အိုမင်းခြင်းဆေးပညာ(Geriatrics Medicine) (ကျန်းမာရေးဆောင်းပါး)

 569

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၁၉

ဘဝမှာအိုမင်းခြင်းဆိုတာ အသက်ရှည်တဲ့ သူတိုင်းမဖြစ်မနေရင်ဆိုင်ကြုံ တွေ့ရမှာပဲဖြစ်တယ်။ အိုမင်းခြင်းနဲ့အတူ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်း မာရေး၊ လှုမှုပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးအလုပ်အကိုင်စတဲ့ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေအားလုံးမှာ ပြောင်းလဲခြင်းတွေဖြစ်ပေါ်လာမှာပဲဖြစ်တယ်။

အိုမင်းခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး ရောဂါမျိုးစုံဝင်လာရင် ဘဝအရည်အသွေးထိခိုက်ပြီး စိတ်ရောလူပါချုံးချုံးကျကာ အိမ်ရာထဲလဲသွားရတဲ့အခြေအနေထိရောက်သွားနိုင်တယ်။ သည်လိုအခြေအနေရောက်အောင် ကာကွယ်ပေးလို့ရနိုင်မလား။ မကာကွယ်နိုင်ခဲ့ရင်ရော ရင်ဆိုင်နိုင်ဖို့ဘာတွေပြင်ဆင်ထားသင့်သလဲ။ ဘဝရဲ့အကြမ်းတမ်းအခက်ခဲဆုံးလောကဓံတရားတွေကိုဘယ်‌လိုကျော်ဖြတ်ရမလဲ။ အိုမင်းခြင်းကို ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာစွာနဲ့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း ရင်ဆိုင်ကျော်ဖြတ်နိုင်မလားဆိုတာတွေကို ချဉ်းကပ်လေ့လာရမှာဖြစ်တဲ့ အိုမင်းခြင်းအနုပညာကိုဆက်လက်ရှင်းပြသွားပါတယ်။

အိုမင်းခြင်းဟာ လူတိုင်းတစ်နေ့ကြုံတွေ့လာရမယ့်အခြေအနေတစ်ရပ် (Processes of becoming older)လို့ပြောနိုင်ပါတယ်။ သိပ္ပံနည်းကျပြောရရင်အသက်အရွယ်ရလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့လှုမှုရေးပိုင်းဆိုင်ရာပြောင်းလဲတာကို အိုမင်းခြင်းလို့သတ်မှတ်နိုင်ပါတယ်။ ပြောင်းလဲခြင်းအများကြီးရှိပါတယ်။ တစ်ခုခုကိုတို့ပြန်တဲ့အချိန်အတိုင်း အ တာ(Reaction time)ရှိပါတယ်။လှုပ်ရှားမှုအချိန်(Reaction Time)ကအသက်ကြီးလေ နှေးကွေးလေဖြစ်တယ်။ အသက်ကြီးလာတဲ့အခါ မှတ် ဉာဏ်လျော့ပါးလာတယ်။ တွေးခေါ်မှုအရည်‌အသွေးကျဆင်းလာတယ်။ စူးစူးစိုက်စိုက်လုပ်ကိုင်နိုင်မှု နည်းလာပါတယ်။ ပင်ကိုယ်က ကိုယ့်အားကိုယ် ကိုးဆိုပေမယ့် ဆိုးလာတဲ့အခါ သူများကိုမှီခိုလာပါတယ်။

အိုမင်းတဲ့အခါခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါ‌တွေ ပြောင်းလဲမှုဖြစ်လာတယ်။ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်း၊ အူသိမ်၊ အူမကြီး၊ကျောက်ကပ်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ စွမ်းဆောင်ရည်ကျဆင်းလာတယ်။ မျက်စိ၊ နား၊ အရေပြား၊ အရိုး၊ အဆစ်၊ နှာခေါင်း၊ အာရုံကြောစတဲ့အင်္ဂါတွေလည်း စွမ်းဆောင်ရည်ကျဆင်းလာပါတယ်။ ရောဂါတွေလည်း များပြားလာပါတယ်။ အဓိကအင်္ဂါတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ကျောက်ကပ်၊ အသည်းစတဲ့ရောဂါတွေက ဒုက္ခပေးတယ်။ အခြားအင်္ဂါအစိတ်အပိုင်းတွေမှာလည်း အနည်းနဲ့အများဆိုသလို ရောဂါဝင်လာတတ်ပါတယ်။

