KNDF ၊ PDF များက ရှမ်းတောင်ကို စစ်ရေးဖော်ဆောင်ရန် စိမ့်ဝင်လာနေ

 9434

မြူနစ်(NP News) - ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်းကို KNDF နှင့် PDF ပူးပေါင်းအဖွဲ့များ စိမ့်ဝင်လာမှုရှိနေသည့်အတွက် စစ်ရေးအရ သတိပြုရန်လိုအပ်နေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ်ရှိ PNO/PNA ထိန်းချုပ်ရာနယ်မြေများ အတွင်းသို့ KNDF ပူးပေါင်းအဖွဲ့ဝင်များက ဝင်လာရောက်လာကာ လှုပ်ရှားမှုများရှိနေကြောင်း PNO/PNA အဖွဲ့မှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကိုပြောသည်။

“ လက်ရှိက ရှမ်းတောင်လည်း သတိထားရမယ့် အထဲပါတယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ လွိုင်ကော် ဘက်မှာ အင်အားကသိပ်မရှိတော့ဘူးပေါ့နော်။ လွိုင်ကော်ဘက်က KNDF တို့ PDF ပူးပေါင်းအဖွဲ့တွေက စုစည်းပြီးတော့ ကယားပြည်နယ်နဲ့ PNO နယ်မြေ ရှမ်းတောင်အစပ်ပေါ့နော် အဲဒီအစပ်မှာ အခြေချလာတယ်။ တော်တော်လေးများတယ်။ အဲဒီတော့ ရှမ်းပြည်တောင်ပိုင်းဟာ စစ်ရေးအရသတိပြုရမယ့်အချိန်ကိုရောက်နေပြီလို့တော့ ပြောရမယ် ” ဟု PNO/ PNA မှ ထိပ်ပိုင်းအရာရှိက ပြောသည်။

ပြီးခဲ့သော ဇူလိုင်လ (၁၈) ရက်နေ့တွင် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နှင့် ညောင်ရွှေ မြို့နယ်အစပ်ရှိ PNO/ PNA ၏ လွယ်လုံစခန်းကို KNDF ပူးပေါင်းအဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“သူတို့က စစ်ဝတ်စုံနဲ့ဝင်လာတာမဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့ဝင်ထားပြီးတော့မှ စစ်ပွဲတွေကို ဖော်ဆောင်နေတာ။ အရင်နေ့က ညောင်ရွှေမှာဖြစ်တဲ့ တိုက်ပွဲကလည်း အဲဒီလိုမျိုးပဲလုပ်သွားတာ။ သူတို့ တွေက ရွာသားပုံစံနေထားပြီးတော့မှ လက်နက်မပါဘူးပေါ့။ ပြီးတော့မှ ရွာသားပုံစံကနေ စစ်သား ဖြစ်သွားတာပေါ့။ အဲဒီတော့ သတိထားနေရတယ်။ သူတို့က ကယားပြည်နယ်ကို စစ်ရေးလျှော့ထားပြီး တော့မှ ရှမ်းတောင်ကို ဦးတည်လာမယ့်အနေအထားကို မြင်နေရတယ်”ဟု PNO/PNA ထိပ်ပိုင်း အရာရှိ က ဆက်လက်ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အစပ်၌ PNO/PNA အဖွဲ့နှင့် KNDF ပူးပေါင်းအဖွဲ့များအကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ စစ်ရေးတင်းမာနေလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း သိရသည်။

KNDF/ PDF / PNLA ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သော ဇန်နဝါရီလအတွင်း၌ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများကို အပြင်းအထန် ဖော်ဆောင်ခဲ့သည့်အတွက် ဆီဆိုင်မြို့၏ လူနေအ ဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

zawgyi version
KNDF ၊ PDF မ်ားက ရွမ္းေတာင္ကို စစ္ေရးေဖာ္ေဆာင္ရန္ စိမ့္ဝင္လာေန
ျမဴနစ္(NP News) - ဇူလိုင္ ၂၁

