ငြိမ်းချမ်းရေး (မြန်မာ့ငြိမ်းချမ်းရေးခရီး အနီးအဝေး၊ အတိမ်အနက် သမိုင်း ကောက်ကြောင်းများ နှင့် ခြေရာများ) - အပိုင်း(၁ )- (ဆောင်းပါး)

 1184

ဒေါက်တာအေးမောင် (NP News) - ဇူလိုင် ၁၉

မိမိ၏ ကိုယ်နှင့်စိတ် ငြိမ်းချမ်းမှုသည် အဓိကကျ၏
၁။ လူသားအားလုံးသည် ငြိမ်းချမ်းရေးအပေါ် သဘောထား၌ ထပ်တူကျကြမည်ထင်သည်။ ငြိမ်းချမ်းရေးကို မုန်းသူ၊ မလိုလားသူ၊ ဆန့်ကျင်သူ၊ မျက်ကွယ် ပြုသူ၊ ငြင်းပယ်သူ ရှိကြလိမ့်မည်မထင်။ လူသားတိုင်း သည် ငြိမ်းချမ်းရေးအပေါ် အသွင်တစ်မျိုးမျိုးဖြင့် လက်ခံကြမည်၊ မျှော်ကိုးကြမည်ထင်၏။ ငြိမ်းချမ်းရေးသည် အလွန်ကျယ်ပြန့်၏။ လူအချင်း ချင်းကြား၊ လူနှင့် သတ္တဝါများကြား၊ လူနှင့် သဘာဝပတ်ဝန်းကျင်ကြား၊ လူမျိုးနွယ်စု တစ်ခုနှင့်တစ်ခုကြား၊ ကိုးကွယ် ယုံကြည် မှုတစ်ခုနှင့်တစ်ခုကြား၊ ပိုင်နက်၊ နယ်ပယ်တစ်ခုနှင့် တစ်ခုကြား၊ ဒေသတစ်ခုနှင့်တစ်ခုကြား၊ နိုင်ငံတစ်ခု နှင့်တစ်ခုကြား၊ ငြိမ်းချမ်းရေးသည် လိုအပ်၏။ အလိုအပ်ဆုံးမှာ မိမိ၏ခန္ဓာကိုယ်တွင်းရှိ စိတ်၏ငြိမ်းချမ်းမှု (တစ်နည်း) မိမိ၏စိတ်နှင့် မိမိ၏ကိုယ် ငြိမ်းချမ်းမှုဖြစ်၏။ မိမိကိုယ်၌ငြိမ်းချမ်းနေမှ ဆက်စပ်ဝန်းကျင် ငြိမ်းချမ်းနိုင်မည်ဖြစ်ရာ မိမိကအစပြု ငြိမ်းချမ်းအောင် ပြုမူ၊ နေထိုင်၊ ကျင့်ကြံနေရန် မိမိ၏စိတ်ကိုမိမိ ငြိမ်းချမ်း စေစွမ်းရန်သည် ပထမ အရေးကြီးမည်ဟု ထင်၏။
ပဋိပက္ခ၏ အကြောင်းရင်းဇာစ်မြစ်မှန် ရှာတွေ့ပါမှ အဖြေရမြန်နိုင်၏
၂။ ငြိမ်းချမ်းမှု၏ (တစ်နည်း) ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်သည် ပဋိပက္ခဖြစ်၏။ အကြောင်းကြောင့် အကျိုး သည်ဖြစ်၏။ မငြမ်းချမ်းစေသည့် အကြောင်း ရင်းတစ်ခု၊ အကြောင်းရင်းတစ်ရပ်၊ အကြောင်းရင်းများစွာတို့ကြောင့် အကျိုးဆက်ဖြစ်သောပဋိပက္ခသည် ဖြစ်၏။ ပဋိပက္ခ၏ အကြောင်းရင်းဇာစ်မြစ်ကို ဖြေရှင်း နိုင်လျှင် အနိုင်ယူနိုင်လျှင် ပဋိပက္ခသည်ချုပ်ငြိမ်း မည်ဖြစ်၏။ အကျိုးဆက်အဖြစ် ငြိမ်းချမ်းမှုသည် ဖြစ်တည်လာမည်ဖြစ်၏။ ပဋိပက္ခမချုပ်ငြိမ်း သမျှ ငြိမ်းချမ်းမှုသည် မရနိုင် ပဋိပက္ခကိုဖြစ်စေသည့်အကြောင်းရင်းအပေါ် မရှာဖွေ၊ မသိရှိသမျှ ပဋိပက္ခသည် ပြေလည် မည်မဟုတ် ပြေငြိမ်းမည်မဟုတ်ချေ။ ပဋိပက္ခကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းကို ရှာဖွေရာ၌ ရိုးသားမှု၊ ပညာရပ် ဆန်မှု၊ ဘက်မလိုက်မှု ဖြေရှင်းလိုစိတ်အခံ၊ စိတ်စေတနာနှင့် ယုံကြည်ချက်ခိုင်မာမှုတို့သည် အခြေခံလိုအပ်ချက်များ အနက် အရေးပါ၏။ ပဋိပက္ခ ၏အကြောင်းရင်းဇာစ်မြစ်ကို မြန်မြန်ရှာဖွေတွေ့ရှိလေ ငြိမ်းချမ်းမှုသည် မြန်မြန်အကောင် အထည်ပေါ်လေ ဖြစ်မည်ဖြစ်၏။

ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရပါမှ၊ ဖြေရှင်းနည်းမှန်သည်ဟု မှတ်ယူအပ်၏
၃။ ပဋိပက္ခဖြစ်ပွားရခြင်း အကြောင်းရင်းဇာစ်မြစ်ကို ရှာဖွေတွေ့ရှိလျှင် အဖြေရှာ/ဖြေရှင်းကြရာ၌ သူ့ဘက် ကိုယ့်ဘက်၊ သူ့အမြင် ကိုယ့်အမြင်၊ သူ့ရပ်တည်ချက် ကိုယ့်ရပ်တည်ချက်၊ သူ့ခံယူချက် ကိုယ့်ခံယူချက်တို့ ထက် ရေရှည်တည်တံ့ပြီး အားလုံးလက်ခံနိုင်မည့် ရလဒ်အဖြေရရှိရေးအတွက် ဖြေရှင်းနည်းမှန်ကန် ရန်လည်းလိုအပ်၏။ ဖြေရှင်းနည်းမှန်မှ ထာဝရ တည်တံ့သည့်ငြိမ်းချမ်းမှုကို ရနိုင်မည်ဖြစ်၏။ ထာဝရတည် တံ့သည့်ငြိမ်းချမ်းမှုကိုမရနိုင်ခင် ပဋိပက္ခ၏ ဖြစ်စဉ်တစ်ခုခုသည် အသွင်တစ်မျိုးမျိုးဖြင့် အကြောင်းခံသို့ ကူးစက်မီးမွှေးစေနိုင်သည်ကိုလည်း သတိမမေ့ လျော့ရန် လိုအပ်၏။ ထာဝရဟူသောစကားရပ်သည် ကျယ်ဝန်း၏။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဖြေရှင်းစွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် အချိန်အခါ အခြေအနေ အဖြစ်အပျက် သမိုင်းဖြစ်ရပ် သမိုင်းဖြစ် စဉ်များအရ ကျွန်ုပ်တို့ ကျေနပ်လက်ခံပေးကြရမည် သာဖြစ်၏။ ထာဝရသည် အန္တိမမျှော်မှန်းချက်ဖြစ်လျှင် ရေရှည်တည်တံ့ သည့်ငြိမ်းချမ်းမှုသည် ခေတ္တတည်တံ့ သည့်ငြိမ်းချမ်းမှုထက် လိုအပ်၏။ ခေတ္တတည်တံ့သည့် ငြိမ်းချမ်းမှုသည်ပင်လျှင် ကြီးမားပြီးပြင်းထန်သည့် ပဋိပက္ခဖြစ်စေသော အကြောင်းရင်းတစ်ရပ်ရပ်ကို ရပ်စဲစေနိုင်သည့် ခြေလှမ်းကောင်းဖြစ်ရာ ကြိုဆိုအပ် လက်ခံအပ်၏။ ဖြေရှင်းမှုမှန်ကန်ခြင်း၏ ကနဦး အသီး အပွင့်ဖြစ်သည်ဟု ခံယူအပ်ပေ၏။ ခေတ္တမှသည် ရေရှည်၊ ရေရှည်မှသည် ထာဝရ၊ တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းမှုရမှသာ ပဋိပက္ခတစ်ရပ်သည် မှန်ကန်သည့် ဖြေရှင်း ပေးမှုကို ရရှိခဲ့ပြီဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ် ယူကြရတော့မည်ဖြစ်ပေ၏။