အသက်အရွယ်ကြီးရင့်တာက ရောဂါပဲဖြစ်တယ်။ ဒုက္ခပေးတဲ့ရောဂါတွေက နှလုံးသွေးကြောရောဂါ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းရောဂါ၊အဆုတ်လေပြွန်ရောဂါ၊ အသည်းခြောက်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ကျောက်ကပ်စွမ်းရည်ကျဆင်းရောဂါ၊ အတွင်းတိမ်ရောဂါ၊ နားထိုင်းခြင်း၊အရိုးအဆစ်ရောဂါစတာတွေဖြစ်တယ်။ အထူးသတိထားရမယ့်ရောဂါကကင်ဆာရောဂါဖြစ်တယ်။ အသက်ကြီးလာလေ ကင်ဆာဖြစ်နှုန်းများလေဖြစ်တယ်။အဖြစ်များတဲ့ကင်ဆာရောဂါတွေက အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အရိုးကင်ဆာ၊ အရေပြားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သွေးကင်ဆာစတာတွေဖြစ်တယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်းများပြီး အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာဖြစ်နှုန်းမှာ များပြားပါတယ်။ ကင်ဆာရောဂါမျိုးစုံလေ့လာကြည့်ရင်အသက်အရွယ်ကြီးရင့်မှုဟာ အရေးပါတဲ့ရောဂါဖြစ်ပွါးမှုဖြစ်စေတဲ့ အကြောင်းရင်းခံ တစ်ရပ်ပဲဖြစ်တယ်။

အိုမင်းခြင်းလုံးဝကာကွယ်နိုင်တဲ့ ဆေးမရှိသေးပါဘူး။ အိုမင်းခြင်းဟာ သဘာဝဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။သက်ရှိသတ္တဝါအားလုံးကြုံတွေ့ရပါတယ်။ဘုရားရဟန္တာတောင်မှ မလွန်ဆန်နိုင်ဘူး။ မအိုအောင်မတားဆီးနိုင်ပါဘူး။သမိုင်းကိုလေ့လာရင် ခေတ်အဆက်ဆက်ဘုရင်တွေဟာ မအိုဆေးရှာကြတယ်။ ဒါပေမဲ့ မတွေ့ဘူး။တရုတ်မှာ ပညာရှိပြီး လောင်းဇူးဟာ မအိုဆေးကိုရှာဖို့ကြို့စားခဲ့ကြောင်း မှတ်သားဖူးပါတယ်။ ယနေ့သိပ္ပံပညာရှင်တွေလည်းအောင်မြင်သေးဘူး။ အဆိုတော်မိုက်ကယ်ဂျက်ဆင်လည်း မအိုဆေးရှာရင်းသေဆုံးသွားတယ်။

ယနေ့ခေတ်မှာလုပ်နိုင်တာတစ်ခုကအချိန်မတိုင်ခင် မအိုမင်းအောင်လုပ်ဆောင်နိုင်တာတစ်ခုပါပဲ။ ဥပမာ - လူတချို့က အသက်(၄၀)အရွယ်ရှိပေမယ့် အသက်(၆၀)လို့ထင်ရအောင် အိုမင်းနေတတ်တယ်။ ဒါမျိုးကိုအသက်ရွယ်နဲ့ညီမျှတဲ့အိုမင်းမှုဖြစ်အောင် စွမ်းဆောင်နိုင်တယ်။ လုံးဝမအိုအောင်မလုပ်နိုင်ပါဘူး။ ငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းအောင်ကြိုးစားနေထိုင်ခဲ့ရင် အရွယ်နဲ့မလိုက်အောင် နုပျိုနေနိုင်တယ်။ အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးသွားအောင်လုပ်ဆောင်တဲ့သဘောဖြစ်တယ်။ အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးအောင်လုပ်ကိုင်တဲ့သဘောဖြစ်ပါတယ်။

အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးသွားစေဖို့ရောဂါတွေကို ကြိုတင်ကာကွယ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာရောဂါတွေသာမက စိတ်ပိုင်းဆိုင်ရာရောဂါတွေကိုပါ ကြိုတင်ကာကွယ်ရပါမယ်။ ကြိုတင်ကာကွယ်ရာမှာ လုံးဝမဖြစ်အောင်လုပ်လို့မရပါဘူး။ ဖြစ်နိုင်ခြေလည်းနည်းပါးအောင် လုပ်ဆောင်နိုင်ပါတယ်။ အဓိကထားပြီး ကြိုတင်ကာကွယ်ရမယ့် ရောဂါတွေက နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီချိုသွေးချိုရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ အတွင်းတိမ်ရောဂါ၊ အရေပြားရောဂါစတာတွေဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာရောဂါတွေလည်း အရေးကြီးပါတယ်။ စိတ်ထောင်းလို့ကိုယ်ကြေစကားရှိပါတယ်။ စိတ်ဖိစီးမှုကြောင့် အချိန်မတန်ခင်၊ အိုမင်းသွားတာတွေရှိပါတယ်။ ဆေးပညာမှာတော့ စိတ်ဖိစီးမှု(stress)ခေါ်တယ်။ရုပ်ပိုင်းဆိုင်ရာရောဂါမရှိပဲ၊ စိတ်ဖိစီးမှုကြောင့် အိုမင်းတာက အများကြီးရှိတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ဖြူလာပြီး အရေပြားတွန့်လာပါတယ်။အသက်(၄၀)အရွယ်မှာရုပ်ပိုင်းဆိုင်ရာရောဂါမရှိပဲ အသက်(၆၀)အရွယ်လို့ထင်ရအောင်လူအိုရုပ်ပေါက်နေတတ်ပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှု(stress) ကို သတိထားသင့်ပါတယ်။ မလိုအပ်ပဲ စိတ်မတင်းထားသင့်ပါဘူး။

အရွယ်မတိုင်မီအိုမင်းခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရပါတယ်။လုံးဝမဖြစ်အောင် ကာကွယ်လို့ရပေမယ့် အထိုက်အလျောက်ကာကွယ်နိုင်တယ်။ ရောဂါတစ်ခုချင်းစီမှာအကြောင်းနဲ့အကျိုးယှဉ်တွဲပြီး လာပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကြိုတင်ကာကွယ်ဖို့ ငယ်စဉ်ကတည်းကကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို အချိန်မှန်လုပ်သင့်ပါတယ်။ အဆီအ ဆိမ့် ရှောင်သင့်ပါတယ်။ အာဟာရပြည့်စုံအောင်ထားရပါမယ်။ ဖြစ်နိုင်ရင်မြေထဲပင်လယ်စာ စားသောက်ပုံကို လိုက်နာစားသောက်သင့်ပါတယ်။သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ရပါတယ်။ အချို၊ အငန်တွေလျှော့ စားရပါတယ်။ အရက်သောက်တတ်ရင် အရက်ဖြတ်ရမယ်။ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ရမယ်။ အရက်နဲ့ဆေးလိပ်ကို ငယ်စဉ်ကတည်းကလုံးဝမသောက်ခဲ့ရင် အကောင်းဆုံးကာကွယ်မှုရနိုင်ပါတယ်။

သွေးတိုးရောဂါကြိုတင်ကာကွယ်ရာမှာ အငန်လျှော့စားရပါတယ်။အဆီအဆိမ့်ရှောင်ရှားရပါမယ်။ အာဟာရပြည့်ဝအောင်သား၊ ငါးနဲ့ဟင်းသီးဟင်းရွက်မျှတစွာ စားသောက်ရပါတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းနေ့စဉ်နာရီဝက်မှ တစ်နာရီကြာအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ရေကူးပြုသင့်ပါတယ်။ စိတ်ဖိစီးမှုနည်းပါးစေသင့်တယ်။ တရားဓမ္မပျော်မွေ့တတ်သင့်တယ်။ စိတ်ဖိစီးမှု(stress)နည်းပါးအောင်နေသင့်ပါတယ်။ အရက်နဲ့ဆေးလိပ်ရှောင်သင့်တယ်။ သွေးပေါင်ကိုအခွင့်ကြုံတိုင်း ချိန်သင့်ပါတယ်။(ကိုယ်ပိုင်ထားနိုင်ရင်ကောင်းပါတယ်။) မိသားစုမှာ ရောဂါရာဇဝင်ရှိရင်သတိထားသင့်တယ်။

ဆီချိုရောဂါမဖြစ်အောင် လုံးဝကာကွယ်လို့တော့ မရပါဘူး။အထိုက် အလျောက်ကာကွယ်နိုင်ပါတယ်။ ငယ်စဉ်ကတည်းက အချိုလျှေ့စားရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း အချိန်မှန်နေ့စဉ် နာရီဝက်မှတစ်နာရီလုပ်သင့်ပါတယ်။ သင့်တင့်တဲ့ ကိုယ်အလေးချိန် အချိုးအဆ ဘီအမ်အိုင် (BMI) (၁၈.၉ - ၂၄.၉) အတွင်း ရှိရပါတယ်။ ဘီအမ်အိုင်ဆိုတာအလေးချိန် (ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ(နှစ်ထပ်ကိန်း)နဲ့စားလို့ရတဲ့ရလဒ်ဖြစ်လို့၊အဝရောဂါရာဇဝင်ရှိခဲ့ရင်ပိုပြီးသတိထားရပါတယ်။

သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ထားရင် လေဖြတ်ရောဂါကိုပါ ကြိုတင်ကာကွယ်ထားပြီး ဖြစ်ပါတယ်။ အယ်ဇိုင်းမား(Alzheimer's)ရောဂါနဲ့ပက်သက်လို့။ ဦးနှောက်လေ့ကျင့်ခန်းသဘောဖြစ်သင့်တယ်။ ညဏ်စမ်းပုစ္ဆာဖြေဆိုတာမျိုးလုပ်ရပါတယ်။ ဦးနှောက်သုံးရတဲ့ စစ်ဘုရင်ကစားနည်းကို ကစားပေးရပါတယ်။ ဘာသာစကားအသစ်တစ်ခုခု၊ အဘိဓမ္မာပညာရပ်သင်ကြားသင့်ပါတယ်။ တူရိယာပစ္စည်းတစ်ခုခု တီးမှုတ်တတ်အောင်သင်ယူသင့်တယ်။ ဦးနှောက်စွမ်းရည်ပုံမှန်ရှိ၊ မရှိ မကြာခဏစစ်ဆေးသင့်ပါတယ်။အတွင်းတိမ်ရောဂါကာကွယ်ဖို့ စူးရှတဲ့အလင်းရောင်မျိုးရှောင်သင့်တယ်။နေပူထဲထွက်ရင်မျက်မှန်(၉၉% UVL)တပ်ဆင်သင့်တယ်။ မျက်စိနဲ့ဆိုင်တဲ့ဗီတာမင်မျိုးရွေးချယ်သင့်ပါတယ်။ မကြာခဏမျက်စိစစ်ဆေးသင့်တယ်။ မလွဲသာလို့ နေပူထဲထွက်ရင် နေရောင်ခံလိမ်းဆေး (sun scream) လိမ်းသင့်တယ်။ (၂)နာရီတစ်ခါလိမ်းပြီး ခရမ်းလွန်ရောင်ခြည်(၉၉%)ကာကွယ်ပေးတဲ့နေကာမျက်မှန်တပ်ဆင်သင့်ပါတယ်။ မကြာခဏအရေပြားစစ်ဆေးသင့်ပါတယ်။ အိပ်ချိန်(၆)နာရီအပြည့်အိပ်စက်သင့်တယ်။ စားချိန်၊ အိပ်ချိန်မှန်သင့်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားသင့်ပါတယ်။

zawgyi version
အိုမင္းျခင္းေဆးပညာ(Geriatrics Medicine) (က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ဇူလိုင္ ၁၉

ဘဝမွာအိုမင္းျခင္းဆိုတာ အသက္ရွည္တဲ့ သူတိုင္းမျဖစ္မေနရင္ဆိုင္ႀကဳံ ေတြ႕ရမွာပဲျဖစ္တယ္။ အိုမင္းျခင္းနဲ႔အတူ ခႏၶာကိုယ္က်န္းမာေရး၊ စိတ္က်န္း မာေရး၊ လႈမႈေပါင္းသင္းဆက္ဆံေရး၊ စီးပြားေရးအလုပ္အကိုင္စတဲ့ဘဝရဲ႕အေရးပါတဲ့ အစိတ္အပိုင္းေတြအားလုံးမွာ ေျပာင္းလဲျခင္းေတြျဖစ္ေပၚလာမွာပဲျဖစ္တယ္။

အိုမင္းျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ၿပီး ေရာဂါမ်ိဳးစုံဝင္လာရင္ ဘဝအရည္အေသြးထိခိုက္ၿပီး စိတ္ေရာလူပါခ်ဳံးခ်ဳံးက်ကာ အိမ္ရာထဲလဲသြားရတဲ့အေျခအေနထိေရာက္သြားႏိုင္တယ္။ သည္လိုအေျခအေနေရာက္ေအာင္ ကာကြယ္ေပးလို႔ရႏိုင္မလား။ မကာကြယ္ႏိုင္ခဲ့ရင္ေရာ ရင္ဆိုင္ႏိုင္ဖို႔ဘာေတြျပင္ဆင္ထားသင့္သလဲ။ ဘဝရဲ႕အၾကမ္းတမ္းအခက္ခဲဆုံးေလာကဓံတရားေတြကိုဘယ္‌လိုေက်ာ္ျဖတ္ရမလဲ။ အိုမင္းျခင္းကို ကိုယ္က်န္းမာၿပီး စိတ္ခ်မ္းသာစြာနဲ႔တည္တည္ၿငိမ္ၿငိမ္ေအးေအးခ်မ္းခ်မ္း ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္မလားဆိုတာေတြကို ခ်ဥ္းကပ္ေလ့လာရမွာျဖစ္တဲ့ အိုမင္းျခင္းအႏုပညာကိုဆက္လက္ရွင္းျပသြားပါတယ္။

