BTS အဖွဲ့ဝင်ဂျောင်ကွတ်ရဲ့ 'Golden Moments' ပြပွဲကို ဆိုးလ်မြို့မှာ ကျင်းပမည်

 167

Pika (NP News) - ဇူလိုင် ၂၅

HYBEကုမ္ပဏီ၏ ပြပွဲအမှတ်တံဆိပ် HYBE INSIGHTသည် "Jungkook Exhibition 'GOLDEN: The Moments' ခေါင်းစဉ်ဖြင့် ပြပွဲကို လာမည့်ဩဂုတ်လ(၃၀)ရက်မှ စက်တင်ဘာလ(၂၂)ရက်အထိ ဆိုးလ်မြို့ Myeong-dong ဧရိယာရှိ Le Méridien Moxy တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Le Méridien Moxy ၏ ပထမထပ်နှင့် ဒုတိယထပ်တွင် ပြသမည့် အဆိုပါပြပွဲသည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် BTS အဖွဲ့ဝင်ဂျောင်ကွတ်၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် "GOLDEN" ထွက်ရှိချိန်မှစတင်ပြီး ၎င်း၏ ခရီးလမ်းကို အမှတ်ရစေရန်အတွက် ဒီဇိုင်းထုတ်ထားသော ပွဲတစ်ပွဲဖြစ်ကြောင်းလည်း သိရသည်။ ပြပွဲအတွင်း ဂျောင်ကွတ်၏ တစ်ကိုယ်တော်အယ်လ်ဘမ်လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အမျိုးမျိုးသောပုံစံများကို ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဂျောင်ကွတ်၏ အယ်လ်ဘမ်ပရိုးမိုးရှင်းအတွင်း ရရှိခဲ့သောဆုများနှင့် မထုတ်ပြန်ရသေးသော ဓါတ်ပုံများကို လည်း ပြပွဲအတွင်းပြသသွားမည်ဖြစ်သည်။ ပြပွဲအတွက် လက်မှတ်များကို လာမည့်ဇူလိုင်လ(၃၀)ရက် နံနက် (၁၁)နာရီအချိန်မှစတင်ပြီး Interpark Tickets ပေ့ချ်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ ဝမ်(၃၅၀၀၀) ဖြစ်ကြောင်း သိရသည်။ limited edition Jungkook Music Frame ပက်ကေ့ချ်လက်မှတ်များကို ဝမ် (၆၉၉၀၀၀) ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
BTS အဖြဲ႕ဝင္ေဂ်ာင္ကြတ္ရဲ႕ 'Golden Moments' ျပပြဲကို ဆိုးလ္ၿမိဳ႕မွာ က်င္းပမည္
Pika (NP News) - ဇူလိုင္ ၂၅

HYBEကုမၸဏီ၏ ျပပြဲအမွတ္တံဆိပ္ HYBE INSIGHTသည္ "Jungkook Exhibition 'GOLDEN: The Moments' ေခါင္းစဥ္ျဖင့္ ျပပြဲကို လာမည့္ဩဂုတ္လ(၃၀)ရက္မွ စက္တင္ဘာလ(၂၂)ရက္အထိ ဆိုးလ္ၿမိဳ႕ Myeong-dong ဧရိယာရွိ Le Méridien Moxy တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Le Méridien Moxy ၏ ပထမထပ္ႏွင့္ ဒုတိယထပ္တြင္ ျပသမည့္ အဆိုပါျပပြဲသည္ ၿပီးခဲ့သည့္ႏွစ္ႏိုဝင္ဘာလတြင္ BTS အဖြဲ႕ဝင္ေဂ်ာင္ကြတ္၏ ပထမဆုံးတစ္ကိုယ္ေတာ္အယ္လ္ဘမ္ "GOLDEN" ထြက္ရွိခ်ိန္မွစတင္ၿပီး ၎၏ ခရီးလမ္းကို အမွတ္ရေစရန္အတြက္ ဒီဇိုင္းထုတ္ထားေသာ ပြဲတစ္ပြဲျဖစ္ေၾကာင္းလည္း သိရသည္။ ျပပြဲအတြင္း ေဂ်ာင္ကြတ္၏ တစ္ကိုယ္ေတာ္အယ္လ္ဘမ္လႈပ္ရွားမႈမ်ားႏွင့္ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာပုံစံမ်ားကို ျပသသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ေဂ်ာင္ကြတ္၏ အယ္လ္ဘမ္ပ႐ိုးမိုးရွင္းအတြင္း ရရွိခဲ့ေသာဆုမ်ားႏွင့္ မထုတ္ျပန္ရေသးေသာ ဓါတ္ပုံမ်ားကို လည္း ျပပြဲအတြင္းျပသသြားမည္ျဖစ္သည္။ ျပပြဲအတြက္ လက္မွတ္မ်ားကို လာမည့္ဇူလိုင္လ(၃၀)ရက္ နံနက္ (၁၁)နာရီအခ်ိန္မွစတင္ၿပီး Interpark Tickets ေပ့ခ်္တြင္ စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ေဈးႏႈန္းမွာ ဝမ္(၃၅၀၀၀) ျဖစ္ေၾကာင္း သိရသည္။ limited edition Jungkook Music Frame ပက္ေက့ခ်္လက္မွတ္မ်ားကို ဝမ္ (၆၉၉၀၀၀) ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.