ရွမ္းျပည္နယ္ေတာင္ပိုင္းကို KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ား စိမ့္ဝင္လာမႈရွိေနသည့္အတြက္ စစ္ေရးအရ သတိျပဳရန္လိုအပ္ေနေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO/PNA)က ဆိုသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ ကယားျပည္နယ္အစပ္ရွိ PNO/PNA ထိန္းခ်ဳပ္ရာနယ္ေျမမ်ား အတြင္းသို႔ KNDF ပူးေပါင္းအဖြဲ႕ဝင္မ်ားက ဝင္လာေရာက္လာကာ လႈပ္ရွားမႈမ်ားရွိေနေၾကာင္း PNO/PNA အဖြဲ႕မွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကိုေျပာသည္။

“ လက္ရွိက ရွမ္းေတာင္လည္း သတိထားရမယ့္ အထဲပါတယ္။ ဘယ္လိုျဖစ္လာလဲဆိုေတာ့ လြိဳင္ေကာ္ ဘက္မွာ အင္အားကသိပ္မရွိေတာ့ဘူးေပါ့ေနာ္။ လြိဳင္ေကာ္ဘက္က KNDF တို႔ PDF ပူးေပါင္းအဖြဲ႕ေတြက စုစည္းၿပီးေတာ့ ကယားျပည္နယ္နဲ႔ PNO နယ္ေျမ ရွမ္းေတာင္အစပ္ေပါ့ေနာ္ အဲဒီအစပ္မွာ အေျခခ်လာတယ္။ ေတာ္ေတာ္ေလးမ်ားတယ္။ အဲဒီေတာ့ ရွမ္းျပည္ေတာင္ပိုင္းဟာ စစ္ေရးအရသတိျပဳရမယ့္အခ်ိန္ကိုေရာက္ေနၿပီလို႔ေတာ့ ေျပာရမယ္ ” ဟု PNO/ PNA မွ ထိပ္ပိုင္းအရာရွိက ေျပာသည္။

ၿပီးခဲ့ေသာ ဇူလိုင္လ (၁၈) ရက္ေန႔တြင္ ရွမ္း ျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္ႏွင့္ ေညာင္ေ႐ႊ ၿမိဳ႕နယ္အစပ္ရွိ PNO/ PNA ၏ လြယ္လုံစခန္းကို KNDF ပူးေပါင္းအဖြဲ႕ဝင္မ်ားက အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္း ၎ကဆိုသည္။

“သူတို႔က စစ္ဝတ္စုံနဲ႔ဝင္လာတာမဟုတ္ဘူး။ အရပ္ဝတ္ေတြနဲ႔ဝင္ထားၿပီးေတာ့မွ စစ္ပြဲေတြကို ေဖာ္ေဆာင္ေနတာ။ အရင္ေန႔က ေညာင္ေ႐ႊမွာျဖစ္တဲ့ တိုက္ပြဲကလည္း အဲဒီလိုမ်ိဳးပဲလုပ္သြားတာ။ သူတို႔ ေတြက ႐ြာသားပုံစံေနထားၿပီးေတာ့မွ လက္နက္မပါဘူးေပါ့။ ၿပီးေတာ့မွ ႐ြာသားပုံစံကေန စစ္သား ျဖစ္သြားတာေပါ့။ အဲဒီေတာ့ သတိထားေနရတယ္။ သူတို႔က ကယားျပည္နယ္ကို စစ္ေရးေလွ်ာ့ထားၿပီး ေတာ့မွ ရွမ္းေတာင္ကို ဦးတည္လာမယ့္အေနအထားကို ျမင္ေနရတယ္”ဟု PNO/PNA ထိပ္ပိုင္း အရာရွိ က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ဆီဆိုင္ၿမိဳ႕နယ္အစပ္၌ PNO/PNA အဖြဲ႕ႏွင့္ KNDF ပူးေပါင္းအဖြဲ႕မ်ားအၾကားတြင္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားကာ စစ္ေရးတင္းမာေနလ်က္ရွိၿပီး ေဒသခံျပည္သူမ်ားအေနျဖင့္လည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရေၾကာင္း သိရသည္။

KNDF/ PDF / PNLA ပူးေပါင္းအဖြဲ႕တို႔သည္ ၿပီးခဲ့ေသာ ဇန္နဝါရီလအတြင္း၌ ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားကို အျပင္းအထန္ ေဖာ္ေဆာင္ခဲ့သည့္အတြက္ ဆီဆိုင္ၿမိဳ႕၏ လူေနအ ေဆာက္အအုံမ်ားစြာ ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့သည္။

Related news

© 2021. All rights reserved.