အိုမင္းျခင္းဟာ လူတိုင္းတစ္ေန႔ႀကဳံေတြ႕လာရမယ့္အေျခအေနတစ္ရပ္ (Processes of becoming older)လို႔ေျပာႏိုင္ပါတယ္။ သိပၸံနည္းက်ေျပာရရင္အသက္အ႐ြယ္ရလာတာနဲ႔အမွ် ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔လႈမႈေရးပိုင္းဆိုင္ရာေျပာင္းလဲတာကို အိုမင္းျခင္းလို႔သတ္မွတ္ႏိုင္ပါတယ္။ ေျပာင္းလဲျခင္းအမ်ားႀကီးရွိပါတယ္။ တစ္ခုခုကိုတို႔ျပန္တဲ့အခ်ိန္အတိုင္း အ တာ(Reaction time)ရွိပါတယ္။လႈပ္ရွားမႈအခ်ိန္(Reaction Time)ကအသက္ႀကီးေလ ေႏွးေကြးေလျဖစ္တယ္။ အသက္ႀကီးလာတဲ့အခါ မွတ္ ဉာဏ္ေလ်ာ့ပါးလာတယ္။ ေတြးေခၚမႈအရည္‌အေသြးက်ဆင္းလာတယ္။ စူးစူးစိုက္စိုက္လုပ္ကိုင္ႏိုင္မႈ နည္းလာပါတယ္။ ပင္ကိုယ္က ကိုယ့္အားကိုယ္ ကိုးဆိုေပမယ့္ ဆိုးလာတဲ့အခါ သူမ်ားကိုမွီခိုလာပါတယ္။

အိုမင္းတဲ့အခါခႏၶာကိုယ္မွာရွိတဲ့ အေရးႀကီးတဲ့အဂၤါ‌ေတြ ေျပာင္းလဲမႈျဖစ္လာတယ္။ ဦးေႏွာက္၊ ႏွလုံး၊ အဆုတ္၊ အသည္း၊ အူသိမ္၊ အူမႀကီး၊ေက်ာက္ကပ္စတဲ့ အဂၤါအစိတ္အပိုင္းေတြဟာ စြမ္းေဆာင္ရည္က်ဆင္းလာတယ္။ မ်က္စိ၊ နား၊ အေရျပား၊ အ႐ိုး၊ အဆစ္၊ ႏွာေခါင္း၊ အာ႐ုံေၾကာစတဲ့အဂၤါေတြလည္း စြမ္းေဆာင္ရည္က်ဆင္းလာပါတယ္။ ေရာဂါေတြလည္း မ်ားျပားလာပါတယ္။ အဓိကအဂၤါေတြျဖစ္တဲ့ ဦးေႏွာက္၊ ႏွလုံး၊ အဆုတ္၊ေက်ာက္ကပ္၊ အသည္းစတဲ့ေရာဂါေတြက ဒုကၡေပးတယ္။ အျခားအဂၤါအစိတ္အပိုင္းေတြမွာလည္း အနည္းနဲ႔အမ်ားဆိုသလို ေရာဂါဝင္လာတတ္ပါတယ္။

