အင်ဒိုနီးရှားမှာ Angel's Trumpet အမည်ရှိ အသီးတစ်မျိုးကြောင့် လူနှစ်ဦး အဆိပ်သင့် သေဆုံး

 178

ရောင်နီ (NP News) - ဇူလိုင် ၁၈

အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း၊ ကာလီမန်တန်ပြည်နယ်မှာ Angel's Trumpet အမည်ရှိ အပင်ရဲ့အသီးကို စားသုံးမိ ခြင်းကြောင့် အဆိပ်သင့်ပြီး လူ ၂ ဦး သေဆုံးကာ လူ ၅၀ ခန့် ဆေးရုံတင်ထားရတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လူနာတွေဟာ အသက် ၂၂ နှစ်နဲ့ ၅၀ ကြား အရွယ်တွေ ဖြစ်ကြပြီး ပြည်နယ် မြို့တော် ဘန်ဂျာမာဆင်၊ ဘန်ဂျာဘာရူ၊ ဟူလူဆယ်လ်တန် နဲ့ ဘာရီတိုကူအာလာဆိုတဲ့မြို့တွေမှ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Angel's Trumpet အသီးဟာ စားသုံးမိတဲ့အခါ မူးယစ်ဆေးလို အသိစိတ်ပျောက်စေပြီး စိတ်ကဆင့်ကလျားဖြစ်စေတယ်လို့ တွေ့ရှိရပါ တယ်။ ဆိုရှယ်မီဒီယာမှ ဗီဒီယိုတွေအရလည်း အဲဒီအသီးကို စားသုံးမိသူဟာ အသိစိတ်လွတ်ပြီး၊ ရန်လိုခြင်း၊ မူးမော အိပ်ပျော်ခြင်းတို့ဖြစ်လေ့ရှိတာ တွေ့ရပါတယ်။

လက်ရှိအချိန်ထိအတွင်း လူနာ နှစ်ဦး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်က သေဆုံးခဲ့ပြီဖြစ်ပြီး အကြောင်းရင်းကို အာဏာပိုင် တွေက စုံစမ်းစစ်ဆေးနေပါတယ်။ Angel's Trumpet ပါဝင်တဲ့ ဆေးပြားတွေ ဖြန့်ဖြူးရောင်းချမှုကိုလည်း ရဲတပ်ဖွဲ့က ခြေရာခံ ရှာဖွေနေပြီး နောက်ထပ်ဖြစ်ရပ်တွေကို တားဆီးဖို့အတွက် Angel's Trumpet အပင်တွေကို ဇူလိုင် ၁၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Angel's Trumpet တွေဟာ အာဖရိကနဲ့ အာရှဒေသမှာ တွေ့ရလေ့ရှိတဲ့ အပူပိုင်းအပင်တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှား မှာတော့ Kecubung လို့ခေါ်ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားမွာ Angel's Trumpet အမည္ရွိ အသီးတစ္မ်ိဳးေၾကာင့္ လူႏွစ္ဦး အဆိပ္သင့္ ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၁၈

အင္ဒိုနီးရွားႏိုင္ငံေတာင္ပိုင္း၊ ကာလီမန္တန္ျပည္နယ္မွာ Angel's Trumpet အမည္ရွိ အပင္ရဲ႕အသီးကို စားသုံးမိ ျခင္းေၾကာင့္ အဆိပ္သင့္ၿပီး လူ ၂ ဦး ေသဆုံးကာ လူ ၅၀ ခန႔္ ေဆး႐ုံတင္ထားရတယ္လို႔ က်န္းမာေရး အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

လူနာေတြဟာ အသက္ ၂၂ ႏွစ္နဲ႔ ၅၀ ၾကား အ႐ြယ္ေတြ ျဖစ္ၾကၿပီး ျပည္နယ္ ၿမိဳ႕ေတာ္ ဘန္ဂ်ာမာဆင္၊ ဘန္ဂ်ာဘာ႐ူ၊ ဟူလူဆယ္လ္တန္ နဲ႔ ဘာရီတိုကူအာလာဆိုတဲ့ၿမိဳ႕ေတြမွ ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ Angel's Trumpet အသီးဟာ စားသုံးမိတဲ့အခါ မူးယစ္ေဆးလို အသိစိတ္ေပ်ာက္ေစၿပီး စိတ္ကဆင့္ကလ်ားျဖစ္ေစတယ္လို႔ ေတြ႕ရွိရပါ တယ္။ ဆိုရွယ္မီဒီယာမွ ဗီဒီယိုေတြအရလည္း အဲဒီအသီးကို စားသုံးမိသူဟာ အသိစိတ္လြတ္ၿပီး၊ ရန္လိုျခင္း၊ မူးေမာ အိပ္ေပ်ာ္ျခင္းတို႔ျဖစ္ေလ့ရွိတာ ေတြ႕ရပါတယ္။

လက္ရွိအခ်ိန္ထိအတြင္း လူနာ ႏွစ္ဦး ဇူလိုင္ ၇ ရက္နဲ႔ ၈ ရက္က ေသဆုံးခဲ့ၿပီျဖစ္ၿပီး အေၾကာင္းရင္းကို အာဏာပိုင္ ေတြက စုံစမ္းစစ္ေဆးေနပါတယ္။ Angel's Trumpet ပါဝင္တဲ့ ေဆးျပားေတြ ျဖန႔္ျဖဴးေရာင္းခ်မႈကိုလည္း ရဲတပ္ဖြဲ႕က ေျခရာခံ ရွာေဖြေနၿပီး ေနာက္ထပ္ျဖစ္ရပ္ေတြကို တားဆီးဖို႔အတြက္ Angel's Trumpet အပင္ေတြကို ဇူလိုင္ ၁၅ ရက္က မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။

Angel's Trumpet ေတြဟာ အာဖရိကနဲ႔ အာရွေဒသမွာ ေတြ႕ရေလ့ရွိတဲ့ အပူပိုင္းအပင္တစ္မ်ိဳးျဖစ္ၿပီး အင္ဒိုနီးရွားမွာေတာ့ Kecubung လို႔ေခၚပါတယ္။

Related news

© 2021. All rights reserved.