ဆန္ဒပြပွဲတွေ ငြိမ်သက်သွားပြီးနောက် ကျောင်းသားခေါင်းဆောင် (၆)ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး

 2096

Pika (NP News) - ဩဂုတ် ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာသော ဆန္ဒပြပွဲများကို ဦးဆောင်သည့် ကျောင်းသားခေါင်းဆောင်(၆)ဦးကို ရဲတပ်ဖွဲ့က ဩဂုတ်လ(၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်လက စတင်ဖြစ်ပွားခဲ့သော ကျောင်းသားများဦးဆောင် သည့် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူ(၂၀၆)ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ဆေးရုံဒေတာအချက်အလက်များအရသိရသည်။လက်ထောက်ကော်မရှင်နာJunaed Alam Sarkar က 'ဆန္ဒပြပွဲတွေကိုဦးဆောင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် (၆) ဦးစလုံးကို ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းမှာ ၎င်းတို့ရဲ့မိသားစုတွေဆီ ပြန်လည်ပို့ ဆောင်ပြီးပါပြီ'ဟု ပြောဆိုခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံတစ် ဝှမ်းတွင် အင်တာနက်အသုံးပြုခွင့်ကို (၁၁) ရက်ကြာ ပိတ်ထားခဲ့သလို ညမထွက်ရအမိန့်ထုတ်ပြန်ကာ စစ် တပ်ကို ဖြန့်ကျက်ချထားခဲ့သော်လည်း နောက်ပိုင်းတွင်အဆိုပါအမိန့်များကို ပြန်လည်ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်အကိုင်များ၏(၉၃)ရာခိုင်နှုန်းကို အရည်အချင်း ပြည့်မှီသူများ အတွက် ဖွင့်လှစ်ပေးသင့်ကြောင်း အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ ငြိမ်သက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဆန္ဒပြပွဲများအတွင်း လူပေါင်း(၁)သောင်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသ တွင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု များဖြစ်ပွားခဲ့သလို ဆန္ဒပြသည့်အဖွဲ့များက နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း လည်းသိရသည်။

zawgyi version
ဆႏၵျပပြဲေတြ ၿငိမ္သက္သြားၿပီးေနာက္ ေက်ာင္းသားေခါင္းေဆာင္ (၆)ဦးကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕ ျပန္လႊတ္ေပး
Pika (NP News) - ဩဂုတ္ ၂

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အလုပ္ခန႔္အပ္ေရးႏွင့္ပတ္သက္ၿပီး ေပၚေပါက္လာေသာ ဆႏၵျပပြဲမ်ားကို ဦးေဆာင္သည့္ ေက်ာင္းသားေခါင္းေဆာင္(၆)ဦးကို ရဲတပ္ဖြဲ႕က ဩဂုတ္လ(၁)ရက္ေန႔တြင္ ျပန္လႊတ္ေပးခဲ့ေၾကာင္းသိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္လက စတင္ျဖစ္ပြားခဲ့ေသာ ေက်ာင္းသားမ်ားဦးေဆာင္ သည့္ ဆႏၵျပပြဲမ်ားကို ရဲတပ္ဖြဲ႕မ်ား၏ ၿဖိဳခြင္းမႈေၾကာင့္ အနည္းဆုံးလူ(၂၀၆)ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ ႏွင့္ ေဆး႐ုံေဒတာအခ်က္အလက္မ်ားအရသိရသည္။လက္ေထာက္ေကာ္မရွင္နာJunaed Alam Sarkar က 'ဆႏၵျပပြဲေတြကိုဦးေဆာင္ခဲ့တဲ့ ေက်ာင္းသား ေခါင္းေဆာင္ (၆) ဦးစလုံးကို ဩဂုတ္လ(၁)ရက္ေန႔ မြန္းလြဲပိုင္းမွာ ၎တို႔ရဲ႕မိသားစုေတြဆီ ျပန္လည္ပို႔ ေဆာင္ၿပီးပါၿပီ'ဟု ေျပာဆိုခဲ့သည္။ အဆိုပါ ဆႏၵျပပြဲမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္အစိုးရသည္ ႏိုင္ငံတစ္ ဝွမ္းတြင္ အင္တာနက္အသုံးျပဳခြင့္ကို (၁၁) ရက္ၾကာ ပိတ္ထားခဲ့သလို ညမထြက္ရအမိန႔္ထုတ္ျပန္ကာ စစ္ တပ္ကို ျဖန႔္က်က္ခ်ထားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္အဆိုပါအမိန႔္မ်ားကို ျပန္လည္႐ုတ္သိမ္းခဲ့ ေၾကာင္းသိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အလုပ္အကိုင္မ်ား၏(၉၃)ရာခိုင္ႏႈန္းကို အရည္အခ်င္း ျပည့္မွီသူမ်ား အတြက္ ဖြင့္လွစ္ေပးသင့္ေၾကာင္း အစိုးရက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ား ၿငိမ္သက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ဆႏၵျပပြဲမ်ားအတြင္း လူေပါင္း(၁)ေသာင္းေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း ေဒသ တြင္းမီဒီယာမ်ား၏ေဖာ္ျပခ်က္အရ သိရသည္။ ၿပီးခဲ့သည့္လက ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားအတြင္း ရဲတပ္ဖြဲ႕ႏွင့္ဆႏၵျပသူမ်ားအၾကား ႐ုန္းရင္းဆန္ခတ္မႈ မ်ားျဖစ္ပြားခဲ့သလို ဆႏၵျပသည့္အဖြဲ႕မ်ားက ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားဌာနကို မီးရႈိ႕ဖ်က္ဆီးမႈမ်ား ရွိခဲ့ေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.