အသက္အ႐ြယ္ႀကီးရင့္တာက ေရာဂါပဲျဖစ္တယ္။ ဒုကၡေပးတဲ့ေရာဂါေတြက ႏွလုံးေသြးေၾကာေရာဂါ၊ ႏွလုံးစြမ္းေဆာင္ရည္က်ဆင္းေရာဂါ၊အဆုတ္ေလႁပြန္ေရာဂါ၊ အသည္းေျခာက္ေရာဂါ၊ အယ္ဇိုင္းမားေရာဂါ၊ေက်ာက္ကပ္စြမ္းရည္က်ဆင္းေရာဂါ၊ အတြင္းတိမ္ေရာဂါ၊ နားထိုင္းျခင္း၊အ႐ိုးအဆစ္ေရာဂါစတာေတြျဖစ္တယ္။ အထူးသတိထားရမယ့္ေရာဂါကကင္ဆာေရာဂါျဖစ္တယ္။ အသက္ႀကီးလာေလ ကင္ဆာျဖစ္ႏႈန္းမ်ားေလျဖစ္တယ္။အျဖစ္မ်ားတဲ့ကင္ဆာေရာဂါေတြက အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ အသည္းကင္ဆာ၊ အ႐ိုးကင္ဆာ၊ အေရျပားကင္ဆာ၊ ေက်ာက္ကပ္ကင္ဆာ၊ ေသြးကင္ဆာစတာေတြျဖစ္တယ္။ အမ်ိဳးသားေတြမွာ ဆီးက်ိတ္ကင္ဆာျဖစ္ႏႈန္းမ်ားၿပီး အမ်ိဳးသမီးေတြမွာ သားအိမ္ေခါင္းကင္ဆာ၊ ရင္သားကင္ဆာျဖစ္ႏႈန္းမွာ မ်ားျပားပါတယ္။ ကင္ဆာေရာဂါမ်ိဳးစုံေလ့လာၾကည့္ရင္အသက္အ႐ြယ္ႀကီးရင့္မႈဟာ အေရးပါတဲ့ေရာဂါျဖစ္ပြါးမႈျဖစ္ေစတဲ့ အေၾကာင္းရင္းခံ တစ္ရပ္ပဲျဖစ္တယ္။

အိုမင္းျခင္းလုံးဝကာကြယ္ႏိုင္တဲ့ ေဆးမရွိေသးပါဘူး။ အိုမင္းျခင္းဟာ သဘာဝျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။သက္ရွိသတၱဝါအားလုံးႀကဳံေတြ႕ရပါတယ္။ဘုရားရဟႏၲာေတာင္မွ မလြန္ဆန္ႏိုင္ဘူး။ မအိုေအာင္မတားဆီးႏိုင္ပါဘူး။သမိုင္းကိုေလ့လာရင္ ေခတ္အဆက္ဆက္ဘုရင္ေတြဟာ မအိုေဆးရွာၾကတယ္။ ဒါေပမဲ့ မေတြ႕ဘူး။တ႐ုတ္မွာ ပညာရွိၿပီး ေလာင္းဇူးဟာ မအိုေဆးကိုရွာဖို႔ႀကိဳ႕စားခဲ့ေၾကာင္း မွတ္သားဖူးပါတယ္။ ယေန႔သိပၸံပညာရွင္ေတြလည္းေအာင္ျမင္ေသးဘူး။ အဆိုေတာ္မိုက္ကယ္ဂ်က္ဆင္လည္း မအိုေဆးရွာရင္းေသဆုံးသြားတယ္။

ယေန႔ေခတ္မွာလုပ္ႏိုင္တာတစ္ခုကအခ်ိန္မတိုင္ခင္ မအိုမင္းေအာင္လုပ္ေဆာင္ႏိုင္တာတစ္ခုပါပဲ။ ဥပမာ - လူတခ်ိဳ႕က အသက္(၄၀)အ႐ြယ္ရွိေပမယ့္ အသက္(၆၀)လို႔ထင္ရေအာင္ အိုမင္းေနတတ္တယ္။ ဒါမ်ိဳးကိုအသက္႐ြယ္နဲ႔ညီမွ်တဲ့အိုမင္းမႈျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္တယ္။ လုံးဝမအိုေအာင္မလုပ္ႏိုင္ပါဘူး။ ငယ္စဥ္ကတည္းက က်န္းမာေရးေကာင္းေအာင္ႀကိဳးစားေနထိုင္ခဲ့ရင္ အ႐ြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳေနႏိုင္တယ္။ အိုမင္းျခင္းျဖစ္စဥ္ကို ေႏွးေကြးသြားေအာင္လုပ္ေဆာင္တဲ့သေဘာျဖစ္တယ္။ အိုမင္းမႈျဖစ္စဥ္ကို ေႏွးေကြးေအာင္လုပ္ကိုင္တဲ့သေဘာျဖစ္ပါတယ္။

