နေအိမ်တွင် တစ်ဦးတည်းနေထိုင်သော အသက်(၆၀)ကျော်အရွယ်အမျိုးသမီးတစ်ဦး ဓားထိုးခံရ

 12509

စော (NP News) - ဇူလိုင် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိနေအိမ်တွင် တစ်ဦးတည်းနေထိုင်သော အသက်(၆၀)ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရကြောင်း လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဓားထိုးမှုဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၁၉ ရက်)၊ နံနက် (၂)နာရီအချိန်က မြို့ရှောင်လမ်း၊ ကောင်မူတုံရပ်ကွက်၊ နယ်မြေ(၃)ရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူဘယ်နှစ်ဦး (ဓားပြ)ဝင်တိုက်သွားတာလဲတော့ မကြားမိဘူး။ အဘွားကတစ်ယောက်ထဲပဲနေတာ။ သူ့အိမ်ခန်းငှားပေးထားတဲ့လူလည်းရှိထားတယ်။ အိမ်ခန်းငှားပေးထားတဲ့လူက လင်မယားနှစ်ယောက်ရယ်၊ မိသားစုဝင် (၆)ယောက်ပေါ့။ သူ့အိမ်ဘေးနားမှာ နေတာပေါ့။ အဘွားက အိမ်ပိုင်ရှင်ပေါ့။ သူက အဲဒီအိမ်ငှားတွေကို ခေါ်တာပေ့ါ။ အိမ်ငှားတဲ့ လင်မယားနှစ်ယောက်က ထွက်လာပြီးတော့ အိမ်ထဲကိုဝင်သွားကြည့်တော့ သူကဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့တွေ့လို့ မြင့်မြတ်ပါရမီအသင်းကိုဖုန်းဆက်တာပေ့ါ။ မြင့်မြတ်ပါရမီအသင်းက ကျွန်တော်တို့ဆီ ဖုန်းပြန်ဆက်တော့ ကျွန်တော်တို့နီးတယ်ဆိုလို့ သွားလိုက်တာပါ။ လူနာကို ပြည်သူ့ဆေးရုံပို့တဲ့အချိန်မှာ ခုနက အိမ်ငှားလင်မယားကလည်း ကျွန်တော်တို့နဲ့ လိုက်ပို့တာ။ အဲဒီအချိန်မှာ ကျန်ခဲ့တဲ့ သူ့သားသမီးတွေက အိမ်ထဲမှာ အင်္ကျီအဖြူရောင်လေးနဲ့ ကုန်းကုန်း ကုန်းကုန်းကြီးနဲ့ (လူတစ်ယောက်) တွေ့လိုက်တယ်ဆိုတော့ ကျွန်တော်တို့ အိမ်ထဲကို ပြန်သွားရှာဖွေတယ် မတွေ့ဘူး။ အိမ်ဘေးနားက ပတ်ဝန်းကျင်ကို လိုက်နှိုးတယ်။ အဲဒီဓားထိုးတဲ့လူကို လိုက်ရှာတာပေါ့။ မတွေ့ဘူးဖြစ်နေတာ။ ပစ္စည်းကတော့ ပါသွားတာမရှိဘူးလို့ပြောပါတယ်”ဟု လက်ဖက်ညွှန့်လူမှုကူညီရေးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

ဓားဖြင့်ထိုးခံရသူ အမျိုးသမီးမှာ အသက် (၆၀)ကျော်အရွယ်ရှိပြီး ၎င်းသည် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိသည်မှာ တစ်ပတ်ခန့်သာရှိသေးကြောင်းသိရကာ ဓားထိုးခံရမှုဖြစ်စဉ်ကြောင့် ရင်ဘတ်၊ ဦးခေါင်း၊ မျက်နှာနှင့် လက်တို့တွင် ထိုးသွင်းဒဏ်ရာ စုစုပေါင်း (၅)ချက် ရရှိခဲ့ကြောင်း သိရသည်။ ဓားထိုးခံရသူကို ရွှေမူဆယ်ဆေးရုံသို့ ပို့ဆောင်ထားကာ လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။

zawgyi version
ေနအိမ္တြင္ တစ္ဦးတည္းေနထိုင္ေသာ အသက္(၆၀)ေက်ာ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး ဓားထိုးခံရ

