ပခုက္ကူမြို့နယ်အတွင်း၌ ပရဟိတကားများနှင့် PDF များ အချိတ်အဆက်ရှိနေပြီး တစ်ဖက်လှည့်နည်းဖြင့် ကူညီမှုများရှိနေကြောင်း သတင်းထွက်
11219
Iris (NP News) - ဇူလိုင် ၁၉
ပခုက္ကူမြို့နယ်အတွင်း၌ လှုပ်ရှားသွားလာကူညီနေသည်ဆိုသော လူမှုကူညီရေးပရဟိတအသင်း များသည် (၁၀)ခုရှိလျှင် (၉)ခုခန့်က PDF အကြမ်းဖက်သမားများကို တစ်ဖက်လှည့်နည်းဖြင့် ထောက်ပံ့မှု များ လုပ်ဆောင်နေကြကြောင်း သတင်းရင်းမြစ်တစ်ဦးက NP News ကို အသိပေးပြောကြားသည်။
PDF များ မြို့ပေါ်အထိတက်၍ လုပ်ငန်းရှင်များကို ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း၊ ငွေကြေး တောင်းခံခြင်းများလုပ်ဆောင်လေ့ရှိသည့် ပခုက္ကူဒေသတွင် ပရဟိတခေါင်းစဉ်အောက်မှနေ၍ အကြမ်း ဖက်သမားများထံ ထောက်ပံ့မှုရှိနေသည်ကို သတင်းမထွက်စေရန် တိုင်ပင်လှုပ်ရှားနေကြခြင်း ဖြစ် ကြောင်း အမှန်တရားလို လားသူအချို့ကသာ ယခုကဲ့သို့ ထုတ်ဖော်အသိပေးလာခြင်းလည်းဖြစ်သည်။
“ နာမည်တွေတပ်ပြီးတော့ မပြောချင်ပါဘူး။ လုံခြုံရေးကြောင့်ပါ။ လမ်းမှာ ပရဟိတကား အပစ် ခံရတယ်တို့၊ ကားအသိမ်းခံရတယ်တို့ဆိုတဲ့ ခေါင်းစဉ်မျိုးတွေ ခဏခဏ ကြားဖူးတယ်မလား။ အဲဒါတွေ က မရိုးရှင်းဘူး။ ကျွန်တော်တို့ဆီမှာ ပရဟိတအဖွဲ့(၁၀)ခုရှိရင် (၉)ခုလောက်က ဟိုဘက်ကို တစ်ဖက် လှည့်နဲ့ ထောက်ပံ့တယ်။ ကြက်ခြေနီကား၊ ပရဟိတကားနဲ့ လူသယ်သလိုလို၊ လူကယ်သလိုလိုနဲ့ ဆန်တွေ ဆီတွေ ကားပေါ်တင်သွားကြတယ်။ ဟိုဘက်ရောက်ရင် ကားအဖမ်းခံရတယ်ဆိုတာမျိုးနဲ့ လှည့်စားကြတာ။ ပေးထားခဲ့တာပေါ့ဗျာ” ဟု ပခုက္ကူဒေသခံသတင်းရင်းမြစ်ကပြော သည်။
၎င်းဆိုလိုသည့်အဓိပ္ပာယ်မှာ ပရဟိတကားတစ်စီးအနေဖြင့် PDF များကြီးစိုးနေသော နယ်မြေသို့ လူမှုကယ်ဆယ်ရေးခေါင်းစဉ်ဖြင့် သွားလာရမည့်ကာလ၌ မြို့ပေါ်မှ စားသောက်ကုန်များကိုဝယ်ယူ သယ် ဆောင်သွားလေ့ရှိကြောင်း၊ ယင်းကဲ့သို့သယ်ဆောင်သွားပြီးနောက် ချိန်းဆိုထားသည်ဟု တွက်ဆရသော နေရာတစ်ခုခု၌ ပရဟိတကားကို PDF များက ပြန်ပေးဆွဲသွားသည်ဆိုသောခေါင်းစဉ်ဖြင့် ကားများကို ထားပေးခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်မူ PDF များက ပရဟိတသမားများကို သတ်ဖြတ်ခြင်းမပြုဘဲ လူ့အခွင့် အရေးနှင့်အညီလွှတ်ပေးကြောင်း သွယ်ဝိုက်၍သတင်းစကားများပါးနေခြင်းမျိုးဖြစ်သည်ဟု ကြားသိရသည်။