အိုမင္းျခင္းျဖစ္စဥ္ကို ေႏွးေကြးသြားေစဖို႔ေရာဂါေတြကို ႀကိဳတင္ကာကြယ္ရပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာေရာဂါေတြသာမက စိတ္ပိုင္းဆိုင္ရာေရာဂါေတြကိုပါ ႀကိဳတင္ကာကြယ္ရပါမယ္။ ႀကိဳတင္ကာကြယ္ရာမွာ လုံးဝမျဖစ္ေအာင္လုပ္လို႔မရပါဘူး။ ျဖစ္ႏိုင္ေျခလည္းနည္းပါးေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ အဓိကထားၿပီး ႀကိဳတင္ကာကြယ္ရမယ့္ ေရာဂါေတြက ႏွလုံးေသြး ေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ေလျဖတ္ေရာဂါ၊ ဆီခ်ိဳေသြးခ်ိဳေရာဂါ၊ အယ္ဇိုင္းမားေရာဂါ၊ အတြင္းတိမ္ေရာဂါ၊ အေရျပားေရာဂါစတာေတြျဖစ္တယ္။

စိတ္ပိုင္းဆိုင္ရာေရာဂါေတြလည္း အေရးႀကီးပါတယ္။ စိတ္ေထာင္းလို႔ကိုယ္ေၾကစကားရွိပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ အခ်ိန္မတန္ခင္၊ အိုမင္းသြားတာေတြရွိပါတယ္။ ေဆးပညာမွာေတာ့ စိတ္ဖိစီးမႈ(stress)ေခၚတယ္။႐ုပ္ပိုင္းဆိုင္ရာေရာဂါမရွိပဲ၊ စိတ္ဖိစီးမႈေၾကာင့္ အိုမင္းတာက အမ်ားႀကီးရွိတယ္။ စိတ္ဖိစီးမႈမ်ားရင္ ဆံပင္ျဖဴလာၿပီး အေရျပားတြန႔္လာပါတယ္။အသက္(၄၀)အ႐ြယ္မွာ႐ုပ္ပိုင္းဆိုင္ရာေရာဂါမရွိပဲ အသက္(၆၀)အ႐ြယ္လို႔ထင္ရေအာင္လူအို႐ုပ္ေပါက္ေနတတ္ပါတယ္။ ဒါေၾကာင့္စိတ္ဖိစီးမႈ(stress) ကို သတိထားသင့္ပါတယ္။ မလိုအပ္ပဲ စိတ္မတင္းထားသင့္ပါဘူး။

အ႐ြယ္မတိုင္မီအိုမင္းျခင္းမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ရပါတယ္။လုံးဝမျဖစ္ေအာင္ ကာကြယ္လို႔ရေပမယ့္ အထိုက္အေလ်ာက္ကာကြယ္ႏိုင္တယ္။ ေရာဂါတစ္ခုခ်င္းစီမွာအေၾကာင္းနဲ႔အက်ိဳးယွဥ္တြဲၿပီး လာပါတယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို ႀကိဳတင္ကာကြယ္ဖို႔ ငယ္စဥ္ကတည္းကကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္းကို အခ်ိန္မွန္လုပ္သင့္ပါတယ္။ အဆီအ ဆိမ့္ ေရွာင္သင့္ပါတယ္။ အာဟာရျပည့္စုံေအာင္ထားရပါမယ္။ ျဖစ္ႏိုင္ရင္ေျမထဲပင္လယ္စာ စားေသာက္ပုံကို လိုက္နာစားေသာက္သင့္ပါတယ္။ေသြးတိုးေရာဂါကို ႀကိဳတင္ကာကြယ္ရပါတယ္။ အခ်ိဳ၊ အငန္ေတြေလွ်ာ့ စားရပါတယ္။ အရက္ေသာက္တတ္ရင္ အရက္ျဖတ္ရမယ္။ ေဆးလိပ္ေသာက္တတ္ရင္ ေဆးလိပ္ျဖတ္ရမယ္။ အရက္နဲ႔ေဆးလိပ္ကို ငယ္စဥ္ကတည္းကလုံးဝမေသာက္ခဲ့ရင္ အေကာင္းဆုံးကာကြယ္မႈရႏိုင္ပါတယ္။

ေသြးတိုးေရာဂါႀကိဳတင္ကာကြယ္ရာမွာ အငန္ေလွ်ာ့စားရပါတယ္။အဆီအဆိမ့္ေရွာင္ရွားရပါမယ္။ အာဟာရျပည့္ဝေအာင္သား၊ ငါးနဲ႔ဟင္းသီးဟင္း႐ြက္မွ်တစြာ စားေသာက္ရပါတယ္။ က်န္းမာေရးေလ့က်င့္ခန္းေန႔စဥ္နာရီဝက္မွ တစ္နာရီၾကာအေျပး၊ ႐ြ႐ြေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး၊ေရကူးျပဳသင့္ပါတယ္။ စိတ္ဖိစီးမႈနည္းပါးေစသင့္တယ္။ တရားဓမၼေပ်ာ္ေမြ႕တတ္သင့္တယ္။ စိတ္ဖိစီးမႈ(stress)နည္းပါးေအာင္ေနသင့္ပါတယ္။ အရက္နဲ႔ေဆးလိပ္ေရွာင္သင့္တယ္။ ေသြးေပါင္ကိုအခြင့္ႀကဳံတိုင္း ခ်ိန္သင့္ပါတယ္။(ကိုယ္ပိုင္ထားႏိုင္ရင္ေကာင္းပါတယ္။) မိသားစုမွာ ေရာဂါရာဇဝင္ရွိရင္သတိထားသင့္တယ္။

