နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် ကား(၂)စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ(၈)ဦးဒဏ်ရာရ
4095
သန့်ဇင် (NP News) - ဇူလိုင် ၁၆
နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် Light Truck ကား(၂) စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည့် ယနေ့(ဇူလိုင်လ ၁၆ ရက်)၊ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၁)နှင့် (၇၈/၂)ကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက Light Truck (၂)စီးက ရပ်ထားတာကို နောက်ကနေပြီး Nissan Condor ကဝင်တိုက်တာ။ Light Truck တွေကလည်း ယာဉ်မရပ်ရနေရာမှာ အမြန်လမ်းပေါ်မေးတင်ပြီးရပ်ထားတာမှာ အနောက်က ကားကဝင်တိုက် တာပါ။ မိုးလည်းရွာထားတော့ အရှိန်လည်း မထိန်းနိုင်ဖြစ်သွားတာလည်းပါမှာပါ”ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Light Truck ကားပေါ်ရှိ အသက် (၃၀) နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“Light Truck ယာဉ်မောင်းတစ်ယောက်ကပွဲချင်းပြီးဆုံးတယ်။ Light Truck က အမျိုးသမီး(၂)ဦးက စိုးရိမ်ရတယ်။ ကျန်တဲ့ကျား(၆)ယောက်လည်း ထိခိုက်ဒဏ်ရာတွေရတယ်။ အဲဒီနားက ယာဉ်တိုက်မှုဖြစ်တယ်။ ကုန်းလည်းမက်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းတြင္ ရပ္ထားသည့္ ကား(၂)စီးကို ကားတစ္စီးကေနာက္မွဝင္တိုက္မိရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးကာ(၈)ဦးဒဏ္ရာရ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၆
ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းတြင္ ရပ္ထားသည့္ Light Truck ကား(၂) စီးကို ကားတစ္စီးကေနာက္မွဝင္တိုက္မိရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးကာ (၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည့္ ယေန႔(ဇူလိုင္လ ၁၆ ရက္)၊ နံနက္ ၅ နာရီဝန္းက်င္အခ်ိန္ခန႔္က ေနျပည္ေတာ္-ရန္ကုန္အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၇၈/၁)ႏွင့္ (၇၈/၂)ၾကားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက Light Truck (၂)စီးက ရပ္ထားတာကို ေနာက္ကေနၿပီး Nissan Condor ကဝင္တိုက္တာ။ Light Truck ေတြကလည္း ယာဥ္မရပ္ရေနရာမွာ အျမန္လမ္းေပၚေမးတင္ၿပီးရပ္ထားတာမွာ အေနာက္က ကားကဝင္တိုက္ တာပါ။ မိုးလည္း႐ြာထားေတာ့ အရွိန္လည္း မထိန္းႏိုင္ျဖစ္သြားတာလည္းပါမွာပါ”ဟု ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Light Truck ကားေပၚရွိ အသက္ (၃၀) ႏွစ္ဝန္းက်င္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား(၆)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“Light Truck ယာဥ္ေမာင္းတစ္ေယာက္ကပြဲခ်င္းၿပီးဆုံးတယ္။ Light Truck က အမ်ိဳးသမီး(၂)ဦးက စိုးရိမ္ရတယ္။ က်န္တဲ့က်ား(၆)ေယာက္လည္း ထိခိုက္ဒဏ္ရာေတြရတယ္။ အဲဒီနားက ယာဥ္တိုက္မႈျဖစ္တယ္။ ကုန္းလည္းမက္တယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ၿမိဳ႕ေခ်ာင္းတိုက္နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။