ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် (၁၇)ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 1594

သန့်ဇင် (NP News) - ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် (၁၇)ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာအနီးတင် နောင်ချိုမှ မန္တလေးသို့ ယာဉ်မောင်းမင်းဇော်မောင်းနှင်ကာ မင်းကိုလိုက်ပါလာသည့် (၂၂)ဘီးတွဲကားကို စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၄)၊ မြို့ရှောင်လမ်းတွင် မောင်ငယ်(ခ) ကျော်ကြီးအား ၁၈ ဘီးတွဲကားတစ်စီးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂၅ သန်းတို့ကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ နောက် ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၁၆ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၂ သန်းဖမ်းရမိခဲ့ပြီး ၎င်းစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၁၇)ဘီလ်ံနီးပါးတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဇူလိုင္ ၁၇

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၁၇)ဘီလ်ံနီးပါးတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဇူလိုင္လ ၁၄ ရက္၊ နံနက္ ၆ နာရီခြဲအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဝက္ဝံေက်း႐ြာအနီးတြင္ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာအနီးတင္ ေနာင္ခ်ိဳမွ မႏၲေလးသို႔ ယာဥ္ေမာင္းမင္းေဇာ္ေမာင္းႏွင္ကာ မင္းကိုလိုက္ပါလာသည့္ (၂၂)ဘီးတြဲကားကို စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ ဒသမ ၉၅ သန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ယင္းေန႔ နံနက္ ၁၀ နာရီခြဲအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၁၄)၊ ၿမိဳ႕ေရွာင္လမ္းတြင္ ေမာင္ငယ္(ခ) ေက်ာ္ႀကီးအား ၁၈ ဘီးတြဲကားတစ္စီးႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ ဒသမ ၂၅ သန္းတို႔ကို ဆက္လက္ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထို႔ ေနာက္ ၎တို႔ထံမွ စုစုေပါင္းေငြက်ပ္ ၁၆ ဒသမ ၈ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁ ဒသမ ၂ သန္းဖမ္းရမိခဲ့ၿပီး ၎စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ၎တို႔အား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.