ဆီခ်ိဳေရာဂါမျဖစ္ေအာင္ လုံးဝကာကြယ္လို႔ေတာ့ မရပါဘူး။အထိုက္ အေလ်ာက္ကာကြယ္ႏိုင္ပါတယ္။ ငယ္စဥ္ကတည္းက အခ်ိဳေလွ်႕စားရပါတယ္။ ကိုယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္း အခ်ိန္မွန္ေန႔စဥ္ နာရီဝက္မွတစ္နာရီလုပ္သင့္ပါတယ္။ သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္ အခ်ိဳးအဆ ဘီအမ္အိုင္ (BMI) (၁၈.၉ - ၂၄.၉) အတြင္း ရွိရပါတယ္။ ဘီအမ္အိုင္ဆိုတာအေလးခ်ိန္ (ကီလိုဂရမ္)ကို အရပ္အျမင့္မီတာ(ႏွစ္ထပ္ကိန္း)နဲ႔စားလို႔ရတဲ့ရလဒ္ျဖစ္လို႔၊အဝေရာဂါရာဇဝင္ရွိခဲ့ရင္ပိုၿပီးသတိထားရပါတယ္။

ေသြးတိုးေရာဂါကို ႀကိဳတင္ကာကြယ္ထားရင္ ေလျဖတ္ေရာဂါကိုပါ ႀကိဳတင္ကာကြယ္ထားၿပီး ျဖစ္ပါတယ္။ အယ္ဇိုင္းမား(Alzheimer's)ေရာဂါနဲ႔ပက္သက္လို႔။ ဦးေႏွာက္ေလ့က်င့္ခန္းသေဘာျဖစ္သင့္တယ္။ ညဏ္စမ္းပုစာၦေျဖဆိုတာမ်ိဳးလုပ္ရပါတယ္။ ဦးေႏွာက္သုံးရတဲ့ စစ္ဘုရင္ကစားနည္းကို ကစားေပးရပါတယ္။ ဘာသာစကားအသစ္တစ္ခုခု၊ အဘိဓမၼာပညာရပ္သင္ၾကားသင့္ပါတယ္။ တူရိယာပစၥည္းတစ္ခုခု တီးမႈတ္တတ္ေအာင္သင္ယူသင့္တယ္။ ဦးေႏွာက္စြမ္းရည္ပုံမွန္ရွိ၊ မရွိ မၾကာခဏစစ္ေဆးသင့္ပါတယ္။အတြင္းတိမ္ေရာဂါကာကြယ္ဖို႔ စူးရွတဲ့အလင္းေရာင္မ်ိဳးေရွာင္သင့္တယ္။ေနပူထဲထြက္ရင္မ်က္မွန္(၉၉% UVL)တပ္ဆင္သင့္တယ္။ မ်က္စိနဲ႔ဆိုင္တဲ့ဗီတာမင္မ်ိဳးေ႐ြးခ်ယ္သင့္ပါတယ္။ မၾကာခဏမ်က္စိစစ္ေဆးသင့္တယ္။ မလြဲသာလို႔ ေနပူထဲထြက္ရင္ ေနေရာင္ခံလိမ္းေဆး (sun scream) လိမ္းသင့္တယ္။ (၂)နာရီတစ္ခါလိမ္းၿပီး ခရမ္းလြန္ေရာင္ျခည္(၉၉%)ကာကြယ္ေပးတဲ့ေနကာမ်က္မွန္တပ္ဆင္သင့္ပါတယ္။ မၾကာခဏအေရျပားစစ္ေဆးသင့္ပါတယ္။ အိပ္ခ်ိန္(၆)နာရီအျပည့္အိပ္စက္သင့္တယ္။ စားခ်ိန္၊ အိပ္ခ်ိန္မွန္သင့္ပါတယ္။ ငယ္႐ြယ္စဥ္ကတည္းက က်န္းမာေရးလိုက္စားသင့္ပါတယ္။

Related news

© 2021. All rights reserved.