ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ ပါတီအား နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပိတ်ပင်

 398

ALynn (NP News) - ဇူလိုင် ၁၆

ပါကစ္စတန် အစိုးရသည် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ပါတီ Tehreek-e-Insaf ကို ဥပဒေအတိုင်း ဖယ်ရှားရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီး Attaullah Tarar က တနင်္လာနေ့ (ဇူလိုင်လ ၁၅ ရက်) တွင် ကြေညာခဲ့သည်။ တရားရုံးက ယခင်ပြစ်ဒဏ်များကို ပယ်ဖျက်ပြီး ရက်ပိုင်းအကြာတွင် အစိုးရအဖွဲ့သည် ၎င်းအပေါ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်အသစ်များတင်ရန် ကြိုးပမ်းနေသည်။

လက်ရှိတွင် အဂတိလိုက်စားမှုစွဲချက်များဖြင့် အကျဉ်းချခံနေရသော အသက် ၇၁ နှစ်အရွယ် ခမ်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထိုအချိန်မှစ၍ ၎င်းသည် စွဲချက်ပေါင်း ၁၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ပါတီက နိုင်ငံရေးအရ လှုံ့ဆော်မှုများကို ဖန်တီးနေသည်ဟု စွပ်စွဲခံခဲ့ရသည်။

Tehreek-e-Insaf ပါတီသည် နိုင်ငံတော်ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံခြားတိုင်းပြည်များထံမှ ငွေလက်ခံရယူနေကြောင်း ဖော်ပြသည့် “ယုံကြည်ရလောက်သော အထောက်အထားများ” ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယမန်နှစ်က ခမ်း အဖမ်းခံရပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဓိကရုဏ်းများကို လှုံ့ဆော်ခဲ့သည်ဟု အစိုးရအဖွဲ့က စွပ်စွဲခဲ့သည်။ ခမ်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလတွင် ပါကစ္စတန်၌ ပြင်းထန်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်တရားရုံးချုပ်က ၎င်းအား လွှတ်ပေးရန် အမိန့်ပေးသောအခါတွင်လည်း နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းအား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထပ်မံဖမ်းဆီးပြီး အကျဉ်းချခဲ့ ပြန်သည်။

ကွာရှင်းပြီးနောက် မကြာမီလက်ထပ်ခြင်းဖြင့် အစ္စလာမ့်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသော ခမ်းနှင့် ၎င်း၏ဇနီး Bushra အား ပါကစ္စတန်တရားရုံးတစ်ရုံးက ချမှတ်ထားသော ထောင်ဒဏ် ခုနစ်နှစ်ပြစ်ဒဏ်ကို လွန်ခဲ့သည့်နှစ်ရက်က ပယ်ဖျက်လိုက်သည်။ ဇွန်လ အစောပိုင်း တွင် အစ္စလာမာဘတ် တရားရုံးချုပ်သည် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟု စွပ်စွဲခံထားရသည့် ခမ်းအား စီရင်ချက်ချခဲ့သည်။ စီရင်ချက်အများအပြားသည် ခမ်းနှင့် ၎င်း၏ပါတီအား ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်ထားသည်။

ခမ်းက ၎င်းသည် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ဝါရှင်တန်သည် ပါကစ္စတန် စစ်တပ်နှင့် ပူးပေါင်း၍ ၎င်း၏အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့သည်ဟု ခမ်းက စွပ်စွဲခဲ့သည်။ တနင်္လာနေ့တွင် ဝန်ကြီး Tarar က ခမ်းသည် အစ္စလမ်မာဘတ်နှင့် ဝါရှင်တန်ကြား ဆက်ဆံရေးကို ပျက်စီးစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

zawgyi version
ပါကစၥတန္အစိုးရက ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရန္ခမ္း၏ ပါတီအား ႏိုင္ငံေရးတြင္ မပါဝင္ႏိုင္ရန္ ပိတ္ပင္
ALynn (NP News) - ဇူလိုင္ ၁၆

ပါကစၥတန္ အစိုးရသည္ ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရန္ခမ္း၏ပါတီ Tehreek-e-Insaf ကို ဥပေဒအတိုင္း ဖယ္ရွားရန္ စီစဥ္ေနေၾကာင္း ျပန္ၾကားေရးဝန္ႀကီး Attaullah Tarar က တနလၤာေန႔ (ဇူလိုင္လ ၁၅ ရက္) တြင္ ေၾကညာခဲ့သည္။ တရား႐ုံးက ယခင္ျပစ္ဒဏ္မ်ားကို ပယ္ဖ်က္ၿပီး ရက္ပိုင္းအၾကာတြင္ အစိုးရအဖြဲ႕သည္ ၎အေပၚ ႏိုင္ငံေတာ္သစၥာေဖာက္မႈျဖင့္ စြဲခ်က္အသစ္မ်ားတင္ရန္ ႀကိဳးပမ္းေနသည္။

