အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမတိုင်ခင် ပြင်သစ်နိုင်ငံရှိ မီးရထားလမ်းတွေ တိုက်ခိုက်ခံရပြီး လူပေါင်း ၈ သိန်းကျော် အခက်အခဲဖြစ်ခဲ့ဟုဆို

 2780

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇

ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ပြင်သစ် အမြန်မီးရထားကွန်ရက် အတိုက်ခိုက်ခံရပြီး လူပေါင်း ၁ သန်းနီးပါး ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။ မီးရှို့တိုက်ခိုက်သူတွေဟာ သြဂုတ် ၂၆ ရက်က ပဲရစ်မြို့ရှိ အမြန်မီးရထားလမ်းကို တိုက်ခိုက်ခဲ့ရာ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲကို သွားရောက်မယ့်သူပေါင်းများစွာ အခက်အခဲဖြစ်ခဲ့ရကြောင်း သိရပါတယ်။

အဆိုပါမီးရှို့တိုက်ခိုက်သူတွေဟာ မီးရထားလမ်းကြောင်းကွန်ရက်တွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲရစ်မြို့တော်ဝန်ဟီဒယ်ဂိုကတော့ ပဲရစ်မြို့ အမြန်မီးရထားလမ်းကွန်ရက်ကို ပစ်မှတ် ထားပြီး မီးရှို့တိုက်ခိုက်တာတွေရှိခဲ့ပေမယ့် အားကစားပေါင်း ၇၀၀၀ ပါဝင်ယှဉ်ပြိုင်မယ့် ပဲရစ်မြို့အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို သက်ရောက်မှုမရှိခဲ့ကြောင်း၊ မီးရှို့တိုက်ခိုက်ခြင်းကြောင့် ဒဏ်ရာရသူတွေလည်း မရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပဲရစ်မြို့ကို သွားရောက်မယ့် မီးရထားလမ်းသုံးလမ်းအနီးမှာ မီးရှို့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ခရီးစဉ်တွေ နှောင့်နှေးခဲ့ရကြောင်း၊ မီးရှို့တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က မီးရထားလမ်းတွေကို ဘာကြောင့်တိုက်ခိုက်ရသလဲဆိုတဲ့အချက်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိသလို အဲဒီတိုက်ခိုက်မှုတွေဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲနဲ့ ဆက်နွယ်မှု ရှိ/မရှိ ဆိုတာကို အတိအကျ မပြောနိုင်သေးကြောင်း ပြောပါတယ်။

မီးရထားကုမ္ပဏီတစ်ခုဖြစ်တဲ့ SNCF ရဲ့ စီအီးအိုတစ်ဦးဖြစ်တဲ့ Jean-Pierre Farandou က "မီးရထားလမ်းတွေနဲ့ မီးရထားလမ်းအနီးမှာဖြစ်ပွားတဲ့ မီးရှို့တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၈ သိန်းထိခိုက်ခဲ့ရတယ်" လို့ပြောပါတယ်။

Zawgyi Version;
အိုလံပစ္ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားမတိုင္ခင္ ျပင္သစ္ႏိုင္ငံရွိ မီးရထားလမ္းေတြ တိုက္ခိုက္ခံရၿပီး လူေပါင္း ၈ သိန္းေက်ာ္ အခက္အခဲျဖစ္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇

ျပင္သစ္ႏိုင္ငံမွာက်င္းပမယ့္ ပဲရစ္အိုလံပစ္ၿပိဳင္ပြဲဖြင့္ပြဲမတိုင္ခင္ နာရီပိုင္းအလိုမွာ ျပင္သစ္ အျမန္မီးရထားကြန္ရက္ အတိုက္ခိုက္ခံရၿပီး လူေပါင္း ၁ သန္းနီးပါး ပိတ္မိေနခဲ့ေၾကာင္း သိရပါတယ္။ မီးရႈိ႕တိုက္ခိုက္သူေတြဟာ ၾသဂုတ္ ၂၆ ရက္က ပဲရစ္ၿမိဳ႕ရွိ အျမန္မီးရထားလမ္းကို တိုက္ခိုက္ခဲ့ရာ အိုလံပစ္ၿပိဳင္ပြဲဖြင့္ပြဲကို သြားေရာက္မယ့္သူေပါင္းမ်ားစြာ အခက္အခဲျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။

အဆိုပါမီးရႈိ႕တိုက္ခိုက္သူေတြဟာ မီးရထားလမ္းေၾကာင္းကြန္ရက္ေတြကို ျဖတ္ေတာက္ဖို႔ ရည္႐ြယ္တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။ ပဲရစ္ၿမိဳ႕ေတာ္ဝန္ဟီဒယ္ဂိုကေတာ့ ပဲရစ္ၿမိဳ႕ အျမန္မီးရထားလမ္းကြန္ရက္ကို ပစ္မွတ္ ထားၿပီး မီးရႈိ႕တိုက္ခိုက္တာေတြရွိခဲ့ေပမယ့္ အားကစားေပါင္း ၇၀၀၀ ပါဝင္ယွဥ္ၿပိဳင္မယ့္ ပဲရစ္ၿမိဳ႕အိုလံပစ္ဖြင့္ပြဲ အခမ္းအနားကို သက္ေရာက္မႈမရွိခဲ့ေၾကာင္း၊ မီးရႈိ႕တိုက္ခိုက္ျခင္းေၾကာင့္ ဒဏ္ရာရသူေတြလည္း မရွိခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕ကို သြားေရာက္မယ့္ မီးရထားလမ္းသုံးလမ္းအနီးမွာ မီးရႈိ႕တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ရာ ခရီးစဥ္ေတြ ေႏွာင့္ေႏွးခဲ့ရေၾကာင္း၊ မီးရႈိ႕တိုက္ခိုက္ဖို႔ ႀကိဳးပမ္းသူေတြကိုလည္း ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ျပင္သစ္ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ျပင္သစ္ရဲတပ္ဖြဲ႕က မီးရထားလမ္းေတြကို ဘာေၾကာင့္တိုက္ခိုက္ရသလဲဆိုတဲ့အခ်က္ကို ထုတ္ေဖာ္ ေျပာဆိုျခင္းမရွိသလို အဲဒီတိုက္ခိုက္မႈေတြဟာ ပဲရစ္အိုလံပစ္ၿပိဳင္ပြဲနဲ႔ ဆက္ႏြယ္မႈ ရွိ/မရွိ ဆိုတာကို အတိအက် မေျပာႏိုင္ေသးေၾကာင္း ေျပာပါတယ္။

မီးရထားကုမၸဏီတစ္ခုျဖစ္တဲ့ SNCF ရဲ႕ စီအီးအိုတစ္ဦးျဖစ္တဲ့ Jean-Pierre Farandou က "မီးရထားလမ္းေတြနဲ႔ မီးရထားလမ္းအနီးမွာျဖစ္ပြားတဲ့ မီးရႈိ႕တိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္း ၈ သိန္းထိခိုက္ခဲ့ရတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.