ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ KNPP၊ KNDF၊ KNLA တို့ကို ပို့ဆောင်မည့် တရားမဝင် လက်နက်/ခဲယမ်းများကို လမ်းခုလတ်၌ ဖမ်းဆီးရမိ

2633

စော (NP News) - ဇူလိုင် ၁၄
ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ KNPP၊ KNDF၊ KNLA တို့ကို ပို့ဆောင်မည့် တရားမဝင် လက်နက်/ ခဲယမ်းများကို လမ်းခုလတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုများက ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲတွင် မတ်ကျန်းကျေးရွာ ဘက်မှ မောင်းနှင်လာသည့် VIGO (အနက်ရောင်) ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိ စိုင်းနွံမိန်း(၂၅)နှစ်၊ စိုင်းဆု(ခ)ဆုဇေယျ(၃၁)နှစ်၊ စိုင်းကောင်(၂၆)နှစ်၊ ဘိုဘိုဟန်(၂၃)နှစ်နှင့် စိုင်းနွံလှိုင်း(၂၆)နှစ် စုစုပေါင်း (၅)ဦးကို KIA အဖွဲ့မှ ထုတ်လုပ်သည့် KA (၄၀ မမ တွဲ)၅ လက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ၅ လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ စိုင်းနွံမိန်းမှာ RCSS/SSA အဖွဲ့၊ တပ်မဟာ(၇၅၉)မှ စုမှူးအဆင့်ရှိသူဖြစ်ပြီး ကျန်တရားခံ ၄ ဦးမှာ တပ်သားအဆင့်ရှိသူများဖြစ်ကာ ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းများကို ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် နားရိုင်းကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်ခဲယမ်းများကို PNLA အဖွဲ့နှင့် ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF အဖွဲ့များ၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ KNLA အဖွဲ့ထံသို့ ပို့ဆောင်ပေးရန်အတွက် သယ်ဆောင် လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္အတြင္းရွိ KNPP၊ KNDF၊ KNLA တို႔ကို ပို႔ေဆာင္မည့္ တရားမဝင္ လက္နက္/ခဲယမ္းမ်ားကို လမ္းခုလတ္၌ ဖမ္းဆီးရမိ
ေစာ (NP News) - ဇူလိုင္ ၁၄
ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္အတြင္းရွိ KNPP၊ KNDF၊ KNLA တို႔ကို ပို႔ေဆာင္မည့္ တရားမဝင္ လက္နက္/ ခဲယမ္းမ်ားကို လမ္းခုလတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ပူးေပါင္းစစ္ေဆးေဆာင္႐ြက္မႈမ်ားက ၿပီးခဲ့သည့္ ဇူလိုင္လ ၁၂ ရက္ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕နယ္၊ မတ္က်န္းေက်း႐ြာအနီး နား႐ိုင္းေက်း႐ြာလမ္းခြဲတြင္ မတ္က်န္းေက်း႐ြာ ဘက္မွ ေမာင္းႏွင္လာသည့္ VIGO (အနက္ေရာင္) ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးရွာေဖြခဲ့ရာ RCSS/SSA အဖြဲ႕မွ စုမႉးအဆင့္ရွိ စိုင္းႏြံမိန္း(၂၅)ႏွစ္၊ စိုင္းဆု(ခ)ဆုေဇယ်(၃၁)ႏွစ္၊ စိုင္းေကာင္(၂၆)ႏွစ္၊ ဘိုဘိုဟန္(၂၃)ႏွစ္ႏွင့္ စိုင္းႏြံလႈိင္း(၂၆)ႏွစ္ စုစုေပါင္း (၅)ဦးကို KIA အဖြဲ႕မွ ထုတ္လုပ္သည့္ KA (၄၀ မမ တြဲ)၅ လက္၊ ၄၀ မမဆုံလည္(၆ လုံးတြဲ) ၅ လက္၊ ၄၀ မမ ၁ လုံးထိုး ၅ လက္၊ ၇.၆၂ က်ည္ ၄၃,၇၆၅ ေတာင့္၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA က်ည္အိမ္ ၁၅ ခု၊ လြယ္ႀကိဳး ၁၅ ေခ်ာင္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ စိုင္းႏြံမိန္းမွာ RCSS/SSA အဖြဲ႕၊ တပ္မဟာ(၇၅၉)မွ စုမႉးအဆင့္ရွိသူျဖစ္ၿပီး က်န္တရားခံ ၄ ဦးမွာ တပ္သားအဆင့္ရွိသူမ်ားျဖစ္ကာ ဖမ္းဆီးရမိခဲ့ေသာ လက္နက္ခဲယမ္းမ်ားကို ဇူလိုင္လ ၁၂ ရက္ နံနက္ပိုင္းတြင္ နား႐ိုင္းေက်း႐ြာလမ္းခြဲ၌ PNLA အဖြဲ႕ဝင္ သထိုထံမွ လက္ခံရယူခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္နက္ခဲယမ္းမ်ားကို PNLA အဖြဲ႕ႏွင့္ ခ်ိတ္ဆက္ထားသည့္ ကယားျပည္နယ္အတြင္းရွိ KNPP၊ KNDF အဖြဲ႕မ်ား၊ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္အစပ္ရွိ KNLA အဖြဲ႕ထံသို႔ ပို႔ေဆာင္ေပးရန္အတြက္ သယ္ေဆာင္ လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားကို ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။