မြို့ရော၊ တောပါ ငံ့လင့်လာကြသည့်
မြန်မာ့ ငြိမ်းချမ်းရေး နှင့် ဤခရီးနီးပြီလား
၄။ မြန်မာ့ငြိမ်းချမ်းရေးသည် ဖြေရှင်းနည်းမမှန်သ ဖြင့် ခရီးပေါက်သင့်သလောက် မပေါက်သေးသည်ကို တွေ့ရ၏။ မြန်မာ့သမိုင်းသည် ရှုပ်ထွေး၏။ ရက်စက်မှု၊ လက်စားချေမှု၊ ကောက်ကျစ်မှု၊ ကုန်းချောမှု၊ အာဏာလုမှုတို့နှင့် ပြည့်နှက်ခဲ့၏။ အတိတ်သမိုင်းတွင် ထီးနန်းကြောင့် ညီအစ်ကိုအချင်းချင်း ဖခင်နှင့်သား သွေးနံ့သည် လွှမ်းခဲ့၏။ လွှမ်းဆဲဖြစ်၏။ ပြည်ထောင်စု ဟုအမည်တပ်ခံခဲ့ရသော သန္ဓေသားသည် ပုံမှန်မကြီးထွားနိုင်ခဲ့။ မွေးဖွားဖြစ်သည်နှင့် ဒဏ်ရာ ဒဏ်ချက်များစွာ မှောက်လဲဒူးကွဲ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရ၏။ လေကောင်းလေသန့်အစား သွေးနံ့၊ အဆိပ်နံ့ တွေနဲ့သာရှူရှိုက်ကြီးပြင်းလာခဲ့ရ၏။ ရေကောင်း ရေသန့်အစား ရေညစ်ရေဆိုး ရေပုပ်တွေနဲ့သာ သောက်သုံးကြီးပြင်း လာခဲ့ရ၏။ အာဟာရ ပြည့်ပြည့်ဝဝဖြင့် စားသုံးရှင်သန်ကြီးပြင်းခွင့်မရခဲ့သည်မှာ လည်း အမှန်ဖြစ်၏။ အသက်အရွယ်က လည်း ရလာ “၇၅ နှစ်တာသက်တမ်းကလည်း”ကျော်လာတော့မှ “အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး မိမိကို ဖြတ်ကျော် သွားကြပြီး ဖြစ်နေပါရော့လား”ဆိုတာ သတိပြုမိ၏။ ပညာပြည့်ဝ နှလုံးလှစွာဖြင့်တစ်မျိုး၊ ငြိမ်းချမ်းပျော် ရွှင်စွာဖြင့်တစ်ဖုံ၊ တိုးတက်ကြီးပွားစွာဖြင့် တစ်လီ၊ ရိတိတိအပြုံးဖြင့် တစ်သွယ်၊ နောက်ပြန်လှည့် လှည့်ကြည့်သွားကြ သည်ကိုလည်း ခံခဲ့ရပြန်တော့ မိမိကိုယ်မိမိ နောင်တရသင့်ပြီဖြစ်သည်ဟုသာ မှတ်ချက်ပြုမိပါ၏။ ကျွန်ုပ်တို့သည် လွတ်လပ်သည်မှစ ယခုအသက် အရွယ်ရောက်သည်အထိ မည်မည်ရရ အဆင့်မီ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍတွေကို ဘာမှစနစ်တကျ မတည်ဆောက်ရသေးတဲ့ ဘဝပေးအခြေအနေဆိုတာကိုဖြင့် နောင်တ မရနိုင်ကြသေးဘဲ မာနတွေနဲ့ အချင်းချင်းအားပြိုင်နေကြဆဲ အတ္တတွေကို အဟုတ်ထင်နေကြဆဲ၊ ငါမှငါ၊ ငါ့အဖွဲ့မှငါ့အဖွဲ့ ဟု မာနတက်နေကြဆဲ အမုန်းချင်း အမိုက်ချင်း အားပြိုင်နေကြဆဲ ဖြစ်သည်မှာလည်း အမှန်ဖြစ်ဆဲဟုသာ ထပ်မံမှတ်ချက်ပြုလိုပါ၏။ လက်နက်သည်သာ အရာရာ၏အဆုံးအဖြတ်။ လက်နက်နှင့်အင်အားတည်ဆောက် အမိန့် အောက်မှာ ပြားပြားမှောက်နေကြရ ဘယ်မှာလဲငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု ပညာရည်ပြည့်ပြည့်ဝဝဖြင့် တည်ဆောက် ထားကြတဲ့ မျိုးဆက်သစ်တို့အတွက် လွတ်လပ်မှုရဲ့အကျိုးတရား ဝေဝါးနေဆဲပါပဲ။ ပြည်ထောင်စုနှင့်ကျွန်ုပ်တို့၏ စိတ် ထွက်ပေါက် “လွတ်လပ်မှု၏ ရသ၊ ငြိမ်းချမ်းမှုကြောင့် ပျော်ရွှင်စေသည့် ချိုမြိန်မှုအရသာ ဘာဖြစ်ဖြစ် ခံစားချင်ခဲ့ကြတာ ဖြင့် ၇၅ နှစ်တောင် ကြာခဲ့ပါပြီကော။ ပြည်ထောင်စုရေလို့” အရင်ကာလက တောရပ်နေသူ တွေတိုင်းရင်းသားတွေကပဲ ကြွေးကြော်ခဲ့၊ ငံ့လင့်ခဲ့ရာ ကနေ ခုတော့ဖြင့် မြို့ရောတောပါ ငံ့လင့်ဖြစ်လာကြတဲ့ လွတ်လပ်မှုအရသာနှင့် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဒို့တွေရဲ့ ပြည်ထောင်စုကြီး၊ ဤခရီးနီးကြပါပြီလား မေးသူတွေက များများလာကြသော်လည်း ငြိမ်းချမ်းမှု ခရီးကဖြင့် ဝေးသည်ထက်ပို ဝေးဝေးလာသည်ဟုသာ ခံစားမိလာပါ၏။
သုမနကျောမှာ ဒဏ်ရာတွေနဲ့ပြည့်ဆဲပါ
ပြည်ထောင်စုရေ
၅။ မြန်မာ့ငြိမ်းချမ်းရေး၏ ပစ္စက္ခအခြေအနေ အကျပ်အတည်း၊ အတားအဆီး၊ အခက်အခဲ၊ ကိုယ့်ဘက်သူ့ ဘက်အမှန်ကို အလျှော့ပေးကိုပေးကြမှ ဖြစ်မည့်ဖြစ်စဉ်၊ ဖြစ်ရပ်နှင့် တစ်ဖက်သတ်ရပ် တည်ချက်များစသည့်၊ စသည့် ဖြေရှင်းရခက်ခဲသည့် ပဋိပက္ခရဲ့ ဇာစ်မြစ်အမှန်တွေကိုဖြင့် မြန်မာ့နောင်ရေးအတွက် ကျွန်ုပ်တို့ပြည်သူ့ထံဝန်ခံကြမှ မြန်မာ့ ငြိမ်းချမ်းရေးခရီး အနီးအဝေးက ပိုပိုပီပြင်လာမည်ဟုသာ မှတ်ချက် ထပ်မံပြုလိုပါ၏။ ယခုတော့ဖြင့် “ကျွန်ုပ်တို့၏ ပြည်ထောင်စုသည် သုမနကျောမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေဆဲပါ” စကားအသုံးအနှုန်းနှင့် ညီဆဲပင်ဖြစ်၏။ လွတ် လပ်မှု၊ တန်းတူမှု၊ ခွင့်တူညီမျှမှု၊ တရားမျှတမှု၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှုစတဲ့ ပြည်ထောင်စုရဲ့ ရသ၊ အနှစ်သာရ၊ အဓိပ္ပာယ်၊ အခြေခံမူတွေနဲ့ ကင်းဝေးနေဆဲပင်ဖြစ်၏။ ကျွန်ုပ်တို့အချင်းချင်းတွေရဲ့ ရင်ထဲမှာ အယူဝါဒတွေ ဖြူစင်မှုကင်းမဲ့နေကြဆဲ အတ္တတွေ၊ မာနတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေကြဆဲပင်ဖြစ်၏။ “ကုန်လွန်သွားသည့်အချိန်တွေ ကိုသာ နှမြောတတ်ကြရင်ဖြင့် ကျွန်ုပ်တို့ သိပ်နောက် မကျသေးပါဘူးရယ်လို့ဖြင့်” အားလုံးကိုကြားသိစေဖို့ တမင်ကို ခပ်ကျယ် ကျယ် ပြောချင်၊ ဟောချင်၊ ရင်ဖွင့်ချင်ပါသေးကြောင်း သင်တို့၏ ရွှေနားတော်သို့ အမှန်ကို နားဝင်ချိုမြအောင် တင်သွင်း လိုလှပါကြောင်း ညွှန်းဆိုမိပါ၏။
မြန်မာ့လွပ်လပ်ရေး၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမိုင်းနှင့်
ငြိမ်းချမ်းရေး ခရီးကြမ်း
၆။ တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးသမိုင်းသည် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် အပြိုင်ဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေးခရီး၏ သမိုင်း သည်လည်း မြန်မာ့လွတ်လပ်ရေးနှင့် အပြိုင်ဖြစ်၏။ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်တို့ထံမှ လွတ် လပ်ရေးကို အရယူခဲ့၏။ အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်တည်ရန် ပင်လုံညီလာခံသည် ပဓာနကျ သည်ဖြစ်ရာ မြန်မာ့ငြိမ်းချမ်းရေးခရီး၏ အစပြုရာ သည် ပင်လုံဖြစ်သည်ဟု သတ်မှတ်ရာ၏။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်မှု၊ ယုံကြည်မှု၊ အမျိုးသား တန်းတူမှု၊ တရားမျှ တမှု၊ ဝါဒဖြူစင်မှုတို့ဖြင့် ကတိပြု အစချီခဲ့ကြ ပူးပေါင်းခဲ့ကြသည်ဟု မှတ်ယူသော်ရ၏။ မြန်မာ့လွတ်လပ်ရေးအစပြုရာ ပင်လုံသည် ငြိမ်းချမ်း မှုသန္ဓေတည်ရာ အရပ်လည်းဖြစ်၏။ ပြည်ထောင်စု၏ သန္ဓေသားအစပြုရာလည်း အမှန်ဖြစ် သည်ဟု မှတ်ယူသင့်ပေ၏။ နည်းတူ ယုံကြည်မှု၊ ညီညွတ်မှု၊ ချစ်ကြည်မှု၊ တန်းတူမှု၊ တရားမျှတမှုတို့အတိပြီးသည့် ပြည်ထောင်စု၏ အစပြုဖွဲ့တည်ရာ အောင်မြေလည်းဖြစ်၏။ ဗိုလ်ချုပ်ကြီးနေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှုနှင့် အတူ မြန်မာ့လွတ်လပ်ရေး၏ ဖွားဖက်တော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိဂုံးချုပ်ခဲ့ရပေ၏။ အများ အကြိုက် ဆိုရှယ်လစ်ကို သံပြိုင်ဟစ် လာခဲ့သည့် တော်လှန်ရေးကောင်စီသည် လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားမည်သော မူဝါဒလမ်းညွှန်ကြေညာချက်၊ အလုပ်သမားနှင့် တောင်သူလယ်သမားညီလာခံတွေအပြင် ပြည်တွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတို့သည် လူထုကို သည်းခြေ ကြိုက်ဖြစ်စေခဲ့၏။ ပြည်သူသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ပဲခူးရိုးမသို့ ကျောခိုင်းဆုတ်ခွာခြင်း မပြုမီအထိ ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေး၊ ရဲဘော်ဂိုရှေတို့ ဟန်ပြဆွေးနွေးခဲ့ကြ ခြင်းအပေါ် အဖြေတစ်ခုခု ရစေချင်ခဲ့ကြသည်မှာ ဖြစ်ရပ်အမှန်ဖြစ်ပေ၏။ ကရင်နီပြည် ကော်သူးလေ ဒေသက တိုင်းရင်းသားခေါင်းဆောင်ကြီး စောဟန် သာတာမွှေးတို့နှင့် ငြိမ်းချမ်းရေး၏ တွေ့ထိရသကို လူထု ခံစားခဲ့ကြရတော့မှ သက်ပြင်းမျှင်းမျှင်း ချခဲ့ကြ ရသည်ကို အမှတ်ရမိဖြစ်ပြန်ပါ၏။ ပြည်သူသည် တော်လှန်ရေးကောင်စီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမဲ့ ကာလရှည်ကို ဖြတ်သန်းရင်းဖြင့် ၁၂ နှစ်တိတိအကြာ ၁၉၇၄ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်၏ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေသစ်တစ်ရပ်ဖြင့် ဆိုရှယ်လစ်ခရီး ရှည်ကို တစ်ပါတီစနစ်နှင့် ရှေ့ခရီး ဆက်ကြရပြန်ပါ၏။
နဝတ၊ နယက၏ ခရီးရှည်၊ ငြိမ်းချမ်းရေးမူသစ်နှင့် အထူးဒေသများ
