ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

 2458

Pika (NP News) - ဇူလိုင် ၁၃

ဇူလိုင်လ(၁၂)ရက်နေ့က ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ခရီးသည်မပါဘဲ စမ်းသပ်ပျံသန်းနေစဉ်အချိန်အတွင်း မော်စကိုမြို့အနီးမှာပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါအမှုထမ်း(၃)ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Sukhoi Superjet 100 ခရီးသည်တင်လေယာဉ်ဟာ မော်စကိုမြို့အရှေ့တောင်ဘက် (၉၀)ကီလိုမီတာအကွာမှာရှိတဲ့ Apraksino ရွာအနီးက တောအုပ်တစ်ခုထဲကို ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ အရေးပေါ်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

အဲဒီလေယာဉ်ကို ရုရှားအစိုးရထိန်းချုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Gazprom ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Gazprom Avia က ပိုင်ဆိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလေယာဉ်ဟာ မော်စကိုမြို့ရဲ့အရှေ့တောင်ဘက်ကီလိုမီတာ(၁၁၁)အကွာ Lukhovitsy မြို့မှာရှိတဲ့ လေယာဉ်ထုတ်လုပ်ရေးစက်ရုံကနေ ပျံတက်ခဲ့တာဖြစ်တယ်လို့ Gazprom Avia လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် မော်စကိုမြို့ Vnukovo လေဆိပ်ကို ဦးတည်သွားနေတာဖြစ်ပြီး ပျံတက်ပြီးနောက်(၈)မိနစ်အကြာမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျရတာလဲဆိုတဲ့အချက်ကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပေမယ့်လည်း ရုရှားမီဒီယာအချို့က လေယာဉ်ဟာ ပျံတက်စဉ်အချိန်အတွင်း အင်ဂျင်ထဲကို ငှက်တွေဝင်သွားမှုကြောင့် အင်ဂျင်တွေအကုန်ပျက်စီးသွားခဲ့ပြီး ပျက်ကျသွားခဲ့တာဖြစ်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းတွေကိုသိရှိရဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့တယ်လို့လည်းသိရပါတယ်။

zawgyi version
႐ုရွားခရီးသည္တင္ေလယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံးေသဆုံး
Pika (NP News) - ဇူလိုင္ ၁၃

ဇူလိုင္လ(၁၂)ရက္ေန႔က ႐ုရွားခရီးသည္တင္ ေလယာဥ္တစ္စင္းဟာ ခရီးသည္မပါဘဲ စမ္းသပ္ပ်ံသန္းေနစဥ္အခ်ိန္အတြင္း ေမာ္စကိုၿမိဳ႕အနီးမွာပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚပါအမႈထမ္း(၃)ဦး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ Sukhoi Superjet 100 ခရီးသည္တင္ေလယာဥ္ဟာ ေမာ္စကိုၿမိဳ႕အေရွ႕ေတာင္ဘက္ (၉၀)ကီလိုမီတာအကြာမွာရွိတဲ့ Apraksino ႐ြာအနီးက ေတာအုပ္တစ္ခုထဲကို ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ အေရးေပၚတာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္အရသိရပါတယ္။

အဲဒီေလယာဥ္ကို ႐ုရွားအစိုးရထိန္းခ်ဳပ္ထားတဲ့ သဘာဝဓာတ္ေငြ႕ကုမၸဏီ Gazprom ပိုင္ဆိုင္တဲ့ ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ Gazprom Avia က ပိုင္ဆိုင္တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီေလယာဥ္ဟာ ေမာ္စကိုၿမိဳ႕ရဲ႕အေရွ႕ေတာင္ဘက္ကီလိုမီတာ(၁၁၁)အကြာ Lukhovitsy ၿမိဳ႕မွာရွိတဲ့ ေလယာဥ္ထုတ္လုပ္ေရးစက္႐ုံကေန ပ်ံတက္ခဲ့တာျဖစ္တယ္လို႔ Gazprom Avia ေလေၾကာင္းလိုင္းက ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ဟာ ျပင္ဆင္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေမာ္စကိုၿမိဳ႕ Vnukovo ေလဆိပ္ကို ဦးတည္သြားေနတာျဖစ္ၿပီး ပ်ံတက္ၿပီးေနာက္(၈)မိနစ္အၾကာမွာ ပ်က္က်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေလယာဥ္ဘာေၾကာင့္ ပ်က္က်ရတာလဲဆိုတဲ့အခ်က္ကို ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေပမယ့္လည္း ႐ုရွားမီဒီယာအခ်ိဳ႕က ေလယာဥ္ဟာ ပ်ံတက္စဥ္အခ်ိန္အတြင္း အင္ဂ်င္ထဲကို ငွက္ေတြဝင္သြားမႈေၾကာင့္ အင္ဂ်င္ေတြအကုန္ပ်က္စီးသြားခဲ့ၿပီး ပ်က္က်သြားခဲ့တာျဖစ္ႏိုင္တယ္လို႔ ေဖာ္ျပထားၾကပါတယ္။ ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကိုသိရွိရဖို႔အတြက္ စုံစမ္းစစ္ေဆးေရးေကာ္မတီက စုံစမ္းစစ္ေဆးမႈတစ္ရပ္ကို စတင္ခဲ့တယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.