အင်ဒိုနီးရှား မြန်နှုန်းမြင့်ရထား Whoosh ဟာ အစိုးရရဲ့ကုန်ကျစရိတ်တွေကို ပြန်လည်ဖာထေးနိုင်စေခဲ့ကြောင်း စီးပွားရေးဝန်ကြီးပြော

 995

ရောင်နီ (NP News) - ဇူလိုင် ၂၃

အင်ဒိုနီးရှားမှာရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံး အမြန်ရထားလမ်းစီမံကိန်း Whoosh ဟာ အစိုးရပိုင် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဆိုင်ရာမှာ ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အစိုးရရဲ့ လောင်စာဆီအတွက် ကုန်ကျစရိတ်ကို ရူပီယာ ထရီလီယံပေါင်းများစွာကို ချွေတာပေးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဝန်ကြီး အဲရစ်ခ်ဟောဟာက ပြောကြားခဲ့ပါတယ်။

Whoosh ရထားဟာ ဂျာကာတာ နဲ့ ဘန်ဒေါင်းကြား ခရီးသွားချိန်ကို လျှော့ချပေးရုံသာမက၊ စွမ်းအင်ကိုလည်း ထိထိရောက်ရောက် လျှော့ချပေးနိုင်တယ်လို့ မစ္စတာအဲရစ်က ပြောကြားပါတယ်။ လျှပ်စစ်ဓာတ်အား အသုံးပြုသွားလာခြင်းဖြစ်တာကြောင့် ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းဟာ တစ်နှစ်ကို လောင်စာဆီ (စရိတ်စက) ၃.၂ ထရီလီယံ ရူပီယာ (အမေရိကန်ဒေါ်လာ ၁၉၇ သန်း) ထိ သက်သာစေတယ်"လို့ မစ္စတာအဲရစ်ခ်က စနေနေ့ (ဇူလိုင် ၂ဝ ရက်) မှာ အင်စတာဂရမ်ပို့စ်တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရထားလမ်းကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအစောပိုင်းအထိအတွင်း ခရီးသည် ပမာဏ လေးသန်းပျော်ကို သယ်ယူပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွား ျမန္ႏႈန္းျမင့္ရထား Whoosh ဟာ အစိုးရရဲ႕ကုန္က်စရိတ္ေတြကို ျပန္လည္ဖာေထးႏိုင္ေစခဲ့ေၾကာင္း စီးပြားေရးဝန္ႀကီးေျပာ
ေရာင္နီ (NP News) - ဇူလိုင္ ၂၃

အင္ဒိုနီးရွားမွာရွိတဲ့ အေရွ႕ေတာင္အာရွရဲ႕ ပထမဆုံး အျမန္ရထားလမ္းစီမံကိန္း Whoosh ဟာ အစိုးရပိုင္ ေဆာက္လုပ္ေရးလုပ္ငန္းပိုင္းဆိုင္ရာမွာ ေငြေၾကးဆုံးရႈံးမႈေတြ ႀကဳံေတြ႕ခဲ့ရေပမယ့္ အစိုးရရဲ႕ ေလာင္စာဆီအတြက္ ကုန္က်စရိတ္ကို ႐ူပီယာ ထရီလီယံေပါင္းမ်ားစြာကို ေခြၽတာေပးႏိုင္ခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းဝန္ႀကီး အဲရစ္ခ္ေဟာဟာက ေျပာၾကားခဲ့ပါတယ္။

Whoosh ရထားဟာ ဂ်ာကာတာ နဲ႔ ဘန္ေဒါင္းၾကား ခရီးသြားခ်ိန္ကို ေလွ်ာ့ခ်ေပး႐ုံသာမက၊ စြမ္းအင္ကိုလည္း ထိထိေရာက္ေရာက္ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ မစၥတာအဲရစ္က ေျပာၾကားပါတယ္။ လွ်ပ္စစ္ဓာတ္အား အသုံးျပဳသြားလာျခင္းျဖစ္တာေၾကာင့္ ဂ်ာကာတာ-ဘန္ေဒါင္း အျမန္ရထားလမ္းဟာ တစ္ႏွစ္ကို ေလာင္စာဆီ (စရိတ္စက) ၃.၂ ထရီလီယံ ႐ူပီယာ (အေမရိကန္ေဒၚလာ ၁၉၇ သန္း) ထိ သက္သာေစတယ္"လို႔ မစၥတာအဲရစ္ခ္က စေနေန႔ (ဇူလိုင္ ၂ဝ ရက္) မွာ အင္စတာဂရမ္ပို႔စ္တစ္ခုမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဆိုပါ ရထားလမ္းကို တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ လမွ ၂၀၂၄ ခုႏွစ္ ဇူလိုင္လအေစာပိုင္းအထိအတြင္း ခရီးသည္ ပမာဏ ေလးသန္းေပ်ာ္ကို သယ္ယူပို႔ေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.