ေစာ (NP News) - ဇူလိုင္ ၁၉

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕ရွိေနအိမ္တြင္ တစ္ဦးတည္းေနထိုင္ေသာ အသက္(၆၀)ေက်ာ္အ႐ြယ္အမ်ိဳးသမီးႀကီးတစ္ဦး ဓားျဖင့္အထိုးခံခဲ့ရေၾကာင္း လက္ဖက္ၫႊန႔္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ဓားထိုးမႈျဖစ္စဥ္သည္ ယေန႔ (ဇူလိုင္လ ၁၉ ရက္)၊ နံနက္ (၂)နာရီအခ်ိန္က ၿမိဳ႕ေရွာင္လမ္း၊ ေကာင္မူတုံရပ္ကြက္၊ နယ္ေျမ(၃)ရွိ ေနအိမ္တစ္လုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“လူဘယ္ႏွစ္ဦး (ဓားျပ)ဝင္တိုက္သြားတာလဲေတာ့ မၾကားမိဘူး။ အဘြားကတစ္ေယာက္ထဲပဲေနတာ။ သူ႔အိမ္ခန္းငွားေပးထားတဲ့လူလည္းရွိထားတယ္။ အိမ္ခန္းငွားေပးထားတဲ့လူက လင္မယားႏွစ္ေယာက္ရယ္၊ မိသားစုဝင္ (၆)ေယာက္ေပါ့။ သူ႔အိမ္ေဘးနားမွာ ေနတာေပါ့။ အဘြားက အိမ္ပိုင္ရွင္ေပါ့။ သူက အဲဒီအိမ္ငွားေတြကို ေခၚတာေပ့ါ။ အိမ္ငွားတဲ့ လင္မယားႏွစ္ေယာက္က ထြက္လာၿပီးေတာ့ အိမ္ထဲကိုဝင္သြားၾကည့္ေတာ့ သူကဓားထိုးခံရတဲ့ ဒဏ္ရာေတြနဲ႔ေတြ႕လို႔ ျမင့္ျမတ္ပါရမီအသင္းကိုဖုန္းဆက္တာေပ့ါ။ ျမင့္ျမတ္ပါရမီအသင္းက ကြၽန္ေတာ္တို႔ဆီ ဖုန္းျပန္ဆက္ေတာ့ ကြၽန္ေတာ္တို႔နီးတယ္ဆိုလို႔ သြားလိုက္တာပါ။ လူနာကို ျပည္သူ႔ေဆး႐ုံပို႔တဲ့အခ်ိန္မွာ ခုနက အိမ္ငွားလင္မယားကလည္း ကြၽန္ေတာ္တို႔နဲ႔ လိုက္ပို႔တာ။ အဲဒီအခ်ိန္မွာ က်န္ခဲ့တဲ့ သူ႔သားသမီးေတြက အိမ္ထဲမွာ အက်ႌအျဖဴေရာင္ေလးနဲ႔ ကုန္းကုန္း ကုန္းကုန္းႀကီးနဲ႔ (လူတစ္ေယာက္) ေတြ႕လိုက္တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ အိမ္ထဲကို ျပန္သြားရွာေဖြတယ္ မေတြ႕ဘူး။ အိမ္ေဘးနားက ပတ္ဝန္းက်င္ကို လိုက္ႏႈိးတယ္။ အဲဒီဓားထိုးတဲ့လူကို လိုက္ရွာတာေပါ့။ မေတြ႕ဘူးျဖစ္ေနတာ။ ပစၥည္းကေတာ့ ပါသြားတာမရွိဘူးလို႔ေျပာပါတယ္”ဟု လက္ဖက္ၫႊန႔္လူမႈကူညီေရးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

ဓားျဖင့္ထိုးခံရသူ အမ်ိဳးသမီးမွာ အသက္ (၆၀)ေက်ာ္အ႐ြယ္ရွိၿပီး ၎သည္ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိသည္မွာ တစ္ပတ္ခန႔္သာရွိေသးေၾကာင္းသိရကာ ဓားထိုးခံရမႈျဖစ္စဥ္ေၾကာင့္ ရင္ဘတ္၊ ဦးေခါင္း၊ မ်က္ႏွာႏွင့္ လက္တို႔တြင္ ထိုးသြင္းဒဏ္ရာ စုစုေပါင္း (၅)ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။ ဓားထိုးခံရသူကို ေ႐ႊမူဆယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားကာ လက္ရွိတြင္ အသက္အႏၲရာယ္စိုးရိမ္စရာ မရွိေတာ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.