“ ပခုက္ကူတစ်ကျောမှာ အဲဒီဖြစ်စဉ်တွေအများကြီးပဲ။ တပ်ဘက်က ဈေးကားတွေတောင် အဲဒီဘက် ကို ကားတွေသွားရင် ဘာမှသယ်သွားလို့မရတာကို သူတို့က အဲဒီလိုလုပ်လို့ရနေတာ။ ပြီးတော့ မိုးကာ တဲဖျင်တွေကို စစ်ဘေးရှောင်တွေကို ပေးသလိုလိုနဲ့ PDF တွေပေးခဲ့တာ တစ်ပုံကြီးပဲ။ တချို့ဆိုရင် သူတို့ က တမင်သက်သက်ကို ကားအစီးလိုက်ပေးခဲ့တာလို့ကိုပြောတာ။ ပရဟိတကား၊ ဘုန်းကြီးကားတွေနဲ့ လုပ်ကြတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။
ယင်းဖြစ်စဉ်များကိုသိရှိထားပြီးနောက် ၎င်းကိုယ်တိုင်လည်း ပခုက္ကူမြို့နယ်တွင် ဆက်လက် နေထိုင်ရဲ ခြင်းမရှိတော့သည့်အတွက် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်းလည်း ဆိုသည်။ ပခုက္ကူမြို့နယ်အတွင်း၌ ပရဟိတသမားအချို့ မကြာခဏသတ်ဖြတ်ခံရခြင်းရှိနေခဲ့သော်လည်း အချို့သော ပရဟိတသမားများမှာ အန္တရာယ်ကင်းကင်း အလုပ်လုပ်နေနိုင်ဆဲ ဖြစ်နေသည်ကို တွေ့ရသည်။
PDF များနှင့် ပရဟိတသမားအချို့တို့က အချင်းချင်း အချိတ်အဆက်များရှိနေကြပြီး မြို့တွင်း၌ နေ့စဉ် ဖြစ်ပျက်နေမှုများကို PDF များက အချိန်တိုင်းသိရှိနေကြကြောင်း၊ အချို့သော လုပ်ကြံသတ်ဖြတ်မှု နှင့် ပြန် ပေးဆွဲမှုများ၏နောက်ကွယ်တွင် PDF များနှင့် ပရဟိတသမားအချို့၏ သွယ်ဝိုက်ဆက်စပ်မှုများကို ထည့်သွင်းတွက်ချက်ရန်လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုပြောကြားသည်။
zawgyi version
ပခုကၠဴၿမိဳ႕နယ္အတြင္း၌ ပရဟိတကားမ်ားႏွင့္ PDF မ်ား အခ်ိတ္အဆက္ရွိေနၿပီး တစ္ဖက္လွည့္နည္းျဖင့္ ကူညီမႈမ်ားရွိေနေၾကာင္း သတင္းထြက္
Iris (NP News) - ဇူလိုင္ ၁၉
ပခုကၠဴၿမိဳ႕နယ္အတြင္း၌ လႈပ္ရွားသြားလာကူညီေနသည္ဆိုေသာ လူမႈကူညီေရးပရဟိတအသင္း မ်ားသည္ (၁၀)ခုရွိလွ်င္ (၉)ခုခန႔္က PDF အၾကမ္းဖက္သမားမ်ားကို တစ္ဖက္လွည့္နည္းျဖင့္ ေထာက္ပံ့မႈ မ်ား လုပ္ေဆာင္ေနၾကေၾကာင္း သတင္းရင္းျမစ္တစ္ဦးက NP News ကို အသိေပးေျပာၾကားသည္။
PDF မ်ား ၿမိဳ႕ေပၚအထိတက္၍ လုပ္ငန္းရွင္မ်ားကို ျပန္ေပးဆြဲျခင္း၊ ဓားျပတိုက္ျခင္း၊ ေငြေၾကး ေတာင္းခံျခင္းမ်ားလုပ္ေဆာင္ေလ့ရွိသည့္ ပခုကၠဴေဒသတြင္ ပရဟိတေခါင္းစဥ္ေအာက္မွေန၍ အၾကမ္း ဖက္သမားမ်ားထံ ေထာက္ပံ့မႈရွိေနသည္ကို သတင္းမထြက္ေစရန္ တိုင္ပင္လႈပ္ရွားေနၾကျခင္း ျဖစ္ ေၾကာင္း အမွန္တရားလို လားသူအခ်ိဳ႕ကသာ ယခုကဲ့သို႔ ထုတ္ေဖာ္အသိေပးလာျခင္းလည္းျဖစ္သည္။