၇။ ၁၉၈၈ ခုနှစ် ၈ လေးလုံး သမိုင်းကြောင်းဖြစ်စဉ်နှင့်အတူ နဝတ၏ အာဏာရယူမှုသမိုင်းဖြစ်ရပ်သည် ပေါ်ထွန်းလာပြန်ပါ၏။ တစ်ဆက်တည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းမှုပြု တော့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲနှင့် အာဏာ လွန်ဆွဲပွဲအပေါ် လူထုသည် အထူးစိုးရိမ်မှုဖြစ်ခဲ့ကြ ရပြန်၏။ နယက၏ အမျိုးသားညီလာခံကျင်းပမှု နှစ်ရှည်ကြာလာပြန်တော့လည်း အခြေခံဥပဒေမဲ့ ကာလရှည်မှာ ဥပဒေကဲ့သို့အာဏာတည် သောအမိန့်တွေကြား နားယဉ်ချင်သလိုလို ဖြစ်လာကြရသည်က လည်း လူထု၏အနေအထားအမှန်ပင် ဖြစ်မည်ထင်ရ ၏။ နိုင်ငံခြားအရန်ငွေ အမေရိကန် ဒေါ်လာ ၁၈ သန်း နှင့်အစပြုခဲ့သည့်နဝတသည် နယကအဖြစ် အမည် ပြောင်း၊ လူပြောင်း၊ မူပြောင်း ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ပြုပြင်လိုက်တာ ၁၀ စုနှစ် ၂ စုလောက် အကြာမှာဖြင့် မြစ်ကူးတံတားသစ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသချင်း ချိတ်ဆက်ရထားလမ်းသစ်၊ ကားလမ်းသစ်ကြီးများ၊ ရေအားလျှပ်စစ်ထုတ်ရေကာတာ ကြီးများ၊ ရေနက်ဆိပ်ကမ်းကြီးများ၊ မဟာဓာတ်အား လိုင်းကြီးများနှင့်အပြိုင် မြေလတ်ပိုင်းလွင်ပြင် ဗကပ တို့၏ ဘူမိနက်သံအရပ် ပျဉ်းမနား၊ လယ်ဝေး၊ တပ် ကုန်းဒေသ ပဲခူးရိုးမပေါ် အုပ်ချုပ် ရေးမြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၊ ယခင်မြို့တော် ဟောင်း ရန်ကုန်က စီးပွားရေးမြို့တော်အဖြစ် အမည် ပြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် စက်မှုဇုနန်များ၊ မြို့သစ်များ၊ ကမ်းဝေး/ကမ်းနီး ပင်လယ်ပြင် ငါးဖမ်း လုပ်ကွက် များနှင့် သဘာဝဓာတ်ငွေ့နှင့်ရေနံရှာ နိုင်ငံခြားရေနံကုမ္ပဏီများက အပြိုင်အဆိုင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကိုမမှုသူက တစ်ကွက်ချင်းရွှေ့ရင်း ကွမ်းဝါးနေသူကြီး(စာဖတ်နေသူကြီး) ရယ်လို့သာ ပြောစမှတ်ပြုကြပါ၏။ တန်ခိုးနှင့်ဩဇာ၊ အာဏာနှင့်လုပ်ပိုင်ခွင့် ကကြီး၊ အရှေ့မြောက်ဒေသပြေး ဗကပ ဗဟိုက “ပြိုကွဲပြန်”၊ အစိုးရရဲ့ တိုင်းရင်း သားလက်နက်ကိုင်များအပေါ် ငြိမ်းချမ်းရေး ဖိတ်ခေါ် ခြင်း က၊ “ပညာသားပါလွန်း”၊ “နိုင်ငံရေးကိစ္စ ပေါ်ထွန်းလာမည့် နိုင်ငံရေးအစိုးရနှင့်သာဆက်လက် ပြီး ဆွေးနွေးကြပါ”၊ ဒို့တွေအချင်းချင်းက “လက်နက် နှင့်ငြိမ်းချမ်းရေးလဲနိုင်ရေး အပစ်အခတ်ရပ်စဲကြရ အောင်”၊ နှစ်ဖက်လုံးက နှစ်ရှည်ကြာ စစ်ပန်းလာကြ တော့ ညှိနှိုင်းဆွေးနွေးသဘောတူကြ၊ “ဂျင်တဲလ်မန်း အင်ရီးမန့်က တကယ်အလုပ်ဖြစ်အောင်မြင်၊ နဝတ၊ နယကတို့ရဲ့ သမိုင်းဝင်အောင်ပွဲ” ဘယ်သူငြင်းရဲ ပါသလဲဟုသာ မေးခွန်းထုတ်လိုပါ၏။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အ ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီမှုက အ လုပ်ဖြစ်၊ အထူးဒေသများက တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်၊ မြို့ကြီးပြကြီးများ ဖြစ်လာ၊ အချို့ ပြည်နယ်/တိုင်း မြို့တော်များက ခြောက်ကပ်၊ အုပ် ချုပ်ရေးနှစ်ရပ်က မတူညီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နို့သက်ခံ ပြည်နယ်များ၏ဘဝ၊ ဖွဲ့စည်းပုံ အခြေခံဥပ ဒေတစ်ခု၊ စံနှစ်ရပ်နှင့် စစ်ရေး၊ နိုင်ငံရေးတည်ဆောက် မှု ခုတော့ဖြင့် အတုယူစရာ “ဝ”မိုဒယ်ကြီးက ကွန်ဖန် ဒရိုက်ဟူ၏။ သမိုင်းကြောင်းကို ပြန်ပြောင်းဖွေရှာ ခြေရာကောက်ပြန်တော့ အများက မှတ်ချက်ပြုကြ ပြည် ထောင်စုစစ်စစ်(ရှမ်း) မူကြောင့် ဖယ်ဒရယ်ကြောက် ရောဂါ ဒို့ပြည်ထောင်စုပြိုကွဲ ချောက်ကမ်းပါးအောက် မကျရောက်စေရေးအတွက် မလွဲမရှောင်သာ အာဏာလွှဲယူခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ၁၉၆၂ သမိုင်းတစ်ခေတ်ရေ နေရစ်ပါတော့လို့ဖြင့် မှတ်ချက် ပြုလိုပါ၏။ အမှန်တော့ “ငြိမ်းချမ်းရေးဆိုတာ သွေး မြေမကျဖို့က အဓိက” “အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်/ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က” “အပေးအယူ” “ခြေ/ဥကြောင့်ဖြစ်တဲ့ ပြဿနာ ခြေ/ဥမှာသာအဖြေရှိမှာမို့” “ချစ်ညီအစ်ကိုချင်း ဆွေး နွေးညှိနှိုင်းခြင်းကအဖြေ”ဟုသာ သုံးသပ်မိရပါ၏။ ခုချိန်ခါမှာဖြင့် အပစ်ရပ် တိုင်းရင်းသားဒေသများ အံ့မ ခန်းအောင်ကို ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုး၊ တိုးတက် နေခြင်းကိုက နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင် ကြခြင်း၊ အမြော်အမြင်ကြီးကြခြင်း၊ စိတ်ရှည်သည်း ခံကြခြင်းနှင့် အနာဂတ်ရည် မျှော်နိုင်စွမ်းရှိကြခြင်း တို့ကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုလိုပါ၏။ နဝတ၊ နယကကာလ တန်ခိုးအာဏာထွားခဲ့ကြသည့် ငြိမ်း ချမ်းရေးဗိသုကာများအကြား အခုထိ “ဝ” လူမျိုးများ၊ “ဝ”ခေါင်းဆောင်ကြီးများက ဗိုလ်ချုပ်ကြီးခင်ညွန့်အ ပေါ် ယုံကြည်ကြတုန်း၊ လေးစားကြတုန်း၊ ချစ်ခင်ကြ တုန်းဟု သတင်းရင်းမြစ်အမှန်က ကြားနေရခြင်းကို က ရိုးသားသော တိုင်းရင်းသားများ၏ရင်ထဲက ဖြူစင်မှုနှင့် ငြိမ်းချမ်းရေးအပေါ် တန်ဖိုးထားမှု၏နက်နဲမှုနှင့် ပြည်ထောင်စုအပေါ် အထူး ချစ်ခင်မြတ်နိုးမှုဟုသာ သေချာသုံးသပ် မှတ်ချက်ပြုလိုပါ၏။

