ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာပြုလုပ်တဲ့ အိုလံပစ်ဖွင့်ပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါနဲ့ စီလင်ဒီအွန်
343
ရောင်နီ (NP News) - ဇူလိုင် ၂၈
ကမ္ဘာကျော်ပေါ့အဆိုတော် လေဒီဂါဂါနဲ့ ပရိသတ်တွေ မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ စီလင်ဒီအွန်ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမှာ သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က ကျင်းပတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
လေဒီဂါဂါဟာ ပန်းရောင် အမွှေးဘောလုံး Performance တွေနဲ့ ပြင်သစ် ဂန္တဝင် အဆိုတော်ကြီး ZIZI Jeanmaire ရဲ့သီချင်း Mon Truc en Plumes” (My Feathery Thing) ကို ပြန်သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီနှစ်အိုလံပစ်ရဲ့ ထူးခြားချက်ကတော့ Stiff person syndrome ဆိုတဲ့ တစ်သန်းမှာမှ တစ်ယောက်လောက်သာဖြစ်တဲ့ ထူးခြားတဲ့ ရောဂါကို ကုသနေရခြင်းကြောင့် နိုင်ငံတကာဖျော်ဖြေပွဲတွေ အားလုံးဖျက်သိမ်းလိုက်ရပြီး (၄) နှစ်နီးပါးလောက် ပရိသတ်ရှေ့ မထွက်နိုင်ခဲ့တဲ့ ဂရမ်မီဆုများရှင် ပေါ့ပ်ဘုရင်မ စီလင်ဒီအွန်ကိုလည်း ပြန်လည်မြင်တွေ့လာရခြင်း ဖြစ်ပါတယ်။
သူမက ပြင်သစ်ဂန္တဝင် အဆိုရှင် Edith Piaf ရဲ့ သီချင်း "Hymme a' l'amour" ကို သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်တွေ ရဲ့အံ့ဩချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့အိုလံပစ်ပြိုင်ပွဲဟာ ပြင်သစ်နိုင်ငံမှာ ဇူလိုင် ၂၄ ရက်မှ ဩဂုတ်လ ၁၁ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်း အပါအဝင် အားကစားသမား ၅၉၂ ယောက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာျပဳလုပ္တဲ့ အိုလံပစ္ဖြင့္ပြဲမွာ သီဆိုေဖ်ာ္ေျဖခဲ့တဲ့ ေလဒီဂါဂါနဲ႔ စီလင္ဒီအြန္
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
ကမာၻေက်ာ္ေပါ့အဆိုေတာ္ ေလဒီဂါဂါနဲ႔ ပရိသတ္ေတြ မျမင္ေတြ႕ရတာၾကာၿပီျဖစ္တဲ့ စီလင္ဒီအြန္ဟာ ျပင္သစ္ႏိုင္ငံ၊ ပါရီမွာ ေသာၾကာေန႔ (ဇူလိုင္ ၂၆ ရက္) က က်င္းပတဲ့ အိုလံပစ္အားကစားၿပိဳင္ပြဲ ဖြင့္ပြဲမွာ ေဖ်ာ္ေျဖတင္ဆက္ခဲ့ပါတယ္။
ေလဒီဂါဂါဟာ ပန္းေရာင္ အေမႊးေဘာလုံး Performance ေတြနဲ႔ ျပင္သစ္ ဂႏၲဝင္ အဆိုေတာ္ႀကီး ZIZI Jeanmaire ရဲ႕သီခ်င္း Mon Truc en Plumes” (My Feathery Thing) ကို ျပန္သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ ဒီႏွစ္အိုလံပစ္ရဲ႕ ထူးျခားခ်က္ကေတာ့ Stiff person syndrome ဆိုတဲ့ တစ္သန္းမွာမွ တစ္ေယာက္ေလာက္သာျဖစ္တဲ့ ထူးျခားတဲ့ ေရာဂါကို ကုသေနရျခင္းေၾကာင့္ ႏိုင္ငံတကာေဖ်ာ္ေျဖပြဲေတြ အားလုံးဖ်က္သိမ္းလိုက္ရၿပီး (၄) ႏွစ္နီးပါးေလာက္ ပရိသတ္ေရွ႕ မထြက္ႏိုင္ခဲ့တဲ့ ဂရမ္မီဆုမ်ားရွင္ ေပါ့ပ္ဘုရင္မ စီလင္ဒီအြန္ကိုလည္း ျပန္လည္ျမင္ေတြ႕လာရျခင္း ျဖစ္ပါတယ္။
သူမက ျပင္သစ္ဂႏၲဝင္ အဆိုရွင္ Edith Piaf ရဲ႕ သီခ်င္း "Hymme a' l'amour" ကို သီဆိုေဖ်ာ္ေျဖခဲ့ၿပီး ပရိသတ္ေတြ ရဲ႕အံ့ဩခ်ီးက်ဴးမႈေတြ ရရွိခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္ရဲ႕အိုလံပစ္ၿပိဳင္ပြဲဟာ ျပင္သစ္ႏိုင္ငံမွာ ဇူလိုင္ ၂၄ ရက္မွ ဩဂုတ္လ ၁၁ ရက္ထိ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာအသင္း အပါအဝင္ အားကစားသမား ၅၉၂ ေယာက္ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။