လောက်ကိုင်တွင် ဗမာလူမျိုးမှန်သမျှ MNDAA က ဖမ်းဆီးနေပြီး ၎င်းတို့ ဖမ်းဆီးထားသူ အယောက် (၅၀၀)ခန့်အထိ ရှိ
12728
သုတကျော် (NP News) - ဇူလိုင် ၃ဝ
လက်ရှိ MNDAA က ထိန်းချုပ်ထားသော လောက်ကိုင်မြို့တွင် ဗမာလူမျိုး မှန်သမျှကို ဖမ်းဆီးနေပြီး ၎င်းတို့ဖမ်းဆီးထားသူ အယောက် (၅၀၀)ခန့် အထိရှိကြောင်း အဆိုပါမြို့တွင် နေထိုင်အလုပ် လုပ်ကိုင်နေသူတစ်ဦးက Tiktok လူမှုကွန်ယက်မှတဆင့် ဗွီဒီယိုဖိုင်တင်ကာ အသိပေးပြောကြား သည်။
ထိုသို့ ဖမ်းဆီးသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ NP News ကလည်း အဆို ပါ ဒေသတွင် နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းကလည်း မှန်ကန်ကြောင်း ဆိုသည်။ MNDAA က ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင် နေထိုင်သူများအနေဖြင့် နေထိုင်ခွင့်ကတ်ပြားများ လုပ်ဆောင်စေပြီး မလုပ်သူများကို ဖမ်းဆီးခြင်းများလည်း ရှိနေရာတွင် ဗမာလူမျိုးများကိုမူ လုပ်ဆောင်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“လောက်ကိုင်မှာ အခုက တော်တော်လေးဆိုးသွားပြီ ဘာဆိုးတာလဲ ဆိုတော့ ဗမာလူမျိုးဆိုရင် အကုန်ဖမ်းခိုင်းတာပေါ့နော်။ စာအုပ်ရှိရှိ၊ မရှိရှိပေါ့နော်။ သူဌေးက ထောက်ခံခံ မခံခံ ပေါ့။ အခုလည်း လူ အယောက် ၄၀၀၊ ၅၀၀ လောက် ဖမ်းထားတယ်ပေါ့နော်။ ပြည်သူ့စစ်ရုံးထဲ ထည့်ထားတယ်။ ပြန်လွှတ်လား အတိအကျ မသိရသေးပါဘူး။ ဗမာလူမျိုးမှန်ရင် အကုန်ဖမ်းခိုင်းတယ်ပေါ့နော်။ ကျွန်တော်ပြောချင်တာက အစတည်းက ဗမာလူမျိုး မဝင်ရဘူးဆိုလို့ရှိရင် ဖြစ်စေချင်တာက စာအုပ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ ကဒ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ အခု ကတ်တွေလုပ်ပြီးမှ ဗမာလူမျိုးဆိုရင် ဖမ်းဆိုတော့ ကျွန်တော်ပြောချင်တာက ဗမာလူမျိုးတွေက ဘာလုပ်နေလို့တုန်း”ဟု အထက်ပါ အမျိုးသားက ဗွီဒီယိုအတွင်း ပြောကြားထားသည်။
သတင်းပေးသည်ဟုဆိုကာ ဗမာလူမျိုးတိုင်းကို ဖမ်းနေခြင်းဖြစ်ပြီး ဗမာလူမျိုးများကို ဆက်လက်ခေါ်ဆောင်ထားသည့် သူဌေးများလည်း ဒုက္ခရောက်နိုင်သည်ဟု သတိပေးမှုများလည်း ရှိကြောင်း၊ ဖမ်းပြီး ၎င်းတို့ MNDAA အဖွဲ့အတွင်း ခိုင်းစေမည်စိုးသည့်အတွက် အဖမ်းမခံပဲ ပြန်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။
