ရဲတပ်ဖွဲ့က ကြေညာထားသည့် တရားခံပြေးစာရင်းထောင်ချီရှိပြီး ၎င်းတို့အထဲတွင် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်သူ၊ ဗုံးထောင်ဖောက်ခွဲသူများပါဝင်

 20877

မြူနစ် (NP News) - ဇူလိုင် ၃၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာထားသည့် တရားခံပြေးစာရင်း ထောင်ချီရှိပြီး ၎င်းတို့အထဲတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သူများ၊ ဗုံးထောင် ဖောက်ခွဲသူများ ပါဝင်ကြောင်းသိရသည်။

လတ်တလောကာလအထိ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ကြေညာထားသော ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်း ရှောင်နေသည့် တရားခံပြေးစာရင်းမှာ (၄၀ဝဝ)ကျော်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါတရားခံပြေးစာရင်းတွင် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် PDF အဖွဲ့ဝင်များနေသကဲ့သို့ NUG, CRPH လက်အောက်ခံ PDF အဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့သူများလည်း ပါဝင် နေကြောင်း တွေ့ရှိရသည်။

‘တရားခံပြေးဆိုတာက ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးနေတဲ့ တရားခံပြေးဗျ။ ဘယ်အမှုနဲ့ပဲ ပြေးပြေး တရားခံပြေး ပဲလေ။ ကျူးလွန်တဲ့ ပြစ်မှုက မျိုးစုံပဲလေ။ အဲဒါတော့ အမှုအမျိုးအစားအလိုက် အဲဒီလောက်ကြီးတော့ ခွဲပြီးပြောလို့တော့ မရဘူး’ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်းက NP News ကို ပြောသည်။

ဆက်လက်ပြီး ရဲမှူးချုပ်ကျော်လင်းက မိမိတို့ ပတ်ဝန်းကျင်တွင် တရားခံပြေးများလာရောက်နေထိုင် ကြောင်း သိရှိရပါက သက်ဆိုင်ရာရဲစခန်းများကို သတင်းပေးပို့ရန် အသိပေးပြောကြားထားသည်။
‘အဲဒီတရားခံပြေးတွေကိုတွေ့ရင် သတင်းပေးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီတရားခံပြေးတွေ ရောက် နေတယ် ဆိုရင် သက်ဆိုင်ရာရဲစခန်းတွေကို သတင်းပေးပါ’ ဟု ရဲမှူးချုပ်ကျော်လင်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည့် တရားခံပြေးစာရင်းတွင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုအပါအဝင် ပြစ်မှုအသီးသီး ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများ ပါဝင်နေသကဲ့သို့ အကြမ်းဖက် ပစ်ခတ်သတ် ဖြတ်မှု၊ ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုများ ကျူးလွန်ကာ ထွက် ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများလည်း ပါဝင်နေကြောင်း တွေ့ရသည်။

ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့် အတည်ပြုပြီး တရားခံပြေးများအဖြစ် ကြေညာထားသည့်အမှုများလည်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ များစွာဖြစ်ပွားလာခဲ့သည်ကို တွေ့ရှိရသည်။

သတင်းပေး၊ ဒလန်ခေါင်းစဉ်အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲကာ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခံရမှု ကြောင့် သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံ သားဦးရေမှာ (၆၀ဝဝ)ထက်မနည်းရှိနေကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါ တီဝင်များ၊ အရပ်သားပြည်သူများ ပါဝင်နေကြောင်း တွေ့ရှိရသည်။

zawgyi version
ရဲတပ္ဖြဲ႕က ေၾကညာထားသည့္ တရားခံေျပးစာရင္းေထာင္ခ်ီရွိၿပီး ၎တို႔အထဲတြင္ အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္သူ၊ ဗုံးေထာင္ေဖာက္ခြဲသူမ်ားပါဝင္
ျမဴနစ္ (NP News) - ဇူလိုင္ ၃၁

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေၾကညာထားသည့္ တရားခံေျပးစာရင္း ေထာင္ခ်ီရွိၿပီး ၎တို႔အထဲတြင္ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္သူမ်ား၊ ဗုံးေထာင္ ေဖာက္ခြဲသူမ်ား ပါဝင္ေၾကာင္းသိရသည္။

လတ္တေလာကာလအထိ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕က ေၾကညာထားေသာ ျပစ္မႈက်ဴးလြန္ကာ ထြက္ေျပးတိမ္း ေရွာင္ေနသည့္ တရားခံေျပးစာရင္းမွာ (၄၀ဝဝ)ေက်ာ္ရွိေၾကာင္း ေတြ႕ရွိရသည္။

အဆိုပါတရားခံေျပးစာရင္းတြင္ အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္ကာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ PDF အဖြဲ႕ဝင္မ်ားေနသကဲ့သို႔ NUG, CRPH လက္ေအာက္ခံ PDF အဖြဲ႕ဝင္မ်ားကို ေငြေၾကးေထာက္ပံ့သူမ်ားလည္း ပါဝင္ ေနေၾကာင္း ေတြ႕ရွိရသည္။

‘တရားခံေျပးဆိုတာက ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးေနတဲ့ တရားခံေျပးဗ်။ ဘယ္အမႈနဲ႔ပဲ ေျပးေျပး တရားခံေျပး ပဲေလ။ က်ဴးလြန္တဲ့ ျပစ္မႈက မ်ိဳးစုံပဲေလ။ အဲဒါေတာ့ အမႈအမ်ိဳးအစားအလိုက္ အဲဒီေလာက္ႀကီးေတာ့ ခြဲၿပီးေျပာလို႔ေတာ့ မရဘူး’ဟု ျပည္ထဲေရး ဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးခ်ဳပ္ေက်ာ္လင္းက NP News ကို ေျပာသည္။

ဆက္လက္ၿပီး ရဲမႉးခ်ဳပ္ေက်ာ္လင္းက မိမိတို႔ ပတ္ဝန္းက်င္တြင္ တရားခံေျပးမ်ားလာေရာက္ေနထိုင္ ေၾကာင္း သိရွိရပါက သက္ဆိုင္ရာရဲစခန္းမ်ားကို သတင္းေပးပို႔ရန္ အသိေပးေျပာၾကားထားသည္။
‘အဲဒီတရားခံေျပးေတြကိုေတြ႕ရင္ သတင္းေပးပါ။ ကိုယ့္ပတ္ဝန္းက်င္မွာ ဒီတရားခံေျပးေတြ ေရာက္ ေနတယ္ ဆိုရင္ သက္ဆိုင္ရာရဲစခန္းေတြကို သတင္းေပးပါ’ ဟု ရဲမႉးခ်ဳပ္ေက်ာ္လင္းက ေျပာသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ေၾကညာထားသည့္ တရားခံေျပးစာရင္းတြင္ မူးယစ္ေဆးဝါး သယ္ေဆာင္ ေရာင္းဝယ္မႈအပါအဝင္ ျပစ္မႈအသီးသီး က်ဴးလြန္ကာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံေျပးမ်ား ပါဝင္ေနသကဲ့သို႔ အၾကမ္းဖက္ ပစ္ခတ္သတ္ ျဖတ္မႈ၊ ဗုံးေဖာက္ခြဲမႈ၊ အၾကမ္းဖက္အဖြဲ႕ကို ေငြေၾကးေထာက္ပံ့မႈမ်ား က်ဴးလြန္ကာ ထြက္ ေျပးတိမ္းေရွာင္ေနသည့္ တရားခံေျပးမ်ားလည္း ပါဝင္ေနေၾကာင္း ေတြ႕ရသည္။

ျပစ္မႈက်ဴးလြန္ကာ ထြက္ေျပးတိမ္းေရွာင္ေနသူမ်ားကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇/၈၈ ထုတ္ဆင့္ အတည္ျပဳၿပီး တရားခံေျပးမ်ားအျဖစ္ ေၾကညာထားသည့္အမႈမ်ားလည္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းမွစတင္ကာ အၾကမ္းဖက္ပစ္ခတ္သတ္ ျဖတ္မႈမ်ား၊ ဗုံးခြဲတိုက္ခိုက္မႈမ်ား မ်ားစြာျဖစ္ပြားလာခဲ့သည္ကို ေတြ႕ရွိရသည္။

သတင္းေပး၊ ဒလန္ေခါင္းစဥ္အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲကာ အၾကမ္းဖက္ပစ္ခတ္ သတ္ျဖတ္ခံရမႈ ေၾကာင့္ ေသဆုံးခဲ့ရသည့္ ျမန္မာႏိုင္ငံ သားဦးေရမွာ (၆၀ဝဝ)ထက္မနည္းရွိေနေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။ ထိုသို႔ အၾကမ္းဖက္သတ္ျဖတ္ခံရသူမ်ားထဲတြင္ ရဟန္းသံဃာေတာ္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ႏိုင္ငံေရးပါ တီဝင္မ်ား၊ အရပ္သားျပည္သူမ်ား ပါဝင္ေနေၾကာင္း ေတြ႕ရွိရသည္။

Picture

Komin Min

31/07/2024 15:54

တရားခံပြေးအမည်စာရင်းနဲဓာတ်ပုံများဖော်ပြအသိပေးထားမှဘယ်သူကတရားခံပြေးဆိုတာသိရမှာပေါ့

Picture

heintay zar

01/08/2024 11:32

ပြစ်မှုကျူးလွန်သူ၊တရားခံပြေးများ၏ဓါတ်ပုံ/ကိုယ်ရေးအချက်အလက်များရနိုင်သလောက်စုစည်း၍တရားဥပဒေစိုးမိုးရေးအဖွဲ့ဌာနများအလိုက်တရားဝင်(web)(သို့)လူမှုကွန်ယက်များတွင်အများပြည်သူထဲပျံ့နံ့သည်ထက်ပျနှံ့စေရန်ဆောင်ရွက်သင့်ကြောင်းအကြံပြုတင်ပြအပ်ပါသည်။အပင်ပန်းတော့ခံရမှာပေါ့။

Related news

© 2021. All rights reserved.