မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်

 1592

ယွန်း(NP News) - ဇူလိုင် ၂၅

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်ခရီးစဥ်တွင် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြီးခဲ့သည့် ဇူလိုင်လ(၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ(၅)နိုင်ငံ၏ အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ် ကြွယ်ဝသော အခြေခံကောင်းများရှိသည့် နိုင်ငံဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအလားအလာကောင်းမွန်သည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် ‌တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ (၁၀) နိုင်ငံနှင့် တောင်အာရှ (၈) နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ဇူလိုင်လ (၂၃)ရက်မှ ဇူလိုင်လ(၂၈)ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း(၈၂) နိုင်ငံမှ ကုမ္ပဏီပေါင်း(၂၀၀၀)ကျော်က ပြခန်းပေါင်း (၈၀၀)ကျော် ပါဝင်ပြသလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်စည် ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ (၂၄) ခုက ပြခန်းပေါင်း (၂၆)ခု ပါဝင်ပြသလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်−တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုျပဳလုပ္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးကတ႐ုတ္ခရီးစဥ္တြင္ဖိတ္ေခၚ
ယြန္း(NP News) - ဇူလိုင္ ၂၅

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားပိုမိုျပဳလုပ္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက တ႐ုတ္ခရီးစဥ္တြင္ ဖိတ္ေခၚမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံျခား ေရးဝန္ႀကီးဌာနထံမွ သိရသည္။

ဒုတိယဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ၿပီးခဲ့သည့္ ဇူလိုင္လ(၂၃)ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕တြင္ က်င္းပခဲ့သည့္ (၈) ႀကိမ္ေျမာက္ တ႐ုတ္-ေတာင္အာရွကုန္စည္ျပပြဲႏွင့္ (၂၈) ႀကိမ္ေျမာက္ တ႐ုတ္ (ကူမင္း) ပို႔ကုန္/သြင္းကုန္ျပပြဲ ဖြင့္ပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံ(၅)ႏိုင္ငံ၏ အလယ္တြင္ရွိၿပီး သဘာဝသယံဇာတႏွင့္ လူသားအရင္းအျမစ္ ႂကြယ္ဝေသာ အေျခခံေကာင္းမ်ားရွိသည့္ ႏိုင္ငံျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈအလားအလာေကာင္းမြန္သည့္ ႏိုင္ငံျဖစ္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ ‌ေတာင္အာရွႏိုင္ငံမ်ားအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေပါင္းစပ္ေပးႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုျပဳလုပ္သြားရန္ ဖိတ္ေခၚလိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါ ကုန္စည္ျပပြဲကို အေရွ႕ေတာင္အာရွ (၁၀) ႏိုင္ငံႏွင့္ ေတာင္အာရွ (၈) ႏိုင္ငံတို႔မွ အစိုးရကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၿပီး ျပပြဲကို ဇူလိုင္လ (၂၃)ရက္မွ ဇူလိုင္လ(၂၈)ရက္အထိ က်င္းပလ်က္ရွိကာ ႏိုင္ငံေပါင္း(၈၂) ႏိုင္ငံမွ ကုမၸဏီေပါင္း(၂၀၀၀)ေက်ာ္က ျပခန္းေပါင္း (၈၀၀)ေက်ာ္ ပါဝင္ျပသလ်က္ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။ ကုန္စည္ ျပပြဲ၌ ျမန္မာႏိုင္ငံမွ ကုမၸဏီ (၂၄) ခုက ျပခန္းေပါင္း (၂၆)ခု ပါဝင္ျပသလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

တ႐ုတ္−ေတာင္အာရွ ကုန္စည္ျပပြဲကို တ႐ုတ္ႏိုင္ငံႏွင့္ ေတာင္အာရွႏိုင္ငံမ်ားအၾကား ကုန္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုတိုးျမင့္ေစေရးႏွင့္ ျပည္သူမ်ားအၾကား ကူးလူးဆက္ဆံမႈ ပိုမိုမ်ားျပားလာေစေရး ရည္႐ြယ္ခ်က္မ်ားျဖင့္ ၂၀၁၃ ခုႏွစ္မွစတင္၍ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕၌ က်င္းပခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.