ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကရင်လေးဆိပ်တံတားမိုင်းခွဲခံရပြီး (၂)ပတ်ကျော်အကြာတွင် ကမာစိုင်ကွက်သစ်တံတားထပ်မံ မိုင်းခွဲဖျက်ဆီးခံရ

 817

သန့်ဇင် (NP News) - ဩဂုတ် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကရင်လေးဆိပ်တံတားမိုင်းခွဲခံရပြီး (၂)ပတ်ကျော်အကြာတွင် ကမာစိုင်ကွက်သစ်တံတားထပ်မံ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁ ရက်)၊ ည ၁၁နာရီခွဲဝန်းကျင်အချိန်ခန့်က သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာစိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆နှင့် ၁၃၃/၇ကြားရှိ သံကူကွန်ကရစ်တံတားအမှတ် ၃/၁၃၄ တံတားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဘက်ကလာရင် သထုံဘက်က ကမာစိုင်ကွက်သစ်တံတားမှာဖြစ်တာ။ ညတုန်းက ဖျက်ဆီးခံရတာ။ အခြားလမ်းကသွားရင်လည်း တံတားတွေက ကြံ့ခိုင်မှုမရှိလို့ ကားလေးတွေက သိပ်ပြီးလူများရင် စိတ်မချရင်ဆင်းသွားရတာပေါ့”ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမိုင်းခွဲဖျက်ဆီးခံရသည့် ကမာစိုင်ကွက်သစ်တံတားသည် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်ရှိသော တံတားငယ်တစ်စင်းဖြစ်ပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကလည်း သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတားငယ်တစ်စင်းကို KNLA ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ဖူးသည်။ ပြီးခဲ့သည့်ကာလကလည်း ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့မိုင်းခွဲဖျက်ဆီးခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးမှ မွန်ပြည်နယ်၊ ကရင်ပြည် နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကြား လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။

သုံးနှစ်ကျော်အတွင်း လမ်းတံတား နှင့် တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံထားရပြီး အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကို KNU ၊ PDF ပူးပေါင်းအဖွဲ့များက အများဆုံးပြုလုပ်နေကြောင်း ဖြစ်စဉ်များအရ သိရသည်။

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ ကရင္ေလးဆိပ္တံတားမိုင္းခြဲခံရၿပီး (၂)ပတ္ေက်ာ္အၾကာတြင္ ကမာစိုင္ကြက္သစ္တံတားထပ္မံ မိုင္းခြဲဖ်က္ဆီးခံရ

သန႔္ဇင္ (NP News) - ဩဂုတ္ ၂

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ ကရင္ေလးဆိပ္တံတားမိုင္းခြဲခံရၿပီး (၂)ပတ္ေက်ာ္အၾကာတြင္ ကမာစိုင္ကြက္သစ္တံတားထပ္မံ မိုင္းခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၁ ရက္)၊ ည ၁၁နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က သထုံၿမိဳ႕နယ္၊ ကမာစိုင္ေက်း႐ြာ၊ ကမာစိုင္ကြက္သစ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၊ မိုင္တိုင္အမွတ္ ၁၃၃/၆ႏွင့္ ၁၃၃/၇ၾကားရွိ သံကူကြန္ကရစ္တံတားအမွတ္ ၃/၁၃၄ တံတားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္ဘက္ကလာရင္ သထုံဘက္က ကမာစိုင္ကြက္သစ္တံတားမွာျဖစ္တာ။ ညတုန္းက ဖ်က္ဆီးခံရတာ။ အျခားလမ္းကသြားရင္လည္း တံတားေတြက ႀကံ့ခိုင္မႈမရွိလို႔ ကားေလးေတြက သိပ္ၿပီးလူမ်ားရင္ စိတ္မခ်ရင္ဆင္းသြားရတာေပါ့”ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမိုင္းခြဲဖ်က္ဆီးခံရသည့္ ကမာစိုင္ကြက္သစ္တံတားသည္ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚတြင္ရွိေသာ တံတားငယ္တစ္စင္းျဖစ္ၿပီး လက္ရွိတြင္ လမ္းပန္းဆက္သြယ္ေရးမ်ား အခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။

အလားတူၿပီးခဲ့သည့္ ဇူလိုင္လ ၁၆ ရက္ကလည္း သထုံၿမိဳ႕နယ္၊ ရန္ကုန္ - ေမာ္လၿမိဳင္ကားလမ္းေပၚရွိ ကရင္ေလးဆိပ္တံတားငယ္တစ္စင္းကို KNLA ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ဖူးသည္။ ၿပီးခဲ့သည့္ကာလကလည္း ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ က်ဳံအိတ္တံတားႏွင့္ မေစာတံတားတို႔မိုင္းခြဲဖ်က္ဆီးခဲ့ရၿပီး ရန္ကုန္တိုင္းေဒသႀကီးမွ မြန္ျပည္နယ္၊ ကရင္ျပည္ နယ္ ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔ၾကား လမ္းပန္းဆက္သြယ္ေရးမ်ား အခက္အခဲမ်ားစြာ ျဖစ္ေပၚခဲ့ဖူးသည္။

သုံးႏွစ္ေက်ာ္အတြင္း လမ္းတံတား ႏွင့္ တိုးဂိတ္ေပါင္း (၁၅၀ဝ)နီးပါး ဖ်က္ဆီးခံထားရၿပီး အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ လမ္း၊ တံတားမ်ား မိုင္းခြဲဖ်က္ဆီးမႈကို KNU ၊ PDF ပူးေပါင္းအဖြဲ႕မ်ားက အမ်ားဆုံးျပဳလုပ္ေနေၾကာင္း ျဖစ္စဥ္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.