တောင်အာဖရိကမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ မူးယစ်ဓာတ်ခွဲခန်းကို ရဲတပ်ဖွဲ့ကတွေ့ရှိဖမ်းမိ

 1984

ရောင်နီ(NP News) - ဇူလိုင် ၂၂

တောင်အာဖရိက ရဲတပ်ဖွဲ့ဟာ နိုင်ငံရဲ့မြောက်ပိုင်း၊ ဂရိုဘလာစ်ဒယ်လ်မြို့မှာ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိမယ့် မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မက္ကဆီကို နိုင်ငံသားနှစ်ဦးအပါအဝင် လူလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုကို တောင်အာဖရိကရဲဌာန (SAPS) နဲ့ Hawks လို့ လူသိများတဲ့ ဦးစားပေး ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်းပြီး ဂရိုဘလာစ်ဒယ်လ်မြို့မှ သံသယရှိခြံထဲကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ မူးယစ်ဓာတ်ခွဲခန်းမှာ acetone၊ crystal meth အပါအဝင် တရားမဝင် မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖို့ အသုံးပြုတဲ့ဓာတု ပစ္စည်း အမြောက်အများရှာဖွေတွေ့ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး တောင်အာဖရိက rand (၂)ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၄ သန်း)ထိ ရှိမယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ သံသယရှိသူလေးဦးမှာ ခြံပိုင်ရှင် နဲ့ မက္ကဆီကိုနိုင်ငံသား နှစ်ဦးတို့ပါဝင်ပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ တောင်အာဖရိကဈေးကွက်မှာ ရောင်းချဖို့ ဟုတ်၊ မဟုတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သံသယရှိသူတွေကို တနင်္လာနေ့(ဇူလိုင်လ ၂၂ ရက်)မှာ ဂရိုဘလာစ်ဒယ်လ် မက်ဂီစထရိတ်တရားရုံးမှာ တရားမ၀င်မူးယစ်ဆေးဝါး ထုတ် လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနဲ့ လက်ဝယ်ထားရှိမှုစွဲချက် နဲ့ ရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဒီအမှုဟာ တောင်အာဖရိကမှာ မူးယစ်အမှုတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေပြုလုပ်နေချိန်မှာတွေ့ရှိလာတဲ့ အကြီးဆုံးအမှုတစ်ခုဖြစ်ပါတယ်။

zawgyi version
ေတာင္အာဖရိကမွာ ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ မူးယစ္ဓာတ္ခြဲခန္းကို ရဲတပ္ဖြဲ႕ကေတြ႕ရွိဖမ္းမိ
ေရာင္နီ(NP News) - ဇူလိုင္ ၂၂

ေတာင္အာဖရိက ရဲတပ္ဖြဲ႕ဟာ ႏိုင္ငံရဲ႕ေျမာက္ပိုင္း၊ ဂ႐ိုဘလာစ္ဒယ္လ္ၿမိဳ႕မွာ ေဒၚလာသန္းေပါင္းမ်ားစြာတန္ဖိုးရွိမယ့္ မူးယစ္ေဆးဝါးထုတ္လုပ္ေနတဲ့ ဓာတ္ခြဲခန္းတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၿပီး မကၠဆီကို ႏိုင္ငံသားႏွစ္ဦးအပါအဝင္ လူေလးဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ဒီအမႈကို ေတာင္အာဖရိကရဲဌာန (SAPS) နဲ႔ Hawks လို႔ လူသိမ်ားတဲ့ ဦးစားေပး ရာဇ၀တ္မႈစုံစမ္းစစ္ေဆးေရး ၫႊန္ၾကားေရးမႉး႐ုံးတို႔ ပူးေပါင္းၿပီး ဂ႐ိုဘလာစ္ဒယ္လ္ၿမိဳ႕မွ သံသယရွိၿခံထဲကို ဝင္ေရာက္စီးနင္းရွာေဖြခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါ မူးယစ္ဓာတ္ခြဲခန္းမွာ acetone၊ crystal meth အပါအဝင္ တရားမဝင္ မူးယစ္ေဆးဝါးေတြ ထုတ္လုပ္ဖို႔ အသုံးျပဳတဲ့ဓာတု ပစၥည္း အေျမာက္အမ်ားရွာေဖြေတြ႕ရွိခဲ့ၿပီး ခန႔္မွန္းတန္ဖိုး ေတာင္အာဖရိက rand (၂)ဘီလ်ံ (အေမရိကန္ေဒၚလာ ၁၀၉ ဒသမ ၄ သန္း)ထိ ရွိမယ္လို႔ သိရပါတယ္။

ဖမ္းဆီးထားတဲ့ သံသယရွိသူေလးဦးမွာ ၿခံပိုင္ရွင္ နဲ႔ မကၠဆီကိုႏိုင္ငံသား ႏွစ္ဦးတို႔ပါဝင္ၿပီး သိမ္းဆည္းရမိတဲ့ မူးယစ္ေဆးဝါးေတြဟာ ေတာင္အာဖရိကေဈးကြက္မွာ ေရာင္းခ်ဖို႔ ဟုတ္၊ မဟုတ္ကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သံသယရွိသူေတြကို တနလၤာေန႔(ဇူလိုင္လ ၂၂ ရက္)မွာ ဂ႐ိုဘလာစ္ဒယ္လ္ မက္ဂီစထရိတ္တရား႐ုံးမွာ တရားမ၀င္မူးယစ္ေဆးဝါး ထုတ္ လုပ္ျခင္း၊ ေရာင္းဝယ္ျခင္းနဲ႔ လက္ဝယ္ထားရွိမႈစြဲခ်က္ နဲ႔ ႐ုံးထုတ္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ ဒီအမႈဟာ ေတာင္အာဖရိကမွာ မူးယစ္အမႈေတြကို ပိုက္စိပ္တိုက္ရွာေဖြမႈေတြျပဳလုပ္ေနခ်ိန္မွာေတြ႕ရွိလာတဲ့ အႀကီးဆုံးအမႈတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.