အပိုင်း(၂)ဆက်ပါဦးမည်။

zawgyi version
ၿငိမ္းခ်မ္းေရး (ျမန္မာ့ၿငိမ္းခ်မ္းေရးခရီး အနီးအေဝး၊ အတိမ္အနက္ သမိုင္း ေကာက္ေၾကာင္းမ်ား ႏွင့္ ေျခရာမ်ား) (ေဆာင္းပါး)
- အပိုင္း(၁ )-

ေဒါက္တာေအးေမာင္ (NP News) - ဇူလိုင္ ၁၉

မိမိ၏ ကိုယ္ႏွင့္စိတ္ ၿငိမ္းခ်မ္းမႈသည္ အဓိကက်၏
၁။ လူသားအားလုံးသည္ ၿငိမ္းခ်မ္းေရးအေပၚ သေဘာထား၌ ထပ္တူက်ၾကမည္ထင္သည္။ ၿငိမ္းခ်မ္းေရးကို မုန္းသူ၊ မလိုလားသူ၊ ဆန႔္က်င္သူ၊ မ်က္ကြယ္ ျပဳသူ၊ ျငင္းပယ္သူ ရွိၾကလိမ့္မည္မထင္။ လူသားတိုင္း သည္ ၿငိမ္းခ်မ္းေရးအေပၚ အသြင္တစ္မ်ိဳးမ်ိဳးျဖင့္ လက္ခံၾကမည္၊ ေမွ်ာ္ကိုးၾကမည္ထင္၏။ ၿငိမ္းခ်မ္းေရးသည္ အလြန္က်ယ္ျပန႔္၏။ လူအခ်င္း ခ်င္းၾကား၊ လူႏွင့္ သတၱဝါမ်ားၾကား၊ လူႏွင့္ သဘာဝပတ္ဝန္းက်င္ၾကား၊ လူမ်ိဳးႏြယ္စု တစ္ခုႏွင့္တစ္ခုၾကား၊ ကိုးကြယ္ ယုံၾကည္ မႈတစ္ခုႏွင့္တစ္ခုၾကား၊ ပိုင္နက္၊ နယ္ပယ္တစ္ခုႏွင့္ တစ္ခုၾကား၊ ေဒသတစ္ခုႏွင့္တစ္ခုၾကား၊ ႏိုင္ငံတစ္ခု ႏွင့္တစ္ခုၾကား၊ ၿငိမ္းခ်မ္းေရးသည္ လိုအပ္၏။ အလိုအပ္ဆုံးမွာ မိမိ၏ခႏၶာကိုယ္တြင္းရွိ စိတ္၏ၿငိမ္းခ်မ္းမႈ (တစ္နည္း) မိမိ၏စိတ္ႏွင့္ မိမိ၏ကိုယ္ ၿငိမ္းခ်မ္းမႈျဖစ္၏။ မိမိကိုယ္၌ၿငိမ္းခ်မ္းေနမွ ဆက္စပ္ဝန္းက်င္ ၿငိမ္းခ်မ္းႏိုင္မည္ျဖစ္ရာ မိမိကအစျပဳ ၿငိမ္းခ်မ္းေအာင္ ျပဳမူ၊ ေနထိုင္၊ က်င့္ႀကံေနရန္ မိမိ၏စိတ္ကိုမိမိ ၿငိမ္းခ်မ္း ေစစြမ္းရန္သည္ ပထမ အေရးႀကီးမည္ဟု ထင္၏။
ပဋိပကၡ၏ အေၾကာင္းရင္းဇာစ္ျမစ္မွန္ ရွာေတြ႕ပါမွ အေျဖရျမန္ႏိုင္၏
၂။ ၿငိမ္းခ်မ္းမႈ၏ (တစ္နည္း) ၿငိမ္းခ်မ္းေရး၏ ဆန႔္က်င္ဘက္သည္ ပဋိပကၡျဖစ္၏။ အေၾကာင္းေၾကာင့္ အက်ိဳး သည္ျဖစ္၏။ မျငမ္းခ်မ္းေစသည့္ အေၾကာင္း ရင္းတစ္ခု၊ အေၾကာင္းရင္းတစ္ရပ္၊ အေၾကာင္းရင္းမ်ားစြာတို႔ေၾကာင့္ အက်ိဳးဆက္ျဖစ္ေသာပဋိပကၡသည္ ျဖစ္၏။ ပဋိပကၡ၏ အေၾကာင္းရင္းဇာစ္ျမစ္ကို ေျဖရွင္း ႏိုင္လွ်င္ အႏိုင္ယူႏိုင္လွ်င္ ပဋိပကၡသည္ခ်ဳပ္ၿငိမ္း မည္ျဖစ္၏။ အက်ိဳးဆက္အျဖစ္ ၿငိမ္းခ်မ္းမႈသည္ ျဖစ္တည္လာမည္ျဖစ္၏။ ပဋိပကၡမခ်ဳပ္ၿငိမ္း သမွ် ၿငိမ္းခ်မ္းမႈသည္ မရႏိုင္ ပဋိပကၡကိုျဖစ္ေစသည့္အေၾကာင္းရင္းအေပၚ မရွာေဖြ၊ မသိရွိသမွ် ပဋိပကၡသည္ ေျပလည္ မည္မဟုတ္ ေျပၿငိမ္းမည္မဟုတ္ေခ်။ ပဋိပကၡကို ျဖစ္ေပၚေစသည့္အေၾကာင္းရင္းကို ရွာေဖြရာ၌ ႐ိုးသားမႈ၊ ပညာရပ္ ဆန္မႈ၊ ဘက္မလိုက္မႈ ေျဖရွင္းလိုစိတ္အခံ၊ စိတ္ေစတနာႏွင့္ ယုံၾကည္ခ်က္ခိုင္မာမႈတို႔သည္ အေျခခံလိုအပ္ခ်က္မ်ား အနက္ အေရးပါ၏။ ပဋိပကၡ ၏အေၾကာင္းရင္းဇာစ္ျမစ္ကို ျမန္ျမန္ရွာေဖြေတြ႕ရွိေလ ၿငိမ္းခ်မ္းမႈသည္ ျမန္ျမန္အေကာင္ အထည္ေပၚေလ ျဖစ္မည္ျဖစ္၏။

ေရရွည္တည္တံ့ ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရပါမွ၊ ေျဖရွင္းနည္းမွန္သည္ဟု မွတ္ယူအပ္၏
၃။ ပဋိပကၡျဖစ္ပြားရျခင္း အေၾကာင္းရင္းဇာစ္ျမစ္ကို ရွာေဖြေတြ႕ရွိလွ်င္ အေျဖရွာ/ေျဖရွင္းၾကရာ၌ သူ႔ဘက္ ကိုယ့္ဘက္၊ သူ႔အျမင္ ကိုယ့္အျမင္၊ သူ႔ရပ္တည္ခ်က္ ကိုယ့္ရပ္တည္ခ်က္၊ သူ႔ခံယူခ်က္ ကိုယ့္ခံယူခ်က္တို႔ ထက္ ေရရွည္တည္တံ့ၿပီး အားလုံးလက္ခံႏိုင္မည့္ ရလဒ္အေျဖရရွိေရးအတြက္ ေျဖရွင္းနည္းမွန္ကန္ ရန္လည္းလိုအပ္၏။ ေျဖရွင္းနည္းမွန္မွ ထာဝရ တည္တံ့သည့္ၿငိမ္းခ်မ္းမႈကို ရႏိုင္မည္ျဖစ္၏။ ထာဝရတည္ တံ့သည့္ၿငိမ္းခ်မ္းမႈကိုမရႏိုင္ခင္ ပဋိပကၡ၏ ျဖစ္စဥ္တစ္ခုခုသည္ အသြင္တစ္မ်ိဳးမ်ိဳးျဖင့္ အေၾကာင္းခံသို႔ ကူးစက္မီးေမႊးေစႏိုင္သည္ကိုလည္း သတိမေမ့ ေလ်ာ့ရန္ လိုအပ္၏။ ထာဝရဟူေသာစကားရပ္သည္ က်ယ္ဝန္း၏။ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေျဖရွင္းစြမ္းေဆာင္ႏိုင္ျခင္းသည္ပင္လွ်င္ အခ်ိန္အခါ အေျခအေန အျဖစ္အပ်က္ သမိုင္းျဖစ္ရပ္ သမိုင္းျဖစ္ စဥ္မ်ားအရ ကြၽႏ္ုပ္တို႔ ေက်နပ္လက္ခံေပးၾကရမည္ သာျဖစ္၏။ ထာဝရသည္ အႏၲိမေမွ်ာ္မွန္းခ်က္ျဖစ္လွ်င္ ေရရွည္တည္တံ့ သည့္ၿငိမ္းခ်မ္းမႈသည္ ေခတၱတည္တံ့ သည့္ၿငိမ္းခ်မ္းမႈထက္ လိုအပ္၏။ ေခတၱတည္တံ့သည့္ ၿငိမ္းခ်မ္းမႈသည္ပင္လွ်င္ ႀကီးမားၿပီးျပင္းထန္သည့္ ပဋိပကၡျဖစ္ေစေသာ အေၾကာင္းရင္းတစ္ရပ္ရပ္ကို ရပ္စဲေစႏိုင္သည့္ ေျခလွမ္းေကာင္းျဖစ္ရာ ႀကိဳဆိုအပ္ လက္ခံအပ္၏။ ေျဖရွင္းမႈမွန္ကန္ျခင္း၏ ကနဦး အသီး အပြင့္ျဖစ္သည္ဟု ခံယူအပ္ေပ၏။ ေခတၱမွသည္ ေရရွည္၊ ေရရွည္မွသည္ ထာဝရ၊ တည္တံ့ခိုင္မာသည့္ ၿငိမ္းခ်မ္းမႈရမွသာ ပဋိပကၡတစ္ရပ္သည္ မွန္ကန္သည့္ ေျဖရွင္း ေပးမႈကို ရရွိခဲ့ၿပီျဖစ္သည္ဟု ကြၽႏ္ုပ္တို႔ မွတ္ ယူၾကရေတာ့မည္ျဖစ္ေပ၏။
