စင်ကာပူနိုင်ငံ Jurong Point ကုန်တိုက်မှာ အသက်(၉)နှစ်အရွယ် ကလေးတစ်ဦး စက်လှေကားညပ်ပြီး ဆေးရုံတင်ခဲ့ရ

 2848

ရောင်နီ(NP News) - ဇူလိုင် ၁၆

စင်ကာပူနိုင်ငံ၊ Jurong Point ရှော့ပင်းမောလ်မှာ ဇူလိုင်လ ၁၄ ရက်က အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး စက်လှေကားမှာ ခြေထောက်ညပ်တဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ ဇူလိုင်လ ၁၄ ရက်၊ ည ၇ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပွားချိန်မှာ အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ရသူ အင်တာနက်သုံးစွဲသူတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး လူမှုမီဒီယာပလက်ဖောင်း Reddit မှာတင်ခဲ့ရာမှ ဆိုရှယ်မီဒီယာမှာ ဗီဒီယိုပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူများစွာ ရှိခဲ့ပါတယ်။ စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF)က ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး ကလေးကို အမျိုး သား တက္ကသိုလ်ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရတော့ ကလေးဝတ်ဆင်ထားတဲ့ ရာဘာဖိနပ်တစ်ဖက်ဟာ စက်လှေကားထစ်တွေကြား ညပ်သွားခဲ့ပြီး ကလေးမှာ ခြေထောက်ဒဏ်ရာလည်း ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် လူကြီးမိဘတွေအနေနဲ့ စက်လှေကားစီးရာမှာ အထူးသဖြင့် ကလေးတွေနဲ့စီးတဲ့အခါမှာ လိုအပ်တဲ့ ကြိုတင်သတိထားကာကွယ်မှုတွေ ပြုလုပ်ဖို့ အဆိုပါပြောရေးဆိုခွင့်ရှိသူက သတိပေးပြောကြားခဲ့ပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ Jurong Point ကုန္တိုက္မွာ အသက္(၉)ႏွစ္အ႐ြယ္ ကေလးတစ္ဦး စက္ေလွကားညပ္ၿပီး ေဆး႐ုံတင္ခဲ့ရ
ေရာင္နီ(NP News) - ဇူလိုင္ ၁၆

စင္ကာပူႏိုင္ငံ၊ Jurong Point ေရွာ့ပင္းေမာလ္မွာ ဇူလိုင္လ ၁၄ ရက္က အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး စက္ေလွကားမွာ ေျခေထာက္ညပ္တဲ့ မေတာ္တဆမႈျဖစ္ခဲ့ၿပီး ေဆး႐ုံတင္ခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါ ျဖစ္ရပ္ဟာ ဇူလိုင္လ ၁၄ ရက္၊ ည ၇ နာရီ ၅၀ မိနစ္ခန႔္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ မေတာ္တဆမႈျဖစ္ပြားခ်ိန္မွာ အျဖစ္အပ်က္ကို မ်က္ျမင္ေတြ႕ခဲ့ရသူ အင္တာနက္သုံးစြဲသူတစ္ဦးက ဗီဒီယို႐ိုက္ကူးၿပီး လူမႈမီဒီယာပလက္ေဖာင္း Reddit မွာတင္ခဲ့ရာမွ ဆိုရွယ္မီဒီယာမွာ ဗီဒီယိုပ်ံ႕ႏွံ႔ခဲ့ၿပီး ၾကည့္ရႈသူမ်ားစြာ ရွိခဲ့ပါတယ္။ စင္ကာပူအရပ္ဘက္ ကာကြယ္ေရးတပ္ဖြဲ႕ (SCDF)က ကယ္ဆယ္ေရးလုပ္ငန္းေတြေဆာင္႐ြက္ခဲ့ၿပီး ကေလးကို အမ်ိဳး သား တကၠသိုလ္ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ ေျပာၾကားခ်က္အရေတာ့ ကေလးဝတ္ဆင္ထားတဲ့ ရာဘာဖိနပ္တစ္ဖက္ဟာ စက္ေလွကားထစ္ေတြၾကား ညပ္သြားခဲ့ၿပီး ကေလးမွာ ေျခေထာက္ဒဏ္ရာလည္း ရရွိသြားခဲ့တယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ လူႀကီးမိဘေတြအေနနဲ႔ စက္ေလွကားစီးရာမွာ အထူးသျဖင့္ ကေလးေတြနဲ႔စီးတဲ့အခါမွာ လိုအပ္တဲ့ ႀကိဳတင္သတိထားကာကြယ္မႈေတြ ျပဳလုပ္ဖို႔ အဆိုပါေျပာေရးဆိုခြင့္ရွိသူက သတိေပးေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.