“ နာမည္ေတြတပ္ၿပီးေတာ့ မေျပာခ်င္ပါဘူး။ လုံၿခဳံေရးေၾကာင့္ပါ။ လမ္းမွာ ပရဟိတကား အပစ္ ခံရတယ္တို႔၊ ကားအသိမ္းခံရတယ္တို႔ဆိုတဲ့ ေခါင္းစဥ္မ်ိဳးေတြ ခဏခဏ ၾကားဖူးတယ္မလား။ အဲဒါေတြ က မ႐ိုးရွင္းဘူး။ ကြၽန္ေတာ္တို႔ဆီမွာ ပရဟိတအဖြဲ႕(၁၀)ခုရွိရင္ (၉)ခုေလာက္က ဟိုဘက္ကို တစ္ဖက္ လွည့္နဲ႔ ေထာက္ပံ့တယ္။ ၾကက္ေျခနီကား၊ ပရဟိတကားနဲ႔ လူသယ္သလိုလို၊ လူကယ္သလိုလိုနဲ႔ ဆန္ေတြ ဆီေတြ ကားေပၚတင္သြားၾကတယ္။ ဟိုဘက္ေရာက္ရင္ ကားအဖမ္းခံရတယ္ဆိုတာမ်ိဳးနဲ႔ လွည့္စားၾကတာ။ ေပးထားခဲ့တာေပါ့ဗ်ာ” ဟု ပခုကၠဴေဒသခံသတင္းရင္းျမစ္ကေျပာ သည္။
၎ဆိုလိုသည့္အဓိပၸာယ္မွာ ပရဟိတကားတစ္စီးအေနျဖင့္ PDF မ်ားႀကီးစိုးေနေသာ နယ္ေျမသို႔ လူမႈကယ္ဆယ္ေရးေခါင္းစဥ္ျဖင့္ သြားလာရမည့္ကာလ၌ ၿမိဳ႕ေပၚမွ စားေသာက္ကုန္မ်ားကိုဝယ္ယူ သယ္ ေဆာင္သြားေလ့ရွိေၾကာင္း၊ ယင္းကဲ့သို႔သယ္ေဆာင္သြားၿပီးေနာက္ ခ်ိန္းဆိုထားသည္ဟု တြက္ဆရေသာ ေနရာတစ္ခုခု၌ ပရဟိတကားကို PDF မ်ားက ျပန္ေပးဆြဲသြားသည္ဆိုေသာေခါင္းစဥ္ျဖင့္ ကားမ်ားကို ထားေပးခဲ့ေၾကာင္း၊ အျခားတစ္ဖက္တြင္မူ PDF မ်ားက ပရဟိတသမားမ်ားကို သတ္ျဖတ္ျခင္းမျပဳဘဲ လူ႔အခြင့္ အေရးႏွင့္အညီလႊတ္ေပးေၾကာင္း သြယ္ဝိုက္၍သတင္းစကားမ်ားပါးေနျခင္းမ်ိဳးျဖစ္သည္ဟု ၾကားသိရသည္။
“ ပခုကၠဴတစ္ေက်ာမွာ အဲဒီျဖစ္စဥ္ေတြအမ်ားႀကီးပဲ။ တပ္ဘက္က ေဈးကားေတြေတာင္ အဲဒီဘက္ ကို ကားေတြသြားရင္ ဘာမွသယ္သြားလို႔မရတာကို သူတို႔က အဲဒီလိုလုပ္လို႔ရေနတာ။ ၿပီးေတာ့ မိုးကာ တဲဖ်င္ေတြကို စစ္ေဘးေရွာင္ေတြကို ေပးသလိုလိုနဲ႔ PDF ေတြေပးခဲ့တာ တစ္ပုံႀကီးပဲ။ တခ်ိဳ႕ဆိုရင္ သူတို႔ က တမင္သက္သက္ကို ကားအစီးလိုက္ေပးခဲ့တာလို႔ကိုေျပာတာ။ ပရဟိတကား၊ ဘုန္းႀကီးကားေတြနဲ႔ လုပ္ၾကတယ္” ဟု သတင္းရင္းျမစ္ကေျပာသည္။
ယင္းျဖစ္စဥ္မ်ားကိုသိရွိထားၿပီးေနာက္ ၎ကိုယ္တိုင္လည္း ပခုကၠဴၿမိဳ႕နယ္တြင္ ဆက္လက္ ေနထိုင္ရဲ ျခင္းမရွိေတာ့သည့္အတြက္ အျခားေနရာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ရေၾကာင္းလည္း ဆိုသည္။ ပခုကၠဴၿမိဳ႕နယ္အတြင္း၌ ပရဟိတသမားအခ်ိဳ႕ မၾကာခဏသတ္ျဖတ္ခံရျခင္းရွိေနခဲ့ေသာ္လည္း အခ်ိဳ႕ေသာ ပရဟိတသမားမ်ားမွာ အႏၲရာယ္ကင္းကင္း အလုပ္လုပ္ေနႏိုင္ဆဲ ျဖစ္ေနသည္ကို ေတြ႕ရသည္။
PDF မ်ားႏွင့္ ပရဟိတသမားအခ်ိဳ႕တို႔က အခ်င္းခ်င္း အခ်ိတ္အဆက္မ်ားရွိေနၾကၿပီး ၿမိဳ႕တြင္း၌ ေန႔စဥ္ ျဖစ္ပ်က္ေနမႈမ်ားကို PDF မ်ားက အခ်ိန္တိုင္းသိရွိေနၾကေၾကာင္း၊ အခ်ိဳ႕ေသာ လုပ္ႀကံသတ္ျဖတ္မႈ ႏွင့္ ျပန္ ေပးဆြဲမႈမ်ား၏ေနာက္ကြယ္တြင္ PDF မ်ားႏွင့္ ပရဟိတသမားအခ်ိဳ႕၏ သြယ္ဝိုက္ဆက္စပ္မႈမ်ားကို ထည့္သြင္းတြက္ခ်က္ရန္လိုအပ္ေၾကာင္းလည္း ၎က အႀကံျပဳေျပာၾကားသည္။