ကုန်စည်လိုင်း(၁၄၆၀)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားပြီးမှ Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုမည်

 784

ယွန်း (NP News) - ဇူလိုင် ၂ဝ

Automatic Licensing စနစ်ဖြင့် ခွင့်ပြုထားသည့် ကုန်စည်လိုင်း(၁၄၆၀)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထား ပြီးမှ Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက အသိပေးထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် အထက်ပါကဲ့ သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ပြည်ပမှတင်သွင်း မည့်ကုန်စည်များအား Myanmar Tradenet 2.0 တွင် Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ခွင့်ပြုလျက်ရှိရာ သွင်းကုန်အတွက် Automatic Licensing စနစ်ဖြင့် ခွင့်ပြုမည့် ကုန်စည်လိုင်းများ နှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၉/၂၀၂၃) ဖြင့် အသိပေးထားပြီးဖြစ်သည်။
Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားရန်အကျုံးဝင်သော ကုန်စည်လိုင်းအချို့အား Automatic Licensing စနစ်ဖြင့် ရောနှောလျှောက် ထားခြင်း၊ တင်သွင်းခြင်းများ မဖြစ်စေရေးအတွက် အထက်ပါသတင်းလွှာ အရ Automatic Licensing စနစ်ဖြင့် ခွင့်ပြုထားသည့် HS Code 10 digit ဖြင့် ကုန်စည်လိုင်း(၁၄၆၀)ကို သွင်းကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် Non-Automatic Licensing ဖြင့် ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုန်စည်လိုင်း(၁၄၆၀)လိုင်းတွင် အကျုံးဝင်သည့် ကုန်စည်များတင်သွင်းမှုအတွက် Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုထားသည့် သွင်းကုန်လိုင်စင်များ တင်သွင်းခွင့်ပြုခြင်းကို လာမည့် သြဂုတ်(၁)ရက် နေ့မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဆိုထား သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသမှ တင်သွင်းသည့် ကုန်စည်လိုင်းများ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အားလုံးကို ပြီးခဲ့သည့်ဇွန်လ(၂၂)ရက်မှစ၍ Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Zawgyi Version;
ကုန္စည္လိုင္း(၁၄၆၀)လိုင္းကို သြင္းကုန္လိုင္စင္ေလွ်ာက္ထားၿပီးမွ Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳမည္
ယြန္း (NP News) - ဇူလိုင္ ၂ဝ

Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳထားသည့္ ကုန္စည္လိုင္း(၁၄၆၀)လိုင္းကို သြင္းကုန္လိုင္စင္ေလွ်ာက္ထား ၿပီးမွ Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနက အသိေပးထားသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အထက္ပါကဲ့ သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ ကုန္သြယ္မႈလုပ္ငန္းမ်ား စနစ္တက်ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျပည္ပမွတင္သြင္း မည့္ကုန္စည္မ်ားအား Myanmar Tradenet 2.0 တြင္ Automatic Licensing စနစ္ႏွင့္ Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ခြင့္ျပဳလ်က္ရွိရာ သြင္းကုန္အတြက္ Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳမည့္ ကုန္စည္လိုင္းမ်ား ႏွင့္ ပတ္သက္၍ ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္သည့္ သတင္းလႊာ(၉/၂၀၂၃) ျဖင့္ အသိေပးထားၿပီးျဖစ္သည္။
Non-Automatic Licensing စနစ္ျဖင့္ ေလွ်ာက္ထားရန္အက်ဳံးဝင္ေသာ ကုန္စည္လိုင္းအခ်ိဳ႕အား Automatic Licensing စနစ္ျဖင့္ ေရာေႏွာေလွ်ာက္ ထားျခင္း၊ တင္သြင္းျခင္းမ်ား မျဖစ္ေစေရးအတြက္ အထက္ပါသတင္းလႊာ အရ Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳထားသည့္ HS Code 10 digit ျဖင့္ ကုန္စည္လိုင္း(၁၄၆၀)ကို သြင္းကုန္လိုင္စင္ဦးစြာ ေလွ်ာက္ထားၿပီးမွ စိစစ္ခြင့္ျပဳသည့္စနစ္ Non-Automatic Licensing ျဖင့္ ခြင့္ျပဳသြား မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကုန္စည္လိုင္း(၁၄၆၀)လိုင္းတြင္ အက်ဳံးဝင္သည့္ ကုန္စည္မ်ားတင္သြင္းမႈအတြက္ Non-Automatic Licensing စနစ္ျဖင့္ ခြင့္ျပဳထားသည့္ သြင္းကုန္လိုင္စင္မ်ား တင္သြင္းခြင့္ျပဳျခင္းကို လာမည့္ ၾသဂုတ္(၁)ရက္ ေန႔မွစ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ဆိုထား သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ နယ္စပ္ေဒသမွ တင္သြင္းသည့္ ကုန္စည္လိုင္းမ်ား၏ သြင္းကုန္လိုင္စင္ေလွ်ာက္ထားမႈမ်ား အားလုံးကို ၿပီးခဲ့သည့္ဇြန္လ(၂၂)ရက္မွစ၍ Non-Automatic Licensing စနစ္ျဖင့္သာ ခြင့္ျပဳေဆာင္႐ြက္ေပးေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.