လက္ရွိတြင္ အဂတိလိုက္စားမႈစြဲခ်က္မ်ားျဖင့္ အက်ဥ္းခ်ခံေနရေသာ အသက္ ၇၁ ႏွစ္အ႐ြယ္ ခမ္းသည္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလတြင္ ရာထူးမွ ဖယ္ရွားခံခဲ့ရသည္။ ထိုအခ်ိန္မွစ၍ ၎သည္ စြဲခ်က္ေပါင္း ၁၀၀ ေက်ာ္ကို ရင္ဆိုင္ခဲ့ရၿပီး ၎၏ပါတီက ႏိုင္ငံေရးအရ လႈံ႕ေဆာ္မႈမ်ားကို ဖန္တီးေနသည္ဟု စြပ္စြဲခံခဲ့ရသည္။

Tehreek-e-Insaf ပါတီသည္ ႏိုင္ငံေတာ္ဥပေဒကို ခ်ိဳးေဖာက္ၿပီး ႏိုင္ငံျခားတိုင္းျပည္မ်ားထံမွ ေငြလက္ခံရယူေနေၾကာင္း ေဖာ္ျပသည့္ “ယုံၾကည္ရေလာက္ေသာ အေထာက္အထားမ်ား” ရရွိထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးက တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္။ ယမန္ႏွစ္က ခမ္း အဖမ္းခံရၿပီးေနာက္ပိုင္း တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အဓိက႐ုဏ္းမ်ားကို လႈံ႕ေဆာ္ခဲ့သည္ဟု အစိုးရအဖြဲ႕က စြပ္စြဲခဲ့သည္။ ခမ္း ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ၂၀၂၃ ခုႏွစ္၊ ေမလတြင္ ပါကစၥတန္၌ ျပင္းထန္ေသာ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ပါကစၥတန္တရား႐ုံးခ်ဳပ္က ၎အား လႊတ္ေပးရန္ အမိန႔္ေပးေသာအခါတြင္လည္း ႏိုင္ငံေရးအက်ပ္အတည္းမ်ား ျဖစ္ေပၚေစခဲ့သည္။ ေနာက္ပိုင္းတြင္ ၎အား အက်င့္ပ်က္ျခစားမႈ စြဲခ်က္မ်ားျဖင့္ ထပ္မံဖမ္းဆီးၿပီး အက်ဥ္းခ်ခဲ့ ျပန္သည္။

ကြာရွင္းၿပီးေနာက္ မၾကာမီလက္ထပ္ျခင္းျဖင့္ အစၥလာမ့္ဥပေဒကို ခ်ိဳးေဖာက္သည္ဟု စြပ္စြဲခံထားရေသာ ခမ္းႏွင့္ ၎၏ဇနီး Bushra အား ပါကစၥတန္တရား႐ုံးတစ္႐ုံးက ခ်မွတ္ထားေသာ ေထာင္ဒဏ္ ခုနစ္ႏွစ္ျပစ္ဒဏ္ကို လြန္ခဲ့သည့္ႏွစ္ရက္က ပယ္ဖ်က္လိုက္သည္။ ဇြန္လ အေစာပိုင္း တြင္ အစၥလာမာဘတ္ တရား႐ုံးခ်ဳပ္သည္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားခဲ့သည္ဟု စြပ္စြဲခံထားရသည့္ ခမ္းအား စီရင္ခ်က္ခ်ခဲ့သည္။ စီရင္ခ်က္အမ်ားအျပားသည္ ခမ္းႏွင့္ ၎၏ပါတီအား ေဖေဖာ္ဝါရီလ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမျပဳရန္ တားျမစ္ထားသည္။

ခမ္းက ၎သည္ ႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္ၿပီးေနာက္ ဝါရွင္တန္သည္ ပါကစၥတန္ စစ္တပ္ႏွင့္ ပူးေပါင္း၍ ၎၏အစိုးရကို ျဖဳတ္ခ်ရန္ ႀကံစည္ခဲ့သည္ဟု ခမ္းက စြပ္စြဲခဲ့သည္။ တနလၤာေန႔တြင္ ဝန္ႀကီး Tarar က ခမ္းသည္ အစၥလမ္မာဘတ္ႏွင့္ ဝါရွင္တန္ၾကား ဆက္ဆံေရးကို ပ်က္စီးေစရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲခဲ့သည္။

Related news

© 2021. All rights reserved.