မြစ်များအတွင်းရှိ ငါးသယံဇာတများကိုလည်း မှတ်တမ်းမှတ်ရာများလုပ်ရန် လိုအပ်နေ

 478

စော (NP News) - ဇူလိုင် ၂၄

မြစ်များအတွင်းရှိ ငါးသယံဇာတများကိုလည်း မှတ်တမ်းမှတ်ရာများလုပ်ရန် လိုအပ်သည့်အပြင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကိုလည်း အားပေးသင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ဦးက NP News ကို ပြောသည်။

ငါးသယံဇာတအရင်းအမြစ်များအား ‌ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ ငါးမျိုးစိတ်များ ပြန်လည်တိုးပွားလာရေး၊ ငါးဖမ်းလုပ်ငန်းများ ရေရှည် ဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် ငါးမဖမ်းရ ရာသီ နှင့် ငါးမဖမ်းရဧရိယာအဖြစ် နှစ်စဉ်နှစ်တိုင်း သတ်မှတ်လျက်ရှိသည်။

“ ရှိပြီးသား ငါးသယံဇာတတွေထဲမှာ မှတ်တမ်းမှတ်ရာလိုပါတယ်။ ဘာတွေလဲဆိုတော့ တက္ကသိုလ်ဌာနတွေက လုပ်နေတာတွေရှိတယ်။ တကယ်တမ်းပြောရင် သီးသန့် မဟုတ်တောင်မှ ဌာန ကလူလုပ်နေတဲ့ဟာတွေကို အားပေး‌အားမြှောက် ပြုနိုင်ရင်ကို မဆိုးဘူး။ အဲဒါအပြင် Academic sea ကိုလည်း အားပေးအားမြှောက်ပြုရမယ်။ သီးသန့်တခြားစိတ်ဝင်စားနိုင်တဲ့ NGO တွေ၊ Local အဖွဲ့ အစည်းပေါ့။ အဲဒါတွေကိုလည်း အားပေးအားမြှောက်ပြုရမယ်” ဟု ၎င်းက အကြံပြုတိုက်တွန်း ပြောဆိုထားသည်။

ငါးမွေးမြူလုပ်ငန်းများတွင် ငါးအမျိုးအစား မှတ်တမ်းများရှိနိုင်သော်လည်း မြစ်များရှိ ဒေသမျိုးရင်းငါးများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာမရှိသေးကြောင်း သိရသည်။

“သူတို့ကျက်စားတတ်တဲ့ နေရာတွေပေါ်မှာ ဧရာဝတီမြစ်တစ်ကြောင်းမှာ သူ့နေရာနဲ့သူ ပေါများတဲ့ အုပ်လိုက်ရှိတဲ့ ငါးအမျိုးအစားတွေ သူနေရာနဲ့သူရှိတယ်။ အဲဒီဟာတွေကို စပြီး မှတ်တမ်းမှတ်ရာ တွေကို Data source ပေါ့။ လုပ်သင့်တယ်။ မြစ်နဲ့ပတ်သက်ရင်ကျ အဲဒီလိုမျိုးမှတ်တမ်းမှတ်ရာတွေကို မရှိ သေးဘူး။ အရင်တုန်းက Academic sea က လုပ်ကြတာတွေရှိတယ်။ မျိုးရင်းအသစ်၊ မျိုးစိတ်အသစ်တွေ့ရင် အဲဒီဟာကိုလိုက်ပြီး သူတို့ဘာသာ မှတ်တမ်းမှတ်ရာ လုပ်တာရှိတယ်။ သူတို့ကို ထောက်ပံ့ပေးဖို့ မရှိ ဘူး။ မရှိတော့ သူတို့လုပ်နိုင်တဲ့အတိုင်းအတာ လေးသေးသေးလေးတွေနဲ့ ပျောက်သွားတယ်။ ဒါတွေကို အားပေးရမှာ”ဟု ၎င်းက ဆက်လက်ပြော သည်။

မြန်မာနိုင်ငံရှိ ဒေသမျိုးရင်း ငါးများနည်းပါးလာရခြင်း အ ကြောင်းအရင်းအများအပြားရှိ၍ အဆိုပါအကြောင်းအရင်းများထဲမှ ငါးနေငါးထိုင်ပျောက်ခြင်းတွင် ကမ်းပါးများပြိုခြင်း၊ တရားမဝင်ရှော့တိုက် ငါးဖမ်းခြင်း၊ တရားမဝင်သတ္တုတူးဖော်ခြင်းတို့ကြောင့် နောက်ဆက်တွဲ အကျိုး ဆက်အနေဖြင့် မြစ်သယံဇာတထိခိုက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

zawgyi version
ျမစ္မ်ားအတြင္းရွိ ငါးသယံဇာတမ်ားကိုလည္း မွတ္တမ္းမွတ္ရာမ်ားလုပ္ရန္ လိုအပ္ေန
ေစာ (NP News) - ဇူလိုင္ ၂၄