zawgyi version
ေလာက္ကိုင္တြင္ ဗမာလူမ်ိဳးမွန္သမွ် MNDAA က ဖမ္းဆီးေနၿပီး ၎တို႔ ဖမ္းဆီးထားသူ အေယာက္ (၅၀၀)ခန႔္အထိ ရွိ
သုတေက်ာ္ (NP News) - ဇူလိုင္ ၃ဝ
လက္ရွိ MNDAA က ထိန္းခ်ဳပ္ထားေသာ ေလာက္ကိုင္ၿမိဳ႕တြင္ ဗမာလူမ်ိဳး မွန္သမွ်ကို ဖမ္းဆီးေနၿပီး ၎တို႔ဖမ္းဆီးထားသူ အေယာက္ (၅၀၀)ခန႔္ အထိရွိေၾကာင္း အဆိုပါၿမိဳ႕တြင္ ေနထိုင္အလုပ္ လုပ္ကိုင္ေနသူတစ္ဦးက Tiktok လူမႈကြန္ယက္မွတဆင့္ ဗြီဒီယိုဖိုင္တင္ကာ အသိေပးေျပာၾကား သည္။
ထိုသို႔ ဖမ္းဆီးသည္ဆိုေသာ ကိစၥႏွင့္ပတ္သက္၍ NP News ကလည္း အဆို ပါ ေဒသတြင္ ေနထိုင္သူ သတင္းရင္းျမစ္တစ္ဦးထံ ဆက္သြယ္ေမးျမန္းခဲ့ရာ ၎ကလည္း မွန္ကန္ေၾကာင္း ဆိုသည္။ MNDAA က ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေနထိုင္ခြင့္ကတ္ျပားမ်ား လုပ္ေဆာင္ေစၿပီး မလုပ္သူမ်ားကို ဖမ္းဆီးျခင္းမ်ားလည္း ရွိေနရာတြင္ ဗမာလူမ်ိဳးမ်ားကိုမူ လုပ္ေဆာင္သည္ ျဖစ္ေစ၊ မလုပ္သည္ျဖစ္ေစ ဖမ္းဆီးေနျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေလာက္ကိုင္မွာ အခုက ေတာ္ေတာ္ေလးဆိုးသြားၿပီ ဘာဆိုးတာလဲ ဆိုေတာ့ ဗမာလူမ်ိဳးဆိုရင္ အကုန္ဖမ္းခိုင္းတာေပါ့ေနာ္။ စာအုပ္ရွိရွိ၊ မရွိရွိေပါ့ေနာ္။ သူေဌးက ေထာက္ခံခံ မခံခံ ေပါ့။ အခုလည္း လူ အေယာက္ ၄၀၀၊ ၅၀၀ ေလာက္ ဖမ္းထားတယ္ေပါ့ေနာ္။ ျပည္သူ႔စစ္႐ုံးထဲ ထည့္ထားတယ္။ ျပန္လႊတ္လား အတိအက် မသိရေသးပါဘူး။ ဗမာလူမ်ိဳးမွန္ရင္ အကုန္ဖမ္းခိုင္းတယ္ေပါ့ေနာ္။ ကြၽန္ေတာ္ေျပာခ်င္တာက အစတည္းက ဗမာလူမ်ိဳး မဝင္ရဘူးဆိုလို႔ရွိရင္ ျဖစ္ေစခ်င္တာက စာအုပ္ေတြက ဘာလို႔လုပ္ခိုင္းတာလဲ။ ကဒ္ေတြက ဘာလို႔လုပ္ခိုင္းတာလဲ။ အခု ကတ္ေတြလုပ္ၿပီးမွ ဗမာလူမ်ိဳးဆိုရင္ ဖမ္းဆိုေတာ့ ကြၽန္ေတာ္ေျပာခ်င္တာက ဗမာလူမ်ိဳးေတြက ဘာလုပ္ေနလို႔တုန္း”ဟု အထက္ပါ အမ်ိဳးသားက ဗြီဒီယိုအတြင္း ေျပာၾကားထားသည္။
သတင္းေပးသည္ဟုဆိုကာ ဗမာလူမ်ိဳးတိုင္းကို ဖမ္းေနျခင္းျဖစ္ၿပီး ဗမာလူမ်ိဳးမ်ားကို ဆက္လက္ေခၚေဆာင္ထားသည့္ သူေဌးမ်ားလည္း ဒုကၡေရာက္ႏိုင္သည္ဟု သတိေပးမႈမ်ားလည္း ရွိေၾကာင္း၊ ဖမ္းၿပီး ၎တို႔ MNDAA အဖြဲ႕အတြင္း ခိုင္းေစမည္စိုးသည့္အတြက္ အဖမ္းမခံပဲ ျပန္ၾကရန္လည္း ၎က တိုက္တြန္းထားသည္။