ၿမိဳ႕ေရာ၊ ေတာပါ ငံ့လင့္လာၾကသည့္
ျမန္မာ့ ၿငိမ္းခ်မ္းေရး ႏွင့္ ဤခရီးနီးၿပီလား
၄။ ျမန္မာ့ၿငိမ္းခ်မ္းေရးသည္ ေျဖရွင္းနည္းမမွန္သ ျဖင့္ ခရီးေပါက္သင့္သေလာက္ မေပါက္ေသးသည္ကို ေတြ႕ရ၏။ ျမန္မာ့သမိုင္းသည္ ရႈပ္ေထြး၏။ ရက္စက္မႈ၊ လက္စားေခ်မႈ၊ ေကာက္က်စ္မႈ၊ ကုန္းေခ်ာမႈ၊ အာဏာလုမႈတို႔ႏွင့္ ျပည့္ႏွက္ခဲ့၏။ အတိတ္သမိုင္းတြင္ ထီးနန္းေၾကာင့္ ညီအစ္ကိုအခ်င္းခ်င္း ဖခင္ႏွင့္သား ေသြးနံ႔သည္ လႊမ္းခဲ့၏။ လႊမ္းဆဲျဖစ္၏။ ျပည္ေထာင္စု ဟုအမည္တပ္ခံခဲ့ရေသာ သေႏၶသားသည္ ပုံမွန္မႀကီးထြားႏိုင္ခဲ့။ ေမြးဖြားျဖစ္သည္ႏွင့္ ဒဏ္ရာ ဒဏ္ခ်က္မ်ားစြာ ေမွာက္လဲဒူးကြဲ ေျချပတ္လက္ျပတ္ ျဖစ္ခဲ့ရ၏။ ေလေကာင္းေလသန႔္အစား ေသြးနံ႔၊ အဆိပ္နံ႔ ေတြနဲ႔သာရႉရႈိက္ႀကီးျပင္းလာခဲ့ရ၏။ ေရေကာင္း ေရသန႔္အစား ေရညစ္ေရဆိုး ေရပုပ္ေတြနဲ႔သာ ေသာက္သုံးႀကီးျပင္း လာခဲ့ရ၏။ အာဟာရ ျပည့္ျပည့္ဝဝျဖင့္ စားသုံးရွင္သန္ႀကီးျပင္းခြင့္မရခဲ့သည္မွာ လည္း အမွန္ျဖစ္၏။ အသက္အ႐ြယ္က လည္း ရလာ “၇၅ ႏွစ္တာသက္တမ္းကလည္း”ေက်ာ္လာေတာ့မွ “အိမ္နီးခ်င္းေတြ တစ္ဦးၿပီးတစ္ဦး မိမိကို ျဖတ္ေက်ာ္ သြားၾကၿပီး ျဖစ္ေနပါေရာ့လား”ဆိုတာ သတိျပဳမိ၏။ ပညာျပည့္ဝ ႏွလုံးလွစြာျဖင့္တစ္မ်ိဳး၊ ၿငိမ္းခ်မ္းေပ်ာ္ ႐ႊင္စြာျဖင့္တစ္ဖုံ၊ တိုးတက္ႀကီးပြားစြာျဖင့္ တစ္လီ၊ ရိတိတိအၿပဳံးျဖင့္ တစ္သြယ္၊ ေနာက္ျပန္လွည့္ လွည့္ၾကည့္သြားၾက သည္ကိုလည္း ခံခဲ့ရျပန္ေတာ့ မိမိကိုယ္မိမိ ေနာင္တရသင့္ၿပီျဖစ္သည္ဟုသာ မွတ္ခ်က္ျပဳမိပါ၏။ ကြၽႏ္ုပ္တို႔သည္ လြတ္လပ္သည္မွစ ယခုအသက္ အ႐ြယ္ေရာက္သည္အထိ မည္မည္ရရ အဆင့္မီ ပညာေရး၊ က်န္းမာေရး၊ လူမႈဖူလုံေရး၊ ဖြံ႕ၿဖိဳးတိုးတက္ ေရးက႑ေတြကို ဘာမွစနစ္တက် မတည္ေဆာက္ရေသးတဲ့ ဘဝေပးအေျခအေနဆိုတာကိုျဖင့္ ေနာင္တ မရႏိုင္ၾကေသးဘဲ မာနေတြနဲ႔ အခ်င္းခ်င္းအားၿပိဳင္ေနၾကဆဲ အတၱေတြကို အဟုတ္ထင္ေနၾကဆဲ၊ ငါမွငါ၊ ငါ့အဖြဲ႕မွငါ့အဖြဲ႕ ဟု မာနတက္ေနၾကဆဲ အမုန္းခ်င္း အမိုက္ခ်င္း အားၿပိဳင္ေနၾကဆဲ ျဖစ္သည္မွာလည္း အမွန္ျဖစ္ဆဲဟုသာ ထပ္မံမွတ္ခ်က္ျပဳလိုပါ၏။ လက္နက္သည္သာ အရာရာ၏အဆုံးအျဖတ္။ လက္နက္ႏွင့္အင္အားတည္ေဆာက္ အမိန႔္ ေအာက္မွာ ျပားျပားေမွာက္ေနၾကရ ဘယ္မွာလဲၿငိမ္းခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ပညာရည္ျပည့္ျပည့္ဝဝျဖင့္ တည္ေဆာက္ ထားၾကတဲ့ မ်ိဳးဆက္သစ္တို႔အတြက္ လြတ္လပ္မႈရဲ႕အက်ိဳးတရား ေဝဝါးေနဆဲပါပဲ။ ျပည္ေထာင္စုႏွင့္ကြၽႏ္ုပ္တို႔၏ စိတ္ ထြက္ေပါက္ “လြတ္လပ္မႈ၏ ရသ၊ ၿငိမ္းခ်မ္းမႈေၾကာင့္ ေပ်ာ္႐ႊင္ေစသည့္ ခ်ိဳၿမိန္မႈအရသာ ဘာျဖစ္ျဖစ္ ခံစားခ်င္ခဲ့ၾကတာ ျဖင့္ ၇၅ ႏွစ္ေတာင္ ၾကာခဲ့ပါၿပီေကာ။ ျပည္ေထာင္စုေရလို႔” အရင္ကာလက ေတာရပ္ေနသူ ေတြတိုင္းရင္းသားေတြကပဲ ေႂကြးေၾကာ္ခဲ့၊ ငံ့လင့္ခဲ့ရာ ကေန ခုေတာ့ျဖင့္ ၿမိဳ႕ေရာေတာပါ ငံ့လင့္ျဖစ္လာၾကတဲ့ လြတ္လပ္မႈအရသာႏွင့္ ခြင့္တူညီမွ် ဝါဒျဖဴစင္တဲ့ ဒို႔ေတြရဲ႕ ျပည္ေထာင္စုႀကီး၊ ဤခရီးနီးၾကပါၿပီလား ေမးသူေတြက မ်ားမ်ားလာၾကေသာ္လည္း ၿငိမ္းခ်မ္းမႈ ခရီးကျဖင့္ ေဝးသည္ထက္ပို ေဝးေဝးလာသည္ဟုသာ ခံစားမိလာပါ၏။
သုမနေက်ာမွာ ဒဏ္ရာေတြနဲ႔ျပည့္ဆဲပါ
ျပည္ေထာင္စုေရ
၅။ ျမန္မာ့ၿငိမ္းခ်မ္းေရး၏ ပစၥကၡအေျခအေန အက်ပ္အတည္း၊ အတားအဆီး၊ အခက္အခဲ၊ ကိုယ့္ဘက္သူ႔ ဘက္အမွန္ကို အေလွ်ာ့ေပးကိုေပးၾကမွ ျဖစ္မည့္ျဖစ္စဥ္၊ ျဖစ္ရပ္ႏွင့္ တစ္ဖက္သတ္ရပ္ တည္ခ်က္မ်ားစသည့္၊ စသည့္ ေျဖရွင္းရခက္ခဲသည့္ ပဋိပကၡရဲ႕ ဇာစ္ျမစ္အမွန္ေတြကိုျဖင့္ ျမန္မာ့ေနာင္ေရးအတြက္ ကြၽႏ္ုပ္တို႔ျပည္သူ႔ထံဝန္ခံၾကမွ ျမန္မာ့ ၿငိမ္းခ်မ္းေရးခရီး အနီးအေဝးက ပိုပိုပီျပင္လာမည္ဟုသာ မွတ္ခ်က္ ထပ္မံျပဳလိုပါ၏။ ယခုေတာ့ျဖင့္ “ကြၽႏ္ုပ္တို႔၏ ျပည္ေထာင္စုသည္ သုမနေက်ာမွာ ဒဏ္ရာေတြနဲ႔ ျပည့္ႏွက္ေနဆဲပါ” စကားအသုံးအႏႈန္းႏွင့္ ညီဆဲပင္ျဖစ္၏။ လြတ္ လပ္မႈ၊ တန္းတူမႈ၊ ခြင့္တူညီမွ်မႈ၊ တရားမွ်တမႈ၊ ညီၫြတ္မႈ၊ ၿငိမ္းခ်မ္းမႈစတဲ့ ျပည္ေထာင္စုရဲ႕ ရသ၊ အႏွစ္သာရ၊ အဓိပၸာယ္၊ အေျခခံမူေတြနဲ႔ ကင္းေဝးေနဆဲပင္ျဖစ္၏။ ကြၽႏ္ုပ္တို႔အခ်င္းခ်င္းေတြရဲ႕ ရင္ထဲမွာ အယူဝါဒေတြ ျဖဴစင္မႈကင္းမဲ့ေနၾကဆဲ အတၱေတြ၊ မာနေတြ၊ အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနၾကဆဲပင္ျဖစ္၏။ “ကုန္လြန္သြားသည့္အခ်ိန္ေတြ ကိုသာ ႏွေျမာတတ္ၾကရင္ျဖင့္ ကြၽႏ္ုပ္တို႔ သိပ္ေနာက္ မက်ေသးပါဘူးရယ္လို႔ျဖင့္” အားလုံးကိုၾကားသိေစဖို႔ တမင္ကို ခပ္က်ယ္ က်ယ္ ေျပာခ်င္၊ ေဟာခ်င္၊ ရင္ဖြင့္ခ်င္ပါေသးေၾကာင္း သင္တို႔၏ ေ႐ႊနားေတာ္သို႔ အမွန္ကို နားဝင္ခ်ိဳျမေအာင္ တင္သြင္း လိုလွပါေၾကာင္း ၫႊန္းဆိုမိပါ၏။
ျမန္မာ့လြပ္လပ္ေရး၊ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးသမိုင္းႏွင့္
ၿငိမ္းခ်မ္းေရး ခရီးၾကမ္း
၆။ တိုင္းရင္းသားမ်ား၏ လက္နက္ကိုင္ေတာ္လွန္ေရးသမိုင္းသည္ ျမန္မာ့လြတ္လပ္ေရးသမိုင္းႏွင့္ အၿပိဳင္ျဖစ္သလို ျမန္မာ့ၿငိမ္းခ်မ္းေရးခရီး၏ သမိုင္း သည္လည္း ျမန္မာ့လြတ္လပ္ေရးႏွင့္ အၿပိဳင္ျဖစ္၏။ ျမန္မာႏိုင္ငံသည္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျဖင့္ ၁၉၄၈ ခုႏွစ္တြင္ အဂၤလိပ္တို႔ထံမွ လြတ္ လပ္ေရးကို အရယူခဲ့၏။ အဆိုပါ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျဖစ္တည္ရန္ ပင္လုံညီလာခံသည္ ပဓာနက် သည္ျဖစ္ရာ ျမန္မာ့ၿငိမ္းခ်မ္းေရးခရီး၏ အစျပဳရာ သည္ ပင္လုံျဖစ္သည္ဟု သတ္မွတ္ရာ၏။ တိုင္းရင္းသားအခ်င္းခ်င္း ခ်စ္ၾကည္မႈ၊ ယုံၾကည္မႈ၊ အမ်ိဳးသား တန္းတူမႈ၊ တရားမွ် တမႈ၊ ဝါဒျဖဴစင္မႈတို႔ျဖင့္ ကတိျပဳ အစခ်ီခဲ့ၾက ပူးေပါင္းခဲ့ၾကသည္ဟု မွတ္ယူေသာ္ရ၏။ ျမန္မာ့လြတ္လပ္ေရးအစျပဳရာ ပင္လုံသည္ ၿငိမ္းခ်မ္း မႈသေႏၶတည္ရာ အရပ္လည္းျဖစ္၏။ ျပည္ေထာင္စု၏ သေႏၶသားအစျပဳရာလည္း အမွန္ျဖစ္ သည္ဟု မွတ္ယူသင့္ေပ၏။ နည္းတူ ယုံၾကည္မႈ၊ ညီၫြတ္မႈ၊ ခ်စ္ၾကည္မႈ၊ တန္းတူမႈ၊ တရားမွ်တမႈတို႔အတိၿပီးသည့္ ျပည္ေထာင္စု၏ အစျပဳဖြဲ႕တည္ရာ ေအာင္ေျမလည္းျဖစ္၏။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ ၁၉၆၂ ခုႏွစ္ အာဏာ သိမ္းမႈႏွင့္ အတူ ျမန္မာ့လြတ္လပ္ေရး၏ ဖြားဖက္ေတာ္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ နိဂုံးခ်ဳပ္ခဲ့ရေပ၏။ အမ်ား အႀကိဳက္ ဆိုရွယ္လစ္ကို သံၿပိဳင္ဟစ္ လာခဲ့သည့္ ေတာ္လွန္ေရးေကာင္စီသည္ လူႏွင့္ပတ္ဝန္းက်င္တို႔၏ အညမည သေဘာတရားမည္ေသာ မူဝါဒလမ္းၫႊန္ေၾကညာခ်က္၊ အလုပ္သမားႏွင့္ ေတာင္သူလယ္သမားညီလာခံေတြအျပင္ ျပည္တြင္း ၿငိမ္းခ်မ္းေရး ဖိတ္ေခၚမႈတို႔သည္ လူထုကို သည္းေျခ ႀကိဳက္ျဖစ္ေစခဲ့၏။ ျပည္သူသည္ ၿငိမ္းခ်မ္းေရးကို မ်က္ကြယ္ျပဳၿပီး ပဲခူး႐ိုးမသို႔ ေက်ာခိုင္းဆုတ္ခြာျခင္း မျပဳမီအထိ ဗမာျပည္ကြန္ျမဴနစ္ပါတီ အတြင္းေရးမႉး ရဲေဘာ္ေဌး၊ ရဲေဘာ္ဂိုေရွတို႔ ဟန္ျပေဆြးေႏြးခဲ့ၾက ျခင္းအေပၚ အေျဖတစ္ခုခု ရေစခ်င္ခဲ့ၾကသည္မွာ ျဖစ္ရပ္အမွန္ျဖစ္ေပ၏။ ကရင္နီျပည္ ေကာ္သူးေလ ေဒသက တိုင္းရင္းသားေခါင္းေဆာင္ႀကီး ေစာဟန္ သာတာေမႊးတို႔ႏွင့္ ၿငိမ္းခ်မ္းေရး၏ ေတြ႕ထိရသကို လူထု ခံစားခဲ့ၾကရေတာ့မွ သက္ျပင္းမွ်င္းမွ်င္း ခ်ခဲ့ၾက ရသည္ကို အမွတ္ရမိျဖစ္ျပန္ပါ၏။ ျပည္သူသည္ ေတာ္လွန္ေရးေကာင္စီႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒမဲ့ ကာလရွည္ကို ျဖတ္သန္းရင္းျဖင့္ ၁၂ ႏွစ္တိတိအၾကာ ၁၉၇၄ ခုႏွစ္တြင္မွ ဆိုရွယ္လစ္စနစ္၏ ဖြဲ႕စည္းအုပ္ ခ်ဳပ္ပုံ အေျခခံဥပေဒသစ္တစ္ရပ္ျဖင့္ ဆိုရွယ္လစ္ခရီး ရွည္ကို တစ္ပါတီစနစ္ႏွင့္ ေရွ႕ခရီး ဆက္ၾကရျပန္ပါ၏။
နဝတ၊ နယက၏ ခရီးရွည္၊ ၿငိမ္းခ်မ္းေရးမူသစ္ႏွင့္ အထူးေဒသမ်ား
၇။ ၁၉၈၈ ခုႏွစ္ ၈ ေလးလုံး သမိုင္းေၾကာင္းျဖစ္စဥ္ႏွင့္အတူ နဝတ၏ အာဏာရယူမႈသမိုင္းျဖစ္ရပ္သည္ ေပၚထြန္းလာျပန္ပါ၏။ တစ္ဆက္တည္း ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒကို ဖ်က္သိမ္းမႈျပဳ ေတာ့ ၁၉၉၀ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ အာဏာ လြန္ဆြဲပြဲအေပၚ လူထုသည္ အထူးစိုးရိမ္မႈျဖစ္ခဲ့ၾက ရျပန္၏။ နယက၏ အမ်ိဳးသားညီလာခံက်င္းပမႈ ႏွစ္ရွည္ၾကာလာျပန္ေတာ့လည္း အေျခခံဥပေဒမဲ့ ကာလရွည္မွာ ဥပေဒကဲ့သို႔အာဏာတည္ ေသာအမိန႔္ေတြၾကား နားယဥ္ခ်င္သလိုလို ျဖစ္လာၾကရသည္က လည္း လူထု၏အေနအထားအမွန္ပင္ ျဖစ္မည္ထင္ရ ၏။ ႏိုင္ငံျခားအရန္ေငြ အေမရိကန္ ေဒၚလာ ၁၈ သန္း ႏွင့္အစျပဳခဲ့သည့္နဝတသည္ နယကအျဖစ္ အမည္ ေျပာင္း၊ လူေျပာင္း၊ မူေျပာင္း ဖြံ႕ၿဖိဳးတိုးတက္ေစေရး တည္ေဆာက္ျပဳျပင္လိုက္တာ ၁၀ စုႏွစ္ ၂ စုေလာက္ အၾကာမွာျဖင့္ ျမစ္ကူးတံတားသစ္ႀကီးမ်ား၊ ျပည္နယ္ႏွင့္ တိုင္းေဒသခ်င္း ခ်ိတ္ဆက္ရထားလမ္းသစ္၊ ကားလမ္းသစ္ႀကီးမ်ား၊ ေရအားလွ်ပ္စစ္ထုတ္ေရကာတာ ႀကီးမ်ား၊ ေရနက္ဆိပ္ကမ္းႀကီးမ်ား၊ မဟာဓာတ္အား လိုင္းႀကီးမ်ားႏွင့္အၿပိဳင္ ေျမလတ္ပိုင္းလြင္ျပင္ ဗကပ တို႔၏ ဘူမိနက္သံအရပ္ ပ်ဥ္းမနား၊ လယ္ေဝး၊ တပ္ ကုန္းေဒသ ပဲခူး႐ိုးမေပၚ အုပ္ခ်ဳပ္ ေရးၿမိဳ႕ေတာ္သစ္ ေနျပည္ေတာ္ကို တည္ေဆာက္၊ ယခင္ၿမိဳ႕ေတာ္ ေဟာင္း ရန္ကုန္က စီးပြားေရးၿမိဳ႕ေတာ္အျဖစ္ အမည္ ေျပာင္း ပုဂၢလိကပိုင္ျပဳလုပ္ေရးႏွင့္ စက္မႈဇုနန္မ်ား၊ ၿမိဳ႕သစ္မ်ား၊ ကမ္းေဝး/ကမ္းနီး ပင္လယ္ျပင္ ငါးဖမ္း လုပ္ကြက္ မ်ားႏွင့္ သဘာဝဓာတ္ေငြ႕ႏွင့္ေရနံရွာ ႏိုင္ငံျခားေရနံကုမၸဏီမ်ားက အၿပိဳင္အဆိုင္ အေနာက္ႏိုင္ငံမ်ား၏ စီးပြားေရး ပိတ္ဆို႔မႈကိုမမႈသူက တစ္ကြက္ခ်င္းေ႐ႊ႕ရင္း ကြမ္းဝါးေနသူႀကီး(စာဖတ္ေနသူႀကီး) ရယ္လို႔သာ ေျပာစမွတ္ျပဳၾကပါ၏။ တန္ခိုးႏွင့္ဩဇာ၊ အာဏာႏွင့္လုပ္ပိုင္ခြင့္ ကႀကီး၊ အေရွ႕ေျမာက္ေဒသေျပး ဗကပ ဗဟိုက “ၿပိဳကြဲျပန္”၊ အစိုးရရဲ႕ တိုင္းရင္း သားလက္နက္ကိုင္မ်ားအေပၚ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚ ျခင္း က၊ “ပညာသားပါလြန္း”၊ “ႏိုင္ငံေရးကိစၥ ေပၚထြန္းလာမည့္ ႏိုင္ငံေရးအစိုးရႏွင့္သာဆက္လက္ ၿပီး ေဆြးေႏြးၾကပါ”၊ ဒို႔ေတြအခ်င္းခ်င္းက “လက္နက္ ႏွင့္ၿငိမ္းခ်မ္းေရးလဲႏိုင္ေရး အပစ္အခတ္ရပ္စဲၾကရ ေအာင္”၊ ႏွစ္ဖက္လုံးက ႏွစ္ရွည္ၾကာ စစ္ပန္းလာၾက ေတာ့ ညႇိႏႈိင္းေဆြးေႏြးသေဘာတူၾက၊ “ဂ်င္တဲလ္မန္း အင္ရီးမန႔္က တကယ္အလုပ္ျဖစ္ေအာင္ျမင္၊ နဝတ၊ နယကတို႔ရဲ႕ သမိုင္းဝင္ေအာင္ပြဲ” ဘယ္သူျငင္းရဲ ပါသလဲဟုသာ ေမးခြန္းထုတ္လိုပါ၏။ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ အပစ္အ ခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈက အ လုပ္ျဖစ္၊ အထူးေဒသမ်ားက တည္ၿငိမ္ေအးခ်မ္း ဖြံ႕ၿဖိဳးတိုးတက္၊ ၿမိဳ႕ႀကီးျပႀကီးမ်ား ျဖစ္လာ၊ အခ်ိဳ႕ ျပည္နယ္/တိုင္း ၿမိဳ႕ေတာ္မ်ားက ေျခာက္ကပ္၊ အုပ္ ခ်ဳပ္ေရးႏွစ္ရပ္က မတူညီ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ ႏို႔သက္ခံ ျပည္နယ္မ်ား၏ဘဝ၊ ဖြဲ႕စည္းပုံ အေျခခံဥပ ေဒတစ္ခု၊ စံႏွစ္ရပ္ႏွင့္ စစ္ေရး၊ ႏိုင္ငံေရးတည္ေဆာက္ မႈ ခုေတာ့ျဖင့္ အတုယူစရာ “ဝ”မိုဒယ္ႀကီးက ကြန္ဖန္ ဒ႐ိုက္ဟူ၏။ သမိုင္းေၾကာင္းကို ျပန္ေျပာင္းေဖြရွာ ေျခရာေကာက္ျပန္ေတာ့ အမ်ားက မွတ္ခ်က္ျပဳၾက ျပည္ ေထာင္စုစစ္စစ္(ရွမ္း) မူေၾကာင့္ ဖယ္ဒရယ္ေၾကာက္ ေရာဂါ ဒို႔ျပည္ေထာင္စုၿပိဳကြဲ ေခ်ာက္ကမ္းပါးေအာက္ မက်ေရာက္ေစေရးအတြက္ မလြဲမေရွာင္သာ အာဏာလႊဲယူခဲ့ရတဲ့ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းႏွင့္ ၁၉၆၂ သမိုင္းတစ္ေခတ္ေရ ေနရစ္ပါေတာ့လို႔ျဖင့္ မွတ္ခ်က္ ျပဳလိုပါ၏။ အမွန္ေတာ့ “ၿငိမ္းခ်မ္းေရးဆိုတာ ေသြး ေျမမက်ဖို႔က အဓိက” “အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္/ကိုယ္ပိုင္ျပ႒ာန္းခြင့္က” “အေပးအယူ” “ေျခ/ဥေၾကာင့္ျဖစ္တဲ့ ျပႆနာ ေျခ/ဥမွာသာအေျဖရွိမွာမို႔” “ခ်စ္ညီအစ္ကိုခ်င္း ေဆြး ေႏြးညႇိႏႈိင္းျခင္းကအေျဖ”ဟုသာ သုံးသပ္မိရပါ၏။ ခုခ်ိန္ခါမွာျဖင့္ အပစ္ရပ္ တိုင္းရင္းသားေဒသမ်ား အံ့မ ခန္းေအာင္ကို ၿငိမ္းခ်မ္း၊ တည္ၿငိမ္၊ ဖြံ႕ၿဖိဳး၊ တိုးတက္ ေနျခင္းကိုက ႏွစ္ဖက္ယုံၾကည္မႈ တည္ေဆာက္ႏိုင္ ၾကျခင္း၊ အေျမာ္အျမင္ႀကီးၾကျခင္း၊ စိတ္ရွည္သည္း ခံၾကျခင္းႏွင့္ အနာဂတ္ရည္ ေမွ်ာ္ႏိုင္စြမ္းရွိၾကျခင္း တို႔ေၾကာင့္ျဖစ္သည္ဟု မွတ္ခ်က္ျပဳလိုပါ၏။ နဝတ၊ နယကကာလ တန္ခိုးအာဏာထြားခဲ့ၾကသည့္ ၿငိမ္း ခ်မ္းေရးဗိသုကာမ်ားအၾကား အခုထိ “ဝ” လူမ်ိဳးမ်ား၊ “ဝ”ေခါင္းေဆာင္ႀကီးမ်ားက ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္အ ေပၚ ယုံၾကည္ၾကတုန္း၊ ေလးစားၾကတုန္း၊ ခ်စ္ခင္ၾက တုန္းဟု သတင္းရင္းျမစ္အမွန္က ၾကားေနရျခင္းကို က ႐ိုးသားေသာ တိုင္းရင္းသားမ်ား၏ရင္ထဲက ျဖဴစင္မႈႏွင့္ ၿငိမ္းခ်မ္းေရးအေပၚ တန္ဖိုးထားမႈ၏နက္နဲမႈႏွင့္ ျပည္ေထာင္စုအေပၚ အထူး ခ်စ္ခင္ျမတ္ႏိုးမႈဟုသာ ေသခ်ာသုံးသပ္ မွတ္ခ်က္ျပဳလိုပါ၏။

အပိုင္း(၂)ဆက္ပါဦးမည္။

Related news

© 2021. All rights reserved.