ျမစ္မ်ားအတြင္းရွိ ငါးသယံဇာတမ်ားကိုလည္း မွတ္တမ္းမွတ္ရာမ်ားလုပ္ရန္ လိုအပ္သည့္အျပင္ လုပ္ေဆာင္ေနသည့္ အဖြဲ႕အစည္းမ်ားကိုလည္း အားေပးသင့္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးတက္ႂကြလႈပ္ရွားသူတစ္ဦးက NP News ကို ေျပာသည္။

ငါးသယံဇာတအရင္းအျမစ္မ်ားအား ‌ေရရွည္တည္တံ့စြာ အသုံးျပဳႏိုင္ေရး၊ ငါးမ်ိဳးစိတ္မ်ား ျပန္လည္တိုးပြားလာေရး၊ ငါးဖမ္းလုပ္ငန္းမ်ား ေရရွည္ ဖမ္းဆီးထုတ္လုပ္ႏိုင္ေရးအတြက္ ငါးမဖမ္းရ ရာသီ ႏွင့္ ငါးမဖမ္းရဧရိယာအျဖစ္ ႏွစ္စဥ္ႏွစ္တိုင္း သတ္မွတ္လ်က္ရွိသည္။

“ ရွိၿပီးသား ငါးသယံဇာတေတြထဲမွာ မွတ္တမ္းမွတ္ရာလိုပါတယ္။ ဘာေတြလဲဆိုေတာ့ တကၠသိုလ္ဌာနေတြက လုပ္ေနတာေတြရွိတယ္။ တကယ္တမ္းေျပာရင္ သီးသန႔္ မဟုတ္ေတာင္မွ ဌာန ကလူလုပ္ေနတဲ့ဟာေတြကို အားေပး‌အားေျမႇာက္ ျပဳႏိုင္ရင္ကို မဆိုးဘူး။ အဲဒါအျပင္ Academic sea ကိုလည္း အားေပးအားေျမႇာက္ျပဳရမယ္။ သီးသန႔္တျခားစိတ္ဝင္စားႏိုင္တဲ့ NGO ေတြ၊ Local အဖြဲ႕ အစည္းေပါ့။ အဲဒါေတြကိုလည္း အားေပးအားေျမႇာက္ျပဳရမယ္” ဟု ၎က အႀကံျပဳတိုက္တြန္း ေျပာဆိုထားသည္။

ငါးေမြးျမဴလုပ္ငန္းမ်ားတြင္ ငါးအမ်ိဳးအစား မွတ္တမ္းမ်ားရွိႏိုင္ေသာ္လည္း ျမစ္မ်ားရွိ ေဒသမ်ိဳးရင္းငါးမ်ားႏွင့္ပတ္သက္၍ မွတ္တမ္းမွတ္ရာမရွိေသးေၾကာင္း သိရသည္။

“သူတို႔က်က္စားတတ္တဲ့ ေနရာေတြေပၚမွာ ဧရာဝတီျမစ္တစ္ေၾကာင္းမွာ သူ႔ေနရာနဲ႔သူ ေပါမ်ားတဲ့ အုပ္လိုက္ရွိတဲ့ ငါးအမ်ိဳးအစားေတြ သူေနရာနဲ႔သူရွိတယ္။ အဲဒီဟာေတြကို စၿပီး မွတ္တမ္းမွတ္ရာ ေတြကို Data source ေပါ့။ လုပ္သင့္တယ္။ ျမစ္နဲ႔ပတ္သက္ရင္က် အဲဒီလိုမ်ိဳးမွတ္တမ္းမွတ္ရာေတြကို မရွိ ေသးဘူး။ အရင္တုန္းက Academic sea က လုပ္ၾကတာေတြရွိတယ္။ မ်ိဳးရင္းအသစ္၊ မ်ိဳးစိတ္အသစ္ေတြ႕ရင္ အဲဒီဟာကိုလိုက္ၿပီး သူတို႔ဘာသာ မွတ္တမ္းမွတ္ရာ လုပ္တာရွိတယ္။ သူတို႔ကို ေထာက္ပံ့ေပးဖို႔ မရွိ ဘူး။ မရွိေတာ့ သူတို႔လုပ္ႏိုင္တဲ့အတိုင္းအတာ ေလးေသးေသးေလးေတြနဲ႔ ေပ်ာက္သြားတယ္။ ဒါေတြကို အားေပးရမွာ”ဟု ၎က ဆက္လက္ေျပာ သည္။

ျမန္မာႏိုင္ငံရွိ ေဒသမ်ိဳးရင္း ငါးမ်ားနည္းပါးလာရျခင္း အ ေၾကာင္းအရင္းအမ်ားအျပားရွိ၍ အဆိုပါအေၾကာင္းအရင္းမ်ားထဲမွ ငါးေနငါးထိုင္ေပ်ာက္ျခင္းတြင္ ကမ္းပါးမ်ားၿပိဳျခင္း၊ တရားမဝင္ေရွာ့တိုက္ ငါးဖမ္းျခင္း၊ တရားမဝင္သတၱဳတူးေဖာ္ျခင္းတို႔ေၾကာင့္ ေနာက္ဆက္တြဲ အက်ိဳး ဆက္အေနျဖင့္ ျမစ္သယံဇာတထိခိုက္လာျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.