အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် လက်ဘနွန်နိုင်ငံ၏ မြို့တော်အား ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်
1507
ALynn (NP News) - ဇူလိုင် ၃၁
အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အဆောက်အအုံတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသတွင်း စစ်ပွဲများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အင်္ဂါနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ဘေရွတ်မြို့ Haret Hreik ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လက်ဘနွန်မီဒီယာများက ဖော်ပြခဲ့သည်။ လေယာဉ်များ သို့မဟုတ် ဒရုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း RT ၏ အာရပ်သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ဂိုလန်ကုန်းမြင့်ရှိ ရွာတစ်ရွာကို စနေနေ့က ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သားအများအပြားသေဆုံးခဲ့သည့်အတွက် တာဝန်ရှိသော ဟစ်ဇ်ဘိုလာခေါင်းဆောင်အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က Majdal Shams မြို့ရှိ ရွာကို တိုက်ခိုက်ခြင်းဖြင့် ဟစ်ဇ်ဘိုလာသည် အနီရောင်မျဉ်းကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကြောင်း မကြာသေးမီက နိုင်ငံခြားရေး ဝန်ကြီး Israel Katz ၏ မှတ်ချက်များအတိုင်း ဖော်ပြခဲ့သည်။
စနေနေ့က Majdal Shams မြို့၏ Druze ရွာတွင် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကာ ဘောလုံးကွင်းကို ဒုံးကျည် ထိမှန်ခဲ့သည်။ IDF သည် ယခုတုံ့ပြန်တိုက်ခိုက် မှုနှင့်ပတ်သက်၍ ၎င်းတို့တွင် တာဝန်မရှိကြောင်းနှင့် ဟစ်ဇ်ဘိုလာကိုသာ အပြစ်တင်ခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသွားသော ခေါင်းဆောင်မှာ Fuad Shukr ဖြစ်ပြီး ၎င်းသည် ဟစ်ဇ်ဘိုလာအကြီးအကဲ Hassan Nasrallah ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းအား ၁၉၈၃ ခုနှစ်၊ ဘေရွတ်မြို့ရှိ မရိန်းတပ်တန်းလျားများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဒုံးကျည်စီမံကိန်းတွင် အမေရိကန်က အလိုရှိသူတစ်ဦးအဖြစ် ဖော်ပြခံ ခဲ့ရသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် လအတော်ကြာ ဒုံးကျည်နှင့် ဒရုန်းများ အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး နယ်စပ် နှစ်ဖက်စလုံးတွင် နေထိုင်သူ ၂၀၀,၀၀၀ နီးပါးမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
အစ္စရေးသည် ဂါဇာရှိ ဟားမတ်စ်များကို ဆက်လက်ထိုးစစ်ဆင်နေသော်လည်း ဟစ်ဇ်ဘိုလာ အဖွဲ့အား လပေါင်းများစွာ စစ်ရေးအရ ခြိမ်းခြောက်ခဲ့သည်။ ဟစ်ဇ်ဘိုလာ၏ “အကြမ်းဖက် ရန်လိုမှုကို ရပ်တန့်ရမည်” ဟု ဇွန်လအစောပိုင်းတွင် အစ္စရေးသမ္မတ Isaac Herzog က ပြောကြားခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေး၏ လုပ်ရပ်ကို ကမ္ဘာက မအံ့သြသင့်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
zawgyi version
အစၥေရးက ဟစ္ဇ္ဘိုလာေခါင္းေဆာင္တစ္ဦးကို ပစ္မွတ္ထားတိုက္ခိုက္ရန္အတြက္ လက္ဘႏြန္ႏိုင္ငံ၏ ၿမိဳ႕ေတာ္အား ဗုံးက်ဲတိုက္ခိုက္မႈမ်ားျပဳလုပ္
ALynn (NP News) - ဇူလိုင္ ၃၁
အစၥေရးက ဟစ္ဇ္ဘိုလာေခါင္းေဆာင္တစ္ဦးကို ပစ္မွတ္ထားတိုက္ခိုက္ရန္အတြက္ လက္ဘႏြန္ႏိုင္ငံ၊ ေဘ႐ြတ္ၿမိဳ႕ရွိ အေဆာက္အအုံတစ္ခုကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။ အဆိုပါ တိုက္ခိုက္မႈေၾကာင့္ ေဒသတြင္း စစ္ပြဲမ်ား ပိုမိုက်ယ္ျပန႔္လာမည္ကို စိုးရိမ္မႈမ်ား ျမင့္တက္လာခဲ့သည္။
အဂၤါေန႔ ( ဇူလိုင္လ ၃၀ ရက္) ညေနပိုင္းက ေဘ႐ြတ္ၿမိဳ႕ Haret Hreik ရပ္ကြက္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လက္ဘႏြန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ေလယာဥ္မ်ား သို႔မဟုတ္ ဒ႐ုန္းမ်ား ပါဝင္ျခင္း ရွိ၊ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးပါ။
ကေလးငယ္မ်ား အပါအဝင္ အနည္းဆုံး လူ ၂ ဦး ေသဆုံးၿပီး ၂၀ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း RT ၏ အာရပ္သတင္းေထာက္ တစ္ဦးက ေျပာၾကားခဲ့သည္။ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) က အဆိုပါတိုက္ခိုက္မႈကို အတည္ျပဳခဲ့ၿပီး ဂိုလန္ကုန္းျမင့္ရွိ ႐ြာတစ္႐ြာကို စေနေန႔က ဟစ္ဇ္ဘိုလာတို႔၏ တိုက္ခိုက္မႈေၾကာင့္ အစၥေရးအရပ္သားအမ်ားအျပားေသဆုံးခဲ့သည့္အတြက္ တာဝန္ရွိေသာ ဟစ္ဇ္ဘိုလာေခါင္းေဆာင္အား ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ အစၥေရး ကာကြယ္ေရးဝန္ႀကီး Yoav Gallant က Majdal Shams ၿမိဳ႕ရွိ ႐ြာကို တိုက္ခိုက္ျခင္းျဖင့္ ဟစ္ဇ္ဘိုလာသည္ အနီေရာင္မ်ဥ္းကို ျဖတ္ေက်ာ္ခဲ့ၿပီးျဖစ္ေၾကာင္း မၾကာေသးမီက ႏိုင္ငံျခားေရး ဝန္ႀကီး Israel Katz ၏ မွတ္ခ်က္မ်ားအတိုင္း ေဖာ္ျပခဲ့သည္။
စေနေန႔က Majdal Shams ၿမိဳ႕၏ Druze ႐ြာတြင္ လူ ၁၂ ဦး ေသဆုံးခဲ့ၿပီး အမ်ားစုမွာ ကေလးငယ္မ်ားျဖစ္ကာ ေဘာလုံးကြင္းကို ဒုံးက်ည္ ထိမွန္ခဲ့သည္။ IDF သည္ ယခုတုံ႔ျပန္တိုက္ခိုက္ မႈႏွင့္ပတ္သက္၍ ၎တို႔တြင္ တာဝန္မရွိေၾကာင္းႏွင့္ ဟစ္ဇ္ဘိုလာကိုသာ အျပစ္တင္ခဲ့သည္။ ဟစ္ဇ္ဘိုလာအဖြဲ႕ကမူ အစၥေရး၏ တိုက္ခိုက္မႈကို တုံ႔ျပန္သြားမည္ဟု ေျပာၾကားခဲ့သည္။
အစၥေရးမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ ေသဆုံးသြားေသာ ေခါင္းေဆာင္မွာ Fuad Shukr ျဖစ္ၿပီး ၎သည္ ဟစ္ဇ္ဘိုလာအႀကီးအကဲ Hassan Nasrallah ၏ အႀကီးတန္းအႀကံေပးပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၎အား ၁၉၈၃ ခုႏွစ္၊ ေဘ႐ြတ္ၿမိဳ႕ရွိ မရိန္းတပ္တန္းလ်ားမ်ားကို ဗုံးႀကဲတိုက္ခိုက္ခဲ့သည့္ ဒုံးက်ည္စီမံကိန္းတြင္ အေမရိကန္က အလိုရွိသူတစ္ဦးအျဖစ္ ေဖာ္ျပခံ ခဲ့ရသည္။ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔သည္ လအေတာ္ၾကာ ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ား အျပန္အလွန္ ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး နယ္စပ္ ႏွစ္ဖက္စလုံးတြင္ ေနထိုင္သူ ၂၀၀,၀၀၀ နီးပါးမွာ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရသည္။
အစၥေရးသည္ ဂါဇာရွိ ဟားမတ္စ္မ်ားကို ဆက္လက္ထိုးစစ္ဆင္ေနေသာ္လည္း ဟစ္ဇ္ဘိုလာ အဖြဲ႕အား လေပါင္းမ်ားစြာ စစ္ေရးအရ ၿခိမ္းေျခာက္ခဲ့သည္။ ဟစ္ဇ္ဘိုလာ၏ “အၾကမ္းဖက္ ရန္လိုမႈကို ရပ္တန႔္ရမည္” ဟု ဇြန္လအေစာပိုင္းတြင္ အစၥေရးသမၼတ Isaac Herzog က ေျပာၾကားခဲ့ၿပီး ထိုကိစၥႏွင့္ပတ္သက္၍ အစၥေရး၏ လုပ္ရပ္ကို ကမာၻက မအံ့ၾသသင့္ေၾကာင္းလည္း ထပ္ေလာင္း ေျပာၾကားခဲ့သည္။