ထုတ္ျပန္ေလ့က်င့္ၾကရပါမည္။
ႏိုင္ငံျခားေငြ ရေပါက္ရလမ္းဆိုတာၾကား ယုံမွ်ႏွင့္ ဗဟိုအစိုးရလူႀကီးမင္းတို႔ ခါးၾကားလိမ္ဖို႔၊ အိတ္ကပ္ထဲထည့္ဖို႔ ႏိုင္ငံေရးသမားအခ်ိဳ႕၏ ေခတ္မမီေတာ့သည့္ ပါတီပထမ၊ ျပည္သူဒုတိယ အေတြးအေခၚေတြျပင္ရပါေတာ့မည္။ သည္အခ်က္က ဖက္ဒရယ္ဒီမိုကေရစီစနစ္ရဲ႕အဓိကလုပ္ငန္းလမ္းစဥ္ကိုတိုင္းတာမည့္ အဓိကအခ်က္တစ္ရပ္ပါ။ သည္ေနရာမွာ ကြၽန္ေတာ္တို႔ပညာရွင္မ်ားကလည္း ေကာ္မရွင္ကို တာဝန္ခံၿပီး တစ္ခ်က္ခုတ္သုံးခ်က္ေလာက္ျပတ္မည့္ အခ်က္မ်ားကို သေဘာကြဲလြဲမႈမရွိဘဲ ေထာက္ခံတင္ ျပလိုသည္။ ဒီအခ်က္ဟာ အာဏာရ ႏိုင္ငံေရးအစိုးရ မ်ား၏ ႏွလုံးသားအလြန္လွပါမွေအာင္ျမင္မည့္ ကိစၥျဖစ္လို႔ ဒီစိန္ေခၚမႈႀကီးကို ခ်ျပရျခင္းပင္။ အဲ့ဒါေတြအားလုံးကို အခုလိုအခ်ိန္ ေတြ ၾကာလာၿပီးလို႔ က်စ္ဆံၿမီး ဧရာဝတီသတို႔သမီးႀကီးကိုေက်းဇူးဆပ္ လိုသူ လွပခံ့ညားေစခ်င္သူ ႏွစ္ဖက္စလုံးပါဝင္သူ အားလုံး သင္ခန္းစာမ်ားရေကာင္းရၿပီး သူတို႔အလို လိုသိၿပီးသားလို႔ သႏၷိ႒ာန္ခ်မွတ္ နားလည္ေနၾကပါၿပီ။
အပိုင္း(၅)ကို ဆက္လက္ေဖာ္